မျိုးသန့်ဖေ

ဦးမျိုးသန့်ဖေ(၁၉၆၃-၂၀၂၂) သည် မြန်မာလူမျိုး သံအမတ်တစ်ဦးဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသည့် မြန်မာသံအမတ်ကြီးအဖြစ်တာဝန်ထမ်းဆောင်ရင်း ရုတ်တရက်ကွယ်လွန်ခဲ့သူဖြစ်သည်။

H.E.

ဦးမျိုးသန့်ဖေ
တရုတ်နိုင်ငံ ဆိုင်ရာမြန်မာသံအမတ်ကြီး
တာဝန်သက်တမ်း
၂ဩဂုတ်၂၀၁၉ – ၇ ဩဂုတ် ၂၀၂၂
ယခင်လူဦးသစ်လင်းအုန်း
ဆက်ခံသူဦးတင်မောင်ဆွေ
မြောက်ကိုရီးယားနိုင်ငံဆိုင်ရာသံအမတ်ကြီး
တာဝန်သက်တမ်း
၈ ဇန်နဝါရီ ၂၀၂၁ – ၇ဩဂုတ်၂၀၂၂
ကောင်စစ်ရေးရာနှင့်ဥပဒေရေးရာဦးစီးဌာန [[နိုင်ငံခြားရေး ဝန်ကြီးဌာန]]
တာဝန်သက်တမ်း
၄ ဒီဇင်ဘာ ၂၀၁၇ – ၂ ဩဂုတ် ၂၀၂၂
ဆက်ခံသူဦးအောင်ကျော်ဇံ
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၆၃
ရန်ကုန်
ကွယ်လွန်၇ ဩဂုတ် ၂၀၂၂
တရုတ်နိုင်ငံကူမင်းမြို့
လူမျိုးမြန်မာ
ကျွမ်းကျင်မှုသံတမန်

ဝန်ထမ်းဘဝ

ဦးမျိုးသန့်ဖေသည် နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တာဝန်အဆင့်ဆင့် ထမ်းဆောင်ရင်း ကောင်စစ်ရေးရာနှင့်ဥပဒေရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် ခန့်အပ်ခြင်းခံရသည်။ယင်းနောက် တရုတ်နိုင်ငံဆိုင်ရာသံအမတ်ကြီးအဖြစ်လည်းကောင်း၊မြောက်ကိုရီးယားနိုင်ငံဆိုင်ရာသံအမတ်ကြီးအဖြစ်လည်းကောင်း တာဝန်များ အသီးသီးပေးအပ်ခံရသည်။

သံအမတ်ကြီးဘဝ

ဦးမျိုးသန့်ဖေသည် ၂၀၁၉ ဩဂုတ် ၂ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏ တာဝန်ပေးအပ်ခြင်းကို ခံရသည်။ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၂ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတမစ္စတာရှီကျင့်ဖျင် ထံ သံအမတ်ခန့်အပ်လွှာပေးကာ တရားဝင်တာဝန်ထမ်းဆောင်သည်။၂၀၂၁ ခုနှစ် ဇန်နဝါရီ ၈ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ သံအမတ်ကြီးတာဝန်အပြင် ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ၎င်းကို ပူးတွဲခန့်အပ်သည်။

ဘဝနိဂုံး

၂၀၂၂ သြဂုတ် ၇ ရက် ဒေသစံတော်ချိန် ၁၂နာရီခွဲအချိန်တွင် နှလုံးရောဂါဖြင့် တရုတ်နိုင်ငံ ကူမင်းမြို့တွင် ရုတ်တရက်ကွယ်လွန်ခဲ့သည်။ ၎င်းသည် ထိုရက်မတိုင်ခင် ဩဂုတ်လ ၆ရက်က ယူနန်ပြည်နယ်မှ ဒေသခံတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သေးသည်။ရုပ်အလောင်းကို မြန်မာနိုင်ငံသို့ ပြန်သယ်ခဲ့ပြီး ၂၀၂၂ခုနှစ် ဩဂုတ်လ ၁၂ရက်တွင် ရန်ကုန်မြို့ ရေဝေးသုဿန်တွင် ဂူသွင်းသင်္ဂြိုလ်သည်။

ပုဂ္ဂိုလ်ရေးဘဝ

၁၉၆၃ ခုနှစ်တွင် အဖဦးစိန်ဖေ၊အမိဒေါ်တင်တင်နွယ် တို့က ရန်ကုန်မြို့အင်းစိန်မြို့နယ် တွင် မွေးဖွားခဲ့သည်။မွေးချင်း(၅)ဦးအနက် အငယ်ဆုံးသားဖြစ်သည်။အိမ်ထောင်မရှိ လူပျိုကြီးဖြစ်သည်။

ကိုးကား

Tags:

မျိုးသန့်ဖေ ဝန်ထမ်းဘဝမျိုးသန့်ဖေ သံအမတ်ကြီးဘဝမျိုးသန့်ဖေ ဘဝနိဂုံးမျိုးသန့်ဖေ ပုဂ္ဂိုလ်ရေးဘဝမျိုးသန့်ဖေ ကိုးကားမျိုးသန့်ဖေတရုတ်ပြည်သူ့သမ္မတနိုင်ငံ

🔥 Trending searches on Wiki မြန်မာဘာသာ:

နရသူ (ပုဂံ)ကလီဂျူလာဘုရင်သုက်ပန်းခြင်းအင်္ဂလိပ်ဘာသာစကားလိပ်ပြာနှင့် ပိုးဖလံများကိုရီးယားစစ်ပွဲတြိဂံမြန်မာ ငွေစက္ကူ သမိုင်းအော်ကာမြန်မာနိုင်ငံရှိ နိုင်ငံခြား သံရုံးများမြန်မာအဘိဓာန်သစ်တောရေတွံတေးသိန်းတန်ဖိုးကျား၊ ဦးမြန်မာ့ထီးယာဘသောမတ် အက်ဒီဆင်ဗျည်းအမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်ပရိက္ခရာ ၈-ပါးအာနာပါနမြန်မာ့တော်လှန်ရေးမြန်မာနိုင်ငံ ရေနံလုပ်ငန်းငါး (တိရစ္ဆာန်)သရဏဂုံခွေးရူးပြန်ရောဂါလူ၏ အရိုးဖွဲ့စည်းပုံကျောက်ပန်းတောင်းမြို့နယ်လောက်ကိုင်မြို့စွယ်စုံကျမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပထမ ကမ္ဘာစစ်ပိတောက်ပန်း (ကဗျာ)သိပ္ပံပညာမြန်မာနိုင်ငံရှိ သဘာဝ ထိန်းသိမ်းရေး နယ်မြေများရခိုင်ရိုးရာ ကျင်ကိုင်ပွဲဘောလုံးကစားခြင်းဓမ္မရံကြီးဘုရားရာသီအလိုက်ပွင့်သောပန်းများအဘိဓမ္မာပဋ္ဌာန်းဘီလီယံစစ်တွေမြို့ရဟန်းတစ်ကိုယ်ရည်အာသာဖြေခြင်းအဋ္ဌာရသ ၁၈ ရပ်အေ (အက္ခရာ)ရာသီခွင်ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်ဆောက်လုပ်ရေး ဝန်ကြီးဌာနပုဂံမြို့ဟောင်းရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ဟိုချီမင်းဝိဘတ်စောင်းကောက်မြန်မာ့ မီးရထားကုန်းဘောင်ခေတ် ကာမစပ်ယှက်နည်းများနေဝင်း (ဗိုလ်ချုပ်ကြီး)ကျောက်တန်းရေလယ်ဘုရားဂျာမနီနိုင်ငံအနောက်မြောက်တိုင်းစစ်ဌာနချုပ်နန္ဒမာလာဘိဝံသယောက်ျား အင်္ဂါတံရွှေတိဂုံစေတီတော်မြန်မာနိုင်ငံ၏ ပထဝီဝင်သိန်း၊ ဆရာ၊ မှော်ဘီမြသလွန်ဘုရားကြယ်တူရကီနိုင်ငံဖက်ဒရယ်ပြည်ထောင်စုစနစ်၃၈ ဖြာ မင်္ဂလာဆားရာဇာဓိရာဇ်စင်ကာပူနိုင်ငံမိုးကုတ်ဆရာတော်🡆 More