အိန်ဂျယ်လ်ရေတံခွန်

အိန်ဂျယ်လ်ရေတံခွန် (အင်္ဂလိပ်: Angel Falls) သည် ဗင်နီဇွဲလားနိုင်ငံတွင် တည်ရှိသည်။ ကမ္ဘာ့အမြင့်ဆုံး ရေတံခွန် ဖြစ်သည်။ စုစုပေါင်းအမြင့်မှာ ၉၂၉ မီတာ (၃၂၁၂ ပေ) ရှိသည်။ ရေတံခွန်၏ ရေစတင်ကျဆင်းရာ နေရာမှ အမြင့်မှာ ၈၀၇ မီတာ(၂၄၆၈ ပေ) ရှိသည်။ ရေများသည် Auyantepui တောင်၏ အစွန်မှ စီးဆင်းသည်။ ၎င်းတောင်သည် Bolívar ပြည်နယ်၊ Gran Sabana ဒေသအတွင်းရှိ ယူနက်စကို ကမ္ဘာ့အမွေအနှစ်တစ်ခုဖြစ်သော Canaima National Park အတွင်းတွင် တည်ရှိသည်။ အထက်တွင် ဖော်ပြခဲ့သော ၉၂၉ မီတာ (၃၂၁၂ ပေ) တွင် ရေတံခွန်၏ အဓိက ရေစတင်စီးဆင်းရာမှ အောက်သို့ အမြင့်၊ နိမ့်ဆင်းသွားသော ရေတံခွန်ငယ်၏ အမြင့် ၄၀၀ မီတာ (၀.၂၅ မိုင်) ခန့်နှင့် ရေတံခွန်၏အောက် စမ်းချောင်းအဖြစ် စီးဆင်းသွားသော အမြင့် ၃၀ မီတာ (၉၈ ပေ) တို့ကိုပါ ထည့်သွင်းထားခြင်း ဖြစ်သည်။ ရေများသည် Rio Kerepacupai မြစ်ဆုံတစ်လျောက် စီးဆင်းကြပြီး Carrao River မြစ်၏ မြစ်လက်တက်တစ်ခုဖြစ်သော Churun River အတွင်းသို့ စီးဝင်သည်။ Carrao River သည်လည်း Orinoco River မြစ်၏မြစ်လက်တက် တစ်ခုပင်ဖြစ်သည်။

အိန်ဂျယ်လ်ရေတံခွန်
Salto Ángel
Kerepakupai Vená
အိန်ဂျယ်လ်ရေတံခွန်
Angel Falls, Bolívar State, Venezuela
အိန်ဂျယ်လ်ရေတံခွန် သည် ဗင်နီဇွဲလားနိုင်ငံ တွင် တည်ရှိသည်
အိန်ဂျယ်လ်ရေတံခွန်
Location in Venezuela
တည်နေရာAuyán-tepui, Canaima National Park, Bolívar State, Venezuela
ကိုဩဒိနိတ်5°58′03″N 62°32′08″W / 5.96750°N 62.53556°W / 5.96750; -62.53556 62°32′08″W / 5.96750°N 62.53556°W / 5.96750; -62.53556
အမျိုးအစားPlunges
စုစုပေါင်း အမြင့်၉၇၉ m (၃,၂၁၂ ft)
ရေဆင်းလမ်းများ2
အရှည်ဆုံး ရေဆင်းလမ်း၈၀၇ m (၂,၆၄၈ ft)
ကမ္ဘာ့အမြင့် အဆင့်1st

သမိုင်းကြောင်း

အမည်

၂၀ ရာစုအလယ်ပိုင်းကတည်းက အိန်ဂျယ်လ်ရေတံခွန်ဟု လူသိများခဲ့သည်။ ၎င်းမှာ ဂျင်မီအိန်ဂျယ်လ်(Jimmie Angel) ကိုအစွဲပြု၍ ပေးထားခြင်းဖြစ်သည်။ Jimmie Angel သည် အမေရိကန် လေယာဉ်မှူးတစ်ဦးလည်းဖြစ်သည်။ ရေတံခွန်များအထက်တွင် ပျံသန်းသော ပထမဆုံးသူလည်း ဖြစ်သည်။ ၁၉၆၀ ခုနှစ်၊ ဇူလိုင်လ၊ ၂ ရက်နေ့တွင် သူ၏ အရိုးပြာများကို ရေတံခွန်ထဲသို့ ကြဲဖြန့်ခဲ့သည်။

စပိန်အမည်ဖြစ်သော Salto Ángel သည် ၎င်း၏ မိသားစုအမည် မှဆင်းသက်လာခြင်း ဖြစ်သည်။ ၂၀၀၉ ခုနှစ်တွင် သမ္မတဖြစ်သူ Hugo Chávez က အမည်ကို မူလတိုင်းရင်းသားဘာသာစကားဖြစ်သော Pemon ဝေါဟာရ ("Kerepakupai Vená", အဓိပ္ပာယ် - အနက်ဆုံးသော ရေတံခွန်) သို့ ပြောင်းလဲ ခေါ်ဆိုစေခဲ့သည်။ ထိုအမည်သည် နိုင်ငံ၏ အထင်ရှားဆုံးအမှတ်အသား တိုင်းရင်းသားအမည်တစ်ခု ဖြစ်ခဲ့သည်။ နာမည်ပြောင်းရခြင်းနှင့် ပက်သက်၍ Hugo Chávez က "This is ours, long before Angel ever arrived there ... this is indigenous property." ဟု ပြောခဲ့သည်။ သူသည် နောက်ပိုင်းတွင် နာမည်ပြောင်းလဲခြင်းကို မတတ်နိုင်ဘဲ Kerepakupai Vená ဟူသော အသုံးအနှုံးကို ကာကွယ်ရန်သက်သက်သာ ပြုနိုင်ခဲ့သည်။


အိန်ဂျယ်လ်ရေတံခွန် 
တစ်စိတ်တစ်ဒေသ တိမ်များဖုံးလွှမ်းနေသော Auyán-tepui တောင်၏ မြင်ကွင်းနှင့် အိန်ဂျယ်လ်ရေတံခွန် (အလယ်မှ) ကို ခြောက်သွေ့သော ရာသီတွင် ရိုက်ထားသောပုံ

စူးစမ်းရှာဖွေခြင်း

Sir Walter Raleigh သည် သူ၏ ရှာဖွေစူးစမ်းမှုတွင် ထင်ရှားသော မြို့တော် El Dorado ကို ရှာဖွေသည်။ ဤအချက်များသည် ယုတ္တိမတန်သော်လည်း သူ့ကို ပထမဆုံးသော အိန်ဂျယ်လ်ရေတံခွန်ကို ရှာဖွေတွေ့ရှိသူအဖြစ် သတ်မှတ်ခဲ့သည်။ အချို့သော သမိုင်းပညာရှင်များက ရေတံခွန်သို့ ပထမဆုံး ရောက်ခဲ့သူမှာ စပိန်လူမျိုးလေ့လာစုံစမ်းသူ နှင့် ၁၆ ရာစု နှင့် ၁၇ ရာစုများမှ ဘုရင်ခံ Fernando de Berrío ဖြစ်သည်ဟု ဖော်ပြခဲ့ကြသည်။ အခြားသော အရင်းအမြစ်များကမူ ရေတံခွန်ကို တွေ့ခဲ့သော ပထမဆုံး အနောက်တိုင်းသား Fèlix Cardona i Puig|Fèlix Cardona သည် ၁၉၂၇ ခုနှစ်တွင် တွေ့ရှိခဲ့သည်ဟု ဖော်ပြခဲ့ကြသည်။

ဗင်နီဇွဲလား စူးစမ်းရှာဖွေသူ Ernesto Sánchez La Cruz သည် ၁၉၁၂ ခုနှစ်တွင် ရေတံခွန်ကို တွေ့ရှိခဲ့သည်ဆိုသော်လည်း ထုတ်ဖော်ပြောကြားခြင်း မပြုခဲ့ပေ။ သူသည် Sierra Pacaraima ဒေသရှိ မွန်တိုရာရေတံခွန် (Montoya Falls) ကို တွေ့ရှိခဲ့ခြင်းသာ ဖြစ်နိုင်သည်။ မွန်တိုရာရေတံခွန်သည် ၅၀၀ မီတာ (၁၆၀၀ ပေ) မက မြင့်မားသည်။ သူတို့သည် တွေ့ရှိခဲ့ကြသော်လည်း ကမ္ဘာပေါ်ရှိ လူအများတို့ သိရှိအောင် မပြုနိုင်ခဲ့ကြပေ။ Jimmie Angel ၏ ရှာဖွေတွေ့ရှိမှုကသာ လူအများကို ရေတံခွန်အကြောင်း သိရှိစေခဲ့သည်။ ၁၉၃၃ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ဂျင်မီအိန်ဂျယ်နှင့် Fèlix Cardona တို့သည် တန်ဖိုးကြီးသော သတ္ထုရိုင်းကို ရှာဖွေရင်း ရေတံခွန်ပေါ်သို့ လေယာဉ်ပျံဖြင့် ပျံသန်းခဲ့ကြသည်။

၁၉၃၇ ခုနှစ်၊ အောက်တိုဘာလ၊ ၉ ရက်နေ့တွင် ဂျင်မီအိန်ဂျယ်လ်သည် သူ၏လေယာဉ် Flamingo monoplane ဖြင့် Auyan-tepui တောင်ပေါ်တွင် ဆင်းသက်ရန် ကြိုးစားခဲ့သည်။ သို့သော် လေယာဉ်ပျံဘီးသည် မြေကြီးထဲသို့ ကျွံဝင်သွားသောကြောင့် လေယာဉ်ပျံ ပျက်စီးခဲ့သည်။ အိန်ဂျယ်၊ သူ၏ဇနီး မာရီ (Marie) နှင့် အခြားအပေါင်းအသင်းနှစ်ယောက် တို့သည် tepui ပေါသို့ ဆင်းသက်ရန် ကြိုးစားခဲ့ကြသည်။ အချိန် ၁၁ ရက်ကြာမြင့်ခဲ့ပြီး ခက်ခက်ခဲခဲဖြင့် ဆင်းသက်နိုင်ခဲသည်။ ရေတံခွန်ကိုလည်း အိန်ဂျယ်လ်ရေတံခွန်ဟု အမည်ပေးခဲ့သည်။ Salto Angel ဟူသော အမည်မှာ ဗင်နီဇွဲလားအစိုးရက ၁၉၃၉ ခုနှစ် ဒီဇင်ဘာလက ပထမဆုံး ခေါ်တွင်စေခဲ့သော အမည်ဖြစ်သည်။

အိန်ဂျယ်တို့ စီးနင်းခဲ့သော လေယာဉ်သည် tepui တောင်ထိပ်ပေါ်တွင် ၃၃ ရက်ကြာမြင့်ခဲ့သည်။ ထို့နောက်မှ ဟယ်လီကော်ပတာဖြင့် မတင်ယူခဲ့သည်။ ၎င်းလေယာဉ်ကို Maracay ရှိ Aviation ပြတိုက်တွင် ထိန်းသိမ်းထားခဲ့သည်။ ယခုမူ Ciudad Bolívar ရှိလေဆိပ်၏ အရှေ့ အပြင်ဘက်၌ ထားရှိသည်။

ဥရောပလူမျိုးများထဲမှ ရေတံခွန်၏ အောက်ခြေသို့ ပထမဆုံးရောက်ရှိခဲ့ကြောင်း မှတ်တမ်းတင်ခဲ့သူမှ Latvia နိုင်ငံသား စူးစမ်းရှာဖွေသူ Aleksandrs Laime ဖြစ်သည်။ သူသည် ရေတံခွန်သို့ တစ်ယောက်တည်း ၁၉၄၆ ခုနှစ်တွင် ရောက်ခဲ့သည်။ သူသည်ပင် ရေတံခွန်၏ အထက်နားဆီသို့ ပထမဆုံး ရောက်ရှိခဲ့သူလည်း ဖြစ်သည်။ ရေတံခွန်၏ အနောက်ဘက် ဆင်ခြေလျောကုန်းတက်မှ အထက်သို့တက်ခဲ့သည်။ အထက်နားသို့ ရောက်ရှိခဲ့ချိန်မှာ ၁၉၄၆ နောက်ပိုင်း ဖြစ်၏။ အိန်ဂျယ်၏လေယာဉ် မှားယွင်းဆင်းသက်မှုဖြစ်ခဲ့ပြီး ၁၈ နှစ်ကြာပြီးနောက် ရေတံခွန်သို့ ရောက်ခဲ့ပြန်သည်။ Lativa နိုင်ငံ၏ လွတ်လပ်ရေးနေ့ဖြစ်သော ၁၉၅၅ ခုနှစ်၊ နိုဝင်ဘာလ၊ ၁၈ ရက်နေ့တွင် သူသည် ဗင်နီဇွဲလားသတင်းစာ El National သို့ နာမည်မရှိသေးသော စမ်းချောင်းကို Gauja ဟုခေါ်သင့်ကြောင်း ပြောကြားခဲ့သည်။ အဲ့သည်နှစ်တွင်ပင် ထိုအမည်ကို ဗင်နီဇွဲလားနိုင်ငံရှိ Nation Cartographic Institution က အသိအမှတ်ပြုခဲ့သည်။

Laime သည် Churun မြစ်မှ ရေတံခွန်၏ အောက်ခြေသို့ လမ်းတစ်ခုပြုလုပ်ရာတွင် ဦးဆောင်ပြီး ပြုလုပ်ခဲ့သော ပထမဆုံးသူ ဖြစ်သည်။ ထိုလမ်းသည် ရေတံခွန်၏ ရှုခင်းများကို ဓာတ်ပုံရိုက်ရန်အတွက် အဓိက နေရာတစ်ခုလည်း ဖြစ်သည်။ ထိုလမ်းကို Mirador Laime ဟုအမည်ပေးခဲ့သည်။ ယခုအခါ ထိုလမ်းကို နိုင်ငံခြားသား ခရီးသွားအများစု အသုံးပြုကြသည်။

ရေတံခွန်၏ တရားဝင်အမြင့်ကို တိုင်းတာရန်အတွက် လေ့လာစုံစမ်းမှုများကို ၁၉၄၉ ခုနှစ်၊ မေလ၊ ၁၃ ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။ ထိုလေ့လာမှုအတွက် အမေရိကန် ဂျာနယ်သမားများက ငွေကြေး ထောက်ပံ့ခဲ့သည်။ ၁၉၆၈ခုနှစ်တွင် ရေတံခွန်၏ မျက်နှာပြင်သို့တက်ရန် ပထမဆုံးသောကြိုးပမ်းမှုကို စိုစွတ်သော ရာသီ၌ ပြုလုပ်ခဲ့ကြသည်။ သို့သော် ကျောက်တုံးများသည် ချော်နေသောကြောင့် မအောင်မြင်ခဲ့ပေ။ ၁၉၆၉ ခုနှစ်တွင် ဒုတိအကြိမ်ကြိုးပမ်းခဲ့ကြသည်။ ရေသည်ပြတ်တောက်သွားပြီး ၁၂၀ မီတာ (၄၀၀ ပေ) အထက်မှ မိုးလျက်ရှိသောကြောင့် ဒုတိယအကြိမ်ကြိုးပမ်းမှုကို ဖျက်ခဲ့ရသည်။ ပထမအကြိမ် ချောက်ကမ်းပါးသို့ တက်ရောက်မှုသည် ၁၉၇၁ ခုနှစ်၊ ဇန်နဝါရီလ၊ ၁၃ ရက်နေ့တွင် အောင်မြင်ခဲ့သည်။ ရေတံခွန်ပေါ်သို့တက်သူများသည် အပေါ်သို့တက်ရန် ၉ ရက်နှင့် နေ့တစ်ဝက်ကြာမြင့်သည်။ အောက်သို့ဆင်းရန် တစ်နေ့ခွဲ ကြာမြင့်သည်။

ခရီးသွားလာမှု

အိန်ဂျယ်လ်ရေတံခွန်သည် ခရီးသွားများကို အဓိက ဆွဲဆောင်သော နေရာများထဲမှ တစ်ခုဖြစ်သည်။ သို့သော်လည်း ရေတံခွန်သို့သွားသော ခရီးမှာ ခက်ခဲသော ကိစ္စတစ်ခုဖြစ်သည်။ ရေတံခွန်သည် သီးခြားဖြစ်၍ ထူထပ်သော တောကြီးတွင်တည်ရှိသည်။ Canaima စခန်းမှ မြစ်ကြောင်းခရီးဖြင့် ရေတံခွန်၏ အောက်ခြေသို့ သွားရောက်နိုင်သည်။ Pueto Ordaz သို့မဟုတ် Ciudad Bolívar မှ လေယာဉ်စီး၍ Canaima စခန်းသို့ သွားရန်လိုသည်။ မြစ်ကြောင်းခရီးကာလမှ ပုံမှန်အားဖြင့် ဇွန်လမှ ဒီဇင်ဘာလတွင် ပြေးဆွဲလေ့ရှိသည်။ ခြောက်သွေ့သောကာလ (ဒီဇင်ဘာလ မှ မတ်လ) တွင် အခြားလများထက် ရေသည် နည်းလျက်ရှိသည်။

ကျော်ကြားသော ပြန်ကြားရေးကဏ္ဍများ

အိန်ဂျယ်ရေတံခွန်သည် Disney ရုပ်သံလှုပ်ရှားမှု ရုပ်ရှင်၏ နောက်ခံရှခင်းအဖြစ်ပါဝင်ခဲ့သည်။ ထိုရုပ်ရှင်တွင် တည်နေရာကို Angel-Falls အစား Paradise Falls ဟု ခေါ်ဝေါ်ခဲ့သည်။

ကိုးကား

Tags:

အိန်ဂျယ်လ်ရေတံခွန် သမိုင်းကြောင်းအိန်ဂျယ်လ်ရေတံခွန် ခရီးသွားလာမှုအိန်ဂျယ်လ်ရေတံခွန် ကျော်ကြားသော ပြန်ကြားရေးကဏ္ဍများအိန်ဂျယ်လ်ရေတံခွန် ကိုးကားအိန်ဂျယ်လ်ရေတံခွန် ပြင်ပလင့်များအိန်ဂျယ်လ်ရေတံခွန်ဗင်နီဇွဲလားနိုင်ငံအင်္ဂလိပ်ဘာသာစကား

🔥 Trending searches on Wiki မြန်မာဘာသာ:

ဂဠုန်ဝင်ငွေမုန့်ဟင်းခါးအနှိပ်ပညာဧရာဝတီတိုင်းဒေသကြီးဇာမဏီဒေါင်းခရစ်ယာန်ဘာသာအသည်းရောင် အသားဝါ ရောဂါ စီပိုးဝတ်မှုန်ရွှေရည်အချစ်စိုးလွင်လွင်စပိန်နိုင်ငံဘားအံခရိုင်သာရိပုတ္တရာထေရ်မဏိစန္ဒာမဟာရဋ္ဌသာရ၊ သျှင်ဂျာဗား (ပရိုဂရမ်မင်းဘာသာစကား)အမှတ်(၁၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မြရင်၊ မ (လေဘာတီ)ပခုက္ကူမြို့လူသားမေတ္တေယျဘုရားသစ်တောဦးစီးဌာနကားနာဂလူမျိုးဆယ်ပါးသီလရေပြာအိုင်နေဝင်း (ဗိုလ်ချုပ်ကြီး)ရန်ကုန်မြို့ရှိ ခရိုင်နှင့် မြို့နယ်များစာရင်းစစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံးခရုခွံဒုတိယ ကမ္ဘာစစ်ပုစွန်ရေးမြို့ရှမ်းလူမျိုးသီလရှင်ကျင့်ဝတ်တွံတေးစိုးအောင်မြန်မာနိုင်ငံ၏ သမ္မတများ စာရင်းရွှေသိမ်တော်ဘုရား (ကျောက်ဆည်)နီလင်းအောင်ကိုးပါးသီလအသံချင်းပြည်နယ်အားမြန်မာအက္ခရာမြန်မာအက္ခရာသမိုင်းဂျီစီဘီအေရေအမှတ် (၅) စစ်ဆင်ရေး အထူးအဖွဲ့မှူးစက္ကူပြုလုပ်ခြင်းစိန်ပန်းပင်ဩစတြေးလျနိုင်ငံကျုံးC++ရုရှားနိုင်ငံပါဠိဆောင်းရာသီမိုးကုတ်တရားကြယ်အောင်ချိမ့်ဥဩဝက်သက်ရောဂါနယ်ခြားစောင့်တပ်ဖွဲ့အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်စင်ကာပူနိုင်ငံသံလွင်တံတား (ဘားအံ)အစ္စလာမ်ဘာသာဒန့်သလွန်မိန်းမ မျိုးပွားအင်္ဂါအနေကဇာတင်ခြင်းကျော်ဟိန်းလက်မိုးဟေကိုရှမ်းပြည်တပ်မတော်-မြောက်ပိုင်းခြင်းလုံး ကစားခြင်း🡆 More