အမျိုးသမီး: လူသား အမသတ္တဝါ အမျိုးသမီး သို့မဟုတ် မိန်းမ တစ်ဦးဆိုသည်မှာ လူသား အမသတ္တဝါတစ်ဦး ဖြစ်ပြီး လူပုဂ္ဂိုလ်တစ်ဦး၏ လိင်သက်သေခံတစ်ခု ဖြစ်သည်။ အရွယ်ရောက်ပြီး အမသတ္တဝါတစ်ဦးကို ရည်ညွှန်းပြီး ကလေး သို့မဟုတ် ဆယ်ကျော်သက်အရွယ်ကို ကောင်မလေး သို့မဟုတ် မိန်းကလေး ဟု သုံးသည်။ သို့သော်လည်း အမျိုးသမီး အသုံးအနှုန်းကို လူသားအမများအတွက် အသက်အရွယ်မရွေး သုံးစွဲတတ်ကြသည်။ (ဥပမာ အမျိုးသမီး အခွင့်အရေး) အမျိုးသမီးများတွင် ပျိုဖော်ဝင်ချိန်မှ သွေးဆုံးချိန်အထိ မီးဖွားခြင်းကဲ့သို့သော သီးသန့်လိင်ဖြစ်တည်မှု ရှိသည်။
အမျိုးသမီး မြန်မာကျမ်းများရှိ ဖော်ပြချက်များ
မိန်းမ လေးမျိုး လောကီ ဣတ္ထိသျှတ္တရကျမ်းတွင် ဖော်ပြထားသော မိန်းမလေးမျိုးမှာ-
ပဒုမ္မနီ မိန်းမမျိုး- ခါးစည်း, ရင်ကျယ်, သေးသွယ်ချောမောသော လက်ချောင်းများ, အသားဖြူ, ကိုယ်ရနံ့ ကြာညိုကဲ့သို့မွှေး, ရသာချို၏။ သံသာမြည်ကြွေး, စက္ကဝက်ငှက်မကဲ့သို့ သွားလာမှု ယဉ်ကျေးခြင်း လက္ခဏာများရှိ၏၊ ဆင်ကဲ့သို့ ကြည့်တတ်သည်ဟူ၏။ သင်္ခရနီ မိန်းမမျိုး- အသားညိုညက်, ကိုယ်ရနံ့ကား ငရုပ်ပန်းနံ့ ပျံ့ပျံ့သင်းသင်းရှိ ၏, ရသာချဉ်၏၊ ဟင်္သာမကဲ့သို့ သွားလာ၏၊ လက်ချောင်းကြီး၏၊ မျက်နှာထူ လည်ကုတ်တို ရင်ကြားစေ့ , ဆံပင်နီ ရှိတတ်သည်၊ ကျားကဲ့သို့ ကြည့်တတ်သည် ဟူ၏၊၊ စိတ္တရနီ မိန်းမမျိုး- ဝါရွှေဝင်းသော အသားရောင်ရှိ၏၊၊ ကိုယ်ရနံ့ကား ကျင်ငယ်နံ့ ကဲ့သို့ရှိ၏၊ ရသာဖန်ဖန်ရှိ၏၊ ဒိန်ညင်း ငှက်ကဲ့သို့သွားလာတတ်၏၊ ကျီးကန်းကဲ့သို့ ကြည့်တတ်၏၊ ရင်ကုန်း တင်ကျယ်၏, ချက်နက်, ဖမိုးမွေး လက်မွေးရှည်, လက်သည်းအိမ်တို၍ ဒူးဆစ်အောက်ပိုင်း တိုတတ်သည်၊ ဆန်းကျယ်စွာ ပြင်ဆင်ဝတ်စားတတ်သည် ဟူ၏၊၊ ဟတ္ထိနီ မိန်းမမျိုး- အသားနီ ပန်းရောင် ကိုယ်ရနံ့ ညှိဟောင်ဟောင်အရသာ စပ်ရှားရှား။ ဆင်ကဲ့သို့သွားခြင်းများ, ယင်ကောင်ကဲ့သို့ ကြည့်ခြင်းအလားရှိ၏၊ ဝမ်းပြင်း ပိုက်ကျယ် သားမြတ်ရှည်တွဲ၍ ခေါင်းသီးကြီး၏။ ဆံကောက်၍ မေးရိုးကြီးကြီးရှိတတ်သည် ဟူ၏၊၊ မိန်းမတို့၏ အလှဂုဏ်အင်္ဂါ ၆ ပါး မဖြူ၊ မညို၊ မနိမ့်၊ မမြင့်၊ မပိန်၊ မဝ၊ ဤ ၆-ဋ္ဌာန ညီမျှစွာရှိခြင်း။
မိန်းမတို့ အား ၅ ပါး မာတုဂါမတို့ မာန်တက်ကြောင်း အား ၅ပါး
ရူပဗလ-အဆင်းအသွင် လှခြင်း၊ ဘောဂဗလ-ပစ္စည်း ဥစ္စာ ပေါများခြင်း၊ ဉာတိဗလ-ဆွေမျိုးတောင့်ခြင်း၊ ပုတ္တဗလ-သားရတနာရှိခြင်း၊ သီလဗလ-ကိုယ်ကျင့်သီလရှိခြင်း။ မှတ်ချက်။ ။ ဉာတိဗလ အစား ‘လိမ်မာခြင်းနှင့် မပျင်းရိခြင်း ကို ထည့်၍လည်း သဠယတန၌ ဟောသေး၏။ မိန်းမတို့၏ ဆွဲငင်ဓာတ် ၈ ပါး ယောက်ျား တို့ကို စွဲမက်အောင် ပြုမူခြင်း မာယာငယ် ဂ-ပါး ဟူဖြစ်၏။ မာယာ ၄၀-မှ။
သိတံ- ချိုပြုံးသော မျက်နှာပေး၊ ဟာသ-ညှင်းညှင်း သာသာ ရယ်သံ၊ ဘယ- ကြောက်လန့်ထိတ်ဟန်ပြု၊ လဇ္ဇ-ရှက်ဟန် အသွင်ပြု၊ မန္ဓဝါစာ-မကြားတကြား ပြောသောစကားသံ၊ အဒေက္ခဏာ-မျက်နက်ထောင့်ကပ်၍ ကြည့်ခြင်းမျိုး၊ ရုဒ-ကျူကျူ ကြာကြာ ရှိုက်သံ၊ ငိုသံပေးခြင်း ဤသံကလဟ-စကားပြန်ရရန် မခံချင်စရာကို စိတ်မဆိုးအောင် ဆွပေး ပြောဆိုခြင်းမျိုး၊
မာယာ ၄၀-၏ အစိတ်အပိုင်းမျှသာ ဖြစ်သည်။ မိန်းမ မာယာ (၄၀) 4
မိန်းမတို့၏ အပြစ် ၇ ပါး အရပ်ရှည်လွန်းသော မိန်းမ၊ အရပ်ပုလွန်းသူ၊ အသားဖြူလွန်းသူ၊ အသားမည်းလွန်းသူ၊ ဝလွန်းသူ၊ ပိန်လွန်းသူ ဟူ၏ စကားများလွန်သူ မိန်းမတို့၏ အပြစ် ၇ ပါး (တနည်း) များသောအားဖြင့် မိန်းမတို့မှာ ဖြစ်တတ်ကြောင်းကို ဟိတောပဒေသကဆို၏၊၊
အသတ်-ဖောက်ပြန်မှားယွင်း, မိစ္ဆာစာရ အကျင့်မျိုးကို ပြုတတ်ခြင်း၊ သာလာသာ-မစူးစမ်းမဆင်ခြင်, အမှုကိစ္စကို အဆောတလျင်ပြုတတ်ခြင်း။ မာယာ-ကောက်ကျစ်မတည်၊ လိမ်လည်လှည့်ဖြားတတ်ခြင်း၊ မစ္ဆရိယ - ဝန်တိုမိစ္ဆာ များစွာဖြစ်တတ်ခြင်း၊ အတိလုဒ္ဒ-တဏှာရာဂ၊ လောဘရမ္မက် ထက်မြက်ဖိစီး လွန်အားကြီးခြင်း၊ နိဂ္ဂုဏတွံ-ခမ်းနားကြီးကျယ်သော ပြုလုပ်ဖွယ်တို့၌ ရေလည်စွာ မသိမလိမ်မာခြင်း၊ အသောစတွံ-အတွင်းပြင်ပ နှစ်ဌာနဝယ် မစင်ကြယ် မသန့်ရှင်းခြင်း။ မိန်းမတို့၏ အပြစ် ၉ ပါး (နောက်ထပ်တနည်း) အ သစိ-မစင်ကြယ်ခြင်း၊ ဒု ဂန္ဇ-မကောင်းသော အနံ့ရှိခြင်း၊ သဘီရူ-အအိပ်ကြီးခြင်း၊ သ ပဋိဘယ-ကြောက်လန့်တတ်ခြင်း၊ ကောဓန-အမျက်ထွက်လွယ်ခြင်း၊ ဥပနာဟ-ရန်ငြိုးဖွဲ့ တတ်ခြင်း၊ ဃောရဝိသ- ရာဂထူထပ်ခြင်း၊ ဒုဇိဝှ-လျှာနှစ်ခွရှိခြင်း၊ မိတ္တဒုဗ္ဘိ-မိတ်ပျက်လွယ်တတ်ခြင်း။ မိန်းမတို့၏ ပျက်စီးခြင်း အကြောင်း ၉ ပါး မိမိတယောက်တည်း လှည့်လည် သွားလာ နေထိုင်ခြင်း၊ လင်ကိုပစ်ထား မိဘနေအိမ်သွား၍ များစွာနေတတ်ခြင်း၊ လူများစွာ စည်းဝေးသော အရပ်သို့ သွားလာ ထွက်ဝင်တတ်ခြင်း၊ ပွဲလမ်းသဘင် အပျော်အရွှင် လိုက်စားတတ်ခြင်း၊ ယောက်ျား ပုဂ္ဂိုလ်တို့နှင့် ပူးကပ်ရောဝင်စွာ နေတတ်ခြင်း၊ အမြဲပြုဘွယ် အလုပ်အကိုင်မရှိ ပျင်းရိနေခြင်း၊ လင်ယောက်ျား အိုမင်း၍ ကာမမှု၌ မစွမ်းနိုင်ခြင်း၊ လင်ယောက်ျားနှင့် ၃-၄ လ ကင်း၍ နေခြင်း၊ ဝတ်စားဘွယ်ရာ ဥစ္စာချို့တဲ့ခြင်း။ မိန်းမတို့ ဖောက်ပြန် ပျက်စီးခြင်း အကြောင်းတရား ၁၃ ပါး သ ပဋ္ဌာန- ကိစ္စတိုင်း၌ ကိုယ်တိုင် စိုးမိုးလုပ်ကိုင်အာဏာပိုင် ပြဋ္ဌာန်းမှု ရနေခြင်း၊ ပိတု မန္ဒိရ နိ၀သန- အဘနှင့်သာ ကြာမြင့်စွာ အုပ်ထိန်းခံ၍ နေရခြင်း၊ ယာတြောဿဝ အင်္ဂတိ- အထူးစီစဉ်သော ပျော်ပွဲသဘင်တို့၌ ပါဝင်ဆင်နွှဲခြင်း၊ ပုရိသ သနိဓိဂေါဋ္ဌီ- ယောက်ျားတို့နှင့် ဝိုင်းဖွဲ့ရယ်မော တသောသော နေထိုင်ခြင်း၊ အ နိယမဝါသ- အိမ်တကာ လျှောက်လည်၍ နေခြင်း၊ ဝိဒေသဝါသ- တမြို့တရွာ တနယ် တရပ်သို့ အမြဲမတည် တယောက်တည်း လှည့်လည်နေထိုင်ခြင်း၊ သ ကုလဋ သံသဂ္ဂ- လော်လီ သောသွမ်းသော မိန်းမရမ်းတို့နှင့် အတူ ပေါင်းသင်း နေထိုင်ခြင်း၊ နိဇာယ ဝုတ္တိ ဗျသန- သက်မွေးဝမ်းကျောင်း ကောင်းသောလုပ်ငန်း၏ မကြာခဏ ပျက်စီးဆုတ်ယုတ်ခြင်း၊ ပတိ ဝုဒ္ဓက- လင်ယောက်ျား၏ သက်ကြီးရွင်းယို အရွယ်အိုခြင်း၊ ဣဿိတ- လင်ဖြစ်သူက အချောင်မယား အမြှောင်ထား၍ ပျော်ပါးကာနေခြင်း၊ ပဝါသန-လင်ယောက်ျားနှင့် ကွေကွင်းကွဲကွာ ကြာမြင့်စွာ နေရခြင်း၊ ပါန- သေအရက်သောက်ခြင်း၊ သုပ္ပ- ယောက်ျားတပါးနှင့် ပျော်ပါး ပေါင်းဖက်ရသည်ဟု အိပ်မက်ခါ လွန်မင်းစွာ အိပ်ခြင်း။ စောင့်ရှောက်အုပ်ထိမ်းမှု ရှိသင့်သော မိန်းမ ၂၁-မျိုး စောင့်ရှောက်ထိန်းသိမ်းမှု အမြဲရှိနေအပ်သော မိန်းမမျိုး နှစ်ကျိပ်တစ်ပါး (နှစ်ဆယ့်တစ်မျိုး) ရှိ၏။
3
မှတ်ချက်။ ။ ဤနှစ်ကျိပ် တစ်ပါးသော မိန်းမများအနက် တစ်ဦးတစ်ယောက်သောမိန်းမကပင် မိမိ၏ကာမကို သဘောတူပေါင်းသင်းရန် ပေးသော်လည်း အုပ်ထိန်းသူတို့၏အခွင့်ကိုမရဘဲ ပေါင်းသင်းသောယောက်ျားအား ကြီးလေးသောအပြစ်ဒဏ်ကိုပေးရမည်ဟု မနုကျယ် ဓမ္မသတ် ဆဋ္ဌမတွဲ ပုဒ်မ ၂၈-တွင် ဆိုလေသည်။
အုပ်ထိန်းခြင်းရှိသော မိန်းမ ၂၀ အုပ်ထိန်းခြင်းရှိသဖြင့် ယောက်ျားတို့ မသွားလာအပ် (မကျူးလွန်အပ်) သော မိန်းမ ၂၀-ဖြစ်သည်။
မာတု ရက္ခိတ- အမိအုပ်ထိန်းသော မိန်းမ၊ ပိတု ရက္ခိတ- အဘအုပ်ထိန်းသော မိန်းမ၊ မာတာပိတု ရက္ခိတ- မိဘ ၂-ပါးအုပ်ထိန်းသော မိန်းမ၊ ဘာတုရက္ခိတ- မောင်ကြီးမောင်ငယ် အုပ်ထိန်းသောမိန်းမ၊ ဘဂိနိ ရက္ခိတ- အစ်မကြီးအစ်မငယ်အုပ်ထိန်းသောမိန်းမ၊ ဉာတိ ရက္ခိတ- ဆွေမျိုးအုပ်ထိန်းသောမိန်းမ၊ ဂေါတ္တရက္ခိတ- အနွယ်တူ အုပ်ထိန်းသောမိန်းမ၊ ဓမ္မရက္ခိတ- သီတင်းသုံးဖော်စောင့်ရှောက်အုပ်ထိန်းသောမိန်းမ။ သာရက္ခာ- ထိမ်းမြားကြောင်းလမ်းပြီးသူ 'လက်ထပ်ပြီးသူ' လင်အုပ်ထိန်းသောမိန်းမ၊ သ ပရိဒဏ္ဍာ- မင်းတို့ကောက်ယူရန်သတ်မှတ်လျက် ဒဏ်ထားပြီးလျှင် အုပ်ထိန်းသောမိန်းမ၊ ဓနက္ကီတာ- ဥစ္စာဖြင့်ဝယ်ယူလျက် မယားအဖြစ်ထားသောမိန်းမ၊ ဆန္ဒ ဝါသိနီ- သဘောတူအလိုတူ၍ ညားနေသောမိန်းမ၊ ဘောဂ ဝါသိနီ- စည်းစိမ်ပေး၍ ပေါင်းဖော်သော မိန်းမ၊ ပဋဝါသိနီ- ပုဆိုးပေး၍ ပုဆိုး တန်းတင် ပြု၍နေသောမိန်းမ၊ ဩဒ ပတ္တကိနီရေခွက်၌ လက်ဆုံချ၍မိဘနှစ်ပါး ထိန်းမြားပေးသောမိန်းမ၊ ဩဘဋ စုမ္ဗဋာ- ခေါင်းခုကိုချ၍ လင်မယားအဖြစ်နေသော မိန်းမ၊ ဒါသီ စ ဘရိယာ စ- ကျွန်လည်းဖြစ် မယားလည်းဖြစ်သော မိန်းမ၊ ကမ္မကာရီ စ ဘရိယာ စ- အမှုလုပ်လည်းဖြစ် မယားလည်းဖြစ်သော မိန်းမ၊ ဓဇာ ဟဋာ- စစ်မြေပြင်မှ ဆောင်ယူခဲ့သောမိန်းမ၊ မုဟုတ္တိကာ- တစ်ခဏ္ဏမျှ ပေါင်းဖော်ရန်ငှားရမ်းထားသော ခေတ္တမယားဖြစ်သူမိန်းမ။ မှတ်ချက်။ ။ ၎င်း ၁၂-ယောက်သောမိန်းမများကို သွားလာလွန်ကျူးခဲ့မူ လင်ရှိမယားဖြစ်၍ မိန်းမရောယောက်ျားပါ နှစ်ဦးစလုံး ကံထိုက်သည်ဟူ၏။
မှတ်စုများ
ကိုးကား
သုတေသနသရုပ်ပြအဘိဓာန် ပါရာဇိကဏ်ပါဠိတော်အဋ္ဌကထာဋီကာ။ အဋ္ဌသာလိနီ အဋ္ဌကထာ၊ မူလဋီကာ။ မနုကျယ်ဓမ္မသတ်။ လောကီ ဣတ္ထိသျှတ္တရကျမ်း မဟာဝဂ္ဂသံယုတ် ။ဋ္ဌ။ ၂၅၉။ ဟိတောပဒေသ ပဉ္စင်္ဂုတ္တ။ ပါ။ ၂၂၇-၂၂၈-နှင့် ။ဌ။ ၈၂။ သဠာယတန သံယုတ် ။ ပါ။ ၄၄၃-၄၄၆ ။ဋ္ဌ။ ၁၂၆။ လောကနီတိ
This article uses material from the Wikipedia မြန်မာဘာသာ article အမျိုးသမီး , which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0") ; additional terms may apply (view authors ). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses. ®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.