ကာရစ်ဘီယံ ပင်လယ်: ပင်လယ်

ကာရစ်ဘီယံ ပင်လယ် (The Caribbean Sea) ဆိုသည်မှာ အတ္တလန္တိတ် သမုဒ္ဒရာ အတွင်း ရှိသော ပင်လယ် တစ်ခု ဖြစ်သည်။ ထိုပင်လယ်သည် အနောက် ကမ္ဘာခြမ်း၏ အပူပိုင်း ဒေသတွင် တည်ရှိသည်။ နယ်နိမိတ်အဖြစ် အနောက်ဘက်နှင့် အနောက်တောင်ဘက်တွင် မက္ကဆီကိုနိုင်ငံနှင့် အမေရိက အလယ်ပိုင်း၊ မြောက်ဘက်တွင် အန်တေးလ် ကျွန်းကြီးများ (Greater Antilles) နှင့် အရှေ့ဘက်တွင် အန်တေးလ် ကျွန်းငယ်များ တို့ဖြင့် ဝန်းရံလျက် ရှိသည်။

Caribbean Sea
ကာရစ်ဘီယံ ပင်လယ်: ပင်လယ်
ကိုဩဒိနိတ်15°N 75°W / 15°N 75°W / 15; -75 75°W / 15°N 75°W / 15; -75
အမျိုးအစားပင်လယ်
မျက်နှာပြင် ဧရိယာ၂,၇၅၄,၀၀၀ km2 (၁,၀၆၃,၀၀၀ sq mi)
အနက်ဆုံး အနက်အရှိုင်း၇,၆၈၆ m (၂၅,၂၁၇ ft)

ကာရစ်ဘီယံ ပင်လယ်တစ်ခုလုံး၊ အနောက်အင်ဒီရှိ ကျွန်းများနှင့် အနီးအနားရှိ ကမ်းရိုးတန်းများကို အားလုံးစုပေါင်း၍ ကာရစ်ဘီယံဒေသ ဟု ခေါ်ဝေါ်ကြသည်။ ကာရစ်ဘီယံ ပင်လယ်သည် ကမ္ဘာပေါ်တွင် အကြီးဆုံးသော ရေငန်ပင်လယ်များတွင် တစ်ခုအပါအဝင် ဖြစ်ပြီး ဧရိယာစတုရန်း မိုင်ပေါင်း ၁,၀၆၃,၀၀၀ မိုင် ( ၂,၇၅၂,၀၀၀ စတုရန်းကီလိုမီတာ) အကျယ်အဝန်းမျှ ရှိသည်။ ပင်လယ်၏ အနက်ဆုံးနေရာမှာ ကေးမန်း ချောက် (Cayman Trough) နေရာဖြစ်ပြီး ကေးမန်းကျွန်းစုနှင့် ဂျမေကာနိုင်ငံ တို့ ကြားတွင် တည်ရှိကာ ပင်လယ်ရေမျက်နှာပြင်အောက် ၂၅,၂၂၀ ပေ (၇,၆၈၆ မီတာ) မျှ နက်သည်။ ကာရစ်ဘီယံ ပင်လယ်၏ ကမ်းရိုးတန်း တစ်လျှောက်တွင် ပင်လယ်ကွေ့များ ပင်လယ်အော်များ အများအပြား ရှိပြီး ဂိုနေ့ဗ် ရေလက်ကြား၊ ဗင်နီဇွဲလားရေလက်ကြား၊ ဒါရီယန်ရေလက်ကြား၊ ခြင်ရေလက်ကြား သို့ ဂေါ့ဖ်ဖိုဒီလော့စ် မော့စကွီတို၊ ပါရီယာ ရေလက်ကြား၊ ဟွန်ဒူးရပ်စ်ရေလက်ကြား တို့ ပါဝင်သည်။

Tags:

မက္ကဆီကိုနိုင်ငံအတ္တလန္တိတ်သမုဒ္ဒရာ

🔥 Trending searches on Wiki မြန်မာဘာသာ:

ကပ်သရပါတံခါးမြန်မာနိုင်ငံရှိ ပွဲတော်များဆေးခြောက်ပင်ကော့ဘိန်းရွာ၊ ကော့ကရိတ်မြို့နယ်ရှားစောင်းလက်ပတ်ပင်ဆူးပုပ်ကြီးအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တပ်မတော် (ရေ)ကလေးမြို့ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူခြင်းဒူးရင်းသီးချောင်းသာကမ်းခြေသဲအင်းဂူဆရာတော်ဆိုရိုးစကားလောက်ကိုင်မြို့တောက်တဲ့နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ဘုရားသုံးဆူမြို့အရှေ့တောင်အာရှနိုင်ငံများအသင်းရမည်းသင်းမြို့မွန်လူမျိုးအရှေ့တောင်အာရှ ကျွန်းဆွယ်ဒေသသုတ္တန်ပိဋကတ်ကမ္ဘောဒီးယားနိုင်ငံပုဗ္ဗဏှသုတ်ကစစ်တက္ကသိုလ် (ပြင်ဦးလွင်)ခင်ကြည်ဂျာဗား (ပရိုဂရမ်မင်းဘာသာစကား)ပြဇာတ်မင်းတုန်းမင်းပျူမြို့ပြနိုင်ငံများမက္ခရာမင်းသားကြီးပန်ထွာဘုရင်မကာမေသုမိစ္ဆာစာရမင်းပြားမြို့စီးပွားရေးဗဒင်ဖိလစ်ပိုင်နိုင်ငံသောတာပန်မင်းကျင့်တရားအမျိုးသမီးများ၏ အခွင့်အရေးနတ်ပင့်ဂါထာသမ္မတကြီးထံ ပေးစာ (ရုပ်ရှင်)ပြေတီဦးရွှေကုက္ကိုလ်မြိုင်ရွာ၊ မြဝတီမြို့နယ်နဝရတ် ကိုးပါးမြန်မာနိုင်ငံ၏ အစိုးရဌာနဆိုင်ရာ ရာထူး အဆင့်များကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တနင်္သာရီတိုင်းဒေသကြီးရန်ကုန်တက္ကသိုလ်ဝဲကိုရီးယားနိုင်ငံမိကျောင်းဒူဘိုင်းမြို့မြစ်ကြီးနားမြို့နယ်ကလောမြို့ကုန်းဘောင်ခေတ် နာမည်တွက်နည်းဘရူနိုင်းနိုင်ငံလားရှိုးမြို့ငှက်ပျောယဉ်ကျေးမှုအောင်ခြင်း ၈ ပါးလီဆူလူမျိုးအင်္ဂုလိမာလသုတ်အောက်ချင်းငှက်ကျင့်ဝတ်ဝီကီပီးဒီးယားပထမ အင်္ဂလိပ် - မြန်မာစစ်ကျန်စစ်သားအဖြူဆင်းခြင်း🡆 More