အာနန္ဒာဘုရားမန္တလေး

မန္တလေးမြို့ တောင်ပြင်၊ မဟာမုနိဘုရား အရှေ့တောင်ဘက်တွင် ထူးခြားသော ပုံစံတော်ဖြင့် အာနန္ဒာဘုရား တည်ရှိတော်လမူသည်။ ဘုရား၏ အတွင်း လေးမျက်နှာတို့၌ တစ်ဆယ့်ရှစ်တောင် ပမာဏရှိ မြတ်စွာဘုရား ရပ်တော်မူ လေးဆူတို့ကို တမျက်နှာလျှင် တစ်ဆူကျစီ ပူဇော်ထားသည်။ ဘုရား၏ အရှေ့မျက်နှာ လိုဏ်ပေါက်မှ စ၍ ကကုသန်ဘုရား၊ ကောဏဂုံဘုရား၊ ကဿပဘုရား၊ ဂေါတမဘုရား စသော ဤဘဒ္ဒကမ္ဘာ၌ ပွင့်တော်မူပြီး ဘုရားလေးဆူကို အများပြည်သူတို့ ဖူးမြော်နိုင်ရန် ရည်သန်၍ တည်ထားခြင်း ဖြစ်သည်။

အာနန္ဒာဘုရားမန္တလေး
အာနန္ဒာဘုရား (မန္တ​လေး)

သိမ်နီကြီးဘုရား

အာနန္ဒာဘုရားသည် တည်တော်မူစက သိမ်သမုတ်ထားသော သိမ်ဘုရားကြီး ဖြစ်သည်။ ထိုစဉ်ကာလက အင်္ဂတေအချောမကိုင်ဘဲ အုတ်ရိုးအနီအတိုင်း ကာလရှည်ကြာစွာ ထားသောကြောင့် သိမ်နီကြီးဘုရားဟူ၍ တွင်ခဲ့သည်။ ယခုအခါတွင် သိမ်နီကြီးပျောက်ပြီး အာနန္ဒာဘုရားဘွဲ့တော်ဖြင့် ပြည်သူအများ ကိုးကွယ်လျက် ရှိသည်။ အာနန္ဒာဘုရားအတွင်း လိုဏ်၌ရှိသော ရပ်တော်မူ ရုပ်ပွားတော် လေးဆူကို အုတ်အင်္ဂတေဖြင့် ပြုလုပ်ထားပြီး အမရပူရ​ခေတ် လက်ရာဖြစ်သည်။

အာနန္ဒာဘုရားမန္တလေး 
ရုပ်ပွား​တော်တစ်ဆူ

မိဖုရားကြီးကောင်းမှု

အာနန္ဒာဘုရားသည် အမရပူရ ပထမမြို့တည် နန်းတည် ဘိုးတော်ဗဒုံမင်းတရားကြီး၏ ယင်းတော်မြို့စားမိဖုရား တည်ထားပူဇော်တော်မူသည်။ ထို့နောက် အမရပူရ စတုတ္ထနန်းစံ ပုဂံမင်း၏ နှမတော် ဖြူးမြို့စားက ထပ်မံပြုပြင်ခဲ့သည်။

ဦးခန္တီ ပြုပြင်

မြန်မာသက္ကရာဇ် ၁၂၇၉-ခုနှစ်မှစ၍ မန္တလေးတောင် ရသေ့ကြီးဦးခန္တီ ကြီူမှူး၍ တိုင်းသူပြည်သား ရှင်လူအများတို့ စုပေါင်းပြုပြင်ခဲ့သည်။ ထိုအချိန်မှ စ၍ သိမ်နီကြီးဘုရားမဟုတ်တော့ဘဲ အင်္ဂတေကိုင်ပြီး ထုံးသင်္ကန်းကပ်ခဲ့ရာ ယခုတွေ့မြင် ဖူးတွေ့ရသော အခြေအနေသို့ ရောက်လာသည်။ ထို့အပြင် ပြာဿဒ်တန်ဆောင်းနှင့် အာရုံခံများလည်း ပေါ်ပေါက်လာခဲ့သည်။ လွတ်လပ်ရေးခေတ်တွင် ဘုရားကြီးတိုက် သံဃာတော်များကရသေ့ကြီး ဦးခန္တီလက်မှ လွှဲပြောင်းယူ၍ ယနေ့အချိန်ထိ ဆက်လက်ထိန်းသိမ်း စောင့်ရှောက်တော်မူခဲ့ကြသည်။ အာနန္ဒာဘုရားဆောင်းတန်းသည် ဘုရားကြီးအရှေ့စောင်းတန်းအရောက် ဆက်သွယ်ထားပြီး စောင်းတန်းအတွင်း နိဗ္ဗာန်ကုန်လုပ်ကိုင်ရောင်းချသူများဖြင့် စည်ကားလျက်ရှိသည်။ ဆိုင်ခန်းများမှ ရရှိသော ဝတ္ထုပစ္စည်းများကို ဘုရားအတွက် အသုံးပြုသည်။

အာနန္ဒာဘုရားမန္တလေး 
အ​ကြွေ​စေ့ထည့်လျှင် လှုပ်ရှား​သော ဥမ္မာဒန္တီဇာတ်​တော် ရုပ်ပြများ

ကိုးကား

Tags:

အာနန္ဒာဘုရားမန္တလေး သိမ်နီကြီးဘုရားအာနန္ဒာဘုရားမန္တလေး မိဖုရားကြီးကောင်းမှုအာနန္ဒာဘုရားမန္တလေး ဦးခန္တီ ပြုပြင်အာနန္ဒာဘုရားမန္တလေး ကိုးကားအာနန္ဒာဘုရားမန္တလေးကကုသန်ဘုရားကောဏဂုံဘုရားကဿပဘုရားဂေါတမဘုရားမဟာမုနိဘုရားကြီး

🔥 Trending searches on Wiki မြန်မာဘာသာ:

အော်ကာလေးဖြူထန်းလျက်မန်ချက်စတာ ယူနိုက်တက်နေဝင်း (ဗိုလ်ချုပ်ကြီး)ဗုဒ္ဓဟူးဂြိုဟ်စနေဂြိုဟ်အသောကမင်းသရဲပါလီမန် ဒီမိုကရေစီ စနစ်မုန့်လက်ဆောင်းအင်းဝမင်းဆက်ကျောက်တန်းရေလယ်ဘုရားမွန်လူမျိုးဧရာဝတီတံတား (ပခုက္ကူ)လေးစီးရှင် ကျော်စွာကယားလူမျိုးဧဝရတ်တောင်မြန်မာနိုင်ငံရှိ သန်းခေါင်စာရင်းလွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)ဇော်ဂျီ (စာရေးဆရာ)ဥပုသ်ဘာသာတရားကရင်နွယ်ဘာသာစကားများထားဝယ်မြို့ဥပ္ပါတသန္တိ စေတီတော်စာရာမေတိတောင်ရဟန်းခံခြင်းသစ်ခွစိန်ပန်းပင်လမ်းမတော်ဖိုးတုတ်ပထမ အင်္ဂလိပ် - မြန်မာစစ်သင်္ကန်းဝိနည်းပိဋကတ်သက္ကာယဒိဋ္ဌိကလေးဗဟိုပြုသင်ကြားရေးစနစ်ကျောက်တော်မြို့နယ်ကမ္ဘာဂြိုဟ်ဘိန်းလိင်စိတ်ဆွခြင်းကျောက်ခေတ်သစ်မိတ္ထီလာမြို့ချင်းလူမျိုးဗောဓိပက္ခိယတရား ၃၇ ပါးတိုင်တန်းနစ်သင်္ဘောပဲခူးမြို့နန်းဆုရတီစိုးစိန်ဒန့်သလွန်မြန်မာနိုင်ငံ သစ်တောများပိုင်တံခွန်စာရင်းအင်း ပညာညောင်ရမ်းခေတ်ကရင် အမျိုးသား အစည်းအရုံးဆားကော့ကရိတ်မြို့ချင်းပြည်နယ်မြန်မာနိုင်ငံဆိုင်ကလုံးမုန်တိုင်းအိုမန်နိုင်ငံနီပေါနိုင်ငံသီရိလင်္ကာနိုင်ငံမြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေဒေသများကုန်းဘောင်ခေတ် နာမည်တွက်နည်းသမ္မာကျမ်းစာမိဖုရားစောသမ္ဗုဒ္ဓေအကြည်တော်အင်းတော်ကြီးကန်လိင်ဆက်ဆံခြင်းကျားကုမာရာဘိဝံသ (ဗန်းမော်ဆရာတော်)ဘီတီအက်စ်မြန်မာကျပ်ငွေနေအဖွဲ့အစည်း🡆 More