ဖန်ခါးပင်

Walp.

Terminalia chebula
ဖန်ခါးပင်
A leafless T. chebula tree
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Rosids
မျိုးစဉ်: Myrtales
မျိုးရင်း: Combretaceae
မျိုးစု: Terminalia
မျိုးစိတ်:
T. chebula
ဒွိနာမ
Terminalia chebula
Synonyms
  • Buceras chebula (Retz.) Lyons
  • Combretum argyrophyllum K.Schum.
  • Myrobalanus chebula (Retz.) Gaertn.
  • Myrobalanus gangetica (Roxb.) Kostel.
  • Myrobalanus tomentella Kuntze
  • Terminalia acutae

  • Terminalia argyrophylla King & Prain
  • Terminalia gangetica Roxb.
  • Terminalia parviflora Thwaites
  • Terminalia reticulata Roth
  • Terminalia tomentella Kurz
  • Terminalia zeylanica Van Heurck & Müll. Arg.

ဖန်ခါးပင်သည် အရိပ်ကောင်းသော အပင်ကြီးမျိုးဖြစ်ပြီး Combretaceae မျိုးရင်းတွင် ပါဝင်သည်။ အရသာဖန်ခါးသော အသီးလုံးငယ်များ သီးသည့် ပင်စောက် တစ်မျိုးလည်းဖြစ်သည်။ Haritaki သို့မဟုတ် Harar, Harida, Black Myrobalan, Chebulic Myrobalan စသဖြင့် အမျိုးမျိုး ခေါ်ဝေါ်ကြသည်။

ပုံသဏ္ဌာန်

အပူပိုင်းအရိပ်ရ အပင်ကြီးမျိုးဖြစ်သည်။ ပင်စည်ဖြောင့်မတ်သည်။ အခေါက်ထူသည်။ ရွက်လွှဲ ထွက်သည်။ ရွက်ကြောများ ထင်ရှားပြီး ဘဲဥပုံဖြစ်သည်။ ရွက်ထိပ်ချွန်သည်။ ပွင့်ညှာမဲပန်းခိုင်ဖြစ်ပြီး ဖြူဝါရောင် ရှိသည်။ အသီးမှာ ဘဲဥပုံဆန်၍ ညိုဝါရောင် ရှိပြီးမာကျောသည်။ ခြောက်သွေ့သော အခါတွင် မြောင်းများဖြစ်လာသည်။ အသားထူ၍ အစေ့တစ်စေ့သာ ရှိသည်။ အစေ့မှာ အဝါဖျော့ရောင် ဖြစ်သည်။

အပင်

ရွက်ကြွေ ပင်ကြီးမျိုး ဖြစ်၍ ပေ ၇၀-၈၀ ထိ မြင့်၏။ ပင်စည် ရှည်၍ ဖြောင့်မတ်၏။ အခေါက် ထူ၏။ အပွေး အနက် ရောင် ရှိ၏။ အက်ကြောင်း များ သေးငယ် သည်။

အရွက်

ရွက်ဆိုင် နီးပါး ထွက်သည်။ ရှည်မျောမျော ဘဲဥပုံ ရှိ၍ ရွက်ထိပ် ချွန်ပြီး ရွက်ရင်း ဝိုင်း၏။ ရွက်ပြား ၃ လက်မ ၄ လက်မ ခန့် ကျယ်ပြန့် သည်။ ရွက်ညွန့် ကတ္တီပါညို အရောင်ရှိ သည်။ ရွက်ကြောများ ထင်ရှား သည်။

အပွင့်

ပွင့်ညှာ မဲ့ ပန်းခိုင် ပေါ်တွင် အဖြူ သို့မဟုတ် အဝါရောင် ပန်းပွင့်လေးများ ပွင့်၏။ ပွင့်ဖတ် မရှိ ပွင့်ချပ် နှင့် ပွင့်သော ပန်းပွင့် ဖြစ်သည်။ ကဆုန်လ မှ ဝါဆို ဝါခေါင် လအတွင်း ဖူးပွင့် သည်။

အသီး

တစ်စေ့ သီး ဖြစ်သည်။ အသား ထူ၍ အရသာ ဖန်သည်။ ပြာသို တပို့တွဲ လတွင် အသီး ရင့်မှည့် သည်။

တွေ့နိုင်သောနေရာများ

များသောအားဖြင့် မြန်မာ နိုင်ငံ အလယ်ပိုင်းနှင့် တောင်ပေါ် ဒေသ များတွင် ပေါက်ရောက်သည်။ သဘာဝ အလျောက် ပေါက်ရောက် သည်။ မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးနိုင်သည်။

အသုံးဝင်ပုံ

ဖန်ခါးသီးကို အသီး၊ အခေါက်၊ အစေ့အားလုံးကို အသုံးပြုနိုင်သည်။

အာနိသင်

မြန်မာ ဆေးကျမ်းများ အလိုအရ ဖန်ခါးသီး သည် ဖန်၏။ ချဉ်၏။ ခါး၏။ စပ်၏။ ပူ၏။ ဝမ်းမီးကို တောက်စေ၏။ သွေးသား ကို စင်ကြယ်စေ၏။ မျက်စိ ကို ကောင်းစေ၏။ အထူးသဖြင့် အူနှင့် စပ်သော ရောဂါများ ၊ အရေပြား ရောဂါ၊ ကိုယ်ရေဝါ မြင်းသရိုက်၊ ညောင်းကျ၊ ကြို့ထိုး၊ ဝမ်းဗိုက်အောင့်၊ အစာ မကြေ ရောဂါ တို့၌ သုံးရ၏။

အသီး

  • ဖန်ခါးသီး ပြုတ်ရည်ကို နို့နှင့် ရောတိုက်ပါက အရက်မူးခြင်း ပျောက်၏။
  • ဖန်ခါးသီး အခြောက်မှုန့် နှင့် အုန်းဆီကို ရော၍ မီးလောင်ဖုများကို လိမ်းပေးသော် အနာ သက်သာ စေသည်။
  • ဖန်ခါးသီး ကို ထု၍ တစ်ည ရေစိမ်ပြီး ထို ရေကြည်ဖြင့် မျက်စိကို ဆေးပေးပါက မျက်စိ နာကျင်ကိုက်ခဲခြင်း ပျောက်၏။
  • ဖန်ခါးသီး ကို အမှုန့် ကြိတ်ပြီး နို့နှင့် သောက်ပါက အနာ ရောဂါ ကင်း၍ အသက် ရှည်စေသည်။ အမြဲ တမ်း မမှီဝဲသော်မှ ၇ ရက် တစ်ကြိမ် မှီဝဲ နိုင်သည်။
  • အသီး ကို ဝမ်းနုတ်ဆေး ဖော်စပ် ရာတွင် ထည့်သွင်း အသုံးပြု၏။

အစေ့

  • ဝက်ခြံ အမြစ် မထွက်သော် ဖန်ခါးသီးစေ့ကို ဆန်ဆေးရည်နှင့် သွေးလိမ်း ရ၏။

အရွက်

  • ဖန်ခါး ရွက်ရှိ အသီး ကဲ့သို့ ဖုဖောင်း နေသော ကတြ သင်္ချေကို ဝမ်းနုတ်ဆေး ၊ သွေးဆေး၊ လေဆေး၊ မျက်စိ နာ ပျောက်ဆေး စသည်တို့ ဖော်စပ် အသုံး ပြု သည်။
  • မီးယပ်ဆေး၊ ဒူလာဆေး၊ လိပ်ခေါင်းဆေး များ ဖော်စပ် ရာတွင်လည်း ထည့်သွင်း အသုံး ပြုသည်။

အခေါက်

  • အခေါက် ကို ပြုတ်သောက်သော် ဝမ်းလျှော ဝမ်းကိုက် ရောဂါ များကို ပျောက်ကင်း စေသည်။
  • ရုတ်တရက် ရရှိသော ထိခိုက် ဒဏ်ရာ များ ပေါ်တွင် အခေါက်ကို ကြိတ်၍ အုံပေး သော် သွေးထွက် လွန်ခြင်း ကို ရပ်တန့် စေသည်။

ကိုးကား

Tags:

ဖန်ခါးပင် ပုံသဏ္ဌာန်ဖန်ခါးပင် တွေ့နိုင်သောနေရာများဖန်ခါးပင် အသုံးဝင်ပုံဖန်ခါးပင် ကိုးကားဖန်ခါးပင်

🔥 Trending searches on Wiki မြန်မာဘာသာ:

ဘုရားဂုဏ်တော်မင်းလူသိန်း၊ ဆရာ၊ မှော်ဘီအောင်လအန်ဆန်းကြောင် (တိရစ္ဆာန်)အယုဒ္ဓယသမိန်ဗရမ်းနတ်သျှင်နောင်ကသိုဏ်းအင်းဝမြို့ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်စိတ်ပညာလယ်တီဆရာတော်ကမ္ဘာမကျေနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသင်္ဘောခင်မောင်တိုးပြင်သစ်နိုင်ငံဝေလငါးသာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ကလေးသူငယ်များ၏ အခွင့်အရေးMinecraftငပလီကမ်းခြေကော့ကရိတ်မြို့သာသနာရေး ဝန်ကြီးဌာနကုန်းဘောင်မင်းဆက်စွယ်စုံကျမ်းဘီလီယံထိုင်းနိုင်ငံလူ၏ အရိုးဖွဲ့စည်းပုံစိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)တီဘီရောဂါကမ္ဘောဒီးယားနိုင်ငံအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သဘာဝပတ်ဝန်းကျင်ဖိုးကျား၊ ဦးလိပ်ပြာနှင့် ပိုးဖလံများပထမ ကမ္ဘာစစ်မြစ်ကြီးနားမြို့ဟိုချီမင်းနှလုံးမန်ချက်စတာ ယူနိုက်တက်ဝက်ဝံဗီ (အဆိုတော်)ကလေးဗဟိုပြုသင်ကြားရေးစနစ်ဂုဏ်ဆယ်ပါးရန်ကုန်မြို့ဒုက္ခသစ္စာပရိတ်ကြီး ၁၁ သုတ်သံဃာဂုဏ်တော်အစိုးရနရသူ (ပုဂံ)လေးဖြူပုသိမ်မြို့ကျန်စစ်သားယူကျု(ဘ်)ကျိုက်ထီးရိုးဘုရားမင်္ဂလသုတ်မြသလွန်ဘုရားကုလသမဂ္ဂ ကြေညာစာတမ်းအနတ္တလက္ခဏသုတ်ကောသလမင်း အိပ်မက် (၁၆)ချက်မှန်နန်း ရာဇဝင်မြန်မာနိုင်ငံ၏ သမ္မတများ စာရင်းနှစ်ဆန်းတစ်ရက်နေ့ဆခွဲကိန်းသီပေါမင်းမြန်မာတို့၏ကျင့်ဝတ်များဗုဒ္ဓချင်းပြည်နယ်ကလီယို ပတ်ထရာကရင်လူမျိုးစိုးလွင်လွင်ပိုင်ဖြိုးသုပိဋကတ် သုံးပုံ🡆 More