ပြည်ထောင်စု လွှတ်တော်

ပြည်ထောင်စု လွှတ်တော်သည် ၂၀၀၈ ခုနှစ်တွင် လူထုဆန္ဒခံယူပွဲဖြင့် အတည်ပြုခဲ့သည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၄)အရ ဖွဲ့စည်း ထူထောင်ထားသည့် ဥပဒေပြု ဌာနဖြစ်သည်။ ပြည်ထောင်စုလွှတ်တော် ရုံးအဆောက်အဦးမှာ မြို့တော် နေပြည်တော်တွင် တည်ရှိသည်။

Assembly of the Union
ပြည်ထောင်စု လွှတ်တော်
Pyidaungsu Hluttaw
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်
Wiki မြန်မာဘာသာCoat of arms or logo
အမျိုးအစား
အမျိုးအစား
နှစ်ရပ်ပေါင်းလွှတ်တော်
လွှတ်တော်များအမျိုးသားလွှတ်တော်
ပြည်သူ့လွှတ်တော်
သမိုင်းကြောင်း
တည်ထောင်ခြင်း၃၁ ဇန်နဝါရီ ၂၀၁၁ (၂၀၁၁-၀၁-၃၁)
ယခင်ပြည်သူ့လွှတ်တော် (၁၉၇၄-၁၉၈၈)
ခေါင်းဆောင်များ
လစ်လပ်
၁ ​​ဖေ​ဖော်ဝါရီ ၂၀၂၁ ကတည်းက
လစ်လပ်
၁ ​​ဖေ​ဖော်ဝါရီ ၂၀၂၁ ကတည်းက
ဦးတီခွန်မြတ်
၂၂ မတ် ၂၀၁၈ ကတည်းက
ဖွဲ့စည်းပုံ
အမတ်ဦးရေ၆၆၄
အမျိုးသားလွှတ်တော် အမတ် ၂၂၄ ဦး
ပြည်သူ့လွှတ်တော် အမတ် ၄၄၀ ဦး
အမျိုးသားလွှတ်တော် (၂၀၁၅)
အမျိုးသားလွှတ်တော် နိုင်ငံရေး အုပ်စုများ
     NLD (၁၃၅)

     USDP (၁၁)
     ANP (၁၀)
     SNLD (၃)
     TNP (၂)
     ZCD (၂)
     MNP (၁)
     NUP (၁)
     PONO (၁)
     တစ်သီးပုဂ္ဂလ (၂)

     တပ်မတော် (၅၆)
ပြည်သူ့လွှတ်တော် (၂၀၁၅)
ပြည်သူ့လွှတ်တော် နိုင်ငံရေး အုပ်စုများ
     NLD (၂၅၅)

     USDP (၃၀)
     ANP (၁၂)
     SNLD (၁၂)
     PONO (၃)
     TNP (၃)
     LNDP (၂)
     ZCD (၂)
     KSDP (၁)
     KDUP (၁)
     WDP (၁)
     တစ်သီးပုဂ္ဂလ (၁)
     လစ်လပ် (၇)

     တပ်မတော် (၁၁၀)
ရွေးကောက်ပွဲများ
အမျိုးသားလွှတ်တော် နောက်ဆုံး ရွေးကောက်ပွဲ
၈ နိုဝင်ဘာ ၂၀၂၀ (တပ်မတော်မှ ပယ်ဖျက်)
ပြည်သူ့လွှတ်တော် နောက်ဆုံး ရွေးကောက်ပွဲ
၈ နိုဝင်ဘာ ၂၀၂၀ (တပ်မတော်မှ ပယ်ဖျက်)
ဆွေးနွေးရာနေရာ
ပြည်ထောင်စု လွှတ်တော်
ပြည်ထောင်စုလွှတ်တော်၊ နေပြည်တော်
ဝက်ဘ်ဆိုဒ်
myanmarparliament.gov.mm

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော် မှ အာဏာသိမ်းပြီးနောက် ဦးမြင့်ဆွေက ယာယီသမ္မတဟု တာဝန်ယူ၍ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ယာယီသမ္မတ၏ လုပ်ပိုင်ခွင့် အခွင့်အာဏာနှင့် လျှော်ညီမှု မရှိပဲ နိုင်ငံတော်အား အရေးအပေါ်အခြေနေအဖြစ် တစ်နှစ်ကြေညာခဲ့ပြီး ဥပဒေပြုမှုအာဏာ အပါအဝင် အာဏာသုံးရပ်စလုံးကို ၎င်းက တပ်မတော်ကာကွယ်‌ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ လွှဲပြောင်းပေးခဲ့သည်ဟု တပ်မတော်ပိုင် မြဝတီရုပ်မြင်သံကြား မှ ကြေညာခဲ့သည်။

ထိုအရေးပေါ်အခြေအနေ တစ်နှစ်ပြည့်လုခါနီး ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့တွင် ယာယီသမ္မတ ဦးမြင့်​ဆွေက ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေးခေါ်ယူ၍ သက်တမ်း ၆ လထပ်မံ တိုးမြှင့်ခဲ့သည်။

ဖွဲ့စည်းပုံ

ပြည်ထောင်စုလွှတ်တော်တွင် အောက်ပါ လွှတ်တော် ၂ ရပ် ပါဝင်သည်။

လွှတ်တော်အကြီးအကဲ

ဖွဲ့စည်းပုံအရ လွှတ်တော် သက်တမ်း၏ ပထမ ၃၀ လ တွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌမှာ ပြည်ထောင်စုလွှတ်တော် နာယကနှင့် ဒုနာယက လည်း ဖြစ်သည်။ ကျန်ရှိသက်တမ်းတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌတို့ က နာယကနှင့် ဒုနာယကအဖြစ် တာဝန် ထမ်းဆောင်ရန် ဖြစ်သည်။ ပြည်ထောင်စု လွှတ်တော် နာယက သည် နာယက တာဝန်ကို ထမ်းဆောင် နိုင်စွမ်းမရှိသည့်အခါ ဒုတိယနာယကသည် နာယကတာဝန်ကို ယာယီ ထမ်းဆောင်ရမည်။

သမ္မတရွေးချယ်တင်မြှောက်ခြင်း

ပြည်ထောင်စုလွှတ်တော်၏ အဓိကတာဝန်မှာ အမျိုးသားလွှတ်တော်ရှိ ​ရွေး​ကောက်ခံကိုယ်စားလှယ်များ (၁၆၈ ဦး)၊ ပြည်သူ့လွှတ်တော်ရှိ ​ရွေး​ကောက်ခံကိုယ်စားလှယ်များ (၃၃၀ ဦး) နှင့် လွှတ်တော်နှစ်ရပ်မှ တပ်မတော်သား ကိုယ်စားလှယ်များ (၁၆၆ ဦး) သီးခြားစီ ပါဝင် ဖွဲ့စည်းထားသည့် သမ္မတရွေးချယ်တင်မြှောက်ရေး အဖွဲ့များမှ ရွေးချယ်ထားသော ဒုတိယသမ္မတ​လောင်း ၃ ဦးအနက် တစ်ဦးကို သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခွင့်ရှိသည်။

၂၀၁၁ -၂၀၁၅

၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ပြီးနောက် ပြည်ထောင်စုလွှတ်တော် ပထမဆုံးအကြိမ် အစည်းအဝေးကို ၂၀၁၁ ခုနှစ် ဇန္နဝါရီလ ၃၁ ရက်နေ့တွင် ခေါ်ယူကျင်းပခဲ့သည်။ ပြည်ထောင်စု လွှတ်တော်မှ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်အား ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတည်ပြုပြီးနောက် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော သမ္မတအဖြစ် ရွေးချယ်တင်မြောက်ခဲ့သည်။ ဒုတိယ သမ္မတများမှာ အမျိုးသား လွှတ်တော်မှ အမည်တင်သွင်းသည့် ရှမ်းလူမျိုး ဒေါက်တာ စိုင်းမောက်ခမ်းနှင့် စစ်တပ် ကိုယ်စားလှယ် အစုအဖွဲ့မှ အမည်တင်သွင်းသည့် ဗိုလ်ချုပ်ကြီးဟောင်း တင်အောင်မြင့်ဦးတို့ ဖြစ်ကြသည်။ နောက်ပိုင်းတွင် ဒုတိယသမ္မတ(၁)ဖြစ်သူ သီဟသူရတင်အောင်မြင့်ဦး နုတ်ထွက်သွားသဖြင့် တပ်မတော်အစုအဖွဲ့မှ တင်သွင်းသော ရေတပ်ဦးစီးချုပ်ဟောင်း ဦးဉာဏ်ထွန်းမှာ ဒုသမ္မတအသစ်ဖြစ်လာသည်။

၂၀၁၆ - ၂၀၂၀

၂၀၁၅အထွေထွေရွေးကောက်ပွဲအပြီးကျင်းပသော ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်အစုအဖွဲ့မှ ဒုသမ္မတလောင်းအဖြစ် ဦးထင်ကျော်၊ အမျိုးသားလွှတ်တော်အစုအဖွဲ့မှ ဒုသမ္မတလောင်းအဖြစ် ဦးဟင်နရီဗန်ထီးယူ၊ တပ်မတော်သားအစုအဖွဲ့မှ ဒုသမ္မတလောင်း ဦးမြင့်ဆွေတို့ကို အသီးသီး အမည်စာရင်းတင်သွင်းကြသည်။၎င်းတို့အနက် ဦးထင်ကျော်က မဲအများဆုံးရရှိကာ နိုင်ငံတော်သမ္မတ၊ ဦးမြင့်ဆွေက ဒုတိယမဲအများဆုံးဖြင့် ဒုတိယသမ္မတ(၁)၊ ဦးဟင်နရီဗန်ထီးယူက ဒုတိယသမ္မတ(၂) ဖြစ်လာခဲ့သည်။

၂၀၁၈ မတ်တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နုတ်ထွက်ပြီးနောက် လွှတ်တော်သည် သမ္မတအသစ်ရွေးချယ်ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့မှ တင်သွင်းသော ဦးဝင်းမြင့်က မဲအများဆုံးရရှိကာ နိုင်ငံတော်သမ္မတအသစ်ဖြစ်လာသည်။ ဒုတိယသမ္မတ (၁) အဖြစ် ဦးမြင့်ဆွေနှင့် ဒုတိယသမ္မတ (၂)အဖြစ် ဦးဟင်နရီဗန်ထီးယူတို့က ဆက်လက်အရွေးချယ်ခံရသည်။

ကိုးကား

ပြင်ပလင့်ခ်များ

Tags:

ပြည်ထောင်စု လွှတ်တော် ဖွဲ့စည်းပုံပြည်ထောင်စု လွှတ်တော် လွှတ်တော်အကြီးအကဲပြည်ထောင်စု လွှတ်တော် သမ္မတရွေးချယ်တင်မြှောက်ခြင်းပြည်ထောင်စု လွှတ်တော် ကိုးကားပြည်ထောင်စု လွှတ်တော် ပြင်ပလင့်ခ်များပြည်ထောင်စု လွှတ်တော်နေပြည်တော်မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)

🔥 Trending searches on Wiki မြန်မာဘာသာ:

မြန်မာ့တပ်မတော် သမိုင်းကြောင်းပြင်သစ်နိုင်ငံကိုရီးယားစစ်ပွဲအာဇာနည်နေ့ဆေးခြောက်ဖေသိန်း (ကာတွန်း)၁၉၈၁ဆီးချိုရောဂါအောင်ချိမ့်စိတ်နေခြည်ဦးငှက်မြန်မာ့ လက်ဝှေ့နိုင်ငံရေးဂျပ်စတင် ဘီဘာအင်းလေးကန်ဦးပိန်တံတားပထမ ကမ္ဘာစစ်တန်ခူးလစစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ငါးမျိုးစိတ်များ စာရင်းမြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်ပိဋကတ် သုံးပုံကင်း ပင်ဂွင်းသီရိပျံချီဘွဲ့ဂျပန်ကိုလိုနီခေတ်အယုဒ္ဓယသထုံမြို့ပြင်ဦးလွင်မြို့မံစီမြို့မိမိကိုယ်ကို သတ်သေခြင်းနီဝရဏဓာရဏပရိတ်ကံ ကံ၏အကျိုးထားဝယ်မြို့နယ်ရေတိုက်မင်းတုန်းမင်း၏ မိဖုရားများနှင့် သားတော်၊ သမီးတော်များ စာရင်းမိုင်တဲလ် မြန်မာလ (ကမ္ဘာရံဂြိုဟ်)ကနေဒါနိုင်ငံဇီဝအမှတ်အသား နိုင်ငံကူးလက်မှတ်နို့ဂုဏ်ဆယ်ပါးတဏှာမဲခေါင်မြစ်မြောက်ဥက္ကလာပမြို့နယ်ရန်ကုန်မြို့ရှိ ခရိုင်နှင့် မြို့နယ်များစာရင်းဝိနည်းဘိုက်ဒန်းစ်သီလအပါယ်လေးဘုံအောင်ခြင်း ၈ ပါးစိတ်ချရသော လိင်ဆက်ဆံမှုစိုင်းစိုင်းခမ်းလှိုင်စပိန်နိုင်ငံမယ်စကြဝဠာ မြစ်ကြီးနားပလောင်းနိုင်ငံခေါင်းကိုက်ခြင်းကိုကိုဦး (ဗိုလ်ချုပ်)ဓမ္မရံကြီးဘုရားကဗျာလင်္ကာမွန်ပြည်နယ်မြန်မာဝီကီပီးဒီးယားအမေရိကန်ပြည်ထောင်စုရှားစောင်းလက်ပတ်ပင်ခရစ္စတီယာနို ရော်နယ်လ်ဒိုအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တက္ကသိုလ်ဘုန်းနိုင်တရားဂုဏ်တော်ကချင်လူမျိုးထိုင်းလူမျိုးမဂ္ဂသစ္စာသေမင်းတမန် ရထားလမ်းဗေဒင်ပြင်းထန်အသက်ရှုလမ်းကြောင်းရောဂါ ကိုရိုနာဗိုင်းရပ်စ် ၂လွတ်လပ်ပြီးခေတ်မြန်မာနိုင်ငံရွှေစာရံ စေတီတော် (သထုံ)🡆 More