ဒီးမော့ဆိုမြို့နယ်

ဒီးမော့ဆိုမြို့နယ် သည် မြန်မာနိုင်ငံ၊ ကယားပြည်နယ်၊ ဒီးမော့ဆိုခရိုင်တွင် ပါဝင်သည့် မြို့နယ်တစ်ခု ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ ဒီးမော့ဆိုမြို့ ဖြစ်သည်။

ဒီးမော့ဆိုမြို့နယ်
မြို့နယ်
ဒီးမော့ဆိုမြို့နယ်ရှိ ငွေတောင်ဆည်
ဒီးမော့ဆိုမြို့နယ်ရှိ ငွေတောင်ဆည်
ဒီး​မော့ဆိုခရိုင်အတွင်း တည်နေရာ (အနီ)
ဒီး​မော့ဆိုခရိုင်အတွင်း တည်နေရာ (အနီ)
ဒီးမော့ဆိုမြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဒီးမော့ဆိုမြို့နယ်
ဒီးမော့ဆိုမြို့နယ်
ဒီးမော့ဆိုမြို့နယ် တည်နေရာ
ကိုဩဒိနိတ်: 19°32′18″N 97°09′32″E / 19.538319°N 97.158813°E / 19.538319; 97.158813 97°09′32″E / 19.538319°N 97.158813°E / 19.538319; 97.158813
နိုင်ငံဒီးမော့ဆိုမြို့နယ် မြန်မာ
ပြည်နယ်ဒီးမော့ဆိုမြို့နယ် ကယား
ခရိုင်ဒီးမော့ဆို
မြို့နယ်ရုံးစိုက်ရာမြို့ဒီးမော့ဆိုမြို့
ဧရိယာ
 • မြို့နယ်၁၇၇.၄၆ စတုရန်းမိုင် (၄၅၉.၆၃ စတုရန်းကီလိုမီတာ)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၂၉၈၂ ပေ (၉၀၉ မီတာ)
လူဦးရေ (စက်တင်ဘာ ၂၀၁၇)
 • မြို့နယ်၈၅,၇၉၆
 • သိပ်သည်းမှု၄၈၀/sq mi (၁၉၀/km)
 • မြို့ပေါ်၆,၂၀၇
 • ကျေးလက်၇၉,၃၃၇
 • ဒေသခံလူမျိုးများကယား (၈၈.၂၆%)
ရှမ်း (၇.၂၂%)
ဗမာ (၂.၉၂%)
ကရင် (၀.၅၆%)
ရခိုင် (၀.၀၃%)
ကချင် (၀.၀၁%)
ချင်း (၀.၀၀၉%)
မွန် (၀.၀၀၈%)
 • ကိုးကွယ်မှုဗုဒ္ဓခရစ်ယာန်ဟိန္ဒူအစ္စလာမ်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

သမိုင်းကြောင်း

ဒီးမော့ဆိုမြို့နယ်ကို ၁၉၆၂ ခုနှစ် ဒီဇင်ဘာလတွင် ဒီးမော့ဆိုမြို့နယ်အဖြစ် စတင် ခေါ်ဆိုခဲ့သည်။ ၁၉၅၂ ခုနှစ်မတိုင်မီက နောင်ပုလဲလမ်းဟု ခေါ်ဆိုပြီး လူနေအိမ်များ မရှိသေးပေ။ ၁၉၅၂ ခုနှစ် နောက်ပိုင်းတွင် ကယားပြည်နယ်၊ ခရိုင်ဝန်ကြီး ဦးအေမြလေးက ဒီမောဆိုးမြို့နေရာတွင် တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ရင်း အိမ်နှင့် မွေးမြူရေးခြံများ ဆောက်လုပ်ခဲ့သည်။ ၁၉၅၅ ခုနှစ် နောက်ပိုင်းတွင် လေးအိမ်စုခြံဟု အမည်ပေးခဲ့ပြီး ဒီးမော့ဆိုပန်းခြံရိပ်သာနှင့် အခြားအိမ်ငယ်ကို ဆောက်လုပ်ခဲ့သည်။

၁၉၇၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်ကို ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်စာဖြင့် ဖွဲ့စည်းခဲ့သည်။မြို့နယ်၏ တရားဝင်အမည်မှာ ဒီး​မော့ဆိုဖြစ်​သော်လည်း လွယ်ကူစွာဖြင့် ဒီ​မောဆိုးဟု ​ခေါ်​လေ့ရှိကြသည်။

ဒီးမော့ဆိုမြို့နယ် 
မြို့နယ်ခန်းမ

ပထဝီဝင်အ​နေအထား

မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၁၅ မိနစ်နှင့် ၁၉ ဒီဂရီ ၄၅ မိနစ်အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၀ ဒီဂရီ ၁၅ မိနစ်နှင့် ၉၇ ဒီဂရီ ၂၅ မိနစ်အကြားတွင် တည်ရှိပြီး အကျယ်အဝန်းမှာ ၄၅၉.၆၃ စတုရန်းမိုင် (၁,၁၉၀.၄ စတုရန်း ကီလိုမီတာ) ဖြစ်သည်။ အရှေ့မှ အနောက်သို့ ၃၁ မိုင်နှင့် တောင်မှ မြောက်သို့ ၃၅ မိုင်ခန့် ရှည်လျားသည်။

နယ်နိမိတ်

ဒီးမော့ဆိုမြို့နယ်၏ အရှေ့ဘက်နှင့် မြောက်ဘက်တွင် လွိုင်ကော်မြို့နယ်၊ အနောက်ဘက်တွင် ရှမ်းပြည်နယ်ရှိ ဖယ်ခုံမြို့နယ်၊ တောင်ဘက်တွင် ဖရူးဆိုးမြို့နယ်နှင့် ဘော်လခဲမြို့နယ်တို့နှင့် နယ်နမိတ် ထိစပ်လျက်ရှိသည်။

မြေမျက်နှာသွင်ပြင်

ဒီးမော့ဆိုမြို့နယ်သည် ပင်လယ်​ရေမျက်နှာပြင်အထက် ၂၉၈၂​ပေတွင် တည်ရှိသည်။ တောင်ကုန်းတောင်တန်းများပေါများပြီး သစ်တောများ ဖုံးလွှမ်းလျက်ရှိသည်။ တောင်ပေါ်ဒေသဖြစ်ပြီး မြေပြန့်လွင်ပြင်နှင့် ချိုင့်ဝှမ်း အနည်းငယ်သာ ရှိသည်။ အမြင့်ဆုံးတောင်မှာ လွိုင်နန်းဖတောင်ဖြစ်ပြီး ပင်လယ်ရေ မျက်နှာပြင် အထက်အမြင့် ၅၀၁၀ ပေ ရှိကာ ကယားပြည်နယ်၏ အမြင့်ဆုံး​တောင်ဖြစ်သည်။

ဒီးမော့ဆိုမြို့နယ် 
လွိုင်နန်းဖ​တောင်

ရာသီဥတု

ဒီးမော့ဆိုမြို့နယ်သည် အေးမြစိုစွတ်သော ရာသီဥတုရှိပြီး အမြင့်ဆုံးအပူချိန်မှာ ၃၄ ဒီဂရီ စင်တီဂရိတ်နှင့် အနိမ့်ဆုံးအပူချိန်မှာ ၆ ဒီဂရီစင်တီဂရိတ် ဖြစ်သည်။ ပုံမှန်မိုးရေချိန်မှာ ၃၀.၆၅ လက်မ ဖြစ်သည်။

ရေဆင်း

ဒီးမော့ဆိုမြို့နယ်တွင် အနောက်မှ တောင်သို့ စီးဆင်းနေသော နန့်စံဖူးချောင်း၊ အနောက်မှ အရှေ့သို့ စီးဆင်းနေသော နန်းမယ်ခုံချောင်းနှင့် ဆင်တောင်ချောင်း၊ အနောက်မှ မြောက်သို့ စီးဆင်းနေသော ငွေတောင်ချောင်းတို့ ရှိသည်။

လူဦး​ရေ

ဒီး​မော့ဆိုမြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ကယားလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ဗမာ၊ရှမ်း၊ကရင်၊ရခိုင်၊ကချင်၊ချင်းနှင့် မွန်လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ခရစ်ယာန်ကို အများဆုံး ကိုးကွယ်ကာ ဗုဒ္ဓဘာသာဟိန္ဒူအစ္စလာမ်နှင့် အခြားကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။ မြို့နယ်လူဦးရေ၏ ၀.၃၂%မှာ အခြားသော နိုင်ငံခြားလူမျိုးနွယ်ဝင်များဖြစ်သည့် ​ဂေါ်ရခါးလူမျိုးများဖြစ်သည်။ ဒီးမော့ဆိုမြို့နယ်၏ ၂၀၁၈ ခုနှစ် မတ်လကုန်အထိ လူဦးရေမှာ ၈၆,၉၅၂ ဦး ဖြစ်သည်။

စီးပွားရေး

ဒီးမော့ဆိုမြို့နယ်သည် ကယားပြည်နယ်အတွင်းရှိ စီးပွား​ရေးအရ အချက်အချာကျ​သောမြို့နယ်ဖြစ်သည်။ မြို့နယ်​နေလူထုသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ်ကိုင်ကြသည်။ မြို့နယ်၏ အဓိကထွက်ကုန်မှာ ဆန်စပါး၊ ပြောင်း၊ မြေပဲနှင့် အခြားစားသုံးသီးနှံများဖြစ်ကာ အထက်မြန်မာပြည်သို့ အများဆုံးတင်ပို့​ရောင်းချသည်။ မြို့နယ်အတွင်း စက်ရုံ၆၈ရုံ၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း၁၄ခု တည်ရှိသည်။

​ဈေးများ

  • ဒီး​မော့ဆို​ဈေး
  • နန်းမယ်ခုံ​ဈေး
  • လိုဘာခို​ဈေး
  • ချယ်ရီကုန်းဈေး

ပို့​ဆောင်ဆက်သွယ်​ရေး

ဒီး​မော့ဆိုမြို့နယ်သည် ကုန်းလမ်းများဆုံရာတွင် တည်ရှိ၍ လမ်းပန်းဆက်သွယ်​ရေး​ကောင်းမွန်​သော မြို့နယ်ဖြစ်သည်။​တောင်ငူ-လိပ်သို-ယာဒို-လွိုင်​ကော်-ဟိုပုံးလမ်းမှာ မြို့နယ်အတွင်း ဖြတ်သန်းသွားသည်။

ပညာရေး

အ​ခြေခံပညာ

အထက

အထက်တန်းကျောင်း ၇ကျောင်းရှိသည်။

  • အထက ဒီး​မော့ဆို
  • အထက ​ဒေါငံခါး
  • အထက အင်းကုန်း
  • အထက ​ငွေ​တောင် ၁
  • အထက ​ဒေါ​​ညေးခူး
  • အထက လွိုင်နန်းဖ
  • အထက နန်းမယ်ခုံ

ဒီးမော့ဆိုမြို့နယ် 

အထက(ခွဲ)/အလက

  • အလက (ထ(ခွဲ)) ​ဒေါတမငယ်
  • အလက (ထ(ခွဲ)) ​ငွေ​တောင် ၂
  • အလက (ထ(ခွဲ)) ​သေးဆူလဲ
  • အလက (ထ(ခွဲ)) ၄မိုင်​မြေနီကုန်း
  • အလက (ထ(ခွဲ)) ထီးဖိုးကလိုး
  • အလက (ထ(ခွဲ)) ​လိုဘာခို
  • အလက (ထ(ခွဲ)) ​ဒေါ​ရောက်ခူ
  • အလက (ထ(ခွဲ)) ​ယူဆမိုဆို
  • အလက ဝါဘန်းပလို့
  • အလက လွီကထိ
  • အလက ​ဒေါတမကြီး
  • အလက ​​ဒေါ​ပေါ်ကူး
  • အလက ခူးပရာ

အမက

မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၁၁၀ကျောင်းရှိသည်။

ကျန်းမာရေး

ဒီးမော့ဆိုမြို့နယ်တွင် မြို့နယ်ဆေးရုံ ၁ ခု၊ တိုက်နယ်ဆေးရုံ ၃ ခု၊ ကျေးလက်ကျန်းမာရေးဌာန ၇ ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၂၉ ခု တည်ရှိသည်။

​ဆေးရုံများ

  • ဒီး​မော့ဆိုမြို့နယ်​ဆေးရုံ
  • နန်းမယ်ခုံ တိုက်နယ်​ဆေးရုံ
  • ​ဒေါတမကြီး တိုက်နယ်​ဆေးရုံ
  • လိုဘာခို တိုက်နယ်​ဆေးရုံ

ထင်ရှားသော နေရာများ

ဓာတ်ပုံများ

ကိုးကား


Tags:

ဒီးမော့ဆိုမြို့နယ် သမိုင်းကြောင်းဒီးမော့ဆိုမြို့နယ် ပထဝီဝင်အ​နေအထားဒီးမော့ဆိုမြို့နယ် လူဦး​ရေဒီးမော့ဆိုမြို့နယ် စီးပွားရေးဒီးမော့ဆိုမြို့နယ် ပို့​ဆောင်ဆက်သွယ်​ရေးဒီးမော့ဆိုမြို့နယ် ပညာရေးဒီးမော့ဆိုမြို့နယ် ကျန်းမာရေးဒီးမော့ဆိုမြို့နယ် ထင်ရှားသော နေရာများဒီးမော့ဆိုမြို့နယ် ဓာတ်ပုံများဒီးမော့ဆိုမြို့နယ် ကိုးကားဒီးမော့ဆိုမြို့နယ်ကယားပြည်နယ်ဒီးမော့ဆိုခရိုင်ဒီးမော့ဆိုမြို့မြန်မာနိုင်ငံ

🔥 Trending searches on Wiki မြန်မာဘာသာ:

ကိုကိုးကျွန်းစုန်းကဝေအတတ်နီလာပုစဉ်းရင်ကွဲနဂါးဒုက္ခသစ္စာနန်းမတော်မယ်နုရာဇကုမာရ်သေမင်းတမန် ရထားလမ်းစိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ဖားအမျိုးသမီးသီပေါမင်းတောင်သူလယ်သမားနေ့ဗိုလ်ချုပ်မှူးကြီးကာလီမယ်တော်ဂေါတမမြတ်ဗုဒ္ဓ၏ဗုဒ္ဓဝင်ဗိဿနိုးမြို့ဟောင်းအောင်ရဲလင်းဝ လူမျိုးအာနန္ဒာဘုရားဇီဇဝါငရဲ (၃၁-ဘုံ)နန်းခင်ဇေယျာလင်းနို့သုက်ပန်းခြင်းဂျပန်နိုင်ငံကျုံးသရက်သီးခင်ဝင့်ဝါအမေဇုံမြစ်နာဂစ်မုန်တိုင်းမြန်မာ့ရိုးရာ ကစားနည်းအဆိပ်အိန္ဒြာကျော်ဇင်ရာဇာဓိရာဇ်ဦးသန့်အင်းဝခေတ်သိက္ခာချဗုဒ္ဓနေတိုး (ရုပ်ရှင်သရုပ်ဆောင်)ဒိုးလုံးမြန်မာနိုင်ငံ၏ အစိုးရဌာနဆိုင်ရာ ရာထူး အဆင့်များရွှေတိဂုံစေတီတော်ဧရာဝတီမြစ်မြန်မာနိုင်ငံ၏ ရပ်ကွက်များနရသီဟပတေ့ညှဉ်းပန်းနှိပ်စက်ခြင်းအထူးဥပဒေများကြွက်တက်ခြင်းဝန်ကြီးဌာန နှင့် အကြီးအကဲများ စာရင်းမြထွန်းဦးသာလွန်မင်းတက္ကသိုလ်ဘုန်းနိုင်တောင်တွင်းကြီးမြို့ရှင်သီဝလိဂါထာလင်းသိုက်ညွန့် (မြန်မာ့မြေ)စစ်တွေမြို့မဟော်သဓာဇာတ်တော်မြောက်ဥက္ကလာပမြို့နယ်မက်အာသာ၊ ဒေါက်ဂလပ်ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူခြင်းစိုးလွင်လွင်၂၄ ပစ္စည်းရွှေမန်းတင်မောင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌအင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ်သရဖီပင်သွား(လူ)ဖော်ကာဥဩနန်းကြီးသုပ်မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး(မန္တလေး)🡆 More