ဒိုင်နိုဆော

ဒိုင်နိုဆော ဆိုသည်မှာ အာခိုဆော အမျိုးအစား တွားသွားသတ္တဝါတစ်မျိုးဖြစ်ပြီး မီဆိုဇိုးရစ် ကာလအတွင်းက ကုန်းပေါ်တွင် အများအပြားရှိသော သတ္တဝါမျိုးလည်း ဖြစ်သည်။ ဒိုင်နိုဆောဆိုသော စကားလုံးမှာ ဂရိဘာသာစကားမှ ဆင်းသက်လာပြီး ကြောက်မက်ဖွယ်ရာ ပုတ်သင်ညို (terrible lizard) ဟု အဓိပ္ပာယ်ရသည်။ အင်္ဂလိပ်လူမျိုး ဇီဝဗေဒ ပညာရှင် ရစ်ချက်အိုဝင်က ၁၈၄၂ ခုနှစ်တွင် တီထွင်ခဲ့ခြင်း ဖြစ်သည်။ ဒိုင်နိုဆောများကို လွန်ခဲ့သော နှစ်သန်းပေါင်း ၂၃၀ ခန့် အားပါး ထရိုင်ဆစ်ခေတ်က ကျောက်ဖြစ်ရုပ်ကြွင်းများတွင် တွေ့ရှိရသည်။ ဂျူရက်ဆစ်ခေတ် အစောပိုင်းတွင် သူတို့သည် ကုန်းမြေပေါ်ရှိ ဒေသအများစုတွင် လွှမ်းမိုးလာခဲ့သည်။ သူတို့သည် လွန်ခဲ့သော နှစ်ပေါင်း ၆၅ သန်းခန့်အထိ ရှိလာခဲ့ကြပြီး ရုတ်တရက် မျိုးတုံးပျောက်ကွယ် သွားခဲ့ကြသည်။ ငှက်များသည် သာရိုပေါ့ ဒိုင်နိုဆောများမှ ဆင်းသက်လာကြပြီး ကုန်းမြေပေါ်ရှိ ဒိုင်နိုဆောအားလုံးမှာ မျိုးတုံးပျောက်ကွယ်သွားပြီ ဖြစ်သည်။

ဒိုင်နိုဆောများ (အင်္ဂလိပ်: Dinosaurs)
Temporal range: Late Triassic–Present, 233.23 – 0 Mya (ရုပ်ကြွင်းကာလ အပိုင်းအခြားတွင် ငှက်(Aves)များလည်းပါဝင်သည်)
PreЄ
Є
O
S
D
C
P
T
K
Pg
N
(မှတ်တမ်းများအရ ထရိုင်အတ်စစ် ခေတ်လယ် ဖြစ်နိုင်ချေရှိ)
ဒိုင်နိုဆော
ဒိုင်နိုဆော ရုပ်ကြွင်းအရိုးစု ဓာတ်ပုံများ စုစည်းထားမှု၊ ဝဲ-အပေါ်မှ နာရီလက်တံအတိုင်း : Microraptor gui (a winged theropod), Apatosaurus louisae (a giant sauropod), Edmontosaurus regalis (a duck-billed ornithopod), Triceratops horridus (a horned ceratopsian), Stegosaurus stenops (a plated stegosaur), Pinacosaurus grangeri (an armored ankylosaur)
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
Clade: Dracohors
Clade: Dinosauria
Owen, 1842
ပင်မအုပ်စုများ

ဘူမိအချိန်ဇယား

ကမ္ဘာကြီး၏ ဘူမိအချိန်ဇယားကို ကျောက်ဖြစ်ရုပ်ကြွင်းအထောက်အတားများအရ ရေးဆွဲခဲ့ ကြသည်။ ဘူမိအချိန်ဇယားကို ကပ် (Era) နှင့် ယုဂ် (Period) ဟူ၍ အဆင့်ဆင့်ပိုင်းခြားထားသည်။ ကပ်သည် ဘူမိအချိန်ပိုင်းကြီးများဖြစ်ပြီး၊ သက်ဦးအကြိုကပ် (Precambrian) ၊သက်ဦးကပ် (Paleozoic))၊ သက်လယ်ကပ် (Mesozoic)နှင့် သက်နှောင်းကပ် (Cenozoic) တို့ဖြစ်ကြသည်။ ကပ်ကိုထပ်ဆင့်ခွဲသော် ယုဂ်များရသည်။

သက်ဦးကပ်တွင် ၆ ယုဂ်၊ သက်လယ်ကပ်တွင် ၃ ယုဂ်နှင့် သက်နှောင်းကပ်တွင် ၂ယုဂ်တို့ ပါဝင်ကြသည်။ သက်ဦးအကြိုကပ်တွင် ယုဂ်များကို ထပ်မံခွဲခြားရသေးပေ။ သက်ဦးကပ်၏ အောက်ဆုံးယုဂ်ဖြစ်သော ကမ်ဗရီယန်သည် ကမ်ဗရီယန်ကျောက်လွှာစဉ်များရှိသည့် အင်္ဂလန်ပြည် ရှိဝေလနယ်ကို ရောမလူမျိုးများက ခေါ်သည့်အမည်ဖြစ်သည်။ အော်ဒိုဗီစီယန်နှင့် ဆိုင်လူရီသန် ကျောက်လွှာစဉ်တို့၏ စံကားဒေသသည်လည်း ဝေလနယ်ပင်ဖြစ်သည်။ ဒီဗိုနီယန်ယုဂ်သည် အင်္ဂလန်ပြည်အနောက်တောင်ပိုင်းရှိ ဒီဗိုနီယန်ကျောက်လွှာစဉ်တို့၏ စံထားဒေသဖြစ်သော ဒီဗွန်နယ်ကို အစွဲပြုကာ မှည့်ခေါ်ထားသည်။ ကာဗိုနီဖားရက်သည် ကာဗွန်ကြွယ်ဝသောဟု အဓိပ္ပာယ်ရသည်။ ဥရောပတိုက်အနောက်မြောက်ပိုင်းရှိ ယင်းသက်တမ်းရှိသောကျောက်လွှာစဉ်များ တွင် ကျောက်မီးသွေးလွှာအများအပြားပါဝင်မှုကို ရည်ညွှန်းကာမှည့်ခေါ်ခဲ့သည်။ ပါမီယန်ယုဂ်သည် ပါမီယန်ကျောက်လွှာစဉ်တို့၏ စံထားရာဒေသဖြစ်သော ရုရှားပြည်ပမ်းနယ်ကို အစွဲပြုကာမှည့်ခေါ် ထားသည်။

သက်လယ်ကပ်အောက်ဆုံးရှိ ထရိုင်ယဆစ်ယုဂ်သည် ဂျာမနီပြည်နှင့် ဥရောပတိုက်အနောက် မြောက်ပိုင်းတွင်တွေ့ရသော ထင်ရှားသည့်ကျောက်လွှာကြီး သုံးခု (အနီရောင်သဲကျောက်လွှာ၊ ထုံးကျောက်လွှာနှင့် ယှေလကျောက်လွှာ) ကို ရည်ညွှန်းကာမှည့်ခေါ်ခဲ့သည်။ ဂျူရက်ဆစ်ယုဂ်သည် ဥရောပတိုက် အလယ်ပိုင်းရှိ ဂျူရာတောင်တန်းတွင် ပေါ်ထွက်နေသောကျောက်လွှာစဉ်တို့ကို အစွဲပြုကာမှည့် ခေါ်ထားသည်။ ခရီ‌တေးရှက်ယုဂ်သည် လက်တင်စကား ခရိ (မြေဖြူ) မှ ဆင်းသက် လာသည်။ မြေဖြူ (ထုံးကျောက်ဖြူ) လွှာများ ပေါများမှုကို ရည်ညွှန်းထားသည်။ သက်နှောင်းကပ်ရှိ တာရှရီယုဂ်ကို တတိယယုဂ်ဟူ၍လည်းကောင်း ကွာတာနရီယုဂ်ကို စတုတ္ထယုဂ်ဟူ၍လည်းကောင်း ခေါ်ဆိုကြသည်။

ဒိုင်နိုဆောများသည် ဘူမိဗေဒ သက်တမ်းအရ Triassic Period (ထရိုင်ယဆစ်ယုဂ်)အတွင်း လွန်ခဲ့သောနှစ်သန်းပေါင်း ၂၂၅ သန်းက ပြောင်းလဲ ဖြစ်ပေါ်လာခဲ့ကြခြင်း ဖြစ်သည်။ အချို့သော သတ္တဝါများသည် ကြက်တစ်ကောင်၏ အရွယ်အစားခန့်သာ ရှိကြ၏။ အချို့သော သတ္တဝါများကမူ ကမ္ဘာပေါ်၌ ရှိခဲ့ဖူးသော အရွယ်အစား အကြီးဆုံး သတ္တဝါများ ဖြစ်ခဲ့ကြ၏။ ၎င်းတို့သည် ကမ္ဘာမြေကြီးပေါ်တွင် Jurassic Period (ဂျူရက်ဆစ်ယုဂ်)တစ်လျှောက်လုံးနှင့် Cretaceous Period (ခရီးတေးရှတ်ယုဂ်)ကုန်ဆုံးသည်အထိ လှည့် လည်သွားလာနေခဲ့ကြ၏။ ထရိုင်ယဆစ်ယုဂ်၊ ဂျူရက်ဆစ်ယုဂ်နှင့် ခရီးတေးရှတ်ယုဂ်တို့ကိုတွားသွားသတ္တဝါများခေတ် ဟု သတ်မှတ်ထားကြ၏။ ဒိုင်နိုဆောများသည် ယခုခေတ်တွင် ပျောက်ကွယ်သွားပြီဖြစ် ပြီးအင်တာနက်ပေါ်တွင် တွေ့ရသည့် ဒိုင်နိုဆောတချို့သည် အတုများသာ ဖြစ်သည်။ အရမ်းတော်ကြတဲ့ သိပ္ပံပညာရှင်များသည် ဒိုင်နိုဆောများကို ပြန်လည်ခေါ်ဆိုရန် ကြိုးပမ်းနေကြသည် ဖြစ်သည်။ နောက် ရာစုနှစ်အတွင်း ဒိုင်နိုဆောများသည် မြေပြင်ပေါ်၌ ပြန်လည်ပေါ်ပေါက်လာနိုင်ပြီး ဒိုင်နိုဆောများကို လူသားများက မွေးမြူနိုင် မည်ဖြစ်သည်။

ခန္ဓာဗေဒ

ဒိုင်နိုဆောသည် အာခိုဆောမျိုးနွယ်တစ်ခုဖြစ်သည်။ ပုတ်သင်၏ ဘေးသို့ကားထွက်သည့် ခြေထောက်မျိုးကို ဒိုင်နိုဆော၌ မတွေ့ရပေ။ ဒိုင်နိုဆော၌ ပေါင်ရိုး၏ ပုံသဏ္ဌာန်ပြောင်းလဲသွားသည်။ ပေါင်ရိုးသည် တင်ပါးအရိုးနှင့် ထောင့်မှန်ချိတ်ဆက်ထားသဖြင့် မတ်မတ် လမ်းလျှောက်နိုင်သည်။ မိကျောင်းခြေထောက်များသည်လည်း မတ်မတ်လျှောက်နိုင်သော်လည်း ပေါင်ရိုးသည် တင်ပါးအရိုးအောက် တည့်တည့်မှ ချိတ်ဆက်ခြင်းဖြင့် တိုင်လုံးကဲ့သို့ ထောက်ပံ့ထားခြင်းသာ ဖြစ်သည်။ ဒိုင်နိုဆောသည် အထက်တွင် ဖော်ပြသကဲ့သို့ မတ်မတ် လမ်းလျှောက်နိုင်သည့်အပြင် နောက်ခြေတို့ကို ပိုမိုအားပြုလာသည်။ ထို့ကြောင့် ခြေထောက်သည် မတ်မတ်လမ်းလျှောက်ရုံသာမက ခြေနှစ်ချောင်းဖြင့် မတ်တပ် လည်း လျှောက်ပေသည်။ ရရှိလာသော သွက်လက်ဖျတ်လတ်သည့် လှုပ်ရှားနိုင်စွမ်းသည် ဒိုင်နိုဆောတို့ အောင်မြင်ရခြင်း၏ သော့ချက်တစ်ခုဖြစ်ပေသည်။

မျိုးကွဲများ

တင်ပါးရိုး တည်ဆောက်ပုံအရ အဆိုပါ ရှေ့ပြေးဒိုင်နိုဆောတို့မှ ဆော်ရစ်ချီးယား (Saurischia) နှင့် အော်နီသစ်ချီးယား (Ornithischia) ဟူ၍ အထင်ကရ အုပ်စုနှစ်ခု ကွဲထွက်လာခဲ့သည်။ ဆော်ရစ်ချီးယားသည် နဂိုတွားသွားသတ္တဝါတို့၏ တင်ပါးရိုး တည်ဆောက်ပုံကို ထိန်းသိမ်းထားသည်။ ၎င်းတို့၏ ဆီးစပ်ရိုးသည် ရှေ့ဖက်သို့ လှည့်နေသည်။ အော်နီသစ်ချီးယား၌ ဆီးစပ်ရိုးသည် အောက်ဘက်နှင့် အနောက်ဘက်သို့ လှည့်နေပြီး တင်ပါးခွက်ရိုးနှင့် အပြိုင်ဖြစ်နေကြသည်။

ဆော်ရစ်ချီးယားမျိုးနွယ်များ

ဆော်ရစ်ချီးယားမျိုးနွယ်၌ အသားစားသီရိုပေါ့ (Theropod) နှင့် အရွက်စားဆော်ရိုပေါ့ (Sauropod) တို့ပါဝင်ကြသည်။ သီရိုပေါ့သည် ခြေနှစ်ချောင်းထောက် သားရဲဒိုင်နိုဆောဖြစ်သည်။ အရိုးငြမ်း၌ အခေါင်းပေါက်များဖြင့် ပေါ့ပါးသည့် ခန္ဓာတည်ဆောက်ပုံ ရှိသော ဆီလိုဖိုင်ဆစ် (Coelophysis) နှင့် အမောက်တစ်ခုရှိပြီး အရွယ်ပိုကြီးသော ဒိုင်လိုဖိုဆော (Dilophosaur) တို့သည် ထရိုင်ယဆစ်ယုဂ်၏ အဓိကကျသော သီရိုပေါ့များ ဖြစ်၏။ သီရိုပေါ့မျိုးနွယ်တို့တွင် ထင်ရှားလှသည့် တယ်ရန်နိုဆောရပ်တို့သည် ၄၆ပေခန့် ရှည်လျှားပြီး ပေ၂၀ ခန့်အမြင့်ရှိသည်။

ဆောရိုပေါ့သည် အရွက်စားသည့် ဒိုင်နိုဆောများဖြစ်ကြသည်။ ၎င်းတို့သည် ခြေနှစ်ချောင်းထောက်နိုင်သော်လည်း ခြေလေးချောင်းထောက်၍လည်း သွားနိုင်သည်။ အရွက်စားရန်အတွက် မတူညီသည့် ဆီလျော်ပြောင်းလဲမှုများ ပေါ်ပေါက်ခဲ့သည်။ အစာအိမ်သည် ပါးစပ်ကိုယ်စား အစာချေပေးသည့် ပြောင်းလဲမှုများ ဖြစ်လာသည်။ အစာကြေရန်အတွက် ကျောက်ခဲမျိုချသည့် အကျင့်ရှိသည်။ ဤအစာအိမ်ကျောက်ခဲ (Gastrolith) သုံးစွဲမှုကို ယနေ့ခေတ် တွားသွားသတ္တဝါ၊ အပင်စား ငှက် နှင့် ဖျံအချို့တွင် တွေ့ရနိုင်သေး၏။

အော်နီသစ်ချီယန်မျိုးနွယ်များ

အော်နီသစ်ချီယန်မျိုးနွယ်သည် ခြေနှစ်ချောင်းထောက် အရွက်စားသတ္တဝါများဖြစ်သည်။ ဥပမာအားဖြင့် ထရိုင်ယဆစ်ယုဂ်နှောင်းပိုင်းတွင် နေထိုင်သည့် အော်နီသစ်ချီယန်တို့မှာ ဟက်ထရိုဒွန်တိုဆော (Heterodontosaur) ဖြစ်သည်။ ဟက်ထရိုဒွန်တိုဆော၌ အခြားတွားသွားသတ္တဝါများနှင့် မတူပဲ သွားသုံးမျိုးရှိသည်။ နှုတ်သီးနှင့် ကပ်လျက်ရှိသည့် သွားတစ်စုံမှာ ကိုက်ဖြတ်သွား(Incisor) မျိုးဖြစ်သည်။ အသားကိုက်ဖြတ်ရန် သင့်လျော်သည်။ အံဆုံးဖက်၌ ပြားပြီးထုထည်ရှိသည့် အံသွား (Molar) တို့ရှိကြသည်။ ၎င်းကမူ အရွက်ကိုကြိတ်ဝါးရန် အသုံးဝင်သည်။ နောက်ဆုံး သွားမျိုးမှာ ကိုက်ဖြတ်သွားစုံ၏ အနောက်ဘက်တွင် ရှိသည့် အစွယ်တစ်စုံဖြစ်သည်။ မိတ်ဖက်ရှာရန်၊ သားရဲတို့ကိုခြောက်လှန့်ရန်ဖြစ်နိုင်သည်။ တဖန်ကိုက်ဖြတ်သွားနှင့် အံသွားနှစ်မျိုး လုံးရှိနေ၍ အစုံစားကောင်ဟုလည်း သတ်မှတ်နိုင်ပေရာ အစွယ်သည် အမဲလိုက်ရာတွင် အသုံးဝင်ကောင်း ဝင်ပေမည်။

သိပ္ပံဆိုင်ရာယူဆချက်များ

၁၉၂၅ တွင် မွန်ဂိုးလီးယား၌ ဒိုင်နိုဆောဥများကို ကျောက်ဖြစ်ရုပ်ကြွင်းအနေဖြင့် တူးဖော်ရရှိသည်။ ထို့ကြောင့် ဒိုင်နိုဆောတို့သည် ဥဥ သောသတ္တဝါများဖြစ်သည်ဟု လက်ခံထားကြသည်။ ဒိုင်နိုဆောတို့သည် မည်သည့်အရောင်များဖြစ်သည်ကို သိပ္ပံပညာရှင်များ မရှာဖွေနိုင်ကြသေးပေ။ သိပ္ပံဇာတ်လမ်းများတွင်ပြသထားသော ဒိုင်နိုဆောတို့၏ ပုံပန်းသဏ္ဍန်များမှာ ကျောက်ဖြစ်ရုပ်ကြွင်း ဖွဲ့စည်းပုံများကို အခြေခံ၍ဖန်တီးထားကြခြင်းဖြစ်သည်။ ဒိုင်နိုဆောမျိုးနွယ်တို့၏ ခန့်မှန်းပုံသဏ္ဍန်များမှာ ရှာဖွေတွေ့ရှိမူ့ အသစ်များပေါ်မူတည်၍ အချိန်နှင့်အမျှ ပြောင်းလဲနေသည်။ ဥပမာ - ဗလော်ဆီရပ်တာခေါ် ဒိုင်နိုဆောမျိုးကို ယခင်က ပုတ်သင်ကဲ့သို့ အရေခွံရှိသည်ဟုယူဆခဲ့ကြသော်လည်း လေ့လာတွေ့ရှိချက် အသစ်များအရ ၎င်းသည် ငှက်များကဲ့သို့ အမွေးအတောင်များပါရှိသည်ဟု ပြောင်းလဲ လက်ခံထားကြသည်။

မျက်မှောက်ခေတ် ဒိုင်နိုဆောများ

ဒိုင်နိုဆောမျိုးနွယ်အများစုသည် လူများမပေါ်မှီခေတ်ကပင် ပျောက်ကွယ်သွားကြပြီဖြစ်သည်။ ကျန်ရှိသော အချို့မျိုးနွယ်တို့မှာ ငှက်များအဖြစ် ဆင့်ကဲပြောင်းလဲလာကြသည်။ သိပ္ပံပညာရှင်တို့သည် မျိုးတုန်းသွားပြီဖြစ်သော ဒိုင်နိုဆောများကို DNA နည်းပညာဖြင့် ပြန်လည်မွေးထုတ်နိုင်စေရန်ကြိုးပမ်းနေကြသည်။ ထို့ကြောင့် မကြာတော့သော အချိန်ကာလတွင် ကမ္ဘာပေါ်၌ ဒိုင်နိုဆောတို့ကို ပြန်လည်မြင်တွေ့ရဖွယ် ရှိသည်။

ကိုးကား

Tags:

ဒိုင်နိုဆော ဘူမိအချိန်ဇယားဒိုင်နိုဆော ခန္ဓာဗေဒဒိုင်နိုဆော မျိုးကွဲများဒိုင်နိုဆော သိပ္ပံဆိုင်ရာယူဆချက်များဒိုင်နိုဆော မျက်မှောက်ခေတ် များဒိုင်နိုဆော ကိုးကားဒိုင်နိုဆောကျောက်ဖြစ်ရုပ်ကြွင်းဂရိဘာသာစကားတွားသွားသတ္တဝါ

🔥 Trending searches on Wiki မြန်မာဘာသာ:

ကြယ်အော်ကာမောရသုတ်ကမ္ဘောဒီးယားနိုင်ငံနတ်အီတလီနိုင်ငံဆူခွိုင်း ၃၀ပညာဒူးရင်းသီးမက္ခရာမင်းသားကြီးရာသီခွင်ဇနက္ကဇာတ်တော်ဓမ္မစကြာသုတ္တန်ဦးသန့်နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဟန်လင်းမြို့ဟောင်းဗမာပြည် ကွန်မြူနစ်ပါတီချင်းမိုင်မြို့မင်းတုန်းမင်းခင်ပွန်းကြီးဆယ်ပါးမြန်မာနိုင်ငံ သစ်တောများမြန်မာနိုင်ငံ၏ အလံများ စာရင်းမြန်မာ့ ရုပ်ရှင် ထူးချွန်ဆုသင်္ဂဟ၊ ဘွဲ့၊ တံဆိပ်၊Minecraftဘန်ကောက်မြို့ကော့ကရိတ်မြို့နိဝရဏတရားငါးပါးဒုက္ခယပ်ကျော်ဟိန်းအနာကြီးရောဂါဓာတ်တူနံတူ ဆေးကိုယူ၊ နံတူသတ်က အသေရဂဠုန်ဦးစောနယ်ခြားစောင့်တပ်ဖွဲ့ကြောင် (တိရစ္ဆာန်)ဦးပုညမြန်မာစာစတင်ဖြစ်ပေါ်လာပုံဝိနည်းမိုးဟေကိုပင်းယ-စစ်ကိုင်းခေတ်မြန်မာစာပေသစ်လုပ်ငန်းနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနေပြည်တော်ကောင်စီကျွန်မက မဟေသီ (ရုပ်သံဇာတ်လမ်းတွဲ)ကမ္ဘာကြီး ပူနွေးလာမှုမိုးလေဝသကျိုက်ထီးရိုးဘုရားအမှတ်(၁၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တရုတ်သမိုင်းနယူတန်သာသနာတော်ငန်းမြွေစင်ကာပူနိုင်ငံဝါကျချင်းလူမျိုးတန်ခူးလ၃၁-ဘုံဖေ့စ်ဘွတ်ခ်ပျူမြို့ပြနိုင်ငံများကုန်းဘောင်မင်းဆက်သရသစ်တောပဋ္ဌာန်းဖြူးမြို့ခွေးတောက်ပင်ပအိုဝ်းလူမျိုးသမ္ဗုဒ္ဓေမြန်မာ့ပြည်တွင်းပဋိပက္ခများဒုက္ခသစ္စာမဟာသမယသုတ်🡆 More