ရွှင်ပျော်ပျော် အဆိုအသင်း (Glee) သည် အမေရိကန် Fox ရုပ်သံဌာန မှ ထုတ်လွှင့်သည့် ဂီတဇာတ်မြူး ရုပ်သံဇာတ်လမ်းတွဲ ဖြစ်သည်။ ယင်းဇာတ်လမ်းတွဲမှာ အိုဟိုင်းယိုးပြည်နယ်၊ လီမာမြို့ရှိ William McKinley အထက်တန်းကျောင်းမှ ရွှင်ပျော်ပျော် အဆိုအသင်း (glee club) က New Directions (လမ်းကြောင်းသစ်) အမည်ဖြင့် အဆိုပြိုင်ပွဲဝင်သည့် အကြောင်းကို ရိုက်ကူးထားသည်။ ပထမဦးဆုံး ရှေ့ပြေးဇာတ်လမ်းတွဲကို ၂၀၀၉ ခုနှစ် မေ ၁၉ ရက်နေ့တွင် ထုတ်လွှင့်ခဲ့သည်။ ဇာတ်လမ်းတွဲအတွင်း ပြန်လည်သီဆိုထားသည့် သီချင်းများကိုလည်း အယ်လ်ဘမ်အဖြစ် စုစည်း ထုတ်ဝေခဲ့သည်။ ယင်းဇာတ်လမ်းတွဲ အောင်မြင်မှု ရလာသည့်အလျောက် ကာရာအိုကေဂိမ်းများပင် ထုတ်ဝေသည့်အထိ ဖြစ်လာခဲ့သည်။
ရွှင်ပျော်ပျော် အဆိုအသင်း Glee | |
---|---|
Glee title card | |
အမျိုးအစား | ဂီတဇာတ်မြူး ဟာသဇာတ်မြူး ဒရာမာ |
ဖန်တီးသူ | Ryan Murphy Brad Falchuk Ian Brennan |
ရေးသားသူ | Ryan Murphy Brad Falchuk Ian Brennan |
သရုပ်ဆောင် | Dianna Agron Chris Colfer Jessalyn Gilsig Jane Lynch Jayma Mays Kevin McHale Lea Michele Cory Monteith Heather Morris Matthew Morrison Mike O'Malley Amber Riley Naya Rivera Mark Salling Jenna Ushkowitz |
နိုင်ငံ | United States |
ဘာသာစကား | English |
အတွဲပေါင်း | 2 |
အပိုင်းပေါင်း | 44 (အပိုင်းများ စာရင်း) |
ထုတ်လုပ်မှု | |
အမှုဆောင် ထုတ်လုပ်သူ | Ryan Murphy Brad Falchuk Dante Di Loreto Ian Brennan |
ထုတ်လုပ်သူ | Alexis Martin Woodall Michael Novick Kenneth Silverstein |
ရိုက်ကူးသည့် နေရာ | Los Angeles, California |
ရိုက်ကူးရေးပညာရှင် | Christopher Baffa |
Camera setup | Single camera |
ပြသချိန် | 42–48 minutes |
ထုတ်လုပ်သည့် ကုမ္ပဏီ | 20th Century Fox Television Brad Falchuk Teley-Vision Ryan Murphy Television |
ဖြန့်ချိသူ | 20th Television |
ထုတ်လွှင့်မှု | |
မူရင်းရုပ်သံလိုင်း | Fox |
ရုပ်ပုံအမျိုးအစား | 480i (SDTV) 1080i (HDTV) |
မူလပြသမှု | မေ ၁၉၊ ၂၀၀၉ | – present
အခြေအနေ | Ongoing |
ဇာတ်လမ်းတွဲစဉ် | |
ဆက်စပ်မှုများ | Glee Live! In 3D! (concert film) |
ပြင်ပလင့်(ခ်)များ | |
[fox.com/glee/ ] |
ယင်းဇာတ်လမ်းတွဲသည် ၂၀၁၀ ခုနှစ်နှင့် ၂၀၁၁ ခုနှစ် ရွှေကမ္ဘာလုံးဆုပေးပွဲတွင် ဂီတဇာတ်မြူး (သို့) ဟာသဇာတ်မြူး (Musical or Comedy) အမျိုးအစားမှ အကောင်းဆုံး ရုပ်သံဇာတ်လမ်းတွဲဆုကို ရရှိခဲ့သည့်အပြင် သရုပ်ဆောင် Jane Lynch နှင့် Chris Colfer တို့သည်လည်း ၂၀၁၁ ခုနှစ်၏ အကောင်းဆုံးဇာတ်ပို့ဆုကို ရရှိခဲ့သည်။
This article uses material from the Wikipedia မြန်မာဘာသာ article ရွှင်ပျော်ပျော် အဆိုအသင်း, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.