မြင်းမူမြို့သည် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းခရိုင်တွင် ပါဝင်သော မြင်းမူနယ်၊ မြင်းမူမြို့နယ်တို့၏ ရုံးစိုက်မြို့ ဖြစ်သည်။ မြင်းမူမြို့သည် စစ်ကိုင်း မုံရွာသွား မီးရထားလမ်းနှင့်မော်တော်ကားလမ်းနှစ်ခုစလုံးပေါ်တွင် တည်ရှိသောကြောင့် ကူးသန်းရောင်းဝယ်မှုဖွံ့ဖြိုး ကာ စည်ကားသည်။ စစ်ကိုင်းမှ ၃၆ မိုင် ကွာဝေး၍၊ မန္တလေးမှ ၄၈ မိုင် ကွာဝေးသည်။ မန္တလေးမြင်းခြံသွားသင်္ဘောများ ဆိုက်ကပ်ရာ ဆိပ်ကမ်း လည်းဖြစ်သည်။ မြင်းမူမြို့ သည် ဧရာဝတီမြစ်၏ ဒုတိယမြစ်ကျဉ်းတည်ရှိရာ လက်ျာဘက်ကမ်းတွင် တည်ရှိပြီး ဧရာဝတီမြစ်သည် မြင်းမူမြို့တွင်east to west
အစီးဆင်းသည်။ မူးမြစ်သည် ဧရာဝတီမြစ်တွင်းသို့ မြင်းမူမြို့အနီး ညောင်ပင်ဝန်းကျေးရွာဘေးတွင် စီးဝင်ပေါင်းဆုံ သည်။ မြင်းမူမြို့တွင် နယ်ပိုင်၊ မြို့ပိုင်၊ နယ်စီးရဲဝန်ထောက်၊ လမ်းလုပ်ငန်း၊ အင်ဂျင်နီယာ၊ မြို့နယ်တရားမနှင့် ရာဇဝတ် တရားသူကြီး၊ စိုက်ပျိုးရေး၊ သမဝါယမ အရာရှိများ၊ ပညာအုပ်စသည်တို့၏ ရုံးများရှိ၍ အထက်တန်းကျောင်း ၂ ကျောင်းနှင့် ဆေးရုံများလည်း ရှိသည်။ မြင်းမူမြို့နယ်၏ အကျယ်အဝန်းမှာ စတုရန်းမိုင် ၃ဝဝ ရှိ၍ မြို့နယ်တွင်း၌ ကျေးရွာပေါင်း ၃၅ ပါဝင်သည်။ ၁၉၅၆ ခုနှစ် ခန့်မှန်းသန်းခေါင်စာရင်းအရ လူဦးရေ ၅၇ယ ဝ၁၇ ယောက်ရှိ၏။ မြင်းမူနယ်တွင် နှမ်း၊ ပဲ၊ ပြောင်း၊ ဆေးများ အသင့်အတင့်ထွက်၍ ဝါဂွမ်းအများအပြားထွက်သည်။ လယ်ယာကိုင်းကျွန်းဖြင့် အသက်မွေးသူများသည်။ ဝါကြိတ်စက်၊ ဂွမ်းထုပ်စက်၊ ဆီကြိတ်စက်၊ ဂျုံကြိတ်စက်များရှိသည်။ ဗြိတိသျှ လက်ထက်က မြင်းမူနယ်တွင် စတီးဘရားသား၊ ဖင်လေဖင်လန်မင် အစရှိသည့် အင်္ဂလိပ်ကုမ္ပဏီများ ဝါလုပ်ငန်းကို အကြီးအကျယ် ပြုလုပ်သွားကြသည်။ မြင်းမူမြို့သည် မြစ်ကမ်းပေါ်တွင် တည်ရှိသော မြို့တစ်မြို့ဖြစသည့်အလျောက်၊ အရှေ့နှင့် အနောက် ၂ မိုင်ခန့် ရှည်ပြီးလျှင်၊ တောင်နှင့်မြောက် ၁ မိုင်ကျော်မျှ ကျယ်ဝန်းသည်။ မြို့ပေါ်တွင် လူဦးရေ ၈,၃၈ဝ ယောက်ခန့် နေထိုင်ရာ၊ ဗုဒ္ဓဝါဒီမြန်မာလူမျိုးများပြားပြီး လျှင် ၊ တရုတ်၊ ကုလားနည်းပါး၏။ မြင်းမူမြို့တွင် ထင်ရှားသော ဘုရားစေတီများမှာ ရွှေစောလူးဘုရား၊ ဘောင်တော်ကျဘုရားနှင့်ရွှေရင်နာဘုရားတို့ဖြစ်၏။ နှစ်စဉ် ဝါခေါင်လပြည့်နေ့တွင် ရွှေစောလူးဘုရားပွဲတော်ကို သိုက်မြိုက်စွာ ကျင်းပသည်။ မြို့အမည်နှင့် စပ်လျဉ်း၍ ဝိဝါဒကွဲလျက်ရှိသည်။ မြင်းမူမြို့ကို အလောင်းစည်သူမင်း တည်တော်မူ၍ အလောင်းစည်သူမင်း မြင်တော်မူသည်ဟူသော စကားမှ မြင်းမူဖြစ်လာသည်ဟူ၍လည်း ဆို၏။ တစ်မျိုးမှာကား ယခုမြင်းမူမြို့ဖြစ်သောရွာ၌ မြင်သူတကာ မူးမေ့သွားလာက်အေင် ချောမွေ့လှပသော မိန်းကလေးကို အကြောင်းပြု၍ မြင်မူးရွာဟုခေါ်ရာမှ ကာလရွေ့လျောသောအခါ မြင်းမူဟုတွင်သည်ဆိုသည်။
မြင်းမူမြို့နှင့် မြင်းမူမြို့နယ်သည် ရှေးယခင် မြန်မာမင်းများလက်ထက်ကတည်းက တည်ရှိကျော်ကြားခဲ့သည့် နယ်ပယ်တစ်ခုဖြစ်ရာ၊ ရဟန်း၊ လူ စာဆိုအကျော် ပညာရှိများ၊ ထူးခြားထင်ရှား ပုဂ္ဂိုလ်များ များစွာထွက်ရှိသည်။ လောကသာရပျို့ နှင့် ကဗျာ၊ စာပေ၊ နီတိပေါင်းများစွာ ရေးသားတော်မူခဲ့သော စာဆိုအကျော် ကန်တော်မင်းကျောင်းဆရာတော်သည် မြင်းမူမြို့နယ်၊ မြင်းမူမြို့မှ ၂ တိုင်ကွာဝေးသော ထီးဆောင်းရွာမြောက်ဘက်၊ ကန်တော်ရွာတွင် ဖွားမြင်သည်။
This article uses material from the Wikipedia မြန်မာဘာသာ article မြင်းမူမြို့, which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.