ဝံပိုင့်

ဝံပိုင့် (အင်္ဂလိပ်: Palm Civet, (Viverridae)) ဆိုသည်မှာ ခန္ဓာကိုယ်အရွယ် အငယ်စားနှင့် အလတ်စား အမျိုးမျိုးရှိကြသော ဇီဝမျိုးတူ နို့တိုက်သတ္တဝါများ မျိုးရင်းတစ်ခုဖြစ်ပြီး သိပ္ပံအမည်ဖြင့် ဗီဗာရီဒီးဟု ခေါ်လေသည်။ ဝံပိုင့်များ၏ ပုံပန်းသွင်ပြင်သည် ကြောင်နှင့် ခပ်ဆင်ဆင်တူသော်လည်း ဗီဇမျိုးရိုး၊ စရိုက်လက္ခဏာနှင့် ခန္ဓာကိုယ်၏ အသေးစိတ် ဖွဲ့စည်းပုံများမှာမူ အတန်ပင်ကွဲပြား၏။

ဝံပိုင့်
အင်္ဂလိပ်: Palm Civet (Viveriddae)
Temporal range: 34–0 Ma
PreЄ
Є
O
S
D
C
P
T
K
Pg
N
Eocene ခေတ် မှ လက်ရှိခေတ်
A mosaic of four small photos of viverrids in trees
ဝံပိုင့် မျိုးစုများ။ (ဝဲထိပ် မှ ယာခြေ) ကြောင်ဝံပိုက်Genetta(အာဖရိကဝံပိုင့်)ကြောင်ဝံနဂါးဝံကြောင်
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
မျိုးစဉ်: Carnivora
Suborder: Feliformia
Infraorder: Viverroidea
မျိုးရင်း: Viverridae
Gray, 1821

ဇီဝဗေဒဆိုင်ရာ မျိုးရိုးခွဲခြားခြင်း

(ဝံပိုင့်) ဗီဗာရီဒီး မျိုးရင်းသည် ဖီးလစ်ဒီး(ကြောင်မျိုးရင်း)၊ ဟိုင်အီးနီဒီး(ဟိုင်အီးနား)၊ ဟာပတ် စတီဒီး(မြွေပါ)၊ ပရီအိုနိုဒွန်တီဒီး(လင်စိုင်) စသည့် တိရစ္ဆာန်မျိုးရင်း တို့နှင့်အတူ နို့တိုက်သတ္တဝါ မျိုးစဉ်ခွဲ "ဖဲလစ်ဖော်မီယာ (အက်စ်ပဲရန်တို: Feliformia, lit. 'ကြောင်အသွင်ရှိသတ္တဝါ')" ထဲ၌ ပါဝင်သည်။ ဝံပိုင့်မျိုးရင်းအား မျိုးစိတ် (၃၃) မျိုးပါဝင်သော မျိုးစု (၁၅) စုဖြင့် ဖွဲ့စည်းထားသည်။

တွေ့ရှိရသော ဒေသများ

ဝံပိုင့်များသည် အရှေ့တိုင်းဒေသများဖြစ်သော အာရှတိုက်တခုလုံး၊ အာဖရိကတိုက်တစ်ဝှမ်းလုံးနှင့် ဥရောပတိုက်၏ တောင်ပိုင်းဒေသတို့တွင် နေထိုင်ကျက်စားကြသည်။ မဒါဂတ်စကားကျွန်းနှင့် ဆူလာဝေစီကျွန်း များတွင်လည်း ကျက်စားကြပြီး၊ ကမ္ဘာ့ဟောင်းဟုခေါ်သော အရှေ့တိုင်းရှိ အပူပိုင်းဒေသများတွင် နေထိုင်ကြသည့်အပြင် အင်ဒို-ပစိဖိတ်ဒေသရှိ Wallace မျဉ်းဟုခေါ်သော အာရှနှင့် ဩစတြေးလျကြားရှိ ဇီဝမျိုးကွဲရပ်ဝန်း အပိုင်းအခြားကို ကျော်လွန်၍ ကျက်စားကြသည်ကိုလည်းတွေ့ရသည်။ မျိုးရင်းဝင်အများစုသည် အပူပိုင်းမိုးသစ်တောများတွင် ပိုမိုနေထိုင်ကျက်စားကြသော်လည်း အချို့ဝံပိုင့်မျိုးနွယ်များမှာ တောအုပ်များဆာဗားနားမြက်ခင်းပြင်များနှင့် တောင်ပေါ်ဒေသများတွင်လည်း နေထိုင်ကြသည်ကိုလည်း တွေ့နိုင်သည်။

"ကြောင်ကတိုး/ကြောင်နံ့သာ"

ဝံပိုင့် မျိုးရင်းဝင်အများစုသည် ကြောင်ကတိုး (ဝါ) ကြောင်နံ့သာ ဟုခေါ်သည့် ခန္ဓာကိုယ်မှ ရနံ့တစ်ခုထုတ်သည့် ကြောင်အသွင်ရှိ တိရစ္ဆာန်များဖြစ်ကြလေ၏။ ၎င်းရနံ့ထုတ်နိုင်သော ဝံပိုင့်အများစုမှာ "ဗီဗားရာ၊ စီဗက်တစ္စတစ်၊ ဗီဗားကျူလာ " မျိုးစုများမှ ဖြစ်ကြသည်။ ထိုကဲ့သို့ ရနံ့ထွက်ခြင်းမှာ ၎င်းမျိုးစုဝံပိုင့်များ၏ ဒွါရနားတွင် ရနံ့ထုတ်ဂလင်းတစ်ခုပါရှိသောကြောင့် ဖြစ်လေ၏။ သို့ရာတွင် ၎င်းတို့အားလုံး၏ ရနံ့တိုင်းသည် "ကတိုး" ဟူသော နှစ်လိုဖွယ်ကောင်းနေခြင်းမျိုးမဟုတ်ဘဲ တချို့သောဝံပိုင့်များ၏ ရနံ့မှာ မခံမရပ်နိုင်လောက်ပင် ပြင်းထန်သည်ဟုသိရသည်။ မည်သို့ပင်ဖြစ်စေကာမူ ၎င်း "ကတိုး" ဟူသောအသုံးအနှုန်းသည်လည်း တခါတရံတွင် နှစ်လိုဖွယ်မကောင်းသော ရနံ့များကို ရည်ညွှန်းရာ၌လည်း လူတချို့ သုံးလေ့ရှိကြလေသည်။

ကိုးကား

Tags:

ဝံပိုင့် ဇီဝဗေဒဆိုင်ရာ မျိုးရိုးခွဲခြားခြင်းဝံပိုင့် တွေ့ရှိရသော ဒေသများဝံပိုင့် ကြောင်ကတိုးကြောင်နံ့သာဝံပိုင့် ကိုးကားဝံပိုင့်ကြောင်မျိုးရင်းမျိုးရင်းအင်္ဂလိပ်

🔥 Trending searches on Wiki မြန်မာဘာသာ:

ခင်ဝင့်ဝါဒူးရင်းသီးသီရိလင်္ကာနိုင်ငံစစ်ကိုင်းတိုင်းဒေသကြီးအကြည်တော်ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ဒုတိယ ကမ္ဘာစစ်နိကာယ် ငါးရပ်ရေသည်ပြဇာတ်ဦးသန့်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမန္တလေးတိုင်းဒေသကြီးရမည်းသင်းမြို့အနတ္တလက္ခဏသုတ်မေတ္တသုတ်ရန်ကုန်မြို့HTTP cookieမဂ္ဂင် ၈ ပါးကထိန်နန္ဒမာလာဘိဝံသပြစ်မှုဆိုင်ရာဥပဒေကိုကိုးကျွန်းမိုင်တဲလ် မြန်မာကချင်လွတ်မြောက်ရေးတပ်မတော်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မိတ္ထီလာမြို့မြန်မာလများအမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ်ထေရဝါဒအချစ်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်စမူဆာဥရောပ သမဂ္ဂကာလီမယ်တော်ဗန်းစကားအမှတ်(၃၃)ခြေမြန်တပ်မဌာနချုပ်ရှင်ပြုခြင်းဥရောပကိုကိုကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများလူ့အခွင့်အရေးကြေငြာစာတမ်းပါအချက်များလိမ်လည်မှုဗုဒ္ဓဟူးဂြိုဟ်မြန်မာ့​ကျောက်မျက်ရတနာ ​ရောင်းဝယ်​ရေး လုပ်ငန်းပွေး(ရောဂါ)ဓူဝံကြယ်ဇာတ်ကြီးဆယ်ဘွဲ့လယ်တွင်းသား စောချစ်နာဂစ်မုန်တိုင်းနတ်ပင့်ဂါထာအရှေ့တောင်အာရှမြန်မာနိုင်ငံရှိ မြို့များမြန်မာ့စွယ်စုံကျမ်းမြန်မာနိုင်ငံ၏ စီးပွားရေးမကွေးတိုင်းဒေသကြီးနေဝင်း (ဗိုလ်ချုပ်ကြီး)အလောင်းစည်သူစအိုဖြင့် လိင်ဆက်ဆံခြင်းကုလသမဂ္ဂတပ်မတော်၏ လက်မောင်းတံဆိပ်အဆောင်အယောင်များဇော်ဂျီသူငယ်နာသာလွန်မင်းတိုကျိုမြို့ရွှေမော်ဓောဘုရား(ပဲခူး)သိန်းစိန် (နိုင်ငံတော်သမ္မတ)ကန်စွန်းဆေးလိပ်ကိုယ်ဝန်ဆောင်ခြင်းမြင့်မြတ်ပအိုဝ်းလူမျိုးသစ္စာလေးပါးအချိန်ကျွန်မက မဟေသီ (ရုပ်သံဇာတ်လမ်းတွဲ)ဆွစ်ဇာလန်နိုင်ငံအာရုံခြောက်ပါးလင်းနို့မာရဝိဇယဗုဒ္ဓရုပ်ပွားတော်🡆 More