သတ္တုကြွယ်ဝမှု

နက္ခတ္တဗေဒတွင် သတ္တုကြွယ်ဝမှုဆိုသည်မှာ ဟိုက်ဒရိုဂျင် သို့မဟုတ် ဟီလီယမ်ထက် ဓာတုဒြပ်စင်များ ကြွယ်ဝမှုကိုဆိုလိုသည်။ စကြဝဠာတွင် ဟိုက်ဒရိုဂျင်နှင့် ဟီလီယံတို့သည် အများဆုံး တည်ရှိသည်ဖြစ်ရာ နက္ခတ္တပညာရှင်များက ယင်းဒြပ်စင်မှလွဲ၍ ကျန်သောဒြပ်စင်တို့ကို ရည်ညွှန်းရာတွင် သတ္တုကြွယ်ဝမှုဟူသော စကားလုံးကို သုံးနှုန်းခြင်းဖြစ်သည်။ ဤအသုံးအနှုန်းသည် အစိုင်အခဲ သတ္တုများနှင့် ကွဲပြားသည်။ ဥပမာ ကြယ် သို့မဟုတ် နက်ဗျူလာတစ်ခုသည် ကာဗွန်၊ နိုက်ထရိုဂျင်၊ အောက်ဆီဂျင်နှင့် နီယွန်များ သိသိသာသာ ပေါများနေပါက နက္ခတ္တရူပဗေဒစကားအရ သတ္တုကြွယ်ဝသော ကြယ် အစရှိသည်ဖြင့် ခေါ်ဝေါ်ကြသည်။ သို့သော် ဓာတုဗေဒအလိုအားဖြင့် ယင်းတို့သည် သတ္တုများ မဟုတ်ကြပေ။ သီအိုအရ ဟိုက်ဒရိုဂျင်နှင့် ဟီလီယံထက် ပိုမိုလေးလံသောဒြပ်စင်များသည် ကြယ်များ၏ ပင်မအူတိုင်ထဲတွင် ဖြစ်တည်လာကြသည်။ အချိန်ကြာလာသော် ဆူပါနိုဗာများသည် ယင်းလေးလံသော ဒြပ်စင်များကို ဘေးပတ်ဝန်းကျင်သို့ ပျံနှံ့စေခဲ့သည်။ ယင်းကဲ့သို့ လေးလံဒြပ်စင်များသည်ပင် ကြယ်များပေါက်ဖွားရာ အခြေခံပစ္စည်းများ ဖြစ်လာပြီး သံသရာလည်နေတော့သည်။ သက်တမ်းရင့်သော ကြယ်များတွင် သတ္တုပါဝင်မှုသည် ငယ်ရွယ်သော ကြယ်များထက် ပိုမိုနည်းပါးကြသည်။ ၁၉၄၄ ခုနှစ်တွင် နက္ခတ္တပညာရှင်များက ကြယ်များ၏ရောင်စဉ်များကို ခွဲခြမ်းစိပ်ဖြာပြီး အဆင့်အတန်း ၂ မျိုး ခွဲခြားခဲ့ကြသည်။ ယင်းတို့မှာ Population I (သတ္တုကြွယ်ဝ) နှင့် Population II (သတ္တုကြွယ်ဝမှုနည်းပါး) တို့ဖြစ်ကြပြီး တတိယတစ်ခုဖြစ်သည့် Population III အမျိုးအစားကိုမူ ၁၉၇၈ ခုနှစ်တွင် မိတ်ဆက်ခဲ့သည်။ ယင်းအမျိုးအစားကြယ်တို့သည် သတ္တုကြွယ်ဝမှု အင်မတန်နည်းပါးပြီး စကြဝဠာတွင် ပထမဆုံး ပေါက်ဖွားသည့်ကြယ်များဟု သီအိုရီပြုထားသည်။

သတ္တုကြွယ်ဝမှု
ကြယ်အစုအဝေး M80 ရှိ ကြယ်များသည် ပင်မအားဖြင့် သတ္တုကြွယ်ဝမှုနည်းပါးသော Population II ကြယ်အမျိုးအစားများဖြစ်ကြသည်။


ကိုးကား

Tags:

ကာဗွန်ကြယ်ဆူပါနိုဗာနက္ခတ္တဗေဒနက်ဗျူလာနိုက်ထရိုဂျင်သတ္တုဟိုက်ဒရိုဂျင်ဟီလီယမ်အောက်ဆီဂျင်

🔥 Trending searches on Wiki မြန်မာဘာသာ:

ဗဒုံမင်းရွှေပြည်သာမြို့နယ်ခန္ဓသုတ်သခွတ်ပင်ပညာရေးမြန်မာစာစတင်ဖြစ်ပေါ်လာပုံအပျိုမြှေးစေတသိက်စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်ပဋ္ဌာန်းကင်းခြေများဘာသာစကားသျှင်မဟာ သီလဝံသတနင်္သာရီတိုင်းဒေသကြီးဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲနပိုလီယန်အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သက်ရှိကြာနီကန်ဆရာတော်မြစိန်ပြောင်းသောမတ် အက်ဒီဆင်အောင်လံမြို့ညောင်ရေသွန်းပွဲဂျီသရီးရိုင်ဖယ်သင်္ကြန်ဗဟိုစာမျက်နှာဧရာဝတီမြစ်မြန်မာ့စီးပွားရေးလုပ်ငန်းများသနပ်ခါးမဂ္ဂင် ၈ ပါးမေတ္တေယျဘုရားစုန်းကဝေအတတ်အယုဒ္ဓယမြန်မာနိုင်ငံရှိ ရွာများ စာရင်းဖင်လန်နိုင်ငံလူသားဖားအောင်သင်းအင်္ဂလန်နိုင်ငံသီပေါမင်းမြစေတီကျောက်စာမှန်နန်း ရာဇဝင်ကွန်မြူနစ်ဝါဒအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကယားလူမျိုးပိုးသတ်ဆေးအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထန်းပင်စီးပွားရေးလုပ်ငန်း အမျိုးအစားများအလင်္ကာအစ္စလာမ်ဘာသာမြန်မာပန်းချီအမှတ်(၃၃)ခြေမြန်တပ်မဌာနချုပ်တတိယ အင်္ဂလိပ် - မြန်မာစစ်သစ္စာဘင်္ဂလားဒေ့ရှ်နိုင်ငံကိုယ်ဝန်ဖျက်ချခြင်းအမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့မှူးချင်းလူမျိုးကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ရမည်းသင်းမြို့အသည်းရောင် အသားဝါ ရောဂါ ဘီပိုးခင်ပွန်းကြီးဆယ်ပါးဗဒလင်းဂူတက္ကသိုလ်ဘုန်းနိုင်အာဆီယံထိပ်သီးအစည်းအဝေးတအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်အညာယဉ်ကျေးမှုအရှေ့တောင်တိုင်းစစ်ဌာနချုပ်ကဝေလနိုင်ငံအချစ်🡆 More