လွတ်လပ်စွာတရားစီရင်ရေး

လွတ်လပ်စွာတရားစီရင်ရေး (Judicial Independence) ဆိုသည်မှာ တရားစီရင်ရေးဌာနသည် အခြားသော အုပ်ချုပ်ရေး၊ ဥပဒေပြုရေးဌာနများ၏ ဩဇာလွှမ်းမိုးမှုများမှ သီးသန့်ကင်းလွတ်နေရမည်ဟူသော အယူအဆတစ်ရပ်ဖြစ်သည်။ ဆိုလိုသည်မှာ တရားရုံးများအပေါ်အခြားအခြားသော အစိုးရဌနများ၊ အဖွဲ့အစည်းများ၏ မလျှော်ဩဇာသုံးလွှမ်းမိုးမ၍များမရှိစေရေးဖြစ်သည်။ လွတ်လပ်စွာတရားစီရင်ရေးသည် ဒီမိုကရေစီ၏ အဓိကလိုအပ်ချက်ြဖစ်သော အာဏာခွဲဝေကျင့်သုံးမှု (Separation of Power) ၏ အသက်သွေးကြောဖြစ်သည်။]

နိုင်ငံများသည် လွတ်လပ်စွာတရားစီရင်မှုရှိစေရန်အတွက် တရားသူကြီးများကို နည်းလမ်းအမျိုးမျိုးဖြင့် ရွေးချယ်ခန့်ထားလေ့ရှိကြသည်။ ဒီမိုကရေစီနိုင်ငံအများစုတွင် အမြင့်ဆုံးတရားရုံးရှိ တရားသူကြီးများကို အုပ်ချုပ်ရေးဘက်က ရွေးချယ်ကြပြီး၊ ၎င်းတို၌အားရာထူးမှဖယ်ရှားခြင်းကို ဥပဒေပြုအဖွဲ့မှဆောင်ရွက်ခွင့်ပေးထားသည်။ လွတ်စွာတရားစီရင်ရေးရှိစေရန်အတွက် တရားသူကြီးများ၏ ရာထူးသက်တမ်းကိုလည်း ရှည်လျားစွာသတ်မှတ်ထားလေ့ရှိသည်။ သို့မှာသာတရားသူကြီးလုပ်သူများအနေဖြင့် နောက်တစ်ကြိမ်ပြန်လည် အရွေးခံရမည့်အရေးကိုမျှောက်ကိုးကာ မိမိကိုပြန်လည်ရွေးချယ်ပိုင်ခွင့်ရှိသူများ၏ အလိုအတိုင်းအတိုင်း အမှုများကို စီရင်ဆုံးဖြတ်မှု ပြုလုပ်ခြင်းမှ ကင်းဝေးမည်ဖြစ်သည်။

ထို့အပြင်နိုင်ငံအများစုတွင် ဥပဒေပြုရေးဌာန၏ ဥပဒေနှင့်မညီသော ဆောင်ရွက်မှုများကို တရားစီရင်ရေးဌာနကပြန်လှန်ထိန်းကြောင်းနိုင်အောင် ဥပဒေရေးရာပြန်လယ်သုံးသပ်ပိုင်ခွင့် (Judicial Review) ဟူသောအခွင့်အာဏာကို တရားစီရင်ရေးဌာနကို အပ်နှင်းထားသည်။ ဥပမာဆိုရသော် အမေရိကန်နိုင် တရားရုံးချုပ်သည် ဥပဒေရေးရာပြန်လှန်သုံးသပ်ခွင့် အာဏာပါသည်။ အမေရိကန်တရားရုံးချုပ်သည် ကွန်ဂရက်ကပြဋ္ဌာန်းသောဥပဒေများကို အခြေခံဥပဒေနှင့်မညီဟူသော အကြောင်းပြချက်ဖြင့် ပယ်ဖျက်ခွင့်ရှိသည်။

တရားစီရင်ရေးလွတ်လပ်မှုအမျိုးအစားများ

လွတ်လပ်စွာတရားစီရင်ရေးရှိစေရန် တရားစီရင်ရေးအနေဖြင့် နှစ်မျိုးနှစ်စားသောလွတ်လပ်မှုမျိုးနှင့်ပြည့်စုံရမည်ဖြစ်သည်။ ၎င်းတို့မှာ . (၁)။ လူပုဂ္ဂိုလ်၏လွတ်လပ်မှု (Personal Independenc) (၂)။ အဖွဲ့အစည်း၏လွတ်လပ်မှု (Institutional Independenc) တို့ဖြစ်သည်။

လူပုဂ္ဂိုလ်၏လွတ်လပ်မှု (Personal Independence)

တရားစီရင်မှုကိုပြုလုပ်သည့် တရားသူကြီးတစ်ဦးချင်းစီသည် အမှုအခင်းများကို ဥပဒေနှင့်အညီစီရင်နိုင်ရန် လွတ်လပ်မှုရှိရမည်ဖြစ်သည်။ မိမိစီရင်သော အမှုအခင်းတစ်ခု၏ စီရင်ချက်သည် ထိုအမှုကိုစစ်ဆေးသူတရားသူကြီးအတွက် တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍သော်လည်းကောင်း အကျိုးဖြစ်ထွန်းစေချင်းမျိုးမရှိစေရပါ။ ငွေးကြေးလာဘ်လာဘအတွက် အမှုများကိုစီရင်မှုမျိုးများမရှိလေရအောင် စီမံပေးရပါမည်။ တရားသူကြီးတစ်ဦးအနေဖြင့် အမှုတွင်ပေါ်ပေါက်ချက်များအရ မိမိအနေဖြင့် ဥပဒေနှင့်ညီညွတ်သည်ဟု ယုံကြည်သောအမိန့်ကို ချမှတ်သည့်အတွက် မည်သည့် အရေးယူမှုမျိုးမှခံထိုက်စေချင်းမရှိစေရန် ကာကွယ်ပေးထားရမည်ဖြစ်သည်။ ထိုသို့ပုဂ္ဂိုလ်ရေးလွပ်မှုရှိစေရန်အတွက် ဒီမိုကရေစီနိုင်ငံကြီးများတွင် တရားသူကြီးများအား အလွန်မြင့်မားသည့်လစာများပေးခြင်း၊ နေအိမ်၊ အဆောင်အယောင်စသည်များကိုကို ပြည့်စုံကုံလုံစွာထောက်ပံ့ပေးခြင်း၊ တရားသူကြီး၏ ဆုံးဖြတ်ချက်များသည် ဥပဒေပြုဌာန၊ အုပ်ချုပ်ရေးဌာန များ၏လိုလားချက်များနှင့် ဆန့်ကျင်နေသော်လည်း ထိုဌာနများက အမှုစစ်တရားသူကြီးကို အရေးယူဒုက္ခပေးမှုမျိုးမဆောင်ရွက်နိုင်အောင် စီမံထားရှိခြင်း စသည့်နည်းလမ်းများကိုကျင့်သုံးလေ့ရှိကြသည်။

အဖွဲ့အစည်း၏လွတ်လပ်မှု (Institutional Independence)

တရားစီရင်ရေးအဖွဲ့အစည်းများဖြစ်သည့် တရားရုံးများသည် အခြားသော အစိုးရအဖွဲ့အစည်းများ၏လွှမ်းမိုးမှုများက ကင်းဝေးရမည်ဖြစ်သည်။ ထိုသို့လွတ်လပ်မှာသာလျှင် တရားရုံးအနေဖြင့် ပြည်သူများအပေါ် အုပ်ချုပ်သူများ၏ မတရားညှင်းပမ်းမှု၊ ဥပဒေပြုသူများ၏ မတရားဥပဒေပြုမှုများမှ ကာကွယ်ပေးနိုင်မည်ဖြစ်သည်။ တရားစီရင်ရေးအဖွဲ့အစည်းဖြစ်သည့် တရားရုံးများလွတ်လပ်မှုရှိစေရန်အတွက် တရားစီရင်ရေးဆိုင်ရာစီမံခန့်ခွဲရေး (Judicisl Administration) နှင့်တရားစီရင်ရေးဆိုင်ရာ ရန်ပုံငွေ (Judicial Budget) များကို တရားရုံးများ လွတ်လပ်စွာစီမံခန့်ခွဲခွင့်ပေးထားလေ့ရှိသည်။

လွတ်လပ်စွာတရားစီရင်ရေး၏အင်္ဂါရပ်များ

လွတ်လပ်စွာတရားစီရင်ရေးတစ်ခုပီပြင်စေရန်အတွက် အောက်ပါအင်္ဂါရပ် (၃) ခုနှင့်ပြည့်စုံရမည်ဖြစ်သည်။ ၎င်းတို့မှာ - (၁)။ တရားရုံးများဘက်လိုက်မှုမရှိခြင်း (၂)။ တရားရုံးများ၏စီရင်ချက်များကိုလေးစားလိုက်နာခြင်း (၃)။ တရားရုံးများသည်အခြားအစိုးရအဖွဲ့အစည်းများ၏လွှမ်းမိုးမှုများမှကင်ဝေးခြင်း

တရားရုံးများ ဘက်လိုက်မှုမရှိခြင်း

တရားသူကြီးများ၏ဆုံးဖြတ်ချက်များအပေါ် ယင်းတရားသူကြီးများ၏ ကိုယ်ကျိုးစီးပွားများက လွှမ်းမိုးစေခြင်းမရှိရပါ။ သို့မှသာလျှင်တရားသူကြီးများဘက်လိုက်မှုကင်းကင်းဖြင့် အမှုများကိုစီရင်ဆုံးဖြတ်နိုင်မည်ဖြစ်သည်။ ဘက်လိုက်သည်ဆိုရာတွင် ငွေကြေးကြောင့်ဘက်လိုက်ခြင်း၊ မိမိရာထူးတည်ြမဲရေး၊ ရာထူးတိုးတက်ရေးတို့အတွက်ဘက်လိုက်ခြင်း၊ လူများစုဖြစ်စေချင်သည့် ဆန္ဒကိုဆန့်ကျင်ရမည်စိုးသဖြင့် အမှန်တရားမျက်ကွယ်ပြုကာဘက်လိုက်ြခင်း၊ မိမိဆွေမျိုးသားချင်းမိတ်ဆွေသူငယ်ချင်းများနှင့်ပက်သက်နေသော အမှုဖြစ်သဖြင့် ဘက်လိုက်ခြင်းစသည်တို့ပါဝင်သည်။

တရားရုံးများ၏ စီရင်ချက်များကို လေးစားလိုက်နာခြင်း

တရားရုံးတစ်ရုံးက အမိန့်စီရင်ချက်တစ်ခုကို ချမှတ်လိုက်သည်ဆိုသည်နှင့် ထိုအမိန့်စိရင်ချက်ကို လေးစားလိုက်နာရမည်ဖြစ်သည်။ ထိုအမိန့်စီရင်ချက်ကိုလေးစားလိုက်နာခြင်းတွင် အမှုမှအမှုသည်နှစ်ဦးနှစ်ဘက်သာမက နိုင်ငံအုပ်ချုပ်သူအစိုးရများနှင့် ဥပဒေပြုသူအမတ်များလည်း လေးစားလိုက်နာရန် လိုအပ်သည်။ ထိုသို့လေးစားလိုက်နာစေရန်လည်း မလိုက်နာသူများကို အတင်းအကြပ်လိုက်နာစေရန်ပြုလုပ်ခွင့်အာဏာကို တရားရုံးများအားပေးထားလေ့ရှိသည်။ ၎င်းတို့ချမှတ်သည့် စီရင်ချက်ကို သဘောမတူမနှစ်သက်ဟူသော အကြောင်းပြချက်ဖြင့် (အဆိုပါစီရင်ချက်သည် ဥပဒေအရပင်လွဲမှာစေဦးတော့) တရားသူကြီးများနှင့် တရားစီရင်ရေးအဖွဲ့များအား ဥပဒေပြုအဖွဲ့က ပြစ်တင်ရှုံချကာ ရာထူးမှမထုတ်ပယ်ရဟူသောမူများကိုလည်း ဒီမိုကရေစီနိုင်ငံကြီးများတွင်လက်ခံ ကျင့်သုံးကြသည်။

တရားရုံးများသည် အခြားအစိုးရအဖွဲ့အစည်းများ၏ လွှမ်းမိုးမှုများမှ ကင်းဝေးခြင်း

တရားရုံးများသည် အုပ်ချုပ်ရေးအဖွဲ့များနှင့် ဥပဒေပြုအဖွဲ့အစည်းများ၏လွှမ်းမိုးခြင်းများမှ ကင်းဝေးစေရမည်ဖြစ်သည်။ အာဏာရှင်နိုင်ငံအများစုတွင် တရားရုံးများသည် အစိုးရ၏မူဝါဒ (Policy) ကိုအကောင်အထည်ဖော်ပေးရသော ဌာနတစ်ခုအဖြစ်သာရပ်တည်နိုင်ပြီး ဥပဒေနှင့်ညီညွတ်ခြင်း၊မညီညွတ်ခြင်း တရားမျှတမှုရှိခြင်း၊ မရှိခြင်းများကို အဓိကထားခြင်းမရှိပဲ အစိုးရ၏အလိုအတိုင်းသာ အမှုများကိုစီရင်လေ့ရှိကြသည်။ ဥပဒေပြုအဖွဲ့မှ တရားစီရင်ရေးကိုလွှမ်းမိုးထားပြန်လျှင်လည်း ပြည်သူများ၏အခြေခံဥပဒေပါအခွင့်အရေးများကို ချိုးဖေါက်၍ ဥပဒေများပြုလုပ်လာပြီး ပြည်သူများနစ်နာမည်ဖြစ်သည်။

လွတ်လပ်စွာတရားစီရင်ရေးနှင့်သက်ဆိုင်သည့်အပြည်ြပည်ဆိုရာကွန်ဗင်းရှင်း၊ ကြေညာချက်၊ စာမှတ်စာတမ်းများ

  1. လွတ်လပ်စွာတရားစီရင်ရေး အတွက်ခြေခံအချက်များ (ကုလသမဂ္ဂကြေညာချက် ၁၉၈၅)(Basic Principles on the Independence of the Judiciary)
  2. တရားရေးရာပြမူဆောင်ရွက်မှုဘင်္ဂလားကြေညာစာတမ်း (Bangol Principles of Judicial Conduct)
  3. လွတ်လပ်စွာတရားစီရင်ရေး အတွက်အနိမ့်စုံစံသတ်မှတ်ချက်များနှင့်ပက်သက်သည့်နယူးဒေလီပြဋ္ဌာန်းချက် (The New Delhi Code of Minimum Standards of judicial independence)

Tags:

လွတ်လပ်စွာတရားစီရင်ရေး တရားစီရင်ရေးလွတ်လပ်မှုအမျိုးအစားများလွတ်လပ်စွာတရားစီရင်ရေး ၏အင်္ဂါရပ်များလွတ်လပ်စွာတရားစီရင်ရေး နှင့်သက်ဆိုင်သည့်အပြည်ြပည်ဆိုရာကွန်ဗင်းရှင်း၊ ကြေညာချက်၊ စာမှတ်စာတမ်းများလွတ်လပ်စွာတရားစီရင်ရေး

🔥 Trending searches on Wiki မြန်မာဘာသာ:

ရွှေတိဂုံ၏ အံ့ဖွယ် (၉)ပါးငါးမျိုးစိတ်များ စာရင်းကယန်းလူမျိုးတိုင်းစစ်ဌာနချုပ်ရွှေဝါရောင် တော်လှန်ရေးနည်းပညာမော်စီတုန်းနက္ခတ် ၂၇ လုံးတရုတ်စံကားပုသိမ်မြို့လူဦးရေဇီဝဇိုးငှက်အာနန္ဒာဘုရားC++သင်္ချာချဉ်ပေါင်ပညာမိုးဟေကိုကျေးဇူးတရားလွှမ်းပိုင်ခွေးအီဂျစ်နိုင်ငံစစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့မိုဟာမက်အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဒွေးသံလွင်မြစ်မြန်မာအက္ခရာသမိုင်းကျွန်းနက်အိမ်စောင့်အစိုးရ (၂၀၂၁)ပဲခူးတိုင်းဒေသကြီးတက္ကသိုလ်ဘုန်းနိုင်ရွှေမန်းတင်မောင်ဖူးပွင့်ခိုင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပုပ္ပါးတောင်နွေရာသီအိမ်ရေဘဝဲသက်ရှိဆော်ဒီအာရေဗျနိုင်ငံလောကနီတိဘိန်းဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော်အိပ်စက်ခြင်းစအိုဖြင့် လိင်ဆက်ဆံခြင်းစိန်ကွန်ဖြူးရှပ်မြဝတီမြို့ဂို (ကစားပွဲ)ပေါက်မြို့နယ်ရဲရင့်အောင်ခင်ခင်ထူးစံပယ်ပန်းသွားပိုးစားရောဂါရာသီအလိုက်ပွင့်သောပန်းများသရပါတံခါးနတ်ရတနသုတ်မိမိကိုယ်ကို သတ်သေခြင်းသိပ္ပံပညာကိုဩဒိနိတ်စကားပုံအာဋာနာဋိယသုတ်စကားထာရာမာယဏဖိုးစိန်၊ ဦး (ဂရိတ်)ရာသီဥတုပြောင်းလဲမှုကြိတ်မှန်ပင်ကျီးကန်းရခိုင်ဘာသာစကားသက္ကရာဇ်မဟာဂန္ထဝါစကပဏ္ဍိတရွှေတိဂုံစေတီတော်ပုဂံပဋ္ဌာန်းနေဝင်း (ဗိုလ်ချုပ်ကြီး)🡆 More