ရစ်ကြီးငှက်

(Helmeted guineafowl)

ရစ်ငှက်ကြီး

ရစ်ကြီးငှက်
Male at Serengeti National Park, Tanzania
ရစ်ကြီးငှက်
Female at Kruger N.P., South Africa
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
မျိုးစဉ်: Galliformes
မျိုးရင်း: Numididae
မျိုးစု: Numida
Linnaeus, 1764
မျိုးစိတ်:
N. meleagris
ဒွိနာမ
Numida meleagris
ရစ်ကြီးငှက်
Natural range. Introduced to Western Cape, Madagascar and elsewhere.
Synonyms

Phasianus meleagris Linnaeus, 1758

ရစ်ကြီးတို့၏ မူလနေရပ်မှာ အာဖရိကတိုက်ဖြစ်၍ အနောက်ဘက် ဂီနီကမ်းခြေမှ တောင်ဘက်တစ်လျှောက်တွင် ဂွတ်ဟုတ်အငူအထိ ဤငှက်မျိုးကို အတွေ့ရများသည်။ ရှေးနှစ်ပေါင်း နှစ်ထောင် အထက်က ရောမလူမျိုးတို့သည် ရစ်ငှက်အယဉ်တို့ကို ဥရောပတိုက်သို့ ယူဆောင်ခဲ့ကြသည်။ သို့ရာတွင် ရောမခေတ် ပျက်သုဉ်းသွားပြီးနောက် ဥရောပတိုက်မှ ရစ်ငှက်များလည်း ပျောက်ကွယ်သွားလေသည်။ ၁၆ ရာစုနှစ်သို့ ရောက်သည့်အခါ ပေါ်တူဂီလူမျိုးက ရစ်ငှက်များကို ဥရောပတိုက်သို့ တစ်ဖန် ယူဆောင်ခဲ့ကြပြန်သည်ဟု ထင်မှတ်ရလေသည်။ ရစ်များသည် အစုအသင်းဖွဲ့ကာ နေတတ်ကြ၍ အနည်းငယ် လန့်ဖျပ်ရုံမျှနှင့် အဆက်မပြတ် တကြော်ကြော် အော်မြည်နေတတ်ကြသည်။ ထိုကြောင့် နေအိမ်၏ အနီးအနားတွင် ရစ်ငှက်များကို မွေးမြူထားလျှင် ထိုငှက်တို့၏ အော်သံကြောင့် နားငြီးအောင် ဆူညံနေတတ်သည်။ သို့သော် ကြက်ခြံ၊ ဘဲခြံစသည်တို့အတွက် ရစ်များသည် အလွန်စိတ်ချရသော အစောင့်အကြပ်များ ဖြစ်နိုင်ပေသည်။ လူတို့ မွေးမြူကြသော ကြက်ငှက်တို့တွင် ရစ်သည် အလှပဆုံးငှက်ဟု မဆိုစေနိုင်ကာမူ ညိုမွဲရောင်ရှိသော အမွှေးအတောင်များ၌ အဖြူစက်ကလေးများ ပြည့်နှက်လျက် ရှိနေသဖြင့် အမြင်ရ တင့်တယ်၏။

သာမန်ရစ်ကြီးများတွင် များသောအားဖြင့် အရိုးဆန်ဆန် အမောက်တစ်ခု ရှိသည်။ နီမြန်းသည့် အရေပြား၊ နီမြန်းသည့် လည်အောက် အသားတွဲတို့ကြောင့် ဦးခေါင်း၊ မျက်နှာနှင့်လည်ပင်းတစ်စိတ် တစ်ဒေသကို ထူးခြားစေသည်။ အမောက်ပါသော ရစ်ကြီးများ၏ အမွှေးရောင်မှာ အမည်းဖြစ်၍ အပြာပျော့ရောင် အစက်များရှိသည်။ ထိုရစ်ကြီးမျိုး၏လည်တိုင်မှာ ပြာ၍လည်ချောင်းမှာ နီသည်။

ရစ်ကြီးသည် မြေပေါ်တွင် ကျက်စား၍ သစ်ပင်ထက်၌ အိပ်တန်းတက်တတ်သော ငှက်ဖြစ်သည်။ ၁ဝ လုံးမှ အလုံး ၂ဝ ထိရှိသော ဥများကို မြေပြင်ပေါ်တွင် အုချတတ်သည်။ ဥများတွင် အစက်များ ပါရှိသည်။ ရစ်၏အသားမှာ အလွန်နူးညံ့၍ အရသာရှိသဖြင့် လူကြိုက်များသည်။ ရစ်ဥများမှာမူ သေးငယ်သဖြင့် အသုံးမဝင်လှချေ။ ထိုကြောင့် ရစ်ငှက်တို့ကို အသားအတွက် မွေးမြူထားကြသည်။

ရစ်ကြီးမျိုးစိတ်ပေါင်း ၂၃ မျိုး ရှိသည်။ ယင်းတို့သည် ဘေးအန္တရာယ်မှ လွတ်မြောက်စေရန် ကြိုးစားရာတွင် ပျံခြင်းထက် ပြေးခြင်းကို ပို၍ နှစ်သက်ကြသည်။

ကိုးကား

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

ဦးပိန်တံတားဖွားတော်ကြီးအမေရိကန်ပြည်ထောင်စုမြန်မာအက္ခရာသမိုင်းမြန်မာ့ပြည်တွင်းပဋိပက္ခများချင်းပြည်နယ်ကလယ်တွင်းသား စောချစ်အင်းတော်ကြီးကန်မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုရှားစောင်းလက်ပတ်ပင်လိင်တိန့်လိကျွင်းအနတ္တနေအဖွဲ့အစည်းည (ရုပ်ရှင်)မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး(မန္တလေး)လီဆာထိုင်းနိုင်ငံကားကရင်ပြည်နယ်ဖိုးစိန်၊ ဦး (ဂရိတ်)မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေဒေသများအလောင်းမင်းတရားမိတ္ထီလာမြို့တပ်မတော် စစ်ဘက်ဆိုင်ရာအကြီးအကဲများမြန်မာနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ရာထူး၊ အဆင့်၊ အဆောင်အယောင်နှင့် တံဆိပ်များရာမာယဏသောတာပန်ကောသလမင်း အိပ်မက် (၁၆)ချက်စိတ်ချရသော လိင်ဆက်ဆံမှုအဏုမြူ လက်နက်ရုပ်သေးမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကံအင်္ဂါဂြိုဟ်ဘရာဇီးနိုင်ငံနာဂစ်မုန်တိုင်းမြန်မာနိုင်ငံ၏ အလံများ စာရင်းခင်မောင်တိုးဒါနရက္ခိုင့်တပ်တော်မွန်ပြည်နယ်အလောင်းစည်သူမြန်မာဘာသာစကားMinecraftလိင်စိတ်ဆွခြင်းကွန်ဒုံးငါးရာငါးဆယ်ဇာတ်တော်များစာရင်းတောင်ကြီးမြို့နယ်ဦးနုပေါက်ကျိုင်းကရမက်ဝီကီပညာသဗ္ဗေ သတ္တာ ကမ္မသကာကရင်လူမျိုးသမ္ဗုဒ္ဓေပထဝီဝင်ဥပုသ်မိုးဟေကိုစိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ပြည်သူ့ကာကွယ်ရေးတပ်မတော်အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မြစိန်ဒုက္ခလေဖိအားတိုင်း ကိရိယာဓာတ်ပုံဗန်းစကားအိချောပိုဆင်ဖြူရှင်မင်းစစ်ကိုင်းမင်းဆက်မြန်မာပိတောက်မူးယစ်ဆေးဝါးနရသူ (ပုဂံ)ကျိုင်းတုံခရိုင်မြန်မာနိုင်ငံရှိ မြို့နယ်များ🡆 More