လိဂျမြို့

လိဂျမြို့သည် ဥရောပတိုက်တွင် ပါဝင်သော ဘယ်လ်ဂျီယမ်နိုင်ငံ၏ အရှေ့ပိုင်းတွင် တည်ရှိသည့် မြို့ကြီးတစ်မြို့ဖြစ် သည်။ လိဂျမြို့သည် မျူးစ်မြစ်နှင့် ယင်းမြစ်လက်တက်ဖြစ်သော အုထမြစ်တို့ ဆုံရာနေရာတွင်တည်ရှိသည်။ မျူးစ်မြစ်၏ ကမ်းနှစ်ဘက်လုံးတွင် မြို့ခင်းကျယ်ပြန့်သည်။ ချိုင့်ဝှမ်းတစ်လျှောက်တွင် တည်ရှိ၍ အာဒင်းတောင်များဖြင့် ဝန်းရံလျက်ရှိသည်။ လိဂျမြို့ရှိ လူဦးရေမှာ၁၉၆၄ခုနှစ်တွင ခန့်မှန်းခြေ၁၅၅၈၉၈ ယောက်ဖြစ်သည်။

လိဂျမြို့

လိဂျမြို့သည် ဥရောပတိုက် အလယ်ခေတ်မှစ၍ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်များအတွင်း၌ ထင်ရှားခဲ့သည်။ စစ်ဒဏ်ကိုလည်း အကြိမ်ကြိမ်ခံခဲ့ရသည်၊ သို့ရာတွင် ရှေးဟောင်း အဆောက်အအ ုံများ ကျန်သလောက်ကျန်ပေသေး၍ အနုပညာစုဝေးရ ဌာနဖြစ်၏။ အထူးသဖြင့်ဗဲလဂျီယမ်နိုင်ငံပ ပြင်သစ်စကားပြောဆိုသောဝါလွန်း နယ်များ၏ ယဉ်ကျေး မှုအချက်အချာဒေသဖြစ်သည်။ လိဂျမြို့တွင် ၁၈၁၇ ခုနှစ်က တည်ထောင်သော တက္ကသိုလ်တစ်ခု၊ ဓာတ်သတ္တုတူးဖော်ရေး ပညာသင်ကျောင်း၊ အနုပညာတံခွန်ကျောင်း၊ဂီတပညာ သင်ကျောင်း ပြတိုက်တစ်ခု စသည်တို့အပြင်ဘုရားရှိခိုးကျောင်း အမြောက်အမြားရှိသည်။ ယင်းတို့အနက် စိန်ဂျတ်နှင့်စိန်ပေါတို့မှာ ထင်ရှားပေသည်။ လိဂျမြို့ရှိ တရားရုံးတော် အဆောက်အအုံကို ၁၆ ရာစုနှစ်ကတည်းက တည်ဆောက်ထားခဲ့သည်။ လိဂျမြို့တွင် ရုက္ခဗေဒ ဥယျာဉ်တစ်ခုလည်းရှိသည်။

ယခုအခါတွင် လိဂျမြို့သည် စက်မှုလက်မှုထွန်းကားသော မြို့ဖြစ် ပေသည်။ အလယ်ခေတ်ကပင်လျှင် ဥရောပတိုက်၏လက်နက်တိုက်အဖြစ်ထင်ရှားခဲ့ပေသည်။ လိဂျမြို့တည်ရှိရာ မျူးစ်ချိုင့်ဝှမ်းတွင် အလွန်ကောင်း မွန်သော ကျောက်မီးသွေးတွင်းများရှိသောကြောင့် လိဂျမြို့သည်ဘယ်လ်ဂျီယမ်နိုင်ငံ၌ စက်ဖြင့် ပစ္စည်းထုတ်လုပ်ရာ အချက်အချာဒေသဖြစ်၏။ သံနှင့် သံမဏိလုပ်ငန်း၏အချက်အချာ ဒေသလည်းဖြစ်သည်။ လိဂျမြို့မှထွက်သော ပစ္စည်းများမှာသေနတ်နှင့် မီးပေါက်လက်နက်များ၊စက်ဘီး၊ မော်တော်ကား၊မီးရထားခေါင်း တွဲ၊ စက်များ၊ ကုန်မာပစ္စည်းများနှင့် အထည်အလိပ်တို့ဖြစ်၏။ လိဂျမြို့၏အကြောင်းကို ခြောက်ရာစုနှစ်မှစ၍ ဖော်ပြခဲ့ကြသည်ကို တွေ့ရှိသည်။ ရှစ်ရာစုနှစ်တွင် ဂိုဏ်းအုပ်၏နယ်ဖြစ်လာသည်။ ၁၄ ရာစု နှစ်အထိ ကိုလုန်းဂိုဏ်းချုပ်၏ လက်အောက်တွင်ရှိသည်။ ထိုအချိန်မှစ၍ လိဂျမြို့ ဂိုဏ်းအုပ်များသည် အလယ်ခေတ် ဂျာမန်အင်ပိုင်ယာတွင် မင်းညီ မင်းသားတို့၏ အဆင့်အတန်းများကို ခံစားရရှိသည်။ ၁၄၆၇ ခုနှစ်တွင် လိဂျမြို့ကို ဗာဂန်ဒီနယ်စား ချား-သ-ဗိုး(ရဲရင့်သောချား)က အောင်မြင်သိမ်းပိုက် သည်။ ၁၆၇၅ ခုနှစ်၊ ၁၆၈၄ ခုနှစ်၊ ၁၇၉၂ခုနှစ်များတွင်ပြင်သစ်တပ်များ၏ သိမ်းပိုက်ခြင်းကိုခံရသည်။ ၁၈ဝ၁ ခုနှစ်တွင် လိဂျမြို့သည် ပြင်သစ်နိုင်ငံ လက်အောက်သို့လည်းကောင်း၊ ၁၈၁၅ ခုနှစ်တွင် နယ်သာလန်နိုင်ငံ လက်အောက်သို့လည်းကောင်း ရောက်ရှိပြီးလျှင် ၁၈၃ဝ ပြည့်နှစ် တွင်ဘယ်လ်ဂျီယမ်နိုင်ငံလက်အောက်သို့ ရောက်လေသည်။ ပထမကမ္ဘာစစ်အတွင်းက လိဂျမြို့ကို ဂျာမန်တပ်များ က၁၉၁၄ခုနှစ်၊ ဩဂုတ်လ၇ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ဝန်းရံလျက်ရှိသော ခံတပ် ၁၂ ခုက ခုခံခဲ့သေး၏။ သို့ရာတွင် ဂျာမန်တို့၏ အမြောက်ဒဏ်ကို မခံနိုင်ခဲ့ပေ။

ဒုတိယကမ္ဘာစစ်ကြီးအတွင်းကမူ ၁၉၄ဝ ပြည့်နှစ်၊ မေလ ၁ဝ ရက် နေ့တွင်ဘယ်လ်ဂျီယမ်နိုင်ငံတွင်းသို့ ဂျာမန်တို့ဝင်ပြီးနောက် သုံးရက်အ တွင်းမှာပင် လိဂျမြို့ ကျဆုံးလေတော့သည်။ ၁၉၄၄ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့၌အမေရိကန်ပြည်ထောင်စု တပ်များဝင် ရောက်လာ၍ ဂျာမန်တို့၏ အချုပ်အချယ်မှ လွတ်ကင်းခဲ့ရသည်။ သို့ရာတွင် ၁၉၄၄ - ၄၅ ခုနှစ်အတွင်းကဂျာမန်ဗုံးပျံများ၏ဒဏ်ကို ခံရသဖြင့် မြို့မှာ အတော်ပင်ပျက်စီးခဲ့လေသည်။

ကိုးကား

Tags:

ဘယ်လ်ဂျီယမ်နိုင်ငံ

🔥 Trending searches on Wiki မြန်မာဘာသာ:

မဟာဂီရိနတ်နိဝရဏတရားငါးပါးနှင်းဆီဒွေးမိတ္ထီလာမြို့ဘီးလင်းမြို့အဆိပ်သက်ရှိအသည်းရောင် အသားဝါ ရောဂါ ဘီပိုးလောကဓံပြေတီဦးဖားကန့်မြို့ခွေးရူးပြန်ရောဂါကာကွယ်ဆေးခရူးဆိတ် စစ်ပွဲများမြေဆီလွှာဇာမဏီဘူတန်နိုင်ငံအင်္ဂလိပ်-မြန်မာ စစ်ပွဲများကမ္ဘာ့အလုပ်သမားနေ့ပိဋကတ် သုံးပုံကောသလမင်း အိပ်မက် (၁၆)ချက်ပိန္နဲပင်ဗေဒင်လွှမ်းမိုးရှင်ပြုခြင်းအနတ္တလက္ခဏသုတ်မူဆယ်မြို့မလေးရှားနိုင်ငံပဋ္ဌာန်းအထူးဥပဒေများနွေရာသီတပ်ရင်း (၇)ဗောဓိပက္ခိယတရား ၃၇ ပါးပေါက် (သစ်ပင်)မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ခင်ပွန်းကြီးဆယ်ပါးနေပြည်တော်မြို့ကချင်လွတ်မြောက်ရေးတပ်မတော်ဝပြည်နယ်ဆေးဝါးဗေဒကြက်တိုက်ခြင်းတစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်ကမ္ဘာ့အထိမ်းအမှတ်နေ့ကားလိုး ကော်လိုဒီသန်လျင် မင်းကျောင်းဆရာတော်ဇော်ဂျီ (စာရေးဆရာ)မြန်မာ့တပ်မတော် သမိုင်းကြောင်းဂေါတမဗုဒ္ဓအင်းလေးကန်စကြဝဠာကိုကိုလိင်မှတဆင့် ကူးစက်တတ်သော ရောဂါဝဲအောက်ချင်းငှက်အလောင်းတော် ကဿပအမျိုးသမီးသုံး ကွန်ဒုံးမြင်းခွာပင်အရှေ့တောင်အာရှစစ်တက္ကသိုလ် (ပြင်ဦးလွင်)တောင်ကြီးမြို့ဝ လူမျိုးပညာရေးဝန်ကြီးဌာနမြန်မာနိုင်ငံရှိ မြို့များဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူခြင်းပြစ်မှုဆိုင်ရာဥပဒေမျိုးပွားခြင်းဧရာဝတီတံတား (ပခုက္ကူ)ရွှေဥဒေါင်းအောင်ဆန်းမြစေတီကျောက်စာကချင်ပြည်နယ်ကရင်အမျိုးသားအလံတော်ဥသျှစ်ပင်ဆိုင်းဝိုင်း🡆 More