တရုတ်လူမျိုး

တရုတ်လူမျိုးများသည် တရုတ်နှင့် မျိုးရိုးအရ၊ လူမျိုးအရ၊ နိုင်ငံသားအရ၊ သို့မဟုတ် အခြားသော နှီးနွယ်မှုများ ရှိသော လူမျိုးစုများဖြစ်သည်။

တရုတ်လူမျိုး
တရုတ်လူမျိုး လူဦးရေများသော နိုင်ငံများ
  တရုတ်ပြည်မကြီး၊ ဟောင်ကောင်၊ ထိုင်ဝမ်နှင့် မကာအို
  + ၁,၀၀၀,၀၀၀
  + ၁၀၀,၀၀၀
  + ၁၀,၀၀၀
  + ၁,၀၀၀

ဟန်တရုတ်လူမျိုးသည် တရုတ်တွင် အကြီးဆုံးသော လူမျိုးစုတစ်ခု ဖြစ်ပြီး တရုတ်ပြည်မကြီး စုစုပေါင်းလူဦးရေ၏ ၉၂% ခန့် ရှိသည်။ ဟန်တရုတ်လူမျိုးများသည် ထိုင်ဝမ်ဟောင်ကောင်မကာအိုနှင့် စင်ကာပူတို့တွင် စုစုပေါင်း လူဦးရေ၏ ၉၅%၊ ၉၂%၊ ၈၉% နှင့် ၇၄% အသီးသီးရှိသည်။

တရုတ်လူမျိုးများသည် ကမ္ဘာ့လူဦးရေ၏ ၁၈% ခန့်ရှိပြီး ကမ္ဘာ့လူဦးရေအများဆုံး လူမျိုးစုလည်း ဖြစ်သည်။

ဟန်တရုတ်လူမျိုးသည် တရုတ်နိုင်ငံတွင် အင်အားကြီး လူမျိုးစု ဖြစ်သည့်အတွက် တရုတ်နိုင်ငံပြင်ပတွင် ဟန်တရုတ်လူမျိုး နှင့် တရုတ်လူမျိုးဟူသော ဝေါဟာရတို့ကို ရောနှောအသုံးပြုလေ့ရှိသည်။ တရုတ်နိုင်ငံတွင် တရားဝင်အသိအမှတ်ပြုထားသော လူမျိုးစု ၅၅ ခု ရှိပြီး ယင်းတို့ကို "တရုတ်လူမျိုး"ဟု သတ်မှတ်နိုင်သည်။

ဟောင်ကောင်နှင့် မကာအိုတို့သည် တရုတ်နိုင်ငံ၏ အုပ်ချုပ်မှုအောက်တွင် ရှိသော်လည်း အဆိုပါဒေသနှစ်ခုလုံးသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ ဖြစ်သည်။ ဟောင်ကောင်နှင့် မကာအိုတို့ကို "တရုတ်-ဗြိတိသျှ ပူးတွဲကြေညာချက်" နှင့် "တရုတ်-ပေါ်တူဂီ ပူးတွဲကြေညာချက်" ကဲ့သို့သော နိုင်ငံတကာစာချုပ်များအရ အသီးသီး အုပ်ချုပ်သည်။ အဆိုပါ ဒေသနှစ်ခုတွင် နေထိုင်သူများအနေဖြင့် အမျိုးမျိုးသော နိုင်ငံသားဖြစ်ခွင့် ရရှိနိုင်သည်။

တရုတ်သမ္မတနိုင်ငံဟု တရားဝင်အမည်တွင်သော ထိုင်ဝမ်နိုင်ငံသားများကိုလည်း ရံဖန်ရံခါတွင် "ထိုင်ဝမ်လူမျိုး"ဟု ခေါ်ဆိုလေ့ရှိသော်လည်း ယင်းတို့ကို "တရုတ်လူမျိုး"ဟုလည်း ရည်ညွှန်းနိုင်သည်။ ထိုင်ဝမ်၏ နယ်မြေပိုင်ဆိုင်မှုသည် အငြင်းပွားဖွယ်ရာများ ရှိနေသလို တရုတ်သမ္မတနိုင်ငံအားလည်း အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် အကန့်အသတ်ဖြင့်သာ အသိအမှတ်ပြုကြသည်။

ထို့အပြင် ပင်လယ်ရပ်ခြား တရုတ်လူမျိုးများဟု ခေါ်ဆိုသော အခြားနိုင်ငံများတွင် အခြေချနေထိုင်သော တရုတ်လူမျိုးလည်း ရှိသေးသည်။

ကိုးကား

Tags:

တရုတ်

🔥 Trending searches on Wiki မြန်မာဘာသာ:

ကြာကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနလွတ်လပ်ရေးနေ့ (မြန်မာနိုင်ငံ)ဝေဿန္တရာဇာတ်တော်မြင်းတောင်တွင်းကြီးမြို့ကောလင်း ပေါင်ဝဲလ်စစ်ကိုင်းတိုင်းဒေသကြီးဦးဆောင်းငါးမျိုးစိတ်များ စာရင်းမြေပုံဆွဲပညာမြန်မာနိုင်ငံ၏ နိုင်ငံရေးပါတီများ စာရင်းရဟန်းခံခြင်းသူရဿတီကွန်ပျူတာစိန်ပန်းပင်စစ်တွေမြို့ငွေတာရီပုပ္ပါးတောင်ဘိန်းစာပင်မွန်လူမျိုးသဿမေဓခွန်အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်သုက်ပန်းခြင်းအပြင် ၃၇ မင်းအင်းတော်ကြီးကန်မြန်မာနာမည်၂၀ ရာစုနှစ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနချဉ်ပေါင်မိန်းမ မျိုးပွားအင်္ဂါပထဝီဝင်ဒွန်နီယင်းပုလွေမှုတ်ခြင်းဗုဒ္ဓဘာသာရဟန်းများသင်ကြားလေ့ကျင့်ရသောသိက္ခာပုဒ်များစနေဂြိုဟ်တပ်မတော်ထိုင်းနိုင်ငံ၏ ခရိုင်များရေးမြို့သင်္ကြန်နောင်ရိုးတိုက်ပွဲကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပုဂံမြို့ဟောင်းကင်ဆာရောဂါထေရဝါဒစတုမဟာရာဇ်နတ်မင်းကြီးလေးပါးသစ်တောနာဂစ်မုန်တိုင်းလေးဖြူဂေါတမဗုဒ္ဓဗုဒ္ဓဘာသာအကြောင်းအကျဉ်းချုပ်ရခိုင်ပြည်နယ်ဝေလငါးပုဂံဟင်္သာမြန်မာနိုင်ငံရှိ လက်နက်ကိုင် အဖွဲ့အစည်းများသံဃာဒိသိသ်အာပတ်စက်တင်ဘာ ၁၈၈၃မထိုးသွင်းသော လိင်ဆက်ဆံခြင်းစီအက်စ်အမ်အေပြည်ထဲရေး ဝန်ကြီးဌာနရခိုင်သမက်တက်ကမ္ဘောဒီးယားနိုင်ငံအာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံပျူလူမျိုးဘရာဇီးနိုင်ငံအင်္ဂလိပ်-မြန်မာ စစ်ပွဲများဘုရင့်နောင်တပ်မတော် (လေ)အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမြန်မာနိုင်ငံရှိ သဘာဝ ထိန်းသိမ်းရေး နယ်မြေများဇီဝဗေဒအင်္ဂုလိမာလသုတ်အဲလ်ဘတ် အိုင်းစတိုင်း🡆 More