မြင်းပြိုင်ပွဲကို ရှေးခေတ်ဘုရင်များလက်ထက်မှစ၍ ကျင်းပခဲ့ဖူးကြောင်း သိရသည်။ ၁၈ ဆက်မြောက်ဖြစ်သော အီဂျစ်မင်းဆက်မှ ပထမမြောက် တော့တမီးဘုရင်သည် မက်ဆိုပိုတေးမီးယားပြည်ကို အောင်နိုင်ရာမှ အာရပ်ပြိုင်မြင်း တစ်ကောင်ကို ရခဲ့ပြီးလျှင် အာဖရိကတိုက်သို့ ရှေးဦးစွာ ယူဆောင်သွားနိုင်ခဲ့ကြောင်းနှင့် ကျူချပ်ပေါ်၌ မှတ်တမ်းတင်ထားသည်ကို တွေ့ရသည်။ ဆော်လမွန်ဘုရင် သည်လည်း ထိုနောက်တွင် အီဂျစ်နိုင်ငံမှ ပြိုင်မြင်းများကို အဖိုးများစွာ ပေး၍ ဝယ်ခဲ့ဘူးကြောင်းကို သိရသည်။ ဂရိလူမျိုးတို့သည်ဘီစီ ၆၂၈ ခုနှစ်တွင် ကျင်းပသော ၃၃ ကြိမ်မြောက် အိုလံပစ် ကစားပွဲတွင် မြင်းပြိုင်ပွဲကို ထည့်သွင်းကျင်းပခဲ့ကြသည်။ ဂရိတို့မှတစ်ဆင့် ရောမမြို့သို့ မြင်းပြိုင်ပွဲကျင်းပသည့် အလေ့အထ ရောက်သွားပြန်သည်။ အဂ‡လန်နိုင်ငံသို့ မြင်းပြိုင်ပွဲ ကျင်းပသည့်အလေ့ရောက် ခဲ့သည်မှာလည်း ကြာပေပြီ။ သို့ရာတွင် အချိန်မှန်ပြုလုပ်သော မြင်းပြိုင်ပွဲများမှာ ပထမဂျိမ်းဘုရင် လက်ထက်ကမှ စတင်ခဲ့၍ ခရစ် ၁၇၁၁ ခုနှစ် အန်းဘုရင်မ လက်ထက်ရောက်မှ အလောင်းအစားများ ပြုလုပ်သည့်အလေ့ ပေါ်ပေါက်လာ ခဲ့လေသည်။ အဂ‡လန်နိုင်ငံတွင် ထိုစဉ်ကစ၍ မင်းအဆက်ဆက်ပင် မြင်းပြိုင်ပွဲများ၌ စိတ်ဝင်စား၍ အားပေးလာခဲ့ကြသည့် အနက် ဝါသနာအကြီးဆုံးမှာ စတုတ္ထဂျော့ဘုရင်ပင် ဖြစ်သည်။ ထိုမင်းသည် အိမ်ရှေ့မင်းသားဘဝမှာပင် ခရစ် ၁၇၈၄ ခုနှစ်မှ ၁၇၉၂ ခုနှစ်တွင်း၌ ဒါဗီဆုကြီး အပါအဝင် ဆုပေါင်း ၁၈၅ ဆုကို အနိုင်ရခဲ့ဘူးလေသည်။ ဤကဲ့သို့ ဘုရင်မင်းမြတ်များ ကိုယ်တိုင် အားပေးမြော|က်စားလာခဲ့သော ပွဲဖြစ်သည့် အတိုင်းလည်း မြင်ပြိုင်ပွဲသည် ဘုရင်တို့၏ ကစားပွဲဟု တွင်ခဲ့ခြင်း ဖြစ်ပေသည်။ ၁၄ ဆက်မြောက် လူဝီဘုရင် လက်ထက်တွင် မြင်းပြိုင်ပဲကျင်းပသည့် အလေ့အထသည် တစ်ဖန် အဂ‡လန်မှတစ်ဆင့် ပြင်သစ်နိုင်ငံသို့ ရောက်လာပြန်လေသည်။ မြင်းပြိုင်ပွဲများကို ယခုအခါ ကမ္ဘာအနှံ့ရှိ မြို့ကြီးပြကြီး များ၌ ရာသီအလိုက် အချိန်မှန် ကျင်းပလေ့ရှိ၍ မြင်းပြိုင်ပွဲကို လူတန်းစားမရွေး ကြိုက်နှစ်သက်ကြသော်လည်း ပြိုင်မြင်းများကိုမူ လူတိုင်း မမွေးနိုင်ချေ။ ပစ္စည်းဥစ္စာ ချမ်းသာသော မင်းစိုးရာဇာနှင့် သူဌေးသူကြွယ် လူကုံထံများသာ မွေးမြူနိုင်ကြသည်။ ကမ္ဘာ အရပ်ရပ်မှာပင် အရင်းအနှီးကြီးစွာ မြု|ပ်နှံ၍ ပြိုင်မြင်းမွေးမြူရေး လုပ်ငန်းဖြင့် စီးပွားရှာနေသူ အမြောက်အမြားရှိသည်။ ပြိုင်မြင်းများကို အကြီးအကျယ် မွေးမြူစီးပွားရှာသည့် နိုင်ငံများအနက် အဂ‡လန်ကဗိုလ်ဆွဲ ၏။ ပြိုင်မြင်းများသည် မျိုးရိုးစဉ်ဆက် နာမည်ကြီးလျှင် ကြီးသလောက် အဖိုးတန်လေ့ရှိရာ ၁၉၂ဝ ပြည့်နှစ်က မြင်းတကောင်မှာ ဒေါ်လာပေါင်း ၂၆၅ယ ဝဝဝ အထိ ရောင်းဈေးရခဲ့ဘူးလေသည်။ အဂ‡လန်နိုင်ငံတွင် မြင်းပြိုင်ကွင်း အများအပြားရှိသည့် အနက် နယူးမားကက်ကွင်းမှာ ရှေးအကျဆုံးနှင့် အကျော်စောဆုံး ဖြစ်၏။ ဒုတိယ ချားဘုရင်လက်ထက်ကစ၍ နာမည်ကြီးခဲ့သော ကွင်းဖြစ်၍၊ ထိုကွင်း၌ ဂီနီတထောင်နှင့် နှစ်ထောင်ဆုပွဲများကျင်းပလေ့ရှိသည်။ အဂ‡လန်နိုင်ငံ၌ ကျော်ကြားသော မြင်းပွဲများမှာ ဒါဗီ၊ အုတ်၊ စိန်လယ်ဂျာ၊ ဂီနီတထောင်နှင့် နှစ်ထောင်ဆုပွဲနှင့် အက်စကော့ ဖလားပွဲတို့ ဖြစ်ကြ၏။ ဒါဗီမြင်းပွဲ အမေရိကန်ပြည်ထောင်စု၌ အကျော်ကြားဆုံး မြင်းပွဲမှာ နှစ်စဉ်ကျင်းပမြဲဖြစ်သော ကင်တပ်ကီဒါဗီပွဲပင် ဖြစ်သည်။ ရှေးအခါက မြင်းပြိုင်ရာတွင် မြင်းပိုင်ရှင်များ အချင်းချင်းသာ အလောင်းအစား ပြုခဲ့ကြသည်။ သို့သော် ယခုအခါ ပြည်ပိုင်အစိုးရ၏ ခွင့်ပြုချက်အရ ဝါသနာပါသူ အပြင်လူများလည်း လွတ်လပ်စွာလောင်းကစား နိုင်ကြသည်။ အထက်တွင် ဖော်ပြခဲ့သော မြင်းပွဲများမှာ မြေပြင်ညီတစ်လျှောက် ကွင်းအတွင်းပတ်ပြေးရသည့် မြေပြန့်ပြေးပွဲများဖြစ်၍၊ စတိပဲချေ့(မြင်းခုန်ပွဲ)ခေါ် ပြိုင်ပွဲမျိုးလည်း ရှိသေးသည်။ ထိုပြိုင်ပွဲမျိုးတွင် တာလမ်းတစ်လျှောက်၌ တန်း၊ ချုံဖုတ်၊ မြောင်းစသည်ဖြင့် ပြေးရင်းခုန်လွှားသွားရသည့် အခက်အခဲများကို ပြုလုပ်ထားသည်။ ကမ္ဘာတွင် အကျော်ကြားဆုံး မြင်းခုန်ပွဲမှာ လစ်ဗာပူမြို့တွင် မတ်လ၌ နှစ်စဉ်ကျင်းပလေ့ရှိသော ဂရန်းနေရှင်နယ်ခေါ် ပွဲကြီးပင် ဖြစ်လေသည်။
This article uses material from the Wikipedia မြန်မာဘာသာ article မြင်းပြိုင်ပွဲ, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.