စမစ် ဒွန်း: ကာကွယ်ရေးဦးစီးချုပ်ဟောင်း

ဒုတိယဗိုလ်ချုပ်ကြီး စမစ်ဒွန်း (၁၁ နိုဝင်ဘာ ၁၉၀၆ – ၁၉၇၉) သည် မြန်မာ့တပ်မတော်တွင် ၄ ဇန်နဝါရီ ၁၉၄၈ မှ ၁ ဖေဖော်ဝါရီ ၁၉၄၉ အထိ ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။လွတ်လပ်သောမြန်မာနိုင်ငံ၏ ပထမဆုံး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ယခင်အခေါ် စစ်ဦးစီးချုပ်) ဖြစ်သည်။

အငြိမ်းစား ဗိုလ်ချုပ်
သတိုးမဟာသရေစည်သူ

ဦးစမစ်ဒွန်း
MC
စမစ် ဒွန်း: ငယ်စဉ်ဘဝ, စစ်မှုထမ်းဘဝ, ဘဝနိဂုံး
အမည်ပြောင်(များ)The Four-Foot Colonel
မွေးဖွား(1906-11-11)၁၁ နိုဝင်ဘာ၊ ၁၉၀၆
ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသဗြိတိသျှဘားမား
ကွယ်လွန်1979 (1980) (အသက် ၇၂)
ကလောမြို့ရှမ်းပြည်နယ်မြန်မာနိုင်ငံ
သစ္စာခံနိုင်ငံစမစ် ဒွန်း: ငယ်စဉ်ဘဝ, စစ်မှုထမ်းဘဝ, ဘဝနိဂုံး ဗြိတိသျှအိန္ဒိယ
စမစ် ဒွန်း: ငယ်စဉ်ဘဝ, စစ်မှုထမ်းဘဝ, ဘဝနိဂုံး မြန်မာနိုင်ငံ
လက်နက်ကိုင်တပ်စမစ် ဒွန်း: ငယ်စဉ်ဘဝ, စစ်မှုထမ်းဘဝ, ဘဝနိဂုံး British Indian Army
စမစ် ဒွန်း: ငယ်စဉ်ဘဝ, စစ်မှုထမ်းဘဝ, ဘဝနိဂုံး တပ်မတော် (ကြည်း)
အမှုထမ်း ကာလ၁၉၂၄-၁၉၄၉
ရာထူးအဆင့်ဗိုလ်ချုပ် (မြန်မာ့တပ်မတော်)
ဗိုလ်မှူးချုပ် ( ဗြိတိသျှအိန္ဒိယစစ်တပ်)
ကိုယ်ပိုင်အမှတ်IC-3 ( ဗြိတိသျှအိန္ဒိယ)
BC 5106 (မြန်မာ)
တပ်ဖွဲ့ကရင်ရိုင်ဖယ်
ဘားမားရိုင်ဖယ်
ကွပ်ကဲသည့် ဌာန
တိုက်ပွဲ/စစ်ပွဲများ
ဆုတံဆိပ်များ

ငယ်စဉ်ဘဝ

ကရင်အမျိုးသား စမစ်ဒွန်းကို ၁၉၀၆ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့မှာ ဧရာဝတီတိုင်း ကျောင်းကုန်းမြို့မှာ မွေးဖွားခဲ့သည်။

စစ်မှုထမ်းဘဝ

၁၉၂၄ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် အိန္ဒိယစစ်တပ်သို့ ဝင်ရောက်ခဲ့ပြီး အမှတ် ၁၀ တပ်ရင်း၊ အမှတ် ၂၀ ဘားမားရိုင်ဖယ်တပ်ဖွဲ့တွင် စတင် အမှုထမ်းခဲ့သည်။ လေ့ကျင့်သင်ကြားရေးပြီးနောက် အမှတ် ၂ တပ်ရင်း၊ အမှတ် ၂၀ ဘားမားရိုင်ဖယ်တပ်ဖွဲ့နှင့်အတူ ၁၉၃၀ မှ ၁၉၃၂ အတွင်း မြန်မာနိုင်ငံတွင် အမှုထမ်းခဲ့သည်။

ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်သိမ်းပိုက်ထားတဲ့ မြစ်ဝကျွန်းပေါ်ဒေသကို လေထီးနဲ့ ခုန်ဆင်းပြီး ဒေသခံ ကရင်ပြောက်ကျားတပ်ဖွဲ့တွေကို ဦးဆောင်ခဲ့ပါတယ်။ အရပ်အမောင်း ပုသေးသေးနှင့် အရပ် ၄ ပေသာသာ ရှိ၍ “ဗိုလ်မှူးကြီး လေးပေ (the Four-foot Colonel)” ဟုလည်း လူသိများသည်။ ဗိုလ်မှူးကြီး စမစ်ဒွန်းသည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု အစောပိုင်းကာလမှာ အဓိကအခန်းက ပါဝင်ခဲ့တဲ့အတွက် အသစ်ပြန်လည် ဖွဲ့စည်းတဲ့ မြန်မာတပ်မတော်မှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ခန့်အပ်ခဲ့ပြီး ဗိုလ်ချုပ်အဆင့် ရာထူးတိုးမြှင့် ခန့်ထားခဲ့သည်။

မြန်မာနိုင်ငံလွတ်လပ်ရေးရတဲ့နေ့ကစပြီး ၁၉၄၉ ဇန်နဝါရီလကုန်အထိ စစ်ဦးစီးချုပ် (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်) တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ၁၉၄၉ ခုနှစ် ကရင်လူမျိုးများ ကိုယ်ပိုင်လွတ်လပ်ရေး အတွက် စတင် တိုက်ခိုက်ကြသည့်အချိန်၌ ဗိုလ်ချုပ် စမစ်ဒွန်းကို တပ်မတော် ရာထူးများမှ ရပ်ဆိုင်းပစ်ခဲ့သည်။

ဗိုလ်ချုပ် စမစ်ဒွန်းသည် ကရင်အမျိုးသားရေး စိတ်ဓာတ်ပြင်းပြသူတယောက် ဖြစ်သော်လည်း မြန်မာ့တပ်မတော်အပေါ် အမြဲတမ်း သစ္စာရှိပြီး စစ်သားကောင်းပီသသည့် ခေါင်းဆောင်တယောက် ဖြစ်သည်။ ဗိုလ်ချုပ် စမစ်ဒွန်းဟာ ဘဝရဲ့ နောက်ဆုံးနှစ်တွေကို ရှမ်းပြည်နယ် ကလောမြို့မှာ နေထိုင်ရင်း ဥယျာဉ်စိုက်ပျိုးပြီး စာရေး စာဖတ်တဲ့ အလုပ်နဲ့ပဲ ဖြတ်သန်းခဲ့သည်။ သူမကွယ်လွန်ခင် သူ့ရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိ စာအုပ်ဖြစ်တဲ့ “Memoirs of the Four-foot Colonel” ဟာ ရေးသားပြီးစီးခဲ့ပြီး သူကွယ်လွန်ပြီးလို့ တနှစ်အကြာမှာ Cornell University ရဲ့ အရှေ့တောင်အာရှ အစီအစဉ်က ထုတ်ဝေဖြန့်ချိခဲ့သည်။

ဘဝနိဂုံး

စမစ်ဒွန်းသည် ၁၉၇၉ ခုနှစ် ရှမ်းပြည်နယ် ကလောမြို့၌ ကွယ်လွန်သည်။

ဂုဏ်ပြုချီးကျူးခံရခြင်း

နိုင်ငံတော်မှနေ၍ သတိုးမဟာ သရေစည်သူဘွဲ့ ချီးမြှင့်အပ်နှင်းခံရသူဖြစ်သည်။

ကိုးကား

  • Dun, Smith. Memoirs of the Four-Foot Colonel. Ithica, NY: Cornell Southeast Asia Program, 1980.

Tags:

စမစ် ဒွန်း ငယ်စဉ်ဘဝစမစ် ဒွန်း စစ်မှုထမ်းဘဝစမစ် ဒွန်း ဘဝနိဂုံးစမစ် ဒွန်း ဂုဏ်ပြုချီးကျူးခံရခြင်းစမစ် ဒွန်း ကိုးကားစမစ် ဒွန်းတပ်မတော်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်

🔥 Trending searches on Wiki မြန်မာဘာသာ:

ဗောဇ္ဈင်္ဂသုတ်ရခိုင်လူမျိုးရေနံလိမ်လည်မှုကလောမြို့မြန်မာအက္ခရာသမိုင်းတြိဂံဒေသတိုင်းစစ်ဌာနချုပ်ဘုရင့်နောင်မြဝတီမြို့တန်ခူးလသင်္ဂါယနာXVideosသမန်းကျားဘရောက်ဆာ စစ်ပွဲများသေဒဏ်ကွာလာလမ်ပူမြို့ကချင်ပြည်နယ်မေတ္တာမဟာဘုတ်သမ္မာကျမ်းစာဓနုလူမျိုးအလောင်းစည်သူနန်းဆုရတီစိုးတပ်မတော်နေ့၂၇ မတ်လိပ်ပြာ (ရုပ်သံဇာတ်လမ်းတွဲ)ငါးရာ့ငါးဆယ် နိပါတ်တော်တွစ်တာစုန်းကဝေအတတ်ခြင်းလုံးကျောက်စိမ်းရွေးပင်ချဉ်ပေါင်ဒြပ်စင်ပအိုဝ်းလူမျိုးမြသန်းတင့်ကြာသပတေးဂြိုဟ်သုဇာတာခရစ္စတီယာနို ရော်နယ်လ်ဒိုနန္ဒဘုရင်မြန်မာပြည် စာတိုက် သင်္ကေတများဖိလစ်ပိုင်နိုင်ငံသောတာပန်ခန္ဓသုတ်ဆင်ဖြူရှင်မင်းဒူဘိုင်းမြို့နေဟန်ထူးလွင်နို့ဖရဲပင်သီလဆေးပေါ့လိပ်ရတုကာကွယ်ရေးဝန်ကြီးဌာနမြန်မာ့အလင်း သတင်းစာဗိသုကာပညာမိုင်းမောမြို့ဟောင်းဧပရယ်လ်ဖူးလ်နေ့ဘားအံမြို့ရန်ကုန်မြို့ရှိ ခရိုင်နှင့် မြို့နယ်များစာရင်းမြန်မာ့ဝတ်စားဆင်ယင်မှုကြူကြူလှသာလွန်မင်းကျန်စစ်သားရေသည်ပြဇာတ်ရွှေတိဂုံ၏ အံ့ဖွယ် (၉)ပါးလစ်ဘရယ်ဝါဒကူးစက်တတ်သည့် ရောဂါများရေမွန်ဗြဟ္မာဘုံညောင်ရမ်းခေတ်ဒီမိုကရေစီဇေယျ (စာရေးဆရာ)ခေါင်းကိုက်ခြင်းရုရှားသဒ္ဒါ၁၉၈၁မလေးရှားနိုင်ငံ🡆 More