နီလာ သည် ပတ္တမြားနည်းတူ ကိုရမ်ဒမ် ဒြပ်ပေါင်း (AL2O3) ပင်ဖြစ်ပြီး တိုက်တေနီယံ ဒြပ်စင်အနည်းငယ် ပါဝင်သောကြောင့် အရောင် နှင့် ဖွဲ့စည်းမှုပုံသဏ္ဍန် ကွဲပြားသွားရခြင်းဖြစ်သည်။ ပုံဆောင်စနစ်မှာ ပတ္တမြား ကဲ့သို့ပင် တြိဂုဏ်စနစ် ဖြစ်ပြီး ပတ္တမြားနှင့် အပြင်ပန်းပုံသဏ္ဌာန်မတူညီရခြင်းမှာ ပါဝင်သော ဒြပ်စင်များ၏ အမျိုးအစားခြားနားခြင်းကြောင့်သာဖြစ်သည်။ ရောင်လက်မှာ ဖန်ရောင်လက်ဖြစ်ပြီး မာဆင့် ၉ ရှိသည်။
နီလာ | |
---|---|
၄၂၃ ကာရက် အလေးချိန်ရှိသော အပြာရောင် လိုဂန် နီလာ | |
ယေဘုယျ | |
ကဏ္ဍ | Oxide mineral |
ဖော်မျူလာ (repeating unit) | အလူမီနီယမ် အောက်ဆိုဒ်၊ အလူမီနီယမ်2အောက်ဆီဂျင်3 |
ပုံဆောင်ခဲ စနစ် | တြိပုံဆောင် |
Crystal class | Hexagonal scalenohedral (3m) H-M symbol: (32/m) |
Space group | R3c |
ခွဲခြားသတ်မှတ်ခြင်း | |
အရောင် | Typically blue, but varies |
Crystal habit | As crystals, massive and granular |
Twinning | Both growth twins (in various orientations) and polysynthetic glide twinning on the rhombohedron [1011 |
Cleavage | Poor |
Fracture | Conchoidal, splintery |
Mohs scale hardness | 9.0 |
Luster | Vitreous |
Streak | Colorless |
Diaphaneity | Transparent to nearly opaque |
Specific gravity | 3.98~4.06 |
Optical properties | Abbe number 72.2 |
Refractive index | nω=1.768–1.772 nε=1.760–1.763, Birefringence 0.008 |
Pleochroism | Strong |
အရည်ပျော်မှတ် | 2,030–2,050 °C |
Fusibility | Infusible |
ပျော်ဝင်သတ္တိ | Insoluble |
အခြားဂုဏ်သတ္တိများ | Coefficient of thermal expansion (5.0–6.6)×10−6/K [ကိုးကားချက်လိုသည်] relative permittivity at 20 °C ε = 8.9–11.1 (anisotropic) |
နီလာကို သီရိလင်္ကာ၊ ဩစတြေးလျ၊ ကတ်ရှ်မီးယား၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား နှင့် အမေရိကန်ပြည်ထောင်စု တို့တွင်အဓိကထွက်ရှိပြီး သီရိလင်္ကာ နီလာမှာ အရည်အသွေး အကောင်းဆုံးဖြစ်ပြီး မြန်မာ့နီလာမှာ ၎င်း၏နောက်တွင် ရပ်တည်သည်။ ကိုရိုဒမ် အုပ်စုဝင်ဖြစ်သော အခြားကျောက် ရောင်စုံများကို အရောင်အလိုက် ရှေ့တွင် နီလာတပ်ကာ နီလာဝါ၊ နီလာဖြူ (အရောင်မဲ့နီလာ)၊ နီလာပန်းရောင် အစရှိသဖြင့် ခေါ်ဝေါ်ကြသည်။
မဏိသျှတ္တရကျမ်းတွင် နီလာနှင့်စပ်လျဉ်း၍ လင်္ကာ ဖော်ပြချက်ပါရှိသည်။ နီလာလေးမျိုးတို့၏ တန်ဖိုးကိုပါ တွက်ချက်ပေးထားသေးသည်။ အောက်ပါအတိုင်းဖြစ်သည် -
လေးသွယ်နီလာ၊ ပြားကြရာတွင်၊
This article uses material from the Wikipedia မြန်မာဘာသာ article နီလာ, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.