မိတ္ထီလာခရိုင်

မိတ္ထီလာခရိုင် (အင်္ဂလိပ်: Meiktila District) သည် မန္တလေးတိုင်းဒေသကြီးတွင် ပါဝင်သော ခရိုင်ဖြစ်သည်။ ခရိုင်ရုံးစိုက်ရာမြို့မှာ မိတ္ထီလာမြို့ဖြစ်သည်။

မိတ္ထီလာ ခရိုင်
မန္တလေးတိုင်းအတွင်းရှိ ခရိုင်
မန္တလေးတိုင်းအတွင်းတည်နေရာ
မန္တလေးတိုင်းအတွင်းတည်နေရာ
မိတ္ထီလာ ခရိုင် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မိတ္ထီလာ ခရိုင်
မိတ္ထီလာ ခရိုင်
မြန်မာနိုင်ငံအတွင်းတည်နေရာ
ကိုဩဒိနိတ်: 20°53′N 95°53′E / 20.883°N 95.883°E / 20.883; 95.883 95°53′E / 20.883°N 95.883°E / 20.883; 95.883
နိုင်ငံမြန်မာနိုင်ငံ
တိုင်းဒေသကြီးမန္တလေး
မြို့နယ်ပေါင်း
လူဦးရေ (၂၀၁၄)
 • စုစုပေါင်း၈၈၀,၈၀၂
အချိန်ဇုန်MST (UTC6:30)

ပါဝင်သောမြို့နယ်များ

မိတ္ထီလာခရိုင် 
မိတ္ထီလာခရိုင်မြို့နယ်များ
  မိတ္ထီလာမြို့နယ်
  မလှိုင်မြို့နယ်
  ဝမ်းတွင်းမြို့နယ်
  သာစည်မြို့နယ်

မိတ္ထီလာခရိုင်တွင် ပါဝင်သည့် မြို့နယ်များနှင့် မြို့များမှာ အောက်ပါအတိုင်းဖြစ်သည်။

ပထဝီဝင်အနေအထား

နယ်နိမိတ်

မိတ္ထီလာခရိုင်၏ အရှေ့ဘက်တွင် ရှမ်းပြည်နယ်မှ တောင်ကြီးခရိုင်နှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တောင်ဘက်တွင် ရမည်းသင်းခရိုင်၊အနောက်ဘက်တွင် ညောင်ဦးခရိုင်နှင့် မြင်းခြံခရိုင်၊ မြောက်ဘက်တွင် မြင်းခြံခရိုင်နှင့် ကျောက်ဆည်ခရိုင်တို့ တည်ရှိသည်။

မြေမျက်နှာသွင်ပြင်

မိတ္ထီလာခရိုင်၏ အရှေ့ပိုင်းသည် ရှမ်းရိုးမတောင်တန်းများဖြစ်သည်။ အနောက်ပိုင်းသည် အများအားဖြင့် ညီညာပြန့်ပြူးမှုရှိသည်။ မလှိုင်မြို့နယ်၏ အနောက်ပိုင်းသည် ပုပ္ပါးတောင်နှင့် ထိစပ်နေသော တောင်တန်းများ တည်ရှိသည်။

ရေဆင်း

ခရိုင်အတွင်း မြစ်၊ချောင်းများ နည်းပါးသည်။ မိတ္ထီလာမြို့တွင် မိတ္ထီလာကန် တည်ရှိသည်။

ရာသီဥတု

မိတ္ထီလာခရိုင်၏ ရာသီဥတုသည် ပူပြင်းခြောက်သွေ့သည်။

လူဦးရေ

၂၀၁၄ သန်းခေါင်စာရင်းအရ ၂၀၁၄ခုနှစ်တွင် မိတ္ထီလာခရိုင်၏ လူဦးရေမှာ ၈၈၁,၅၃၀ ဖြစ်ကာ ကျား ၄၀၈,၀၄၅နှင့် မ ၄၇၃,၄၈၅ဖြစ်သည်။ မိတ္ထီလာမြို့နယ်သည် လူဦးရေအများဆုံးဖြစ်ကာ မလှိုင်မြို့နယ်သည် လူဦးရေအနည်းဆုံး ဖြစ်သည်။ ခရိုင်လူဦးရေ၏ ၂၀.၂ရာခိုင်နှုန်းသည် မြို့ပြတွင် နေထိုင်ကြသည်။ ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကြသည်။

စီးပွားရေး

မိတ္ထီလာခရိုင်သည် မြန်မာနိုင်ငံအလယ်ပိုင်းရှိ စီးပွားရေး ဖွံ့ဖြိုးသော ခရိုင်တစ်ခုဖြစ်သည်။ အဓိကအားဖြင့် မိထီလာမြို့နယ်သည် စီးပွားရေး ဖွံ့ဖြိုးသည်။ စပါး၊ ပြောင်း၊ ပဲ၊ နှမ်း၊ မြေပဲ၊ ချည်မျှင်နှင့် အဝတ်အထည်များကို နိုင်ငံအနှံ့ တင်ပို့သည်။

ပို့ဆောင်ဆက်သွယ်ရေး

မိတ္ထီလာခရိုင်သည် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည်။ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းသည် မိတ္ထီလာနှင့် ဝမ်းတွင်း မြို့များကို ဖြတ်သန်းသွားသည်။ မိတ္ထီလာမြို့သည် မြန်မာပြည်အရှေ့ပိုင်းသို့ ဆက်သွယ်သည့် မိတ္ထီလာ-တောင်ကြီးလမ်း၏ အစဖြစ်သည်။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးသည် ခရိုင်အတွင်းမှ ဖြတ်သန်းသွားကာ မိတ္ထီလာမြို့ အနောက်ဘက်မှ လမ်းပေါ်သို့ တက်ရောက်နိုင်သည်။

ပညာရေး

မိတ္ထီလာခရိုင်တွင် အခြေခံပညာကျောင်းများသာမက အဆင့်မြင့်ပညာကျောင်းများစွာပါ တည်ရှိသည်။ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်များ၊ နည်းပညာ၊ ကွန်ပျူတာ၊ စီးပွားရေး၊ လေကြောင်းနှင့် အာကာသပညာတက္ကသိုလ် စသည့်ကျောင်းများ တည်ရှိသည်။

ကျန်းမာရေး

မိတ္ထီလာခရိုင်တွင် ပြည်သူ့ဆေးရုံ၊ တိုက်နယ်ဆေးရုံများအပြင် ခုတင်(၅၀၀) တပ်မတော်ဆေးရုံလည်း တည်ရှိသည်။

ကိုးကား


Tags:

မိတ္ထီလာခရိုင် ပါဝင်သောမြို့နယ်များမိတ္ထီလာခရိုင် ပထဝီဝင်အနေအထားမိတ္ထီလာခရိုင် လူဦးရေမိတ္ထီလာခရိုင် စီးပွားရေးမိတ္ထီလာခရိုင် ပို့ဆောင်ဆက်သွယ်ရေးမိတ္ထီလာခရိုင် ပညာရေးမိတ္ထီလာခရိုင် ကျန်းမာရေးမိတ္ထီလာခရိုင် ကိုးကားမိတ္ထီလာခရိုင်မန္တလေးတိုင်းဒေသကြီးမိတ္ထီလာမြို့အင်္ဂလိပ်ဘာသာစကား

🔥 Trending searches on Wiki မြန်မာဘာသာ:

တရုတ်စံကားခေါင်းကိုက်ခြင်းသမုဒ္ဒရာဇ်ထင်းရှူးနာဂလူမျိုးမြန်မာအက္ခရာနယ်ခြားစောင့်တပ်ဖွဲ့ဩစတြေးလျနိုင်ငံကျန်းမာရေးကျောက်စိမ်းဓာရဏပရိတ်ရန်ကုန်မြို့ရှိ ခရိုင်နှင့် မြို့နယ်များစာရင်းအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လေးဖြူအပူချိန်အရေပြားလေးဘက်နာရောဂါပြည်သူ့ခုခံတော်လှန်စစ်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဗီယက်နမ်စစ်ပွဲဖျားနာခြင်းသုတ္တန်ပိဋကတ်ဦးနုစေတီပုထိုးများရာဇာဓိရာဇ်လက်ဖက်သွားပိုးစားရောဂါကဏန်းစီးပွားရေးမြန်မာနိုင်ငံ၏ သမ္မတပုစဉ်းရင်ကွဲဝပြည်နယ်ကုလသမဂ္ဂအတ္တာဟိ အတ္တနော နာထောသေမင်းတမန် ရထားလမ်းရေနံကြေးမုံ သတင်းစာကာကွယ်ရေးဦးစီးချုပ်(လေ)ပြည်ထောင်စုနေ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနေမိဇာတ်တော်အိန္ဒိယနိုင်ငံမြောက်ဥက္ကလာပမြို့နယ်မင်းအောင်လှိုင်ရွှေမော်ဓောဘုရား(ပဲခူး)မျိုးကြီးစွမ်းအင် ဝန်ကြီးဌာနကောသလမင်း အိပ်မက် (၁၆)ချက်စစ်ပွဲအမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ်ကာကွယ်ရေးဦးစီးချုပ်(ရေ)ကင်ဆာရောဂါတောင်ငူမြို့နာဂစ်မုန်တိုင်းဘုရင့်နောင်ပါဠိကျောက်ကပ်ရောင်ရောဂါဝါဆိုလပြည့်နေ့ဂျက်ကီချန်းမြန်မာနိုင်ငံ၏ ရပ်ကွက်များမင်္ဂလသုတ်ထားငွေဆောင်ကမ်းခြေပညာရေးဝန်ကြီးဌာနအင်္ဂလန်နိုင်ငံဧရာဝတီတိုင်းဒေသကြီးဆေးဝါးဗေဒပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနရာသီဥတုကရင်အမျိုးသားအလံတော်ao3pqဖက်ဒရယ်ပြည်ထောင်စုစနစ်ရွှေဥဒေါင်းပထဝီဝင်ပွေး(ရောဂါ)🡆 More