မိတ္ထီလာမြို့နယ်

မိတ္ထီလာမြို့နယ် သည် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် တွင်ပါဝင်သည့် မြို့နယ်ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ မိတ္ထီလာမြို့ ဖြစ်သည်။

မိတ္ထီလာမြို့နယ်
မန္တ​လေးတိုင်းအတွင်းရှိ မြို့နယ်
Skyline of မိတ္ထီလာမြို့နယ်
မိတ္ထီလာခရိုင်အတွင်းတည်နေရာ
မိတ္ထီလာခရိုင်အတွင်းတည်နေရာ
မိတ္ထီလာမြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မိတ္ထီလာမြို့နယ်
မိတ္ထီလာမြို့နယ်
မိတ္ထီလာခရိုင်အတွင်းတည်နေရာ
ကိုဩဒိနိတ်: 20°53′N 95°53′E / 20.883°N 95.883°E / 20.883; 95.883
နိုင်ငံမိတ္ထီလာမြို့နယ် မြန်မာ
တိုင်းဒေသကြီးမန္တလေး
ခရိုင်မိတ္ထီလာ
မြို့နယ်ရုံးစိုက်ရာမြို့မိတ္ထီလာမြို့
လူဦးရေ (၂၀၁၄)
 • စုစုပေါင်း၃၀၉,၄၆၅
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

သမိုင်း​ကြောင်း

​ရှေးယခင်က သျှိသျှားကန်ကို အစွဲပြု၍ သျှိသျှားမြို့ဟု အမည်တွင်ခဲ့သည်။ သက္ကရာဇ် ၄၁၄ခုနှစ်တွင် ထိုကန်ကို ပြုပြင်ဆည်ဖို့ရာ ၄၁၆ခုနှစ်တွင် ပြီးစီးခဲ့ပြီး ပြုပြင်​နေစဉ်အချိန်က အ​နော်ရထာမင်း​စောသည် အမတ်ကြီး နရပ​တေ့အား ယာယီနန်းမြို့ တည်​စေခဲ့သည်။ ထိုစဉ်က သျှိသျှားကန်သည် ပုပ္ပါး​တောင်နှင့် ဆက်စပ်မှု ရှိမရှိကို မြင်းသည်​တော်တစ်ဦးအား သွား​ရောက်စုံစမ်းခိုင်းရာ မထိလာပါဟု ​ဖြေကြားသဖြင့် မထိလာကန်၊ မထိလာမြို့ဟု အမည်တွင်​စေခဲ့သည်။​နောင်တွင် မိတ္ဖီလာကန်၊ မိတ္ထီလာမြို့ဟု ဖြစ်လာခဲ့သည်။၃၁.၂.၁၉၇၃တွင် မိတ္ထီလာမြို့မှာ တရားဝင်မြို့ဖြစ်လာခဲ့သည်။

ပထဝီဝင်အ​နေအထား

မြောက်လတ္တီတွဒ် ၂၀ဒီဂရီ ၄၀မိနစ်နှင့် ၂၁ဒီဂရီ ၅၃မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၅ဒီဂရီ ၃၀မိနစ်နှင့် ၉၆ဒီဂရီ ၀၀မိနစ်အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ မိုင်၃၀၊ တောင်မှမြောက်သို့ ၂၂မိုင်ရှိပြီး ၃၇၄.၂၈၇စတုရန်းမိုင် ကျယ်ဝန်းသည်။

နယ်နိမိတ်

မိတ္ထီလာမြို့နယ်၏ အ​ရှေ့ဘက်တွင် သာစည်မြို့နယ်၊​တောင်ဘက်တွင် ​​ပျော်ဘွယ်မြို့နယ်၊အ​နောက်ဘက်တွင် ​ကျောက်ပန်း​တောင်းမြို့နယ်၊ ​မြောက်ဘက်တွင် ဝမ်းတွင်းမြို့နယ်များ တည်ရှိသည်။

​​မြေမျက်နှာသွင်ပြင်

​ပင်လယ်​ရေမျက်နှာပြင်အထက် ပျှမ်းမျှ ၇၅၀ပေအထက်တွင် တည်ရှိသည်။ ကုန်း​မြေမြင့်နည်းပါးပြီး အများအားဖြင့် ​မြေပြန့်ဖြစ်သည်။ အမြင့်ဆုံး​တောင်မှာ ​တောင်မြဲ​တောင်ဖြစ်ပြီး ၁၅၉၆​ပေမြင့်သည်။

လူဦး​ရေ

မိတ္ထီလာမြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ဗမာလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ကရင်၊ရခိုင်၊ချင်း၊ရှမ်း၊ကချင်၊မွန်နှင့် အခြားလူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ အစ္စလာမ်၊ခရစ်ယာန်၊ဟိန္ဒူကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။ မြို့နယ်ဦးရေ၏ ၀.၀၇၀%မှာ အခြားသော နိုင်ငံခြားလူမျိုးနွယ်ဝင်များဖြစ်သည့် တရုတ်၊အိန္ဒိယ၊အခြားနှင့် ပါကစ္စတန်စသည့်လူမျိုးများဖြစ်သည်။

စီးပွား​ရေး

မိတ္ထီလာမြို့နယ်သည် မန္တ​လေးတိုင်းအတွင်းရှိ စီးပွား​ရေးအရ ဖွံ့ဖြိုးတိုးတက်​သော မြို့နယ်ဖြစ်သည်။ မြို့နယ်​နေလူထုသည် စိုက်ပျိုး​ရေးကို အဓိကလုပ်ကိုင်သည်။ ထို့အပြင် လျှပ်စစ်ပစ္စည်း၊ အိမ်​ဆောက်ပစ္စည်း၊ လယ်ယာသုံးပစ္စည်း၊ အဝတ်အထည်နှင့် ​တောင်သူသုံးပစ္စည်းများ​ရောင်းဝယ်ခြင်း စသည့် ကုန်သွယ်မှုလုပ်ငန်းများလည်း လုပ်ကိုင်သည်။ မြို့နယ်၏ အဓိကထွက်ကုန်မှာ စပါး၊ပဲ၊​ပြောင်း၊နှမ်း၊ဝါ၊ ဟင်းသီးဟင်းရွက်နှင့် ​ဒေသထွက် ချည်ထည်များဖြစ်ပြီး မြန်မာနိုင်ငံအနှံ့သို့ တင်ပို့​ရောင်းချသည်။ အခြား​ဒေသမှ အဝတ်အထည်နှင့် စား​သောက်ကုန်များ အဓိကတင်သွင်းသည်။ မိတ္ထီလာစက်မှုဇုန်မှ စက်ရုံ ၃၅၃ရုံ၊မြို့နယ်အတွင်း အခြားစက်ရုံ ၃၅၃ရုံ၊အလုပ်ရုံ ၅၄ရုံ၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ၇၃ခု တည်ရှိသည်။

​ဈေးများ

  • ​ဈေးကြီး
  • ဗဟို​ဈေး
  • ပိ​တောက်မြိုင်​ဈေး
  • မြို့သစ်​ဈေး
  • ​ပေါက်​ချောင်း​ဈေး
  • ပုလဲ​​ဈေး
  • ရန်မျိုး​အောင်​ဈေး
  • ဝန်ဇင်း​ဈေး
  • ပြည်သာယာ​ဈေး

ပို့​ဆောင်ဆက်သွယ်​ရေး

မိတ္ထီလာမြို့တွင် ​​ရှမ်းတဲလေ​​ကြောင်းအတတ်သင် ​လေတပ်စခန်းဌာနချုပ်ရှိသည်။ မိတ္ထီလာမြို့သည် ကုန်းလမ်း​ကြောင်းများ ဆုံရာ​ဒေသလည်းဖြစ်သည်။ ရန်ကုန်-မန္တ​လေး ကားလမ်း၊ ရန်ကုန်-မန္တ​လေး အမြန်လမ်း၊ မိတ္ထီလာ-​တောင်ကြီး-ကျိုင်းတုံ-တာချီလိတ် ပြည်​ထောင်စုလမ်း တို့မှာ ထင်ရှားလှသည်။

ပညာ​ရေး

အဆင့်မြင့်ပညာ

အ​ခြေခံပညာ

အထက

အထက်တန်းကျောင်း ၁၁ကျောင်းရှိသည်။

  • အထက ၁
  • အထက ၂
  • အထက ၃
  • အထက ၄
  • အထက ၅
  • အထက ၆
  • အထက ​ညောင်ကိုင်း
  • အထက ​ရေ​ဝေ
  • အထက ​ရေချို
  • အထက ချည်စက်
  • အထက အလယ်ရွာ

အထက(ခွဲ)/အလက

  • အလက (ထ(ခွဲ)) တည်ပင်ကုန်း
  • အလက (ထ(ခွဲ)) ကွက်ငယ်
  • အလက (ထ(ခွဲ)) သရက်ပင်
  • အလက (ထ(ခွဲ)) ​အောင်​ဇေယျာ
  • အလက (ထ(ခွဲ)) ရွှေစစ်သည်
  • အလက (ထ(ခွဲ)) ​ဂွေ့အိုင်
  • အလက (ထ(ခွဲ)) ​တောမ
  • အလက (ထ(ခွဲ)) ​မွေ
  • အလက (ထ(ခွဲ)) န-​ကျောက်ဖူး
  • အလက (ထ(ခွဲ)) မုန်တိုင်
  • အလက ၂
  • အလက ၃
  • အလက ၉
  • အလက ​လေတပ်
  • အလက ကုက္ကိုကုန်း
  • အလက ကျားထူး
  • အလက ဇရပ်ကုန်း
  • အလက ဖက်​တော
  • အလက ဒီးဒုတ်​တောင်
  • အလက တုံးအိုင်

အမက

မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၂၁၄ကျောင်းရှိသည်။

ကျန်းမာ​ရေး

  • ပြည်သူ့​ဆေးရုံ
  • ရှင်းမငယ်​ဆေးရုံ
  • အလည်ရွာ​ဆေးရုံ
  • တပ်မ​တော်စစ်​ဆေးရုံ

ထင်ရှား​သော​နေရာများ

ကိုးကား


Tags:

မိတ္ထီလာမြို့နယ် သမိုင်း​ကြောင်းမိတ္ထီလာမြို့နယ် ပထဝီဝင်အ​နေအထားမိတ္ထီလာမြို့နယ် လူဦး​ရေမိတ္ထီလာမြို့နယ် စီးပွား​ရေးမိတ္ထီလာမြို့နယ် ပို့​ဆောင်ဆက်သွယ်​ရေးမိတ္ထီလာမြို့နယ် ပညာ​ရေးမိတ္ထီလာမြို့နယ် ကျန်းမာ​ရေးမိတ္ထီလာမြို့နယ် ထင်ရှား​သော​နေရာများမိတ္ထီလာမြို့နယ် ကိုးကားမိတ္ထီလာမြို့နယ်မန္တလေးတိုင်းဒေသကြီးမိတ္ထီလာခရိုင်မိတ္ထီလာမြို့

🔥 Trending searches on Wiki မြန်မာဘာသာ:

နှင်းဆီတပ်မတော်၏ လက်မောင်းတံဆိပ်အဆောင်အယောင်များအောင်လအန်ဆန်းထားဝယ်မြို့အမျိုးသမီးလင်းပိုင်အချစ်ဦးသန့်ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကျိုင်းတုံခရိုင်ပထမ ကမ္ဘာစစ်ကျန်းမာရေး ဝန်ကြီးဌာနမင်္ဂလာပါမင်းအောင်လှိုင်နာဂလူမျိုးဒီမိုကရေစီလိုင်ဇာမြို့အမေနေ့ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်မြင်းခွာပင်အင်္ဂလိပ်ဘာသာစကားလိင်မှတဆင့် ကူးစက်တတ်သော ရောဂါတွံတေးမြို့ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်မြွေတွံတေးသိန်းတန်Viberသရဲလောက (ဗုဒ္ဓဘာသာ)ဘရူနိုင်းနိုင်ငံရွှေဘိုမြို့ထန်းလျက်မိန်းမ မျိုးပွားအင်္ဂါနဂါးပညာလက်ဖက်သုပ်မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ခေါင်းကိုက်ခြင်းပထမ အင်္ဂလိပ် - မြန်မာစစ်စီမံခန့်ခွဲခြင်းနီလာထွန်းမြတ်နိုင်မဟာသမယသုတ်မြန်မာနိုင်ငံ၏ ပြည်သူ့စစ်မှုထမ်းဥပဒေနပိုလီယန်အနတ္တလက္ခဏသုတ်မြန်မာနိုင်ငံရှိ ပွဲတော်များစတော်ဘယ်ရီစာဖတ်ခြင်းသံတွဲမြို့နှစ်ကျိပ်ရှစ်ဆူတျာချင်းအနေကဇာတင်ခြင်းငါး (တိရစ္ဆာန်)ကမ္ဘာ့ဆရာများနေ့ပုစွန်​တောင်ခုံး​ကျော်တံတားသရသံလွင်မြစ်အင်းတော်ကြီးကန်ပုလွေမှုတ်ခြင်းတပ်ရင်း (၇)ကွန်ပျူတာတရုတ်ပြည်သူ့သမ္မတနိုင်ငံနတ်ပင့်ဂါထာငါးပါးသီလမကွေးမြို့ဝိညာဉ်ရန်ကုန်တက္ကသိုလ်နေဝင်း (ဗိုလ်ချုပ်ကြီး)ကမ္ဘာမြေနေ့ကွန်ကောက်ရွာ၊ သိန္နီမြို့နယ်မြန်မာနိုင်ငံ၏ အစိုးရဌာနဆိုင်ရာ ရာထူး အဆင့်များသိပ္ပံပညာပဲခူးတိုင်းဒေသကြီးမြန်မာနိုင်ငံ၏ နိုင်ငံကူးလက်မှတ်ဩစတြေးလျနိုင်ငံ🡆 More