မောင်ပေါ်ထွန်း

မောင်ပေါ်ထွန်း (၁၄ မေ ၁၉၃၅-၁၃ ဩဂုတ် ၂၀၂၂) သည် အမျိုးသားစာပေဆုရ မြန်မာအမျိုးသား စာရေးဆရာတစ်ဦး ဖြစ်သည်။

အလင်္ကာ
မောင်ပေါ်ထွန်း
အမည်ရင်းခင်မောင်စိုး
မွေးဖွား(1935-05-14)၁၄ မေ၊ ၁၉၃၅
ရေမျက်ဝရွာ၊ မာန်အောင်မြို့နယ် ရခိုင်ပြည်နယ်
ကွယ်လွန်ဩဂုတ် ၁၃၊ ၂၀၂၂(2022-08-13) (အသက် ၈၇)
ပညာရေးဝိဇ္ဇာဘွဲ့ (သမိုင်းအထူးပြု)
မိခင်ကျောင်းလုပ်သားများကောလိပ်
ရရှိသည့်ဆုများ

လက်မှတ်မောင်ပေါ်ထွန်း

အစောပိုင်းဘဝနှင့် ပညာရေး

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ရွှေမျက်ဝရွာတွင် အဖ ပန်းချီပန်းပု လက်သမား ဆရာကြီး ဦးမောင်ပု၊ အမိဒေါ်အေး တို့မှ ၁၉၃၅ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ခင်မောင်စိုး ဖြစ်သည်။ မူလတန်းပညာကို ဇာတိရပ်ရွာ ဘုန်းတော်ကြီးကျောင်းနှင့် အထက်တန်းကျောင်းတို့တွင် သင်ကြားခဲ့သည်။ ၁၅ နှစ်သားတွင် ရန်ကုန်မြို့သို့ ရောက်လာခဲ့ပြီး အလွတ်ပညာကျောင်း တက်သည်။ လှကော်မာရှယ်ကောလိပ်မှ မြန်မာလက်ရေးတို ပထမဆုရခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း (စာပေဗိမာန်) အဖွဲ့၌ လက်နှိပ်စက် လက်ရေးတိုစာရေးအဖြစ် စတင်အမှုထမ်းခဲ့သည်။ ၁၉၆၇ -၆၈ ခုနှစ်တွင် အခြေခံပညာအထက်တန်းစာမေးပွဲကို အင်္ဂလိပ်ဂုဏ်ထူးဖြင့် အောင်မြင်သည်။ သတင်းစာပညာ အတတ်သင်ကျောင်း အပတ်စဉ် (၁) တွင် ပထမဆု ရရှိသည်။ ၁၉၇၃ ခုနှစ်တွင် လုပ်သားများကောလိပ်မှ ဝိဇ္ဇာ (သမိုင်းဘွဲ့) ရသည်။ ၁၉၇၈ ခုနှစ်တွင် စာပေဗိမာန် စာအုပ်အသင်း ကြီးကြပ်ရေးမှူး အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။

စာပေရေးသားခြင်း

၁၉၅၈ ခုနှစ်တွင် စာပန်းချီမဂ္ဂဇင်း၌ ခုနစ်နှစ်အရွယ် သမီးငယ် (Seven Year Old Girls) ရုရှားပုံပြင် ဘာသာပြန်ဖြင့် စာပေလောကသို့ စတင်ဝင်ရောက်ခဲ့သည်။ မဂ္ဂဇင်း၊ ဂျာနယ်များတွင် ဘာသာပြန်ဝတ္ထု၊ ဆောင်းပါးများ ကြိုကြား ကြိုကြား ရေးသားခဲ့သည်။ စာအုပ်လောက စာစောင်၊ ပန်မဂ္ဂဇင်း၊ ချယ်ရီ မဂ္ဂဇင်းနှင့် စီးပွားရေးမဂ္ဂဇင်းတို့တွင် အယ်ဒီတာ၊ အယ်ဒီတာချုပ်နှင့် အတိုင်ပင်ခံအယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သည်။

စာအုပ်ဟူသည်စာအုပ်ကို မောင်ဆုရှင်နှင့်လည်းကောင်း၊ စာနယ်ဇင်းဟူသည်စာအုပ်ကို မောင်ဆုရှင်၊ သိန်းတင် (ဟံသာဝတီ) တို့နှင့် လည်းကောင်း တွဲဖက် ရေးသားထုတ်ဝေခဲ့သည်။

နိုင်းမြစ်ဝှမ်းမှတော်လှန်ရေး၊ ကျွန်မချစ်တဲ့ ဆူကာနို၊ ပင်တဂွန်၊ ယက်ဖ်တူရှင်ကို၊ မောင့်ဘက်တန်နှင့် အိန္ဒိယလွတ်လပ်ရေးတိုက်ပွဲ၊ ကမ္ဘာ့ရန်၊ အကြီးအကဲ၊ ကျေရာကျေကြောင်း၊ ငွေရှာနည်း ငွေသုံးနည်း၊ စံပြအရောင်းသမား၊ ဟားဗတ်စီးပွားရေးတက္ကသိုလ်မှာ မသင်ခဲ့ရသမျှ၊ စံပြ ခေါင်းဆောင်မှု၊ ကိုယ်စွမ်းကိုယ်စဖြင့် ကြီးပွားရေး၊ မဟာဒီလှိုင်း၊ အောက်စဖို့ တက္ကသိုလ်သုံး အင်္ဂလိပ်သဒ္ဒါကျမ်း၊ ခေတ်သစ် ရောင်းဝယ်ရေး ဗျူဟာ၊ ကန္တာရ စမ်းရေအိုင် စသည့် ဘာသာပြန်လုံးချင်း စာအုပ်ပေါင်း ၅ဝ ခန့် ပြန်ဆိုထုတ်ဝေခဲ့ပြီး ဖြစ်သည်။ကွယ်လွန်ချိန်အထိ ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်၊ (၁ဝ) ရပ်ကွက်ဇေယျာ(၈)လမ်းတွင် နေထိုင်ခဲ့သည်။

ရရှိခဲ့သော ဆုများ

၁၉၉၇ ခုနှစ်တွင် ဘာသာပြန် အမျိုးသားစာပေဆုကို ကန္တာရစမ်းရေအိုင်စာအုပ်ဖြင့် ရရှိခဲ့ကာ ၂၀၀၆ ခုနှစ်တွင် ကံကြမ္မာ အကျဥ်းသား ဘာသာပြန်စာအုပ်ဖြင့် ဒုတိယအကြိမ် အမျိုးသားစာပေဆု ရရှိခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် အမျိုသားတစ်သက်တာစာပေဆုကို ရရှိခဲ့သည်။

ကွယ်လွန်ခြင်း

၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၃ရက် မနက် ၉ နာရီ ၄၅မိနစ်တွင် လူကြီးရောဂါဖြင့် ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်ရှိ ၎င်း၏နေအိမ်၌ ကွယ်လွန်သွားသည်။

မောင်ပေါ်ထွန်း ရေးသား ခဲ့ပြုစုခဲ့သော စာအုပ်များ

  1. ကန္တာရ စမ်းရေအိုင်
  2. ကမ္ဘာ့ရန်
  3. ကိုယ်စွမ်းကိုယ်စဖြင့် ကြီးပွားရေး
  4. ကျားဘမ်း သူဌေးကြီး၏ စီးပွားရေး စွန့်စားခန်းများ
  5. ကျေရာကျေကြောင်း
  6. ကျွန်မချစ်တဲ့ ဆူကာနို
  7. ခေတ်သစ် ရောင်းဝယ်ရေးဗျူဟာ
  8. ငွေရှာနည်း ငွေသုံးနည်း
  9. စာနယ်ဇင်းဟူသည်
  10. စာအုပ်ဟူသည်
  11. စီးပွားရေး လုပ်ငန်းခေါင်းဆောင်တို့ လမ်းစဉ်
  12. စီးပွားရေး လုပ်ငန်းဆက်ဆံရေး ကျင့်ဝတ်များ
  13. စံပြ ခေါင်းဆောင်မှု
  14. စံပြ အရောင်းသမား
  15. နိုင်းမြစ်ဝှမ်းမှ တော်လှန်ရေး
  16. ပီဒိုချီယို၏ စွန့်စားခန်းများ
  17. ပင်တဂွန်
  18. မဟာဒီလှိုင်း
  19. မာယာ
  20. မောင့်ဘက်တန်နှင့် အိန္ဒိယ လွတ်လပ်ရေး တိုက်ပွဲ
  21. ယက်ဖ်တူရှင်ကို
  22. လုပ်ငန်းအောင်မြင်ခြင်း လျှို့ဝှက်ချက်များ
  23. ဟားဗတ်စီးပွားရေး တက္ကသိုလ်တွင် မသင်ခဲ့ရသမျှ
  24. အကြီးအကဲ
  25. အဆင့်မြင့် အောင်မြင်သူတို့၏ အလေ့အထများ
  26. အမြန်ဆုံး သူဌေးဖြစ်နည်း
  27. အောက်စဖို့ တက္ကသိုလ်သုံး အင်္ဂလိပ်စာ သဒ္ဒါကျမ်း

28. ဆရာဝန်မသုံးယောက်

ကိုးကား

Tags:

မောင်ပေါ်ထွန်း အစောပိုင်းဘဝနှင့် ပညာရေးမောင်ပေါ်ထွန်း စာပေရေးသားခြင်းမောင်ပေါ်ထွန်း ရရှိခဲ့သော ဆုများမောင်ပေါ်ထွန်း ကွယ်လွန်ခြင်းမောင်ပေါ်ထွန်း ရေးသား ခဲ့ပြုစုခဲ့သော စာအုပ်များမောင်ပေါ်ထွန်း ကိုးကားမောင်ပေါ်ထွန်းအမျိုးသားစာပေဆု

🔥 Trending searches on Wiki မြန်မာဘာသာ:

လင်ခန်းမယားခန်း ပြတ်စဲခြင်းတက္ကသိုလ်ဘုန်းနိုင်တိရစ္ဆာန်အင်္ဂါဂြိုဟ်မိုးကုတ်မြို့ခရမ်းရင့်ရောင်ရဟန်းခံခြင်းဗြဟ္မာဘုံကောသလမင်း အိပ်မက် (၁၆)ချက်ရုရှားနိုင်ငံဒီမိုကရေစီအန်ကောဝပ်ကုန်းဘောင်ခေတ်သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်မြန်မာလများဩစတြေးလျနိုင်ငံထားလမ်းမတော်ဖိုးတုတ်ခရူးဆိတ် စစ်ပွဲများရှမ်းပြည်တပ်မတော်-တောင်ပိုင်းစကားထာအမှတ်(၂၂)ခြေမြန်တပ်မဌာနချုပ်မိုင်တဲလ် မြန်မာအာရှဆင်ဖြူမရှင်တာဂျစ်ကစ္စတန်နိုင်ငံကရင်ပြည်နယ်တောက်တဲ့ရန်ကုန်တိုင်းဒေသကြီးလီဆူလူမျိုးတို့ဗမာအစည်းအရုံးမင်းသိင်္ခမြန်မာနိုင်ငံရှိ မြို့နယ်များတပ်မတော်မြန်မာနိုင်ငံတန်ခူးလမြန်မာ ရုပ်ရှင်ဇာတ်ကားများ စာရင်းမိုးဟေကိုအက်တမ် အမှတ်စဉ်ရာမာယဏသီတင်းကျွတ်လအာဋာနာဋိယသုတ်အောင်ခြင်း ၈ ပါးမန္တလေးတိုင်းဒေသကြီးအမှတ်(၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လေးဖြူဆေးခြောက်ပင်ဇာမဏီစစ်ပွဲ၂၀၂၄တိုကျိုမြို့ဝါကျအမှတ်(၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ရှစ်လေးလုံးအရေးအခင်းမဟာသမယသုတ်တပေါင်းလပြည့်နေ့ဆားအောက်ဆီဂျင်ရေးမြို့မင်္ဂလသုတ်တရုတ်ဖားနတ်သျှင်နောင်ကာကွယ်ရေးဝန်ကြီးဌာနခရေပင်အားလစ်ဗျားနိုင်ငံငါးပါးသီလ၁၂၇၂မြန်မာအက္ခရာအဲလ်ဘတ် အိုင်းစတိုင်းဂေါတမဗုဒ္ဓကယန်းလူမျိုးမြန်မာနိုင်ငံ၏ စီးပွားရေးထန်းပင်တွံတေးသိန်းတန်🡆 More