ရစ်ချတ်ဖိန်းမန်း

ရစ်ချတ်ဖိလစ်ဖိန်းမန်း (၁၉၁၈ မေ ၁၁ - ၁၉၈၈ ဖေဖော်ဝါရီ ၁၅) သည် အမေရိကန်နိုင်ငံသား သီအိုရီပိုင်းဆိုင်ရာရူပဗေဒပညာရှင်ဖြစ်ပြီး ကွန်တံမက္ကင်းနစ်အတွက် လမ်းကြောင်းလားရာကို ပုံသေနည်းရှာပေးမှု၊ ကွန်တံဣလက်ထြိုဒိုင်းနမစ်အတွက် သီအိုရီ၊ အအေးလွန်ခံထားသောအခြေအနေ၌ဖြစ်သည့် ဟီလီယံရည်၏အထူးအရည်သဘာဝအတွက် ရူပဗေဒဆိုင်ရာ အယူအကောက်တို့အပြင် အမှုန်ရူပဗေဒအတွက် ပါတွန်မော်ဒယ်ကိုလည်း အဆိုပြုခဲ့သေးသည်။ ကွန်တံဣလက်ထြိုဒိုင်းနမစ်အတွက် ဖော်ထုတ်သော သီအိုရီကြောင့် ၁၉၆၅ ခု၌ ဂျူလီယန်ရွှင်ဂါ၊ ရှင်ဤချီရိုတိုမိုနာဂါတို့နှင့်တွဲ၍ ရူပဗေဒဆိုင်ရာနိုဘယ်ဆု ရသည်။

Richard Feynman
Feynman c. 1965
မွေးဖွားRichard Phillips Feynman
(1918-05-11)မေ ၁၁၊ ၁၉၁၈
New York City, U.S.
ဆုံးပါးဖေဖော်ဝါရီ ၁၅၊ ၁၉၈၈(1988-02-15) (အသက် ၆၉)
Los Angeles, California, U.S.
ခေါင်းချရာMountain View Cemetery and Mausoleum, Altadena, California, U.S.
အခြားအမည်များDick Feynman
နယ်ပယ်Theoretical physics
အဖွဲ့အစည်းဌာနCornell University
California Institute of Technology
မိခင်ကျောင်းMassachusetts Institute of Technology (S.B. 1939)
Princeton University (Ph.D. 1942)
ဘွဲ့ယူစာတမ်းThe Principle of Least Action in Quantum Mechanics (1942)
ပါရဂူဘွဲ့ ကြီးကြပ်သူJohn Archibald Wheeler
ပါရဂူဘွဲ့ယူ တပည့်များ
  • James M. Bardeen
  • Laurie Mark Brown
  • Thomas Curtright
  • Albert Hibbs
  • Giovanni Rossi Lomanitz
  • George Zweig
အခြား တပည့်ကျော်များ
  • Robert Barro
  • W. Daniel Hillis
  • Douglas D. Osheroff
  • Paul Steinhardt
  • Stephen Wolfram
ကျော်ကြားမှုအရင်းခံ
ထင်ပေါ်ကျော်ကြား ဆုတံဆိပ်များ
  • Albert Einstein Award (1954)
  • E. O. Lawrence Award (1962)
  • Nobel Prize in Physics (1965)
  • Foreign Member of the Royal Society (1965)
  • Oersted Medal (1972)
  • National Medal of Science (1979)
အိမ်ထောင်ဘက်Arline Greenbaum (လက်ထပ် 1941; died 1945)
Mary Louise Bell (လက်ထပ် 1952–56)
Gweneth Howarth (လက်ထပ် 1960)
ရင်သွေး(များ)2
လက်မှတ်
ရစ်ချတ်ဖိန်းမန်း

အနုမြူတွင်းအမှုန်များ၏အပြုအမူကိုရှင်းပြသော သင်္ချာပုံသေနည်းများကို ရုပ်ပုံကားနည်းနှင့်တွဲ၍ ဟောပြောပို့ချခြင်းကို ဖိန်းမန်းက စသုံးခဲ့ပြီး နှောင်းပိုင်းတွင် ဖိန်းမန်းဒိုင်ယာဂရံဟု လူသိများလေသည်။ သက်ရှိထင်ရှားရှိစဉ်ပင် ကမ္ဘာပေါ်ရှိ လူသိအများဆုံးသော သိပ္ပံပညာရှင်များအနက် တဦးဖြစ်ခဲ့သည်။ ၁၉၉၉ ခု၌ ကမ္ဘာ့ထိပ်တန်း ရူပဗေဒပညာရှင် ၁၃၀ ကို ဖိဆစ်ဝေါ (Physics World) အမည်ရှိ ဗြိတိန်ဂျာနယ်က စစ်တမ်းကောက်ရာ ဖိန်းမန်းက နံပါတ် ၇ ချိတ်သည်။

ဒုတိယကမ္ဘာစစ်၌ အနုမြူဗုံးလုပ်ရာတွင် ဝင်ကူခဲ့ပြီး ၁၉၈၀ ကာလများ၌ ရော်ဂျာကော်မရှင်အဖွဲ့ဝင်အဖြစ် လူသိများခဲ့သည်။ အဆိုပါကော်မရှင်မှာ အာကာသလွန်းပျံယာဉ် ချယ်လင့်ဂျာ (Challenger) ပျက်ကျခြင်းကြောင့် ဖွဲ့သော ခုံရုံးဖြစ်သည်။ သီအိုရီဆိုင်ရာရူပဗေဒနည်းတူ ကွန်တံကွန်ပျုတင်းနယ်တွင်လည်း လမ်းစဖေါက်သူအဖြစ် အသိအမှတ်ပြုကြသည်။ နာနိုနည်းပညာ၏သဘောတရားကိုလည်း မိတ်ဆက်ပေးသူဖြစ်သည်။ ကာလီဖိုးနီးယားနည်းပညာတက္ကသိုလ်၌ သီအိုရီဆိုင်ရာရူဗေဒဘာသာရပ်၌ ရူပဗေဒနှင့်သင်္ချာပညာရှင် ရစ်ချတ်တောမန်းအား အောက်မေ့ခြင်းအားဖြင့် ရစ်ချစ်တောမန်းပညာသင်ဆုဟူ၍ ထားခဲ့သည်။

ရူပဗေဒကို စာအုပ်များမှ လူသိများစေသူလည်း ဖြစ်သည်။ ၁၉၅၉ ခုတွင် နာနိုနည်းပညာကို လူပိန်းနားလည်အောင် အလွယ်ရှင်းပြသော "အောက်မှာအခန်းတွေအများကြီး" ဟူသောခေါင်းစဉ်ဖြင့် ဟောပြောပွဲ လုပ်သေးသည်။ ဘွဲ့ကြိုကျောင်းသားများအား ရည်ရွယ်၍ "ရူပဗေဒအတွက် ဖိန်းမန်းရဲ့လက်ချာ" အမည်ရှိ သုံးအုပ်တွဲစာစုကိုလည်း ထုတ်သည်။ သူ၏ဘဝဇာတ်ကြောင်းကို တစိတ်တပိုင်းရေးထားသော "ခင်ဗျားနောက်နေတာလား မစ္စတာဖိန်းမန်း" နှင့် "သူများတွေတွေးတာမင်းဘာတွေဂရုစိုက်နေလဲ" တို့မှာလည်း လူသိများသည်။ အခြားသူတို့ရေးသော ဖိန်းမန်းအထုပ္ပတ္တိများမှာ ရာ့လေတင်၏ "တူဗာမရောက်ရင် ဒုက္ခရောက်ပြီ" နှင့် ဂျိမ်းဂလစ်၏ "ဉာဏ်ကြီးရှင် : ရစ်ချတ်ဖိန်းမန်း၏ဘဝဇာတ်ကြောင်းနှင့် သိပ္ပံဇာတ်လမ်း" တို့ ဖြစ်လေသည်။

ကိုးကား

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

ထားဝယ်လူမျိုးနန်းမွေစံလူသားတစ်ဦး၏လိင်တံအရွယ်အစားတစ်ကိုယ်ရည်အာသာဖြေခြင်းသရပါတံခါးထူးအိမ်သင်မြင်းခွာပင်၁ ဧပြီဟိုက်ဒရိုဂျင်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)ပလေးတိုးသီတင်းကျွတ်လပြည့်နေ့ဆူခွိုင်း ၃၀ရှမ်းပြည်နယ်မြထွန်းဦးဟင်္သာတထွန်းရင်မြန်မာနိုင်ငံ၏ အစိုးရဌာနဆိုင်ရာ ရာထူး အဆင့်များဘာသာစကားcxaieမြန်မာနိုင်ငံရှိ ပွဲတော်များကိုးကန့်လူမျိုးသမ္မတကြီးထံ ပေးစာ (ရုပ်ရှင်)ကြည့်မြင်တိုင်မြို့နယ်သင်္ကြန်အဖြူဆင်းခြင်းမြန်မာနိုင်ငံရှိ မြို့နယ်များနေကာကွယ်ရေးဦးစီးချုပ်(ရေ)လများ (အချိန်အတိုင်းအတာ)ခရေပင်သန်းရွှေ (ဗိုလ်ချုပ်မှူးကြီး)ကရင်လူမျိုးကရင်ရိုးရာပွဲတော်များသထုံမြို့တပ်ရင်း (၇)မြန်မာ့ ပထမဆုံးများသီရိလင်္ကာနိုင်ငံဂေါ်ရင်ဂျီကျွန်းလွတ်လပ်ပြီးခေတ်မြန်မာနိုင်ငံမြန်မာပြည် စာတိုက် သင်္ကေတများတပ်မတော်နေ့ရေမွန်ခင်ကြည်ထမနဲပွဲသဘာဝပတ်ဝန်းကျင်နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကာဇက်စတန်နိုင်ငံမြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေဒေသများအားရွှေတိဂုံ၏ အံ့ဖွယ် (၉)ပါးမြန်မာနိုင်ငံရှိ ခရိုင်များပုပ္ပါးတောင်ကလပ်အင်းဆက်လား (တိရစ္ဆာန်)အာဆီယံထိပ်သီးအစည်းအဝေးမြန်မာနိုင်ငံ၏ ပညာရေးအပူကိုလိုနီခေတ်ဣန္ဒြေဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်ရေခွေးတောက်ပင်ဓူဝံကြယ်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဥရောပ သမဂ္ဂကင်ဂိုအွန်ပြေတီဦးကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအာဇာနည် ခေါင်းဆောင်ကြီးများကရမက်သောမတ် အက်ဒီဆင်နှစ်ကျိပ်ရှစ်ဆူကေ (အက္ခရာ)မဟာဘုတ်တောင်သူလယ်သမားနေ့🡆 More