မြန်မာအမျိုးသမီးများနေ့

မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြကုန်သော မြန်မာအမျိုးသမီးများကို ဂုဏ်ပြုသောအားဖြင့် မြန်မာအမျိုးသမီးများနေ့ကို နှစ်စဉ်နှစ်တိုင်း ဇူလိုင်လ ၃ရက်နေ့တွင် မြန်မာအမျိုးသမီးများနေ့ကို ကျင်းပကြခြင်းဖြစ်သည်။ မျက်မှောက်ကာလတွင် မြန်မာအမျိုးသမီးများသည် မောင်တစ်ထမ်း မယ်တစ်ရွက်နှင့် အိမ်ထောင်တာဝန်ကိုသာမက အမျိုးသားများနှင့် ရင်ပေါင်တန်း၍ မိမိအကျိုး၊ အများအကျိုးတို့ကို သယ်ပိုးထမ်းဆောင်နေကြသည်။ မြန်မာအမျိုးသမီးများသည် အားနွဲ့သူများဖြစ်၍ အမျိုးသမီးများဘဝကာကွယ်စောင့်ရှောက်ရေးနှင့် အမျိုးသမီးများအားပြုစုပျိုးထောင်ရေးသည်လည်း မဖြစ်မနေဆောင်ရွက်ပေးရမည့်အလုပ် ဖြစ်သည်။ တစ်ဖက်တွင် အဆိုပါအမျိုးသမီးများ၏ အခွင့်အရေးနှင့် ဘဝများကို ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်ပေးရမည်ဖြစ်သလို အထူးသဖြင့် အမျိုးသမီးငယ်ရွယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးမှအစ အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသမီးများ၏ ဘဝလုံခြုံရေးအတွက်ပါ ကာကွယ်စောင့်ရှောက်ပေးကြရမည်ဖြစ်သည်။ ထို့အပြင် အမျိုးသမီးများကလည်း မိမိတို့၏ အမျိုးသမီးဂုဏ်ရည်ကို ထိန်းသိမ်းမြင့်တင်ကြရပေမည်။ မြန်မာအမျိုးသမီးများအတွက် အရေးကြီးသည့်အချက်မှာ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများ၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်များ၊ ငယ်ရွယ်အမျိုးသမီးတို့၏ဂုဏ်ရည်များ မပျက်ယွင်း၊ မချို့တဲ့စေရအောင် မိမိတို့၏ အမျိုးသမီးများဘဝကို ပိုမိုမြတ်နိုးတန်ဖိုးထားသည့် စိတ်ဓာတ်မြှင့်တင်ရေးအတွက် အစဉ်အမြဲလေ့ကျင့်ပျိုးထောင်ပေးနေရမည်ဖြစ်သည်။ သို့ဖြစ်ရာ အစဉ်အလာကြီးမားသော မြန်မာအမျိုးသမီးများ၏ ဂုဏ်ရည်မြင့်မားတိုးတက်စေရေးအတွက် ယခုလို မြန်မာအမျိုးသမီးများနေ့တွင် တိုက်တွန်းနှိုးဆော်မှုများပြုခြင်းနှင့်အတူ အနာဂတ်အမျိုးသမီးများဘဝ ပိုမိုတိုးတက်ကောင်းမွန်လာရန်အတွက် ဆက်လက်လုပ်ဆောင်သွားကြရန် ဆန္ဒပြုပါသည်။

ကိုးကား


Tags:

ကျန်းမာရေးစီးပွားရေးပညာရေးမောင်တစ်ထမ်း မယ်တစ်ရွက်မြန်မာနိုင်ငံ

🔥 Trending searches on Wiki မြန်မာဘာသာ:

ဂျပန်ကိုလိုနီခေတ်စိုင်းစိုင်းခမ်းလှိုင်သောမတ် အက်ဒီဆင်ကမ္ဘာမကျေမင်္ဂလာပါဇီဝဇိုးငှက်ရောမအင်ပါယာမိုးညှင်းမြို့သမထရေမွန်ကုန်းဘောင်ခေတ် ကာမစပ်ယှက်နည်းများလူ့အခွင့်အရေးမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကျုံးဩကာသ ဘုရားရှိခိုးကျောက်ဆည်မြို့ကိုရီးယားနိုင်ငံအနော်ရထာမိုးညိုမြို့နယ်ဟောင်ကောင်နနွင်းတန်ခူးလပဲခူးမြို့ဇာတ်ကြီးဆယ်ဘွဲ့တာမွေမြို့နယ်တုပ်ကွေးရောဂါလူ့ဘုံ (၃၁-ဘုံ)နွားသန်းရွှေ (ဗိုလ်ချုပ်မှူးကြီး)ကမ္ဘာမြေနေ့လိင်တူစုံမက်ခြင်းကင်ဆာရောဂါတပ်မတော် (လေ)ဂူဂယ်သီဟိုဠ်သရက်ပင်ငွေတာရီအစ္စလာမ်ဘာသာတောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကရင်နီပြည်နယ်များငါး (တိရစ္ဆာန်)ရာပြည့်ကိုယ်ဝန်ဖျက်ချခြင်းရခိုင်ပြည်နယ်မြန်မာနိုင်ငံ၏ လူဦးရေဗိဿနိုးမြို့ဟောင်းအမျိုးသမီးသုံး ကွန်ဒုံးဝန်ကြီးများရုံး (ရန်ကုန်)လူသားမယ်လိုဒီမုံရွာမြို့အဆိပ်တင်အောင်စန်းငှက်ရဟန္တာခရမ်းပင်တန်ဆောင်တိုင်ပွဲတော်အာရှဂုဏ်တော်ကွန်ချာကုလသမဂ္ဂ လုံခြုံရေးကောင်စီလိင်စိတ်ဆွခြင်းထက်ထက်မိုးဦးဂဠုန်ကဗျာလင်္ကာတောင်ကိုရီးယားနိုင်ငံဒူဘိုင်းမြို့ပန်းမေတ္တေယျဘုရားလူသားတစ်ဦး၏လိင်တံအရွယ်အစားရခိုင်ဘာသာစကားနှစ်ဆန်းတစ်ရက်နေ့ခြေမြန်တပ်မဌာနချုပ်နတ်မင်းကြီးလေးပါးအောင်လအန်ဆန်းရဲဘော်သုံးကျိပ်ချင်းလူမျိုး🡆 More