မျိုးရိုးဗီဇပညာ

သက်ရှိများအားလုံး၏ ဇီဝအချက်အလက်များကို မျိုးရိုးဗီဇတွင်မှတ်သားထားပြီး မျိုးပွားရာတွင် (ဥပမာ-မိဘမှသားသမီးသို့) အဆိုပါအချက်အလက်များထည့် သွင်းပေးလိုက်သည်။ DNAသည် မျိုးရိုးဗီဇ အချက်အလက်များ တည်ဆောက်ရာတွင် အသုံးပြုသည့်ကုဒ်လေးများ ဖြစ်သည်။ ထိုအချက်အလက်များသည် Genotypeစနစ်မှ မြင်တွေ့သိမြင်နိုင်သော Phenotypeစနစ် (အရွယ်အစား၊ အရောင်အသွေး၊ အမူအကျင့်စသည်တို့) သို့ဘာသာပြန်ခြင်းခံရသည်။ ပတ်ဝန်းကျင်၏ သက်ရောက်မှုကြောင့် အထက်ပါအချက်အလက်များ ပြောင်းလဲနိုင်သော်လည်း နောက်မျိုးဆက်သို့လက်ဆင့်မကမ်းနိုင်။ Mutationကြောင့် ပြောင်းလဲသွားမှ သာလျှင် လက်ဆင့်ကမ်းနိုင်သည်။

ဂျင်နက်တစ်ပညာ။ ။ ဂျင်နက်တစ်ဟူသည်မှာ မျိုးရိုးဇာတိနွှယ်ပုံကို လေ့လာသော သိပ္ပံပညာတစ်ရပ် ဖြစ်သည်။ ဘမျိုးဘိုးတူဟူသော မြန်မာ စကားသည် ဂျင်နက်တစ်ပညာ၏ အခြေခံဥပဒေပင် ဖြစ်လေ တော့သည်။ သားသမီးများသည် မိဘနှင့် မျိုးတူ၏။ ပင်ရင်း သည် ပင်ပွားနှင့် မျိုးတူ၏။ ခွေးသည်ကြောင်ကို မမွေးနိုင်၊ ကုက္ကိုစေ့မှ နှင်းဆီပင် မပေါက်နိုင်။ ခွေးမှ ခွေးတို့သာ ပေါက် ပွား၍ ကုက္ကိုစေ့မှ ကုက္ကိုပင်သာ ပေါက်ပွားနိုင်ရာသည်။ သားသမီးတို့သည် မိဘတို့ထံမှ တူသောလက္ခဏာသွင်ပြင် တို့ကို ဇာတိအမွေခံရသည်။ ပမာအားဖြင့် ကြောင်နက်ကမွေး သောကြောင်သည် နက်ရပေလိမ့်မည်။ သို့သော် တစ်ခါတစ်ရံ ကြောင်နက်မှ ကြောင်ဖြူ၊ ကြောင်ဝါ၊ ကြောင်ကျား မွေးသည် လည်း ရှိ၏။ လက္ခဏာသွင်ပြင်တူသမျှကိုသာ သားသမီးတို့က အမွေခံကြရမည်ဟုဆိုပါလျှင် အဘယ်ကြောင့် လက္ခဏာသွင်ပြင် ကွဲပြားပြန်ပါသနည်း။ ဤအချက်ကို စဉ်းစားလိုက်သော် မျိုးရိုး ဇာတိနွှယ်ရာ၌ သတ္တဝါတို့တွင် ပဋိသန္ဓေစိတ် တူကြစေကာမူ မူကွဲသည့်အကြောင်းရင်းလည်း ရှိရပေဦးမည်။ ဂျင်နက်တစ် ပညာရပ်၏ အလို၌ တူသောမျိုးရိုးဇာတိကိုသာ သားသမီးတို့က အမွေခံသည်မဟုတ်။ မူမတူသော ပြောင်းလဲချက်တို့သည်လည်း အစဉ်အဆက် လိုက်တတ်သည်ဟူသော သဘောကို ထင်ရှားစွာ ပြသည်။ သားဖြစ်သူသည် မိဘထံမှ လက္ခဏာတူများကို ရယူ ခဲ့လျှင် ကွဲပြားသော လက္ခဏာများကိုလည်း ထိုနည်းအတိုင်းပင် ရယူရပေမည်။ သို့မဟုတ်ပါက အီဗော်လျူရှင်း (ဆင့်ကဲ ဖြစ်လာခြင်း)တွင် အဓိပ္ပာယ်မရှိ ဖြစ်ပေမည်။ ဤကွဲပြားမှု လက္ခဏာများသည် ဗီဇဆဲလ်တို့၏ ပြုမူချက် ပြောင်းလဲရာမှ ဖြစ်ပေါ်လာကြသည်။ အမြင့်တန်းစား သတ္တဝါများတွင် ဤ ဆဲလ်များသည် မျိုးပွားရန်အတွက် သီးခြားပင်တည်ရှိကြသည်။ ဤကား ဂျင်နက်တစ်ပညာ၏အလိုတည်း။ဤစိတ်ဝင်စားဖွယ်ကောင်းလှသော ပညာရပ်နှင့် စပ်လျဉ်း၍ ကျွနု်ပ်တို့သည် အနည်းငယ်မျှလောက်သာ သိရှိကြရသည်။ ထိခိုက်ခြင်းကြောင့် ရရှိသည့် အဂ‡ါချွတ်ယွင်းမှု၊ လေ့ကျင့်ခြင်း ကြောင့် ရရှိသည့် အဂ‡ါဖွံ့ဖြိုးမှု အစရှိသည့် လက္ခဏာများ သည် မျိုးတစ်ဆက်မှတစ်ဆက်သို့ ကူးပြောင်းသွားခြင်း မရှိပေ။ ပမာအားဖြင့် စစ်တိုက်၍ လက်မောင်းတစ်ဖက်ပြုတ်နေသူတွင် လက်တစ်ဖက်သာပါသော သားသမီးကို မရနိုင်ချေ။ ထိုနည်း တူစွာ အလွန်သန်မာသော ကြွက်သားများရှိသည့် ပန်းပဲ သမား၏ သားသမီးသည်လည်း သန်မာသော ကြွက်သားများ ရှိရမည်ဟု မဆိုနိုင်ချေ။ သို့ရာတွင် အရက်ကို ကြိုက်နှစ် သက်တတ်သောစိတ်သည် သားစဉ်မြေးဆက်၌ မျိုးရိုးလိုက် စေမည် မဟုတ်သော်လည်း အရက်ကြောင့် နဗ်ကြောမသန် စွမ်းမှုသည်ကား မျိုးရိုးစဉ်ဆက်ကို လိုက်လိမ့်မည်ဖြစ်ပေသည်။ မျိုးရိုးလိုက်စေသည့် လက္ခဏာများသည် အမြဲပင်ထင်ရှား ပြတ်သား၏။ ဤလက္ခဏာတို့သည် ရေနှင့်နွားနို့ရောထားသကဲ့ သို့ ထွေပြားသည်မဟုတ်။ အရောင်စုံ ပုတီးစေ့များရောထား သကဲ့သို့ ခြားနားပြတ်သားသည်။ ပမာပြရလျှင် စိတ်ကြမ်းသူ နှင့် စိတ်နူးညံ့သူနှစ်ဦး ပေါင်းဖော်၍ရရှိသော သားသမီးတို့တွင် ကြမ်းတမ်းသောစိတ်နှင့် နူးညံ့သောစိတ်သည် ရေနှင့်နွားနို့ ရော ထားသဖြင့် နွားနို့ရေကျဲဖြစ်သွားသကဲ့သို့ စိတ်နှစ်စိတ်ရောပြွမ်း ကာ မကြမ်းတကြမ်း၊ မနုတနုစိတ်ဟူ၍ ဖြစ်ပေါ်မလာနိုင်။ စိတ်ခက်ထန်သူသတ်သတ် စိတ်နူးညံ့သူသတ်သတ်ဟူ၍ မိဘ မျိုးရိုးမှရသောစိတ် ၂ မျိုးစလုံးရှိသည့် သားသမီး ၂ မျိုး ၂ စားဟူ၍သာ ဖြစ်ပေါ်လာတတ်လေသည်။ မိဘထံမှ အမွေခံရသော လက္ခဏာတို့သည် တစ်ခါတစ်ရံ ငုပ်၍ နေပြီးလျှင် မျိုးရိုးစဉ်ဆက်ကိုကျော်ပြီးမှ ပြန်ပေါ်လာ တတ်လေသည်။ ယင်းကို ဇီဝဗေဒအရ အက်တာဗစ်ဇင်းဟု ခေါ်သည်။ ယခုခေတ်တွင် မျိုးသန့်ခြင်းနှင့် မျိုးရိုးအကြောင်းကို လူတို့ သည် များစွာစိတ်ပါဝင်စားလျက် ရှိကြသည်။ ဤသို့ စိတ်ဝင် စားကြခြင်းမှာလည်း အခြားအကြောင်းကြောင့် မဟုတ်ဘဲ လူ တစ်ဦး၏ ကိုယ်ခန္ဓာအတွင်း၌ မည်သို့သော သွေးမျိုးရှိသည်ကို သိနိုင်ရန် ဖြစ်သည်။ ထိုသို့သိရှိပါက ထိုသူ့အတွက် သင့်တော် သော ကျန်းမာရေး၊ သင့်တော်သော ရာသီဥတု၊ သင့်တော်သော အလုပ်အကိုင် စသည်တို့ကို ရွေးချယ်နိုင်ကြမည် ဖြစ်သည်။

ကိုးကား

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

အရှေ့တောင်အာရှနတ်မင်းကြီးလေးပါးအိုမန်နိုင်ငံကင်းထောက်ခြင်းနန်းမွေစံမြိတ်မြို့ငါးရံ့ဂို (ကစားပွဲ)ဆူခွိုင်း ၃၀နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီနယ်စပ်ရေးရာ ဝန်ကြီးဌာနဇီဝဇိုးငှက်စောဘဦးကြီးတို့ဗမာအစည်းအရုံးကျူးဘားဒုံးပျံအရေးအခင်းကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်သီရိလင်္ကာနိုင်ငံမြန်မာအက္ခရာရေနံဖိလစ်ပိုင်နိုင်ငံစေတီပုထိုးများရဟန်းခံခြင်းပူဒီနာပေါက်မြို့ဘုရင့်နောင်မွန်ဘာသာစကားကချင်ပြည်နယ်မင်းတုန်းမင်းတောက်တဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ပေပင်ဒီမိုကရေစီအိန္ဒိယနိုင်ငံမြန်မာ့ မီးရထားဘဲကြွက်တက်ခြင်းဆိုရှယ်လစ်ဝါဒသမ္မတကြီးထံ ပေးစာ (ရုပ်ရှင်)မြန်မာ ရုပ်ရှင်ဇာတ်ကားများ စာရင်းဥသျှစ်ပင်ဗောဇ္ဈင်္ဂသုတ်လာအိုနိုင်ငံတအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်ဇာတ်ကြီးဆယ်ဘွဲ့ကြာဆံရက္ခိုင့်တပ်တော်ပြင်ဦးလွင်မြို့ကျော်ဟိန်းကရင် အမျိုးသား အစည်းအရုံးအသည်းရောင် အသားဝါ ရောဂါ စီပိုးဘုရားသီတဂူဆရာတော်ရန်ကုန်မြို့ရှိ ဆေးရုံများ စာရင်းဇော်ဂျီ (စာရေးဆရာ)မြန်မာ သက္ကရာဇ်ဂျန် အောပန်းမြန်မာနိုင်ငံရှိ တောင်များစာရင်းXXXတဲန်တာရွှန်ကိုယ်ဝန်ဖျက်ချခြင်းစိတ်ချရသော လိင်ဆက်ဆံမှုမကွေးတိုင်းဒေသကြီးအာဇာနည်နေ့မြသန်းတင့်တရားဂုဏ်တော်လိင်မှတဆင့် ကူးစက်တတ်သော ရောဂါ၁၉၆၂ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းမြန်မာနိုင်ငံရှိ နိုင်ငံခြား သံရုံးများကမ္ဘောဒီးယားနိုင်ငံဆိုရိုးစကားမျက်စိနာခြင်းစိန်အောင်လင်းဒွေးမြန်မာနိုင်ငံ၏ ရပ်ကွက်များစိုက်ပျိုးရေးရွှေမန်းတင်မောင်အင်္ဂုလိမာလသုတ်ဗဟိုစာမျက်နှာလူ့အခွင့်အရေး သမိုင်းကြောင်း🡆 More