ရဝေရှင်ထွေး

ရဝေ ရှင်ထွေးသည် ကေတုမတီ တောင်ငူရွှေနန်းတည် မဟာဓမ္မရာဇာမင်း (သက္ကရာဇ် ၉၄၆-၉၇၁ ခုနှစ်)၏ နန်းတွင်း ကိုယ်လုပ်တော်ဖြစ်သည်။ တောင်ငူမြို့ကို အနောက်ဘက်လွန် မင်းတရားကြီး အလိုတော်ပြည့်လျှင် ရဝေရှင်ထွေးကို အင်းဝသို့ ခေါ်ဆောင်သွား၍ အင်းဝတွင် နန်းတွင်းစာဆိုအဖြစ် ခစားရ သည်။ ရဝေရှင်ထွေးဟူသော အမည်သည် အင်းဝသို့ရောက်မှ ရသောအမည် ဖြစ်သည်။ ရဝေ-နန်း၊ ရှင်ထွေး-မထွေး၊ နန်းတွင်းသူ မထွေးဟူ၏။

ရဝေရှင်ထွေး

အချို့ကလည်း စာဆိုသူ မထွေး၏အမည်မှန်မှာ ရေဝေရွာ ဇာတိဖြစ်သည်ကို အစွဲပြု၍ ရေဝေရှင်ထွေး ဖြစ်သည်ဟု ဆို သည်။ စာဆိုတော်ဦးမင်းသည်လည်း ရေဝေရွာသားပင် ဖြစ်၏။ ရေဝေရှင်ထွေးဟူသော အမည်သည် စလေဦးပုည၊ ကျည်းကန် ရှင်ကြီး၊ ဝံတောင်လယ် ဘုန်းတော်ကြီးတို့ကဲ့သို့ ဇာတိကိုလိုက် ၍ တွဲ မှည့်ဆိုသောအမည်မျှ ဖြစ်သည်ဟုလည်း ဆိုသည်။ အနောက်ဘက်လွန်မင်းတရားကြီးသည် တောင်ငူမြို့ကို အလိုတော်ပြည့်လျှင် နတ်သျှင်နောင်ကိုပင် လက်အောက်ဘုရင်ခံ အဖြစ် ထားခဲ့၍ အင်းဝသို့ ပြန်တော်မူ၏။ နတ်သျှင်နောင် လည်း အနောက်ဘက်လွန် မင်းတရားကြီးသို့ ကောင်းနိုးရာရာ လက်ဆောင်များ ဆက်သမည်ဟု ရှာဖွေရာ မင်းတရားကြီး၏ ညီတော်က သီချင်းအဲအန်များတွင် ကျွမ်းကျင်သူများကို အလို ရှိသည်ဆို၍ နန်းတွင်းစာဆိုတော်များထဲမှ ကြိုက်ရာကို ရွေး ကောက်ခေါ်ယူသွားစေသည်တွင် ရဝေရှင်ထွေးလည်း အင်းဝသို့ ပါသွားလေသည်ဟု အချို့စာများတွင် ဆိုသည်။

ရဝေရှင်ထွေးသည် အနောက်ဘက်လွန် မင်းတရားကြီး၏ လက်ထက် (သက္ကရာဇ် ၉၆၇-၉၉ဝ ပြည့်နှစ်)တွင် အန်ချင်း တစ်ပုဒ်ကို စပ်ဆိုသည်။ ထိုအန်ချင်းသည် ရှေးပုဂံမင်းတို့ လက်ထက် အသုံးပြုသော ဥသျှောင်ထုံးနည်း ၅၅ မျိုးကို ကဗျာလင်္ကာဖြင့် ဖွဲ့ဆိုခြင်းပင် ဖြစ်သည်။ ( ဆံထုံး)

ထိုအန်ချင်းကို ကြည့်ရှုခြင်းအားဖြင့် ပုဂံခေတ်က ဆံထုံး ထုံးနည်းများကို သိရသည်။ ရှေးခေတ်အခါက အပြုအမူ များကို မေ့ပျောက်တိမ်မြုပ်၍ မသွားအောင် ယင်းကဲ့သို့ အမှတ် တရ တရိုတသေ ကဗျာလင်္ကာဖြင့် ဖွဲ့ဆိုထားခဲ့သောကြောင့် ယခုခေတ်အဖို့ များစွာ ဗဟုသုတ ဖြစ်ရလေသည်။ စာဆို ရဝေ ရှင်ထွေးသည် ပုဂံခေတ် ဆံထုံးထုံးနည်းများ တိမ်ကောပပျောက် သွားမည်စိုး၍ ကဗျာဖြင့် ဖွဲ့နွဲ့ထားခဲ့ခြင်း ဖြစ်သည်။ ဆံထုံး နည်း ၅၅ မျိုးကို ပဒအပို မပါရအောင် စေ့စပ်စွာ ချုံး၍ ဖွဲ့နွဲ့ စပ်ဆိုခဲ့ပေသည်။

ကိုးကား

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

ဓမ္မရံကြီးဘုရားသံတွဲမြို့ပရိတ်ကြီး ၁၁ သုတ်ကင်းထောက်ခြင်းဖားကန့်မြို့အဘိဓမ္မာပိဋကတ်နေပြည်တော် ပြည်ထောင်စုနယ်မြေဘုရားဂုဏ်တော်ကံ့ကော်ပင်အောက်ချင်းငှက်မြန်မာနိုင်ငံ၏ နိုင်ငံကူးလက်မှတ်အာဇာနည်နေ့နန်းမွေစံခေါင်းကိုက်ခြင်းတပ်မတော် (ရေ)နောင်ချိုမြို့နယ်ဟိန္ဒူဘာသာဆေးဝါးဗေဒကျူးဘားဒုံးပျံအရေးအခင်းသစ်တောအင်္ဂလိပ်-မြန်မာ စစ်ပွဲများခွေးတောက်ပင်သခွတ်ပင်သရက်သီးမက္ခရာမင်းသားကြီးအိုမန်နိုင်ငံကျောက်ကပ်စိန်ပုပ္ပါးတောင်အာနန္ဒာဘုရားဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်စိုးထွဋ်ကမ္ဘာမကျေယောက်ျား အင်္ဂါတံဘုရား (ဗုဒ္ဓဘာသာ)ထူးအိမ်သင်ဗလာဒီမီယာ ပူတင်ကနောင်မင်းသားစိုးလွင်လွင်မောရသုတ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနကာလာမသုတ်နိဗ္ဗာန်ရှမ်းလူမျိုးပညာရေးဝန်ကြီးဌာနပစ္စည်း (သဒ္ဒါ)လူ့အခွင့်အရေး သမိုင်းကြောင်းပုဂံခေတ်ကယားပြည်နယ်ပြည်မြို့မြင်းခြံမြို့နယ်နိုင်ငံရေးကြောင် (တိရစ္ဆာန်)ရွှေစည်းခုံ စေတီတော် (ပုဂံ)ဂျပန်နိုင်ငံအင်္ဂါဂြိုဟ်သင်္ဂါယနာနယ်ခြားစောင့်တပ်ဖွဲ့မယ်နုအုတ်ကျောင်းသန်းရွှေ (ဗိုလ်ချုပ်မှူးကြီး)သရဲအီဂျစ်နိုင်ငံကာအိပ်စက်ခြင်းတိုက်ကချင်လူမျိုးကယန်းလူမျိုးဧရာဝတီတိုင်းဒေသကြီးချင်းလူမျိုးပိဋကတ် သုံးပုံစိတ်အီသီယိုးပီးယားနိုင်ငံငှက်သိုက်ကွန်မြူနစ်ဝါဒမဂ္ဂင် ၈ ပါးမလေးရှားနိုင်ငံ🡆 More