ကာရန်

ကာရန် ဟူသည်မှာ အက္ခရာ၏ အဆုံးသံဖြစ်သည်။ ကာရန္တ ဟူသော ပါဠိစကားမှာ ဆင်းသက်လာသော စကားဖြစ်သည်။ အက္ခရာ၏အဆုံးသတ် (သို့မဟုတ်) အဆုံး အက္ခရာဟု အဓိပ္ပာယ်ရသည်။ ဥပမာ - ကအက္ခရာ၏အသံသည် အ ဖြစ်သည်။ ကာအက္ခရာ၏အသံသည်အာဖြစ်သည်။ ကား အက္ခရာ၏ အသံသည် အား ဖြစ်သည်။ ခဲ ဟုဆိုလျှင် အဲ ကာရန်ဟု သိရမည်။ စူးဟုဆိုလျှင် အူး ကာရန်ဟု သိရမည်။ ကာရန်ယူရာတွင် အက္ခရာ၏အဆုံးသံချင်း အညီယူသည်လည်း ရှိသည်။ တပိုဒ်နှင့် တပိုဒ်တို့၏အဆုံးရှိ အသံချင်း အညီယူသည်လည်းရှိသည်။ နှစ်ပိုဒ်၊ သုံးပိုဒ် စသော ဝါကျတို့၏ အဆုံးရှိ အသံချင်း အညီယူသည်လည်း ရှိသည်။ အက္ခရာ၏ အဆုံးကာရန်ကို ဝဏ္ဏကာရန်၊ စာပိုဒ်၏အဆုံးကာရန်ကို ပဒကာရန်၊ ဝါကျ၏အဆုံးကာရန်ကို ဝါကျကာရန် ဟူ၍ခေါ်ကြသည်။

ကာရန်

ကာရန်(၆၄)ပါး

ကာရန် (၆၄) ပါး ရှိသည်။

  1.  အ - အ(အာ့)/အာ/အား
  2.  ဣ - အိ/အီ/အီး
  3.  ဥ - အု/အူ/အူး
  4. ဧ - အေ/အေ့/အေး
  5. အဲ - အဲ/အဲ့/အယ်
  6. အော - အော/အော့/အော်
  7. အန် - အန်(အံ)/အန့်(အံ့)/အန်း/အိန်/အိန့်/အိန်း/အုန်(အုံ)/အုန့်(အုံ့)/အုန်း(အုံး)
  8. အမ် - အမ်/အမ့်/အမ်း/အိမ်/အိမ့်/အိမ်း/အုမ်/အုမ့်/အုမ်း
  9. အို - အို/အို့/အိုး
  10. အက် - အက်/အောက်/အိုက်
  11. အစ် - အစ်
  12. အတ် - အတ်/အိတ်/အုတ်
  13. အပ် - အပ်/အိပ်/အုပ်
  14. အင် - အင်/အင့်/အင်း/အောင်/အောင့်/အောင်း/အိုင်/အိုင့်/အိုင်း
  15. အဉ် - အဉ်/အဉ့်/အဉ်း
  16. အည် - အည်(အီ)/အည့်(အိ)/အည်း(အီး)

ကာရန်တူများ

အောက်ပါတို့သည် ကာရန်တူများ ဖြစ်ကြသည်။

ကား = စား၊ ဝါး၊ ငါး၊ လား၊ ထွား၊ တား၊ ပွား၊ ပျား၊ ထား၊ မှား၊ ညား၊ ခါး၊၊

ခင် = မင်၊ ကြင်၊ မြင်၊ စင်၊ လွင်၊ ရှင်။

ကောင်း = ထောင်း၊ မောင်း၊ သောင်း၊ ကျောင်း၊ စောင်း။

မေ = ဖေ၊ ဆွေ၊ ဝေ၊ မြေ၊ ရွှေ၊ ငွေ။

စမ်း = ဂျမ်း၊ စွမ်း၊ ကမ်း၊ ဖမ်း၊ လမ်း။

စော = မော၊ တော၊ သော၊ ပြော၊ ကော။

အေး = ငေး၊ လေး၊ တွေး၊ ဆွေး၊ ရေး။

တိုး = ဖြိုး၊ စိုး၊ မိုး၊ အိုး၊ ကြိုး၊ ဆိုး။

ထွတ် = ကျွတ်၊ လွတ်၊ ဆွတ်၊ မွတ်၊ ရွှတ်။

နီ = တီ၊ စီ၊ ရီ၊ ပြီ၊ ချီ၊ သီ၊ ညီ။

ကိုးကား

Tags:

ကာရန် ကာရန် (၆၄)ပါးကာရန် ကိုးကားကာရန်ပါဠိဝါကျအက္ခရာ

🔥 Trending searches on Wiki မြန်မာဘာသာ:

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနဘဏ်နေပြည်တော်မြို့လေးဖြူစစ်ကိုင်းမြို့ခွေးရူးပြန်ရောဂါမဟာဘုတ်မြန်မာတိုင်းရင်းသားမျိုးနွယ်များအသည်းရောင် အသားဝါ ရောဂါ စီပိုးပြင်သစ်နိုင်ငံဧရာဝတီတံတား (ပခုက္ကူ)နေ့နံငပလီကမ်းခြေမြန်မာ့ဝတ်စားဆင်ယင်မှုမန္တလေးမြို့မုန့်လုံးရေပေါ်ကုလသမဂ္ဂကုန်းဘောင်ခေတ် ကာမစပ်ယှက်နည်းများကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အင်္ဂုလိမာလသုတ်သိဒ္ဓတ္ထမင်းသားစကောကရင်ဘာသာစကားနန္ဒမာလာဘိဝံသကီလိုမီတာမြန်မာနိုင်ငံရှိ ပွဲတော်များမဟတ္တမ ဂန္ဒီသမုဒ္ဒရာစကားထာကာကွယ်ရေးဦးစီးချုပ်(ရေ)မိုင်းခရပ်ဖ်ဘကြီးတော်(စစ်ကိုင်းမင်း)ရွှေဘိုမြို့မြသန်းတင့်သွေးအုပ်စုအောင်သူ (ဘောလုံးသမား)မြန်မာကျပ်ငွေလိမ်လည်မှုစေတီပုထိုးများဗိုလ်ချုပ်မှူးကြီးရှစ်လေးလုံးအရေးအခင်းကေ (အက္ခရာ)နှင်းဆီဟံသာဝတီကင်ဂိုအွန်ချင်းပြည်နယ်ကချင်လူမျိုးဟိုက်ဒရိုဂျင်တင်မိုးအချိန်ကိန်းဘီလူးပန်းဆယ်မျိုးရသမြန်မာနိုင်ငံ၏ စီးပွားရေးနီပေါနိုင်ငံကော့ဘိန်းရွာ၊ ကော့ကရိတ်မြို့နယ်အမေရိကန်ပြည်ထောင်စုနေပြည်တော်တိုင်းစစ်ဌာနချုပ်မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး(မန္တလေး)အင်္ဂါဂြိုဟ်လီတာတစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်သင်္ကြန်ချင်းလူမျိုးကိုရီးယားနိုင်ငံဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူခြင်းမြင်းခွာပင်အိုမန်နိုင်ငံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထန်းပင်သေနတ်တစ်ကိုယ်ရည်အာသာဖြေခြင်းအာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံပေကျင်းမြို့အာရုံခြောက်ပါးဒူဘိုင်းမြို့🡆 More