မော်စကိုမြစ်

38°50′E / 55.083°N 38.833°E / 55.083; 38.833

မော်စကိုမြစ်(ရုရှား: река Москва, Москва-река, Moskva-reka)သည် ရုရှားနိုင်ငံ အနောက်ဘက်ပိုင်းတွင် စီးဆင်းနေသော မြစ်တစ်စင်းဖြစ်သည်။ မော်စကိုမြို့အနောက်ဘက် ၁၄၀ ကီလိုမီတာ (၉၀ မိုင်) မှ စီးဆင်းလာခဲ့ပြီး စမားလန့်စ်မြို့နှင့် မော်စကို အော့ဗလတ်ကိုဖြတ်သန်းစီးဆင်းလာခဲ့ပြီး မော်စကိုမြို့လည်ကို ဖြတ်၍စီးဆင်းနေသည်။ မော်စကိုမြို့၏ အရှေ့တောင်ဘက် ၁၁၀ ကီလိုမီတာ (၇၀ မိုင်) အကွာ ကာလိုမနာမြို့တွင် အိုကာမြစ်ထဲသို့ စီးဝင်သည်။ ထိုအိုကာမြစ်သည် ဗော်လ်ဂါမြစ်၏ မြစ်လက်တက်တစ်ခုဖြစ်သဖြင့် ဗော်လ်ဂါမြစ်ထဲသို့ စီးဝင်ကာ အဆုံးတွင် ကက်စပီယံပင်လယ်ထဲသို့ စီးဝင်သည်။

မော်စကိုမြစ်
Map of the Volga watershed with the Moskva highlighted; the two rivers are directly connected by the Moscow Canal


ရေအရင်းအမြစ်

မော်စကိုမြစ်၏ အဓိကမြစ်လက်တက်များမှာ ရုဇာမြစ်၊ အီစတျာမြစ်၊ ယာအုဇာမြစ်၊ ပါဟရာမြစ်နှင့် ဆာဗျဲကာမြစ်တို့ဖြစ်သည်။ ရေအရင်းအမြစ်များမှာ ရေခဲအရည်ပျော်ခြင်းမှ ၆၁%၊ မိုးရွာသွန်းခြင်းမှ ၁၂%နှင့် မြောက်အောက်ရေမှ ၂၇% ရှိမည်ဟု ခန့်မှန်းရသည်။ မော်စကိုတူးမြောင်း ဖောက်လုပ်ပြီးစီးသောအခါဝယ် မော်စကိုမြစ်သည် အထက်ဗော်လ်ဂါမြစ်ရေကိုပါ မျှဝေသုံးစွဲခဲ့သည်။ ပျမ်းမျှစီးဆင်းမှုပမာဏ(average discharge)သည် ဇဗီညီးဂေါရတ်မြို့အနီးတွင် ၃၈ m3/s (၁,၃၀၀ cu ft/s) မှ အိုကာမြစ်ထဲစီးဝင်ခါနီးတွင် ၂၅၀ m3/s (၈,၈၀၀ cu ft/s) ထိ ပြောင်းလဲ၍ နေသည်။ ရေစီးမှုအလျင်သည် ရာသီများပေါ်မူတည်၍နေပြီး ၀.၁ m/s (၀.၃၃ ft/s) (ဆောင်းရာသီ၊ ဆည်ပိတ်ချိန်) မှ ၁.၅–၂.၀ m/s (၄.၉–၆.၆ ft/s) (မေလ၊ ဆည်ဖွင့်ချိန်) အထိပြောင်းလဲနေတက်သည်။


မြို့ကြီးများနှင့် မြို့ငယ်များ

မော်စကိုမြစ် 
မော်စကိုမြို့ လုရှ်နီကီ အားကစားကွန်းပလပ်ဧရိယာအနီး မော်စကိုမြစ်ပေါ် ဖြတ်သန်းနေသော လှေများဖြစ်ပြီး ညာဘက်တွင် နိုဗာဂျယ်ဗင့်ချီ သီလရှင်ကျောင်းတည်ရှိသည်။

မော်စကိုမြို့သည် ရုရှားနိုင်ငံ၏ မြို့တော်ဖြစ်ပြီး ဤမြစ်ကမ်းပေါ်တွင် တည်ထောင်ထားသော မြို့ဖြစ်သည်။ ထို့ပြင် မြစ်သည် မာရှာအီမြို့၊ ဇဗျဲနီဂေါရတ်မြို့၊ ရှူကော့စကီးမြို့၊ ဘရွန်နီးစီမြို့၊ ဘာ့စ်ကရီဆန့်မြို့နှင့် အိုကာမြစ်နှင့် မော်စကိုမြစ်တို့ ပေါင်းဆုံရာရှိ ကာလိုမနာမြို့တို့ကို ဖြတ်သန်းစီးဆင်းသွားသည်။ ၂၀၀၇ စာရင်းဇယားများအရ မော်စကိုမြို့တွင်းတွင် မော်စကိုမြစ်နှင့် ၎င်း၏ တူးမြောင်းများအား ဖြတ်ကူးထားသော တံတားပေါင်း ၄၉ စင်းရှိပြီး ပထမဆုံးတံတားဖြစ်သည့် ဗာရှိုးအီ ကာမျန်နီတံတားကို ၁၆၉၂ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ မြို့တော်အတွင်းတွင် မြစ်သည် ၁၂၀–၂၀၀ မီတာ (၃၉၀–၆၆၀ ပေ) ကျယ်ပြီး အကျဉ်းဆုံးပွိုင့်မှာ ကရင်မလင်တံတိုင်းများအနီးတွင်ရှိသည်။ မော်စကိုမြို့အတွက် သောက်သုံးရေကို မော်စကိုမြစ်မှ စက်ရုံငါးခုဖြင့်လည်းကောင်း၊ အထက်ဗော်ဂါရေလှောင်ကန်မှဖြင့်လည်းကောင်း ရေတင်ပေးသည်။

အပန်းဖြေစရာများ

မော်စကိုမြစ် 
၂၀၁၂ ခုနှစ် ဇန်နဝါရီလ မော်စကိုမြစ်အနီး နေဝင်သွားပုံမြင်ကွင်း
မော်စကိုမြစ် 
ကရင်မလင်တံတိုင်းများအနီးရှိ မော်စကိုမြစ်

နှင်းခွဲသည့် သင်္ဘောကိုယ်ထည်များဖြင့် အပျော်စီးဇိမ်ခံသင်္ဘောများသည် ဟိုတယ်ယူကရိန်းနှင့် ဂေါ်ကီးပန်းခြံရှိ ရေဆိပ်မှသည် နိုဗာစပါ့စကီး ဘုန်းတော်ကြီးကျောင်းသို့ ခေါက်တုံ့ခေါက်ပြန် ပြေးဆွဲပေးနေပြီး စီးနင်းရန်ကြာချိန်မှာ ၁.၅ မှ ၃ နာရီအထိ ကြာမြင့်နိုင်သည်။


ဓာတ်ပုံပြခန်း

ကိုးကား


ပြင်ပလင့်များ

  • တမ်းပလိတ်:Cite Americana

Tags:

မော်စကိုမြစ် ရေအရင်းအမြစ်မော်စကိုမြစ် မြို့ကြီးများနှင့် မြို့ငယ်များမော်စကိုမြစ် အပန်းဖြေစရာများမော်စကိုမြစ် ဓာတ်ပုံပြခန်းမော်စကိုမြစ် ကိုးကားမော်စကိုမြစ် ပြင်ပလင့်များမော်စကိုမြစ်ပထဝီဝင် ကိုဩဒိနိတ် စနစ်

🔥 Trending searches on Wiki မြန်မာဘာသာ:

ဟိန္ဒူဘာသာကချင်လူမျိုးစံပယ်ပန်းအပူချိန်နေပြည်တော် ပြည်ထောင်စုနယ်မြေထားဝယ်လူမျိုးဧဝရတ်တောင်သိင်္ဂါလောဝါဒသုတ်တော်ဒူးရင်းသီးရွှေကုက္ကိုလ်မြိုင်ရွာ၊ မြဝတီမြို့နယ်တာချီလိတ်မြို့ရေးမြို့ရှင်သီဝလိဂါထာမာရဝိဇယဗုဒ္ဓရုပ်ပွားတော်ချင်းလူမျိုးတင်အောင်စန်းဒုတိယ ကမ္ဘာစစ်ရွှေတိဂုံ၏ အံ့ဖွယ် (၉)ပါးမြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူခြင်းခင်ညွန့် (ဗိုလ်ချုပ်ကြီး)ပါရမီလူသားတစ်ဦး၏လိင်တံအရွယ်အစားဟင်္သာတထွန်းရင်တို့ဗမာအစည်းအရုံးအသံဓူဝံကြယ်ကွန်ဒုံးတပ်ရင်း (၇)မဟာရဋ္ဌသာရ၊ သျှင်ကမ္ဘာမြေနေ့ဂီတာလွှမ်းမိုးနိုင်ငံတကာ စာတတ်မြောက်ရေးနေ့စက္ကူပန်းမြန်မာသဒ္ဒါဆီးချိုရောဂါတြိဂံဒေသတိုင်းစစ်ဌာနချုပ်အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီလျှပ်စစ်ဓာတ်အားသံချပ်ကာယန္တရားတပ်ဖွဲ့မွန်ဘာသာစကားကျေးရွာအုပ်စုအားဘိုးမင်းခေါင်သဘာဝပတ်ဝန်းကျင်ကျားပဲခူးမြို့မြန်မာနိုင်ငံရှိ တံတားများတစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မကွေးတိုင်းဒေသကြီးအရှေ့တောင်အာရှနိုင်ငံများအသင်းယဉ်ကျေးမှုစိတ်ပညာနန်းမွေစံပြည်မြို့မြန်မာနိုင်ငံရှိ ရွာများ စာရင်းမြန်မာနာမည်ငပလီကမ်းခြေကမြန်မာအက္ခရာသမိုင်းမဟတ္တမ ဂန္ဒီမြန်မာတိုင်းရင်းသားမျိုးနွယ်များကီလိုမီတာစောမောင် (ဗိုလ်ချုပ်မှူးကြီး)ပထမ အင်္ဂလိပ် - မြန်မာစစ်နီယွန်ကန်တော်ကြီး(ရန်ကုန်)လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)အာဆင်နယ်စီးပွားရေးလုပ်ငန်း အမျိုးအစားများနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတပ်မတော် (ကြည်း)ဝပြည်နယ်🡆 More