နှလုံးသွေးကြောကျဉ်းနေမှုအား သရုပ်ဖော်ထားပုံ လူ့သက်တမ်းတလျှောက် မရပ်မနား စည်းချက်မှန်မှန် ညှစ်ထုတ်ပေးနေရပြီး အသက် ၇၀ အရွယ်ရောက်ပါက အကြိမ်ပေါင်း ၂.၅ ဘီလီယံကျော် ခုန်ခဲ့ပြီးဖြစ်သည်။ ဤကဲ့သို့ အချိန်ပြည့် လုပ်ဆောင်နိုင်ရန် နှလုံးကြွက်သားများအတွက် အောက်စီဂျင် နှင့် အာဟာရများအား နှလုံးသွေးကြော (Coronary Arteries) များမှ ထောက်ပံ့ပေးရသည်။
အကြောင်းအမျိုးမျိုးကြောင့် နှလုံးသွေးကြောများ ကျဉ်းမြောင်းလာပြီး နှလုံးကြွက်သားအတွက် အောက်စီဂျင်နှင့် အာဟာရကို လုံလောက်စွာ မထောက်ပံ့နိုင်တော့ချိန်တွင် နှလုံးသွေးကြော ကျဉ်းသည့် လက္ခဏာများ ပေါ်ပေါက်လာသည်။
အမေရိကန်နိုင်ငံ တွင် လူဦးရေ ၃ သန်းမှ ၄ သန်းခန့်အထိ မည်သည့် အရိပ်လက္ခဏာမှ မပြသပဲ နှလုံးသွေးကြောကျဉ်းရောဂါ ခံစားနေကြရသည်။
ရောဂါဖြစ်စေသော အဓိက အချက် ၃ ချက်
သွေးတိုးရောဂါ (Hypertension) သွေးအတွင်း ကိုလက်စထရော ပါဝင်နှုန်း များခြင်း (Hypercholesterolaemia) ဆေးလိပ်သောက်ခြင်း (Smoking) နှလုံးသွေးကြော ကျဉ်းမြောင်းစေသော အခြားအကြောင်းအရင်းများမှာ
ဆီးချို သွေးချိုရောဂါ (Diabetes) စိတ်ဖိစီးမှုများခြင်း (Stress) အဝလွန်ခြင်း (Obesity) လှုပ်ရှားမှုနည်းသော ထိုင်၍ အလုပ်လုပ်ရခြင်း (Sedentary Lifestyle) အထက်ပါ အကြောင်းများကြောင့် သွေးကြော၏ အတွင်းနံရံတွင် ကိုလက်စထရော၊ ကယ်လဆီယမ် ၊ ဆဲလ်သေ အစအနများ၊ သွေးမွှားဥများ စသည့် ပစ္စည်းများ စုပုံအနည်ကျလာပြီး ထူအမ်းလာကာ ကျဉ်းမြောင်းလာသည်။ ယင်းပစ္စည်းများ သွေးကြောနံရံမှ ကွာထွက်ကာ သွေးကြော တစ်နေရာတွင် ပိတ်မိနေတတ်သည်။
နှလုံးသွေးကြောတွင် ပိတ်မိပါက နှလုံးပုပ်ခြင်း (Myocardial Infarct)၊ ဦးနှောက်သွေးကြောတွင် ပိတ်မိပါက လေဖြတ်ခြင်း (Stroke)၊ ခြေလက်ရှိ သွေးကြောများ ပိတ်မိပါက နာကျင်ခြင်း၊ အသားပုပ်ခြင်း (Gangrene) တို့ ဖြစ်တတ်သည်။
ရောဂါ လက္ခဏာများ
ရင်ဘတ်အောင့်ခြင်း၊ ရင်ဘတ် အလယ်တွင် တင်းကျပ်စွာ ခံစားရခြင်း၊ လေးလံနေခြင်း၊ ရင်ပူခြင်း၊ ရင်ဘတ်အောင့်ခြင်းသည် ရံဖန်ရံခါ ဘယ်ဘက်ပခုံးနှင့် ဘယ်ဘက်လက်မောင်းသို့ လည်းကောင်း၊ လည်ပင်းနှင့် မေးစေ့တဝိုက်သို့ လည်းကောင်း ပျံ့နှံ့ နာကျင်တတ်သည်။ ရင်ဘတ်အောင့်ခြင်းသည် ရုတ်တရက် ပြေးလွှားခြင်း၊ အားစိုက်ထုတ်ခြင်းကြောင့် ဖြစ်ပေါ်တတ်ပြီး အများအားဖြင့် စက္ကန့် ၃၀ မှ ၅ မိနစ်အထိ ကြာတတ်သည်။ ခေတ္တ အနားယူပါက သက်သာလာတတ်သည်။ အသက်ရှူမြန်ခြင်း၊ အသက်ရှူကြပ်သကဲ့သို့ ခံစားရခြင်း၊ မူးဝေလာခြင်း၊ ပျို့အန်ခြင်း၊ အလွန်အမင်း ချွေးထွက်ခြင်း၊ အနားယူသော်လည်း ရင်ဘတ်အောင့်ခြင်း မသက်သာပါက နှလုံးသွေးကြောပိတ်ခြင်း ဖြစ်နိုင်သဖြင့် သတိမူရန် လိုအပ်သည်။ စမ်းသပ်စစ်ဆေးချက်များ
ECG (Electrocardiogram) ရိုက်ခြင်း၊ Cardiac Catheterization ပြွန်အသေးစား တစ်မျိုးအား ခြေထောက် သို့မဟုတ် လက်မောင်း သွေးကြောမှတဆင့် နှလုံးသွေးကြောသို့ Special dye ခေါ် ဆေးဝါးကုသရေးတွင် အသုံးပြုသည့် ဆိုးဆေးတစ်မျိုးအား ထုတ်လွှတ်၍ ဓာတ်မှန်ရိုက်ကြည့်ခြင်းဖြင့် သွေးကြောကျဉ်းရာ နေရာကို သိနိုင်သည်။ ရင်ခေါင်း ဓာတ်မှန် (Chest X-ray) ရိုက်ခြင်းဖြင့် နှလုံး အခြေအနေကို ကြည့်ရှုခြင်း၊ သွေးအတွင်း ကိုလက်စထရော ပါဝင်နှုန်း စစ်ဆေးခြင်း၊ ဆီးချို သွေးချို စစ်ဆေးခြင်း၊ လိုက်နာရမည့် အချက်များ
တိရစ္ဆာန်အဆီများ၊ ဝက်သား၊ အမဲသားကဲ့သို့ နီသောအသားများ၊ ကြက်ဥအနှစ်၊ အဆီဓာတ်ပြည့် နွားနို့နှင့် နို့ထွက်ပစ္စည်း စသော ကိုလက်စထရော ကြွယ်ဝသည့် အစားအစာများကို ရှောင်ကြဉ်၍ ဟင်းသီးဟင်းရွက် အသီးအနှံများ၊ အဆီဓာတ် နည်းသော နွားနို့၊ ငါး၊ ကြက်၊ ဘဲ ကဲ့သို့ ဖြူသော အသားများ၊ ဂျုံ၊ ပြောင်း၊ လူး၊ ဆပ်ကဲ့သို့ နှံစားသီးနှံများကို စားသုံးပါ။ ဆေးလိပ်သောက်ခြင်းသည် နှလုံးသွေးကြောအတွင်း အောက်စီဂျင် ပို့ဆောင်မှုကို အဟန့်အတား ဖြစ်စေသဖြင့် လုံးဝရှောင်ကြဉ် သင့်သည်။ သင့်တင့်သော ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဆောင်ရန်၊ သွေးတိုးနှင့် ဆီးချို သွေးချိုရောဂါ ရှိပါက ရောဂါအတွက် ညွှန်ကြားထားသည်များကို လိုက်နာရန်၊ စိတ်ဖိစီးမှုကို ရှောင်ကြဉ်ရန်၊ ဆေးဝါးကုသမှု
ဆေးဝါးများကို ဆရာဝန် ညွှန်ကြားသည့်အတိုင်း လိုက်နာ သောက်သုံးရမည်။
Nitrates (Nitroglycerin..), Betablockers (propranolol, metoprolol...), Calcium channel blockers (Amlodipine, diltiazem...) စသည့် နှလုံးသွေးကြောကျယ်စေရန်နှင့် နှလုံးခုန်နှုန်း၊ အောက်စီဂျင် လိုအပ်မှုကို ထိန်းချုပ်ပေးသော ဆေးများ သွေးခဲခြင်းကို တားဆီးပေးသော ဆေးများ၊ ဥပမာ Aspirin (Aspilet), Clopidogrel (Clopilet) , ..... သွေးအတွင်း ကိုလက်စထရော များနေပါက ကိုလက်စထရော ကျစေသောဆေးများ၊ ဥပမာ Statins (Atorvastatin, Simvastatin,....) ခွဲစိတ်ကုသမှု - နှလုံးသွေးကြော လမ်းလွှဲပေးခြင်း (Coronary Bypass)၊ နှလုံးသွေးကြောချဲ့ခြင်း (Angioplasty) စသည့် ခွဲစိတ်နည်းများဖြင့်လည်း နှလုံးသွေးကြောကျဉ်းရောဂါကို ကုသနိုင်သည်။
This article uses material from the Wikipedia မြန်မာဘာသာ article နှလုံးသွေးကြောကျဉ်းရောဂါ , which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0") ; additional terms may apply (view authors ). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses. ®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.