ရွှေကြက်ကျစေတီ

မန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့အနီး၊ဧရာဝတီမြစ်ကမ်းဦးတွင် တည်ရှိသည်။

ဂေါတမ ဘုရားရှင်သည် ဝါတော် ၂၆ ဝါ ရတွင် မြန်မာတို့၏ တိုင်းနိုင်ငံဖြစ်သော သုနာပရန္တတိုင်း၊ လယ်ကိုင်းကျောင်းတော်ရာ ဝါဏိဇ္ဇဂါမသို့ ရဟန္တာ ငါးရာ ခြံရံလျက် ပြဿဒ်ယာဉ်ပျံ (၅၀၀)ဖြင့် ကောင်းကင်ခရီးမှ ကြွတော်မူလာပြီးလျှင် စူဠပုဏ် ဆောက်လုပ်သော နံ့သာကျောင်းကို အလှူခံတော်မူ၏။ ထို့နောက် ဘုရားရှင်သည် နောင်အခါ သာသနာတော် ဖြန့်ဖြူးရာ၊ စည်ပင်ပြန့်ပွားရာ ဖြစ်လတ္တံ့သော မြို့ရွာဒေသများကို ရည်ညွှန်းတော်မူ၍ သရေခေတ္တရာပြည် တည်ရာ ဖိုးဦးတောင်၊ ပုဂံပြည်တည်ရာ တန့်ကြည်တောင်၊ မြင်စိုင်းမြို့တည်ရာ သင်းပွင့်တောင်၊ စစ်ကိုင်းပြည်တည်ရာ ရွှေမင်းဝံတောင်၊ မန္တလေး ရတနာပုံပြည်ကြီးတည်ရာ မန္တလေးတောင်နှင့် အင်းဝပြည် တည်ထွန်းမည့် ဒေသများကို အစဉ်အတိုင်း ဒေသစာရီ ကြွချီတော်မူလာခဲ့၍ ထိုထိုဒေသနှင့်ဆိုင်ရာ ဗျာဒိတ်တော်များကို အသီးသီး မြွတ်ကြားတော်မူခဲ့ပြီးနောက် ကြက်ယက်နှစ်ဆူ တည်တော်မူမည့် မန္ဓာဂီရိတောင်တော်ထက်သို့ ညီတော်အာနန္ဒာကို နောက်ပါပြု၍ ကြွရောက်တော် မူလာသည်။

ဗျာဒိတ်ထားခြင်း

ထိုအခါ မန္တလေးတောင်စောင့် ဘီလူးမ အဇ္ဇမုခီ၏မောင်တော်များဖြစ်ကြသော ငတောင်ပြုန်း၊ ငတောင်ကြဉ်၊ ငတောင်သမန်၊ ငတောင်မြင့် ဟူသော နတ်ဘီလူးလေးဦးတို့သည် ဘုရားရှင်ထံ၌ ကြည်ညိုခြင်း ပြင်းစွာဖြစ်၍ မွန်မြတ်လှစွာသော သားပြွမ်းဆွမ်း ဆက်ကပ်လှူဒါန်းသည်ကို ခံယူတော်မူပြီးလျှင် ပြုံးတော်မူ၏။ ထိုအကြောင်းကို အရှင်အာနန္ဒာ မထေရ်လေလျှင် ချစ်သား အာနန္ဒာ ရှေးသောအခါ ဤအရပ်၌ ကြက်မင်းမောင်နှမ အစစ်ဖြစ်၍ ကျက်စားစမှတ် ပြုသည်။ ကြက်ထောင့်အရပ်၌ အိပ်စမှတ်ပြုသည်။ ငါ ပရိနိဗ္ဗာန် လွန်သည့်နောက် ၂၁၈-နှစ်ရောက်သောအခါ ထိုတောင်နှစ်တောင်ဝယ် ဘုန်းတန်ခိုးကြီးမားသော အာသောကဘုရင်မြတ်သည် ငါ၏ ဓာတ်တော်မွေတော်တို့ကို ဌာပနာ၍ စေတီနှစ်ဆူ တည်လတ္တံ့၊ သာသနာတော် အနှစ် ၂၃၂၆၊ ကောဇာသက္ကရာဇ် ၁၁၄၄-ခုနှစ်ရောက်သောအခါ ငတောင်ပြုန်း၊ ငတောင်ကြဉ်၊ ငတောင်သမန်၊ ငတောင်မြင့်တို့ နေရာအရပ်၌လည်း ဘုန်းတန်ခိုးကြီးမားသော မင်းသည် ပြည်ကြီးတည်၍ သာသနာတော် ချီးမြှောက်ပြုစုလတ္တံ့ဟု အမရပူရ ရွှေမြို့တော်ကြီးနှင့် ဘိုးတော်မင်းတရားကြီးကို ဗျာဒိတ်ထားတော် မူခဲ့လေသည်။

ကြက်ညီနောင်လော ကြက်မောင်နှံလော

ဘုရားအလောင်းကြက်မင်းသည် နှမတော် ယသော်ဓယာ အလောင်းနှင့်အတူ ကြက်မောင်နှံဘဝအဖြစ် ဖြင့် ကျင်လည်ခဲ့ကြရသည်ဟူသော ဝါဒနှင့် ညီတော်အာနန္ဒာ အလောင်းနှင့်အတူ ကြက်ညီနောင် ဘဝအဖြစ် ဖြင့် ကျင်လည်ခဲ့ကြရသည်ဟူသော ဝါဒနှစ်ရပ် ဖြစ်ရ၍ ၎င်းကို ရှင်းရန် တာဝန်ရှိပေသည်။ ခိုင်ခံ့သော အကိုးအကား အနေဖြင့် သမိုင်းကျောက်စာ ရာဇဝင်များလာ ကြက်မင်းမောင်နှံအဖြစ်ကို တထစ်ချ မှတ်ယူရပေမည်။ ၎င်းကို ထောက်ခံသည့်အနေဖြင့်လည်း ကဗျာလင်္ကာများတွင် -

မြစ်ဧရာငယ်၊ ခွေကာလျှမ်းခ၊ ကမ်းအစတွင်၊ တေဇထက်သန်၊ မြမောင်နှံတို့၊ ယမန်ရှေးခါ၊ တောင်မန္ဓာနှင့်၊ သေလာနာဂရာဇ်၊ ဗောဓိလျာဖြစ်စဉ်က၊ နန်းသစ်ကဲ့ပျော်ရာ၊ ရိပ်ခန်းသာမို့ ဟူ၍လည်းကောင်း၊

ငါတို့ ရှင်ချစ်၊ ဇာတ်တော်ဟောင်းဖြင့်၊ အလောင်းရွှေကြက်၊ မြှုပ်ရာချက်ကို၊ ကြက်ယက်မောင်တော်၊ နှမတော်သည်၊ ရှင်တော်တူကွ တည့်သခင်၊ ရှင်တော်တူကွ တည့်သခင်ဟူ၍လည်းကောင်း အသီးသီး စပ်ဆိုထားသည်ကို တွေ့ရှိရလေသည်။

မျက်မြင်အနေဖြင့်လည်း ရှေးခေတ်အဆက်ဆက်မှစ၍ ယနေ့မျက်မှောက်ခေတ်အထိ ထုလုပ်ထားသော ရွှေကြက်ယက် ကြက်မင်းဂူအတွင်းရှိ ကြက်မောင်နှမ ရုပ်ပုံဖြင့်လည်း အဖိုအမသဘော ပေါ်လွင်ထင်ရှားလျက် ရှိနေပါသည်။

ကိုးကား


Tags:

မန္တလေးတိုင်းဒေသကြီးအမရပူရမြို့ဧရာဝတီမြစ်

🔥 Trending searches on Wiki မြန်မာဘာသာ:

ဂဠုန်ဦးစောနာဂလူမျိုးအက်တမ်လွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)တောင်တရုတ်ပင်လယ်ကြာသပတေးဂြိုဟ်ရဲယိုပင်အာဠာဝကဘီလူးနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစ္စလာမ်ဘာသာဂျူး (စာရေးဆရာမ)ပန်းပဲရတနသုတ်ပရိတ်ကြီး ၁၁ သုတ်မြန်မာနိုင်ငံ၏ ပထဝီဝင်အမှတ်(၈)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ရုရှားသဒ္ဒါဥသျှစ်ပင်ကော့သောင်းမြို့ယူကရိန်းနိုင်ငံတောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကုန်းဘောင်ခေတ် ကာမစပ်ယှက်နည်းများအင်ဒိုနီးရှားနိုင်ငံဝီကီမီဒီယာ ဖောင်ဒေးရှင်းအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဗဒုံမင်းဒြပ်စင်ဂြိုဟ်ကျိုင်းတုံမြို့အရက်လများ (အချိန်အတိုင်းအတာ)နေပြည်တော် ပြည်ထောင်စုနယ်မြေပုပ္ပားမယ်တော်တင်အောင်စန်းဇေယျ (စာရေးဆရာ)စစ်ကိုင်းတိုင်းဒေသကြီးမြန်မာသရုပ်ဆောင်များစာရင်းတားရော့ပညာအိုမန်နိုင်ငံစမ်းချောင်းမြို့နယ်မြန်မာနိုင်ငံတော်ဗဟိုဘဏ်ခင်ပွန်းကြီးဆယ်ပါးဗမာလူမျိုးဧရာဝတီတံတား (ပခုက္ကူ)အမှတ်(၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အမှတ်(၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မကွေးတိုင်းဒေသကြီးပညာရေးဝန်ကြီးဌာနအမျိုးသမီးများ၏ အခွင့်အရေးပဲခူးတိုင်းဒေသကြီးမင်းတုန်းမင်း၏ မိဖုရားများနှင့် သားတော်၊ သမီးတော်များ စာရင်းဖူးပွင့်ခိုင်စစ်ပင်ဘောလုံးကစားခြင်းအမှတ်(၂၂)ခြေမြန်တပ်မဌာနချုပ်ရခိုင်လူမျိုးမထိုးသွင်းသော လိင်ဆက်ဆံခြင်းဧရာဝတီမြစ်ယောက်ျား အင်္ဂါတံကိန္နရာအကမြန်မာချောင်းခွရွာ၊ နတ်တလင်းမြို့နယ်ဝိနည်းပစိဖိတ် သမုဒ္ဒရာမဂ္ဂသစ္စာတယ်လီဖုန်း ကုတ်နံပါတ်သမ္မာကျမ်းစာဆီးချိုရောဂါလက္ခဏာများကျုံးဗီယက်နမ်နိုင်ငံသက်ရှိအင်္ဂလန်နိုင်ငံအိချောပိုတောင်ဝင်ရိုးစွန်းစေတသိက်တပ်မတော် (လေ)တပေါင်းလပြည့်နေ့တက်စမေးနီးယားကျွန်းရာမာယဏ🡆 More