ဓမ္မစေတီမင်းသည် မဂဒူးမင်းဆက်တွင် ရှင်စောပု ပြီးနောက် နန်းတက်သည့် ၁၆ ဆက်မြောက်မင်းဖြစ်သည်။ နန်းတက်သည့် ဘွဲ့အမည်မှာ ရာမာဓိပတိ ဖြစ်သည်။ သာသနာတော် သန့်ရှင်းတည်တံ့ရေးအတွက် ၎င်း၏ကြိုးပမ်းမှုများကြောင့် ကျော်ကြားသည်။ နန်းတက်ပြီးမကြာမှီ မယားညီအစ်ကိုဖြစ်သည့် ပုသိမ်စား ဗညားအိမ်၏ ပုန်ကန်မှုကိုနှိမ်နှင်းရသေးသည်။ ထို့နောက် မိမိနိုင်ငံအတွင်း သာသနာစစ်မှန်စွာတည်တံ့ရေးကို လုံ့လပြုလေသည်။ သိမ်ဝင်ရဟန်းဖြစ်သော်လည်း သိမ်မစင်ကျယ်လျှင်၊သိက္ခာပေးသူ သံဃာများ မစင်ကျယ်လျှင် ရဟန်းအဖြစ်ကိုမရနိုင်ဟု သတ်မှတ်သည်ကြောင့် လည်းကောင်း၊ မိမိနိုင်ငံတွင်းတွင် ရဟန်းစစ်များမရှိတော့ဟု ယူဆသည့်အတွက်လည်းကောင်း သီရိလင်္ကာသို့ ရဟန်းများကို သင်္ဘောဖြင့်စေလွှတ်ပြီး သိက္ခာထပ်ခြင်းကို ပြုစေသည်။ ရာမည သို့ ထိုရဟန်းများ ပြန်ရောက်လျှင် အကြီးအမှူး အဖြစ်ခန့်ကာ အခြားရဟန်းများကို သိက္ခာထပ်စေသည်။ ထိုသို့ သိက္ခာထပ်ပွဲကျင်းပနိုင်ရန် သိမ်အသစ်ကို တည်ဆောက်ပေးသည်။ ကလျာဏီသိမ် ဟုသမုတ်သည်။ ကမ္ဘာ အကြီးဆုံး ဓမ္မစေတီ ခေါင်းလောင်းကြီး ကို သွန်းလုပ်လှူဒါန်းခဲ့သည်။ နတ်ရွာစံလျှင် သားဖြစ်သူ ဗညားရံ နန်းတက်သည်။
This article uses material from the Wikipedia မြန်မာဘာသာ article ဓမ္မစေတီ, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.