ဒုက္ခ

(၁) ဆင်းရဲ၊ ဆင်းရဲခြင်း၊ ဆင်းရဲမှု (ကြိ၊ ဝိ—ဆင်းရဲစွာ, ဆင်းဆင်းရဲရဲ)၊

  • (က) ကိုယ်ဆင်းရဲမှု = ကာယိကဒုက္ခ။
  • (ခ) စိတ်ဆင်းရဲမှု = စေတသိကဒုက္ခ။
  • (ဂ) ကိလေသာ (ကြောင့်ဖြစ်သော) ဆင်းရဲ။
  • (ဃ) သံသရာ (၌ ဖြစ်သော) ဆင်းရဲ။
  • (င) ခန္ဓာဆင်းရဲ (ဇာတိဒုက္ခ-စသည်)။
  • (စ) အပါယ်–ဒုဂ္ဂတိ-ဆင်းရဲ (ငရဲ၌ ခံစားရခြင်း-စသည်)။
  • (ဆ) (ကမ္မ, ကိလေသ, ဝိပါက) ဝဋ်ဆင်းရဲ။
  • (ဇ) သီလ စောင့်ထိန်း ရခြင်း ဆင်းရဲ။
  • (၂) ဒုက္ခဝေဒနာ။
  • (၃) ညှဉ်းဆဲ–နှိပ်စက်-ခြင်း ဆင်းရဲ။
  • (၄) ဒုက္ခသစ္စာ (တဏှာမှတစ်ပါးသော တေဘူမကတရား)။ (တိ)
  • (၅) ဆင်းရဲ-ငြိုငြင်-ပင်ပန်း-ကျင်နာ-သော။
  • (၆) ဒုက္ခ၏-တည်ရာ-အကြောင်း။
  • (၇) ဒုက္ခ၏ အာရုံ (မကောင်းသော အနိဋ္ဌာရုံ)။
  • (၈) ဒုက္ခ၏ ဇနက အကြောင်း။
  • (၉) ဒုက္ခ၏ အကြောင်းဖြစ်သော အရပ်၊ ဒုက္ခ၏ ဥပတ္ထမ္ဘက အကြောင်းဖြစ်သော အနိဋ္ဌာရုံတို့၏ တည်ရာ-အရပ်။
  • (၁၀) ဒုက္ခ အစု အပေါင်း။
  • (၁၁) အလိုမရှိအပ်သော။
  • (၁၂) ဆင်းရဲစေတတ်သော၊ ဆင်းရဲ-ကို-အောင်-ပြုတတ်သော၊ ညှဉ်းဆဲ-နှိပ်စက်-တတ်သော။
  • (၁၃) မကောင်းသဖြင့် ခဲစားတတ်သော။
  • (၁၄) မကောင်းသဖြင့်- တူးဖြို-ဖျက်ဆီး-တတ်သော။
  • (၁၅) ပြုနိုင်ခဲသော အခွင့်ပေးခြင်း ရှိရာဖြစ်သော။
  • (၁၆) ၂-ပါးသော-အပြား-အဖွဲ့-အားဖြင့်-တူးဖြို-ဖျက်ဆီး–တတ်သော။
  • (၁၇) ဆင်းရဲသဖြင့် သည်းခံအပ်သော၊ သည်းခံခြင်းငှါ ခဲယဉ်းသော၊ သည်းခံနိုင်ခဲသော။
  • (၁၈) ပြုနိုင်ခဲသော သည်းခံရခြင်း ရှိသော။
  • (၁၉) ခါးစပ်သော၊ ခါးစပ်သော အရသာနှင့် တူသော။
  • (၂၀) ကဲ့ရဲ့-စက်ဆုပ်–အပ်သည်ဖြစ်၍ အချည်းနှီးသော၊ (ကောင်းကင် ကဲ့သို့) အချည်းနှီးဖြစ်၍ ~ ကဲ့ရဲ့-စက်ဆုပ်-အပ်သော။
  • (၂၁) ကြောက်ဖွယ်အာရုံ–ဘေး–ရှိသော။
  • (၂၂) မနှစ်သက်အပ်သော။
  • (၂၃) မသာယာအပ်သော၊ သာယာဖွယ်မရှိသော။

ဒုက္ခ၏ လက္ခဏာစသည်

ယင်း-ဒုက္ခသည်— ပြင်းထန်စွာ ပူပန်စေခြင်း, သည်းခံနိုင်ခဲခြင်း, ဆင်းရဲမှု၏ တည်ရာ အကြောင်းဖြစ်ခြင်း, ချမ်းသာမှုကို ပယ်စွန့်ခြင်း သဘောပင် ဖြစ်၏

အနိဋ္ဌာရုံ “အနိဋ္ဌ ဖောဋ္ဌဗ္ဗာရုံ”ကို ခံစားခြင်း သဘော လက္ခဏာရှိ၏

ယင်း-ဒုက္ခဖြစ်ခြင်း၏ အကြောင်းရင်းမှာ တဏှာ “တဏှာဆန္ဒ” ဥပဓိ ၁၀-ပါး ဖြစ်၏။

ဒုက္ခမှ လွတ်မြောက်နိုင်ကြောင်းတရားကား အရိယမဂ် “မဂ္ဂသစ္စာ” ဖြစ်၏

ဒုက္ခကို ကြောက်လျှင် မျက်မှောက် မျက်ကွယ် မကောင်းမှု မပြုရ, ရှောင်ကြဉ်ရမည်

ဒုက္ခမှ လွတ်မြောက်အောင် ပဋိစ္စသမုပ္ပါဒ်ကို ဆင်ခြင်သုံးသပ် ပွါးများရာ၏

ယင်း-ဒုက္ခသည်–သံသရာ၏ မပြတ်ဖြစ်ခြင်းသဘောအားဖြင့် ၁-ပါးသာ အဖို့ရှိ၏၊ နာမ်-ရုပ်-အားဖြင့် ၂-ပါး, ကာမ-ရူပ အရူပ-ဟူသော ဥပပတ္တိဘဝအားဖြင့်၃-ပါး, ကဗဠီကာရ-ဖဿ-မနောသဉ္စေတနာ-ဝိညာဏ ဟူသော အာဟာရအားဖြင့် ၄-ပါး, ရုပ်-ဝေဒနာ-သညာ-သင်္ခါရ-ဝိညာဉ်ဟူသော ဥပါဒါနက္ခန္ဓာအားဖြင့် ၅-ပါးရှိ၏

မိန်းမများသာ သီးခြား ခံစားရသော “အာဝေဏိက” ဒုက္ခ

  • (၁) အသက်အရွယ် ငယ်စဉ်ကပင် လင့်အိမ်သို့ လိုက်သွား ရခြင်း ဆင်းရဲ,
  • (၂) တလလျှင် တစ်ကြိမ်ကျ ဥတု “ရာသီသွေး” လာရခြင်း ဆင်းရဲ,
  • (၃) ကိုယ်ဝန်လွယ်ရခြင်း ဆင်းရဲ,
  • (၄) သားဖွား ရခြင်းဆင်းရဲ,
  • (၅) လင်ယောက်ျား၏အလုပ် အကျွေး ဖြစ်ရခြင်း ဆင်းရဲအားဖြင့် ၅-ပါး ရှိ၏ ။

ဒုက္ခ ၂-ပါး

  • (၁) ကိုယ်၌ဖြစ်သော “ဝိပါက်” ဆင်းရဲ = ကာယိက “ဝိပါက” ဒုက္ခ,
  • (၂) စိတ်၌ ဖြစ်သော “ဝိပါက်”ဆင်းရဲ = စေတသိက “ဝိပါက” ဒုက္ခ-အားဖြင့် ၂-ပါး ။


  • (၁) ရှာမှီးရခြင်းလျှင် အကြောင်းရင်း ရှိသော ဆင်းရဲ = ပရိယေဋ္ဌိမူလကဒုက္ခ,
  • (၂) ပဋိသန္ဓေနေရ ခြင်းလျှင် အကြောင်းရင်းရှိသော ဆင်းရဲ = ပဋိသန္ဓိမူလကဒုက္ခ-အားဖြင့် ၂-ပါး ။

ဒုက္ခ ၃-ပါး

  • (၁) ဒုက္ခစစ်အဖြစ်ဖြင့် “ကိုယ်, စိတ်၌ ဖြစ်သော ဒုက္ခဝေဒနာ”ဟူသော = ဒုက္ခ ဒုက္ခ,
  • (၂) ပြုပြင်အပ်သည်၏ အဖြစ်ဖြင့် ဆင်းရဲခြင်း “ဥပေက္ခာဝေဒနာနှင့် တေဘူမကသင်္ခါရ”ဟူသော = သင်္ခါရဒုက္ခ,
  • (၃) ဖောက်ပြန်စေအပ်သည်၏ အဖြစ်ဖြင့် ဆင်းရဲ ခြင်း“သုခဝေဒနာ”ဟူသော = ဝိပရိဏာမဒုက္ခ-အားဖြင့် ၃-ပါး

ဒုက္ခ ၇-ပါး

  • (၁) ဒုက္ခ ဒုက္ခ,
  • (၂) ဝိပရိဏာမဒုက္ခ,
  • (၃) သင်္ခါရဒုက္ခ,
  • (၄) ဖုံးလွှမ်းအပ် “မထင်ရှားသော ဆင်းရဲ = ပဋိစ္ဆန္န “အပါကဋ” ဒုက္ခ,
  • (၅) မဖုံးလွှမ်းအပ် “ထင်ရှား”သော ဆင်းရဲ = အပ္ပဋိစ္ဆန္န “ပါကဋ”ဒုက္ခ,
  • (၆) မိမိသဘောကို လွှတ်၍ အပြား အထူးဖြင့် ဒုက္ခ-ဟူ၍ ခေါ်ဆိုအပ်သော ဆင်းရဲ = ပရိယာယဒုက္ခ,
  • (၇) ပရိယာယ်မဟုတ် မုချဖြစ်သော ဆင်းရဲ = နိပ္ပရိယာယဒုက္ခ-ဟူ၍ ၇-ပါး


  • (၁) အမိဝမ်းတိုက်သို့ သက်ဝင်ရခြင်းလျှင် အကြောင်း ရင်းရှိသောဆင်းရဲ = ဂဗ္ဘောက္ကန္တိမူလကဒုက္ခ,
  • (၂) ကိုယ်ဝန်ကို ဆောင်ရခြင်းလျှင် အကြောင်းရင်း ရှိသော ဆင်းရဲ = ဂဗ္ဘပရိဟရဏမူလကဒုက္ခ,
  • (၃) ကိုယ်ဝန်ပျက်ခြင်းလျှင် အကြောင်းရင်းရှိသော ဆင်းရဲ = ဂဗ္ဘဝိပတ္တိမူလကဒုက္ခ,
  • (၄) ဖွားရခြင်းလျှင် အကြောင်းရင်းရှိသော ဆင်းရဲ = ဝိဇာယနမူလကဒုက္ခ,
  • (၅) အမိဝမ်းမှ အပြင်ဖက်သို့ ထွက်ရခြင်းလျှင် အကြောင်းရင်း ရှိသော ဆင်းရဲ = ဗဟိနိက္ခမနမူလကဒုက္ခ,
  • (၆) မိမိ လုံ့လလျှင် အကြောင်းရင်းရှိသော ဆင်းရဲ = အတ္တူပက္ကမမူလကဒုက္ခ,
  • (၇) သူတစ်ပါးလုံ့လလျှင် အကြောင်းရင်းရှိသော ဆင်းရဲ = ပရူပက္ကမမူလကဒုက္ခ-ဟူ၍ ၇-ပါး

ဒုက္ခ ၁၂-ပါး

  • (၁) ပဋိသန္ဓေနေရခြင်း ဆင်းရဲ = ဇာတိဒုက္ခ,
  • (၂) အိုရခြင်းဆင်းရဲ = ဇရာဒုက္ခ,
  • (၃) သေရခြင်းဆင်းရဲ = မရဏဒုက္ခ,
  • (၄) ဖျားနာ ရခြင်းဆင်းရဲ = ဗျာဓိဒုက္ခ, သို့မဟုတ် စိုးရိမ် ပူဆွေးခြင်း ငိုကြွေး မြည်တမ်းခြင်း, ကိုယ်ဆင်းရဲခြင်း, စိတ်ဆင်းရဲခြင်း, ပြင်းစွာပင် ပန်းခြင်း ဆင်းရဲ = သောကပရိဒေဝဒုက္ခဒေါမနဿုပါယာသဒုက္ခ,
  • (၅) မုန်းသော သတ္တဝါ သင်္ခါရတို့နှင့် အတူနေရခြင်းဆင်းရဲ = အပ္ပိယေဟိ သမ္ပယောဂဒုက္ခ,
  • (၆) ချစ်သော သတ္တဝါ, သင်္ခါရတို့နှင့် အတူမနေ ခွဲနေရခြင်း ဆင်းရဲ = ပိယေဟိ ဝိပ္ပယောဂဒုက္ခ,
  • (၇) လိုချင်တာမရခြင်း ဆင်းရဲ = ဣစ္ဆိတာလာဘဒုက္ခ,
  • (၈) , (၉) , (၁၀) (၁၁), (၁၂) ဥပါဒါနက္ခန္ဓာ ၅-ပါးနှင့် စပ်သော ဆင်းရဲ = ပဉ္စုပါဒါနက္ခန္ဓဒုက္ခ-ဟူ၍ ၁၂-ပါး

ဒုက္ခ ၆၇-ပါး

  • (၁) ဇာတိဒုက္ခ,
  • (၂) ဇရာဒုက္ခ,
  • (၃) ဗျာဓိဒုက္ခ,
  • (၄) မရဏဒုက္ခ,
  • (၅) သောကဒုက္ခ,
  • (၆) ပရိဒေဝဒုက္ခ,
  • (၇) ကိုယ်ဆင်းရဲခြင်း ဆင်းရဲ = ဒုက္ခ ဒုက္ခ,
  • (၈) စိတ်ဆင်းရဲခြင်း ဆင်းရဲ = ဒေါမနဿဒုက္ခ,
  • (၉) ပြင်းစွာ ပင်ပန်းခြင်း ဆင်းရဲ = ဥပါယာသဒုက္ခ,
  • (၁၀) အပ္ပိယေဟိ သမ္ပယောဂဒုက္ခ,
  • (၁၁) ပိယေဟိ ဝိပ္ပယောဂဒုက္ခ,
  • (၁၂) အမိသေခြင်း ဆင်းရဲ = မာတုမရဏဒုက္ခ,
  • (၁၃) အဘသေခြင်း ဆင်းရဲ = ပိတုမရဏဒုက္ခ,
  • (၁၄) အစ်ကို-ညီ-မောင်ကြီး-မောင်ငယ်–သေခြင်း ဆင်းရဲ = ဘာတုမရဏဒုက္ခ,
  • (၁၅) အစ်မ-နှမ ညီမ–သေခြင်း ဆင်းရဲ = ဘဂိနိမရဏဒုက္ခ,
  • (၁၆) သား-သ္မီး-သေခြင်း ဆင်းရဲ = ပုတ္တမရဏဒုက္ခ,
  • (၁၇) မယားသေခြင်း ဆင်းရဲ = ဒါရမရဏ ဒုက္ခ,
  • (၁၈) ကျေးကျွန် သေခြင်း ဆင်းရဲ = ဒါသမရဏဒုက္ခ,
  • (၁၉) ဆွေမျိုး သေခြင်း ဆင်းရဲ = ဉာတိမရဏဒုက္ခ,
  • (၂၀) ဆွေမျိုးတို့၏ ပျက်စီးခြင်း ဆင်းရဲ = ဉာတိဗျသနဒုက္ခ,
  • (၂၁) အာရောဂျဂုဏ်ကို ဖျက်ဆီးတတ်သော ရောဂါဆင်းရဲ = ရောဂဗျသန ဒုက္ခ,
  • (၂၂) စည်းစိမ်ဥစ္စာ ပျက်စီးခြင်း ဆင်းရဲ-ဘောဂဗျသနဒုက္ခ,
  • (၂၃) အကျင့် သီလပျက်စီးခြင်း ဆင်းရဲ = သီလဗျသနဒုက္ခ,
  • (၂၄) အယူမှားယွင်း ပျက်စီးခြင်းဆင်းရဲ = = ဒိဋ္ဌိဗျသနဒုက္ခ,
  • (၂၅) မင်းဘေးဆင်းရဲ = ရာဇဘယဒုက္ခ,
  • (၂၆) ခိုးသူဘေးဆင်းရဲ = စောရဘယဒုက္ခ,
  • (၂၇) ရန်သူဘေးဆင်းရဲ = ဝေရိဘယဒုက္ခ,
  • (၂၈) ငတ်မွတ်ခြင်းဘေး ဆင်းရဲ = ဒုဗ္ဘိက္ခဘယဒုက္ခ,
  • (၂၉) မီးလောင်ခြင်းဘေးဆင်းရဲ = အဂ္ဂိဘယဒုက္ခ,
  • (၃၀) ရေနစ်မျောခြင်းဘေး ဆင်းရဲ = ဥဒကဘယ ဒုက္ခ,
  • (၃၁) လှိုင်းတံပိုးဘေး ဆင်းရဲ = ဦမိဘယဒုက္ခ,
  • (၃၂) ရေဝဲစုတ်ခြင်းဘေး ဆင်းရဲ = အာဝဋ္ဋဘယဒုက္ခ,
  • (၃၃) မိကျောင်းဘေး ဆင်းရဲ = ကုမ္ဘီလဘယဒုက္ခ,
  • (၃၄) ငါးမန်း-ငါးရဲ-လပိုင်-ဘေး ဆင်းရဲ = သုသုကာဘယ ဒုက္ခ,
  • (၃၅) မိမိကို မိမိစွပ်စွဲခြင်းဘေးဆင်းရဲ = အတ္တာနုဝါဒဘယဒုက္ခ,
  • (၃၆) မိမိကို သူတစ်ပါးက စွပ်စွဲခြင်းဘေး ဆင်းရဲ = ပရာနုဝါဒဘယဒုက္ခ,
  • (၃၇) လက်နက်ဒဏ်-ဥစ္စာဒဏ်-ထားခြင်းဘေး ဆင်းရဲ = ဒဏ္ဍဘယဒုက္ခ,
  • (၃၈) မကောင်းသော လားရာဂတိဘေး ဆင်းရဲ = ဒုဂ္ဂတိဘယဒုက္ခ,
  • (၃၉) ပရိသတ်ကို ကြောက်ရွံ့ခြင်းဘေး ဆင်းရဲ = ပရိသသာ ရဇ္ဇဘယဒုက္ခ,
  • (၄၀)သူတစ်ပါးကိုမှီ၍ အသက် မွေးရခြင်းဘေး ဆင်းရဲ = အာဇီဝကဘယဒုက္ခ,
  • (၄၁) သေရခြင်း ဘေးဆင်းရဲ = မရဏ ဘယဒုက္ခ,
  • (၄၂) ဆူးမရှိသော ကြိမ်လုံးတို့ဖြင့် ရိုက်နှက်ခံရခြင်း ဆင်းရဲ = ဝေတ္တတာဠနဒုက္ခ,
  • (၄၃) ဆူးရှိသော ကြိမ်လုံးတို့ဖြင့် ရိုက်နှက်ခံရခြင်းဆင်းရဲ = ကသာတာဠနဒုက္ခ,
  • (၄၄) ၄-တောင် ထက်ဝက်–၂ တောင်—ရှိသောတုတ်တို့ဖြင့် ရိုက်နှက်ခံရခြင်း ဆင်းရဲ = အဒ္ဓဒဏ္ဍကတာဠနဒုက္ခ,
  • (၄၅) လက်ဖြတ်ခံရခြင်းဆင်းရဲ = ဟတ္ထစ္ဆေဒနဒုက္ခ,
  • (၄၆) ခြေဖြတ်ခံရခြင်း ဆင်းရဲ = ပါဒစ္ဆေဒနဒုက္ခ,
  • (၄၇) လက် ခြေ အဖြတ်ခံရခြင်း ဆင်းရဲ = ဟတ္ထပါဒစ္ဆေဒနဒုက္ခ,
  • (၄၈) နားရွက်အဖြတ် ခံရခြင်း ဆင်းရဲ = ကဏ္ဏစ္ဆေဒနဒုက္ခ,
  • (၄၉) နှာခေါင်း အဖြတ်ခံရခြင်း ဆင်းရဲ = နာသစ္ဆေဒနဒုက္ခ,
  • (၅၀) နားရွက်, နှာခေါင်း အဖြတ်ခံရခြင်းဆင်းရဲ = ကဏ္ဏနာသစ္ဆေဒနဒုက္ခ,
  • (၅၁) ဦးထိပ်ကို ဖောက်ခွဲပြီးလျှင် ရဲရဲတောက် ပူသော သံတွေခဲကို ညှပ်ဖြင့်ယူ၍ ဦးခေါင်း ထဲကို ထည့်လျက် ဦးနှောက်ကို ပအုန်းရည်ကဲ့သို့ ကျိုက်ကျိုက်ဆူ၍ ကျအောင် ညှဉ်းပန်းနှိပ်စက်ခံရခြင်းဆင်းရဲ = ဗိလင်္ဂထာလိကဒုက္ခ,
  • (၅၂) ဆံပင်နှင့်တကွ ဦးရေကို ဆုတ်ခါပြီးနောက် ဦးခေါင်းခွံကို ခရုသင်းကဲ့သို့ ဖွေးဖွေးဖြူအောင် ပွတ်တိုက် ညှဉ်းပန်း နှိပ်စက်ခံရခြင်း ဆင်းရဲ = သင်္ခမုဏ္ဍိကဒုက္ခ,
  • (၅၃) ရာဟုအသူရိန်၏ ခံတွင်းသို့ရောက်သော လ, နေကဲ့သို့ ညှဉ်းပန်းနှိပ်စက်ခံရခြင်းဆင်းရဲ = ရာဟုမုခဒုက္ခ,
  • (၅၄) တကိုယ်လုံး ဆီစိမ်သော အဝတ်ဖြင့် ရစ်ပတ်ကာ ဆီလောင်း မီးရှို့ လျက် မီးပန်းကဲ့သို့ဖြစ်အောင် ညှဉ်းပန်း နှိပ်စက်ခံရခြင်းဆင်းရဲ = ဇောတိမာလိကဒုက္ခ,
  • (၅၅) လက်တို့ကို ဆီစိမ်အဝတ်ဖြင့် ရစ်ပတ်ကာ ဆီလောင်းမီးရှို့လျက် လက်ဆီမီးတိုင် ကဲ့သို့ဖြစ်အောင် ညှဉ်းပန်း နှိပ်စက်ခံရခြင်း ဆင်းရဲ = ဟတ္ထပဇ္ဇောတိကဒုက္ခ,
  • (၅၆) လည်ပင်းမှစ၍ အရေကိုခါပြီးလျှင် ခြေကျင်းဝတ်, ခြေမျက်စိပေါ်၌ ပုံထားလျက်လူကို လွန်ကြိုး ဖြင့်ဆွဲကာ မိမိအရေကို မိမိနင်းမိတိုင်း လဲ၍လဲ၍သွားအောင် ပြိန်းမြက်ကဲ့သို့ ပြုလျက် ညှဉ်းပန်း နှိပ်စက်ခံရခြင်းဆင်းရဲ = ဧရကဝတ္တိကဒုက္ခ,
  • (၅၇) လည်ပင်းမှစ၍ အရေကို ခွါပြီးလျှင် ခါးပေါ်၌ထား၍၎င်း, ခါးမှစ၍ အရေကို ခါပြီးလျှင် ခြေကျင်းဝတ် ခြေမျက်စိပေါ် ထား၍၎င်း အထက်ပိုင်းအရေဖြင့် အောက်ပိုင်းကိုယ်ကို လျှော်တေအဝတ် ဝတ်သကဲ့သို့ ဖြစ်အောင် ပြုလျက် ညှဉ်းပန်းနှိပ်စက်ခံရခြင်း စီရကဝါသိကဒုက္ခ,
  • (၅၈) တံတောင် ၂ ဖက်, ဒူး ၂-ဖက်တို့၌ သံထိတ် သံထူး ခတ်၍ သံချွန် ၄-ခုစိုက်လျက် မြေ၌ တည်စေပြီးလျှင် ဧဏီသားကောင်ကို ဖုတ်ကင်သကဲ့သို့ ထက်ဝန်းကျင်မှ မီးဖြင့် ရှို့မြှိုက်ကာ ညှဉ်းပန်း နှိပ်စက်ခံရခြင်း ဆင်းရဲ = ဧဏေယျကဒုက္ခ,
  • (၅၉) အသွား ၂-ဖက်ရှိသော သံချိတ်ဖြင့် အရေ, အကြော, အသားတို့ကို ခြစ်ခွါလျက် ညှဉ်းပန်းနှိပ်စက်ခံရခြင်း ဆင်းရဲ = ဗဠိသမံသိကဒုက္ခ,
  • (၆၀) ကျပ်ပြားမျှ ကျပ်ပြားမျှ အရေ အကြော, အသားများ အတုံး အတစ် ပြတ်ကျအောင် ခါးမှစ၍ တကိုယ်လုံးကို ထက်စွာသော ပဲခွပ်ဖြင့် ခုတ် ရွှေလျက် ညှဉ်းပန်းနှိပ်စက်ခံရခြင်း ဆင်းရဲ = ကဟာပဏိကဒုက္ခ,
  • (၆၁) ကိုယ်ကို တုတ် လက်နက်ဖြင့် ရိုက်နှက်ပုတ်ခတ်ပြီးလျှင် သဲ, ဆပ်ပြာရေ ပက်ဖျန်းကာ ဆပ်သွားဘီးဖြင့် ပွတ်တိုက်၍ အရေ, အကြော, အသားတို့ကို အရည်ပျော်ကျစေလျက် အရိုးချည်းသာ ကျန်သည့်တိုင်အောင်ပြု၍ ညှဉ်းပန်း နှိပ်စက် ခံရခြင်းဆင်းရဲ = ခါရာပတစ္ဆိကဒုက္ခ,
  • (၆၂) မြေ၌ ဘေးစောင်းအိပ်စေ၍ နားတဖက်မှ တဖက်သို့ ပေါက်အောင် သံတံကျင်လျှိုကာ မြေကြီးနှင့် တစပ်တည်း ရှိစေပြီးလျှင် ခြေ ထောက်မှ ဆွဲကိုင်၍ တံခါးကျင်ကဲ့သို့ လှည့်လည်လျက် ညှဉ်းပန်းနှိပ်စက်ခံရခြင်း ဆင်းရဲ = ပလိဃပရိဝတ္တိကဒုက္ခ,
  • (၆၃) အသားအရေ တို့ကို မပြတ်စေပဲ တင်းပုတ်ဖြင့် အရိုးကို ထုရိုက်ကာ ဆံပင်ကို ဆွဲကိုင်မြှောက်ပစ်လျက် အသားစုချည်းသာဖြစ်သောအခါ ဆံပင်ဖြင့်ပင် ချည်နှောင်ပြီးလျှင် ကောက်ရိုးထုံးကဲ့သို့ ဖြစ်အောင်ပြုလျက် ညှဉ်းပန်းနှိပ်စက်ခံရခြင်း ဆင်းရဲ = ပလာလပိဋ္ဌိကဒုက္ခ,
  • (၆၄) ကျိုက် ကျိုက်ဆူသော ဆီဖြင့် သွန်းလောင်းခံရခြင်း ဆင်းရဲ = တတ္တေန တေလေန ဩသိဉ္စနဒုက္ခ,
  • (၆၅) ၂-ရက် ၃-ရက် အစာငတ်သော ခွေးငတ်တို့ ခဲစားခံရခြင်း ဆင်းရဲ = သုနခခါဒါပနဒုက္ခ,
  • (၆၆) အရှင်လတ်လတ် သံတံကျင် လျှိုခံရခြင်းဆင်းရဲ = ဇီဝသူလာရောပနဒုက္ခ,
  • (၆၇)သန်လျှက်ဖြင့် ဦးခေါင်းကို အဖြတ်ခံရခြင်း ဆင်းရဲ = အသိနာ သီသစ္ဆေဒနဒုက္ခ-ဟူ၍ ၆၇-ပါး

ဒုက္ခ ၇၉-ပါး

  • (၁) ဇာတိဒုက္ခ,
  • (၂) ဇရာဒုက္ခ,
  • (၃) ဗျာဓိဒုက္ခ,
  • (၄) မရဏဒုက္ခ,
  • (၅) သောက-ပရိဒေဝဒုက္ခဒေါမနဿုပါယာသဒုက္ခ,
  • (၆) ငရဲဘုံ၌ ဖြစ်ရခြင်း ဆင်းရဲ = နေရယိကဒုက္ခ,
  • (၇) တိရစ္ဆာန်ဘုံ၌ ဖြစ်ရခြင်း ဆင်းရဲ = တိရစ္ဆာနယောနိကဒုက္ခ,
  • (၈) ပြိတ္တာဘုံ၌ ဖြစ်ရခြင်းဆင်းရဲ-ပေတ္တိဝိသယဒုက္ခ,
  • (၉) လူ့ဘုံ၌ ဖြစ်ရခြင်းဆင်းရဲ = မာနုသိကဒုက္ခ,
  • (၁၀) အမိဝမ်းတိုက်သို့ သက်ဝင်ရခြင်းလျှင် အကြောင်းရင်းရှိသော ဆင်းရဲ = ဂဗ္ဘောက္ကန္တိမူလကဒုက္ခ,
  • (၁၁) အမိဝမ်းတိုက်၌ တည်နေရခြင်းလျှင် အကြောင်းရှင်း ရှိသော ဆင်းရဲ = ဂဗ္ဘဋ္ဌိတိမူလကဒုက္ခ,
  • (၁၂) ကိုယ်ဝန်မှ ထခြင်း(သား ဖွားရခြင်း)လျှင် အကြောင်းရှင်း ရှိသော ဆင်းရဲ = ဂဗ္ဘဝုဋ္ဌာနမူလကဒုက္ခ,
  • (၁၃) မွေးဖွားပြီးသူ၏ နှောင်ဖွဲ့ခံရခြင်းဆင်းရဲ = ဇာတဿူပနိဗန္ဓကဒုက္ခ,
  • (၁၄) မွေးဖွားပြီးသူ၏ သူတစ်ပါးနှင့် စပ်သော ဆင်းရဲ = ဇာတဿပရာဓေယျကဒုက္ခ,
  • (၁၅) အတ္တူပက္ကမဒုက္ခ,
  • (၁၆) ပရူပက္ကမဒုက္ခ,
  • (၁၇) ဒုက္ခဒုက္ခ,
  • (၁၈) သင်္ခါရ ဒုက္ခ,
  • (၁၉) ဝိပရိဏာမဒုက္ခ,
  • (၂၀) မျက်စိ ရောဂါဆင်းရဲ = စက္ခုရောဂဒုက္ခ,
  • (၂၁) နားရောဂါ ဆင်းရဲ = သောတရောဂဒုက္ခ,
  • (၂၂) နှာခေါင်းရောဂါ ဆင်းရဲ = ဃာနရောဂဒုက္ခ,
  • (၂၃) လျှာရောဂါ ဆင်းရဲ = ဇိဝှါရောဂဒုက္ခ,
  • (၂၄) ကိုယ်ခန္ဓာရောဂါဆင်းရဲ = ကာယရောဂဒုက္ခ,
  • (၂၅) ဦးခေါင်းရောဂါ“ ဦးယဉ်း ခေါင်းကိုက်နာ” ဆင်းရဲ = သီသရောဂ ဒုက္ခ,
  • (၂၆) နားတံကျင်နာဆင်းရဲ = ကဏ္ဏရောဂဒုက္ခ,
  • (၂၇)ပါးစပ်ရောဂါဆင်းရဲ = မုခရောဂဒုက္ခ,
  • (၂၈) သွားရောဂါ ဆင်းရဲ = ဒန္တရောဂဒုက္ခ,
  • (၂၉) ချောင်းဆိုးနာ ဆင်းရဲ = ကာသဒုက္ခ,
  • (၃၀) ကြို့လေနာဆင်းရဲ = သာသဒုက္ခ,
  • (၃၁) နှာခေါင်းနာ ဆင်းရဲ = ပိနာသဒုက္ခ,
  • (၃၂) ကိုယ်ပူနာဆင်းရဲ = ဍာဟဒုက္ခ,
  • (၃၃) အဖျားနာ ဆင်းရဲ = ဇရဒုက္ခ,
  • (၃၄) ဝမ်းဗိုက်နာ ဆင်းရဲ = ကုစ္ဆိရောဂဒုက္ခ,
  • (၃၅) တွေဝေခြင်း, သတိလွတ်ခြင်းဆင်းရဲ = မုစ္ဆာဒုက္ခ,
  • (၃၆) သွေးသွန်နာ ဆင်းရဲ = ပက္ခန္ဒိကာဒုက္ခ,
  • (၃၇) ထိုးကျင့်သော ဝမ်းလေနာ ဆင်းရဲ = သူလာဒုက္ခ,
  • (၃၈) ဝမ်းလျှော “ဓာတ်သက်” နာဆင်းရဲ = ဝိသူစိကာဒုက္ခ,
  • (၃၉) နူနာ“ကိုယ် ရေပြားရောဂါ” ဆင်းရဲ = ကုဋ္ဌဒုက္ခ,
  • (၄၀) ထွတ်မြင်းအနာ “အိုင်းအမာ” ဆင်းရဲ = ဂဏ္ဍဒုက္ခ,
  • (၄၁) ပွေးညှင်း တင်းတိတ်နာ ဆင်းရဲ = ကိလာသဒုက္ခ,
  • (၄၂) ပန်းနာ ဆင်းရဲ = သောသဒုက္ခ,
  • (၄၃) အရူးနာဆင်းရဲ = အပမာရဒုက္ခ,
  • (၄၄) ပွေးနာဆင်းရဲ = ဒဒ္ဒုဒုက္ခ,
  • (၄၅) ယားနာဆင်းရဲ = ကဏ္ဍု ဒုက္ခ,
  • (၄၆) ဝဲကြီးနာဆင်းရဲ = ကစ္ဆုဒုက္ခ,
  • (၄၇) လက်သည်း, ခြေသည်း ခြစ်မိနာ ဆင်းရဲ = ရခသာရောဂဒုက္ခ,
  • (၄၈) လက်ဖဝါး ခြေဖဝါးတို့၌ ရွေဖြတ်အခွဲခံရသော ဆင်းရဲ = ဝိတစ္ဆိကာဒုက္ခ,
  • (၄၉) သွေး, သည်းခြေ ပျက်နာ ဆင်းရဲ = လောဟိတပိတ္တရောဂဒုက္ခ,
  • (၅၀) ကျင်ပြောနာ ဆင်းရဲ = မဓုမေဟဒုက္ခ,
  • (၅၁) ဒူလာ မြင်းသရိုက်နာ, လိပ်ခေါင်းထွက်နာဆင်းရဲ = အံသာဒုက္ခ,
  • (၅၂) သွေးဖုသွေးပိမ့်နာဆင်းရဲ = ပိဠကာဒုက္ခ,
  • (၅၃) ဘဂန္ဓိုလ် “ဂရင်ဂျီ”နာ ဆင်းရဲ = ဘဂန္ဒလာဒုက္ခ,
  • (၅၄) သည်းခြေကြောင့် ဖြစ်ခြင်းရှိသော အနာဆင်းရဲ = ပိတ္တသမုဋ္ဌာနအာဗာဓဒုက္ခ,
  • (၅၅) သလိပ်ကြောင့် ဖြစ်ခြင်းရှိသော အနာဆင်းရဲ = သေမှသမုဋ္ဌာနအာဗာဓဒုက္ခ,
  • (၅၆) လေကြောင့် ဖြစ်ခြင်းရှိသော အနာဆင်းရဲ = ဝါတသမုဋ္ဌာနအာဗာဓဒုက္ခ,
  • (၅၇) လေ, သည်းခြေ, သလိပ်တို့၏ ပေါင်းစုမိခြင်း “သန္နိပါတ်”ကြောင့် ဖြစ်သော အနာဆင်းရဲ = သန္နိပါတိကအာဗာဓ ဒုက္ခ,
  • (၅၀) ဥတုဖောက်ပြန်ခြင်းကြောင့် ဖြစ်သော အနာဆင်းရဲ = ဥတုပရိဏာမဇအာဗာဓဒုက္ခ,
  • (၅၉) မညီမညွတ် ရွက်ဆောင်ခြင်းကြောင့် ဖြစ်သောအနာဆင်းရဲ = ဝိသမပရိဟာရဇအာဗာဓဒုက္ခ,
  • (၆၀) လုံ့လကြောင့် ဖြစ်သော အနာဆင်းရဲ = ဩပက္ကမိကအာဗာဓဒုက္ခ,
  • (၆၁) အားကြီးသော ကံ၏ အကျိုးကြောင့်ဖြစ်သော အနာဆင်းရဲ = ကမ္မဝိပါကဇအာဗာဓဒုက္ခ,
  • (၆၂) အအေးကြောင့်ဖြစ်သော ဆင်းရဲ = သီတဒုက္ခ,
  • (၆၃) အပူကြောင့်ဖြစ်သော ဆင်းရဲ = ဥဏှဒုက္ခ,
  • (၆၄) ထမင်းစားလိုခြင်းကြောင့် ဖြစ်သော ဆင်းရဲ = ဇိဃစ္ဆာဒုက္ခ,
  • (၆၅) ရေသောက်လိုခြင်းကြောင့် ဖြစ်သော ဆင်းရဲ = ပိပါသာ ဒုက္ခ,
  • (၆၆) ကျင်ကြီးစွန့်လိုခြင်းကြောင့် ဖြစ်သော ဆင်းရဲ = ဥစ္စာရဒုက္ခ,
  • (၆၇) ကျင်ငယ် စွန့်လိုခြင်းကြောင့် ဖြစ်သော ဆင်းရဲ = ပဿာဝဒုက္ခ,
  • (၆၈) မှက်, ခြင်, လေ, နေပူ, မြွေ, ကင်းတို့၏ ကိုက်ခဲခြင်းအတွေ့ကြောင့် ဖြစ်သောဆင်းရဲ = ဍံသမကသဝါတာတပသရီသပသမ္ဖဿဒုက္ခ,
  • (၆၉) အမိသေခြင်းကြောင့် ဖြစ်သော ဆင်းရဲ = မာတုမရဏဒုက္ခ,
  • (၇၀) အဘသေခြင်းကြောင့် ဖြစ်သော ဆင်းရဲ = ပိတုမရဏဒုက္ခ,
  • (၇၁) အစ်ကို-ညီ–မောင် ကြီး-မောင်ငယ်-သေခြင်းကြောင့် ဖြစ်သော ဆင်းရဲ = ဘာတုမရဏဒုက္ခ,
  • (၇၂) အစ်မ–နှမ–ညီမ-သေခြင်းကြောင့် ဖြစ်သော ဆင်းရဲ = ဘဂိနိမရဏဒုက္ခ,
  • (၇၃) သား သေခြင်းကြောင့် ဖြစ်သော ဆင်းရဲ = ပုတ္တမရဏဒုက္ခ,
  • (၇၄) သ္မီးသေခြင်းကြောင့် ဖြစ်သော ဆင်းရဲ = ဓီတုမရဏဒုက္ခ,
  • (၇၅) ဉာတိ-ဗျသနဒုက္ခ,
  • (၇၆) ဘောဂဗျသနဒုက္ခ,
  • (၇၇) ရောဂဗျသနဒုက္ခ,
  • (၇၈) သီလဗျသနဒုက္ခ,
  • (၇၉) ဒိဋ္ဌိဗျသနဒုက္ခ ဟူ၍ ၇၉-ပါး

ဆက်စပ်ဖတ်ရှုရန်

ကိုးကား

Tags:

ဒုက္ခ ၏ လက္ခဏာစသည်ဒုက္ခ မိန်းမများသာ သီးခြား ခံစားရသော “အာဝေဏိက” ဒုက္ခ ၂-ပါးဒုက္ခ ၃-ပါးဒုက္ခ ၇-ပါးဒုက္ခ ၁၂-ပါးဒုက္ခ ၆၇-ပါးဒုက္ခ ၇၉-ပါးဒုက္ခ ဆက်စပ်ဖတ်ရှုရန်ဒုက္ခ ကိုးကားဒုက္ခ

🔥 Trending searches on Wiki မြန်မာဘာသာ:

အလောင်းစည်သူကိုရီးယားနိုင်ငံရဲရင့်အောင်မြန်မာမုန့်များစိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ကွန်ပျူတာဂျီသရီးရိုင်ဖယ်နိကာယ် ငါးရပ်နရသီဟပတေ့မြန်မာအဘိဓာန်အိန္ဒြာကျော်ဇင်ထားဝယ်မြို့ဘဒ္ဒကမ္ဘာစိုးလွင်လွင်စိန်ပြောင်းသင်္ကြန်လား (တိရစ္ဆာန်)မြန်မာနိုင်ငံ၏ ရပ်ကွက်များမြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ရှစ်လေးလုံးအရေးအခင်းသစ္စာလေးပါးမူးယစ်ဆေးဝါးဆယ်ပါးသီလဖိလစ်ပိုင်နိုင်ငံထွန်းမြတ်နိုင်စွယ်စုံကျမ်းတပ်မဟာ၉၉၉စိတ်ဓမ္မရံကြီးဘုရားသိဒ္ဓတ္ထမင်းသားသိန်းစိန် (နိုင်ငံတော်သမ္မတ)ဘီလူးမဟတ္တမ ဂန္ဒီစရိုက်နဝရတ် ကိုးပါးဇော်ဂျီမြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဂဠုန်ခန္ဓသုတ်ပညတ်တော်ဆယ်ပါးအယုဒ္ဓယဒီမိုကရေစီတောင်သူလယ်သမားနေ့ကိန်းမြစ်ကြီးနားမြို့သင်္ဂဟ၊ ဘွဲ့၊ တံဆိပ်၊အင်္ဂုလိမာလသုတ်ကော့ဘိန်းရွာ၊ ကော့ကရိတ်မြို့နယ်အချိန်၊ မြန်မာ့ရိုးရာကြာမင်္ဂလသုတ်လွှမ်းပိုင်မန္တလေးမြို့စကားပုံကားမိတ္ထီလာမြို့ဇီဝဇိုးငှက်ဖူးခက်ရေဘဝဲအိုဇုန်းလွှာရဲယိုပင်နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့အောက်ချင်းငှက်ကွမ်းခြံကုန်းမြို့ဂျူးဘာသာဂေါတမမြတ်ဗုဒ္ဓ၏ဗုဒ္ဓဝင်ဂေါတမဗုဒ္ဓဆီးချိုရောဂါလက္ခဏာများရခိုင်ပြည်နယ်ပုသိမ်မြို့လယ်တွင်းသား စောချစ်လောက်ကိုင်မြို့ကော့သောင်းမြို့အားအနောက်မြောက်တိုင်းစစ်ဌာနချုပ်အနော်ရထာလီဆူလူမျိုး🡆 More