မဟာပညာကျော်

မဟာပညာကျော်သည် ရခိုင်ပညာရှိ အမတ်ကြီးတစ်ဦးဖြစ်၍ သက္ကရာဇ် ၉၁၅-၉၅၅ ခုနှစ် အတွင်း ဓညဝတီပြည် မြောက်ဦးမြို့၌ နန်းစံတော်မူသော မင်းဖလောင်း လက်ထက်တွင် ထင်ရှားကျော်စော၏။ မင်းရေးကိစ္စဟူသမျှတွင် မင်းဖလောင်းသည် မဟာပညာကျော်နှင့် တိုင်ပင်၍ တိုင်းရေးပြည်မှုကို မလိပ်လည်းရအောင် ဆောင်ရွက်ခဲ့လေသည်။ ပညာရှင်ကြီးဖြစ်သည့်အလျောက် တရားရေးရာ အမှုအခင်း ခဲရာခဲဆစ်တို့ကို အမတ်ကြီးသည် လွယ်ကူစွာ ဖြေရှင်းပေးနိုင်ခဲ့၏။ မင်းဖလောင်း လွန်လေပြီးသည့်နောက် သားတော် မင်းရာဇာ ကြီးလက်ထက် တိုင်အောင် အပါးတော်၌ ဆက်လက်ခစားခဲ့ရ၏။ မဟာပညာကျော် လျှောက်ထားသဖြင့် ပြီးမြောက်သမျှသော ကိစ္စအဝဝတို့ကို စုဆောင်း၍ မဟာပညာကျော် လျှောက်ထုံး ဟူသော ကျမ်းတစ်စောင်ရှိရာ မြန်မာစာပေသမိုင်းတွင် ထင်ရှားသည်။

သက္ကရာဇ် ၉၅၈ ခုနှစ်တွင် ဟံသာဝတီကို အုပ်စိုးသော ငါးဆူဒါယကာ-နန္ဒဘုရင်အား သားတော် ပြည်ဘုရင် သတိုးဓမ္မရာဇာက ပုန်ကန်၏။ ယိုးဒယားကလည်း မကြာခဏ အနှောင့်အယှက်ပြု၏။ ထို့ကြောင့် နန္ဒဘုရင်သည် မိမိ၏ ညီတော်များအပေါ်၌ မယုံမကြည်ရှိသဖြင့် တောင်ငူမင်းမှာ သားတော် နတ်ရှင်နောင်နှင့် ဥပေါသထဆင်ကို လည်းကောင်း၊ ဇင်းမယ်မင်းမှာ ဇင်းမယ်မင်း၏ သားတော် ကုလောင်နှင့် ဇမ္ဗုကျက်သရေ ဆင်ကိုလည်းကောင်း၊ ညောင်ရမ်းမင်းမှာ ညောင်ရမ်းမင်း၏ သားတော်ကြီး သခင်ကြီးလက်နှင့် ဇမ္ဗုတံဆိပ်ဆင်တို့ကိုလည်းကောင်း ပေးရန်တောင်းလေ၏။

ထိုအခါ တောင်ငူမင်း၊ ဇင်းမယ်မင်းတို့က ငါတို့ကား နောင်တော်၏အမှုကို ကြိုးစားထမ်းဆောင်ပါလျက် သားသမီး ဆင်မြင်းတို့ကို တောင်းတော်မူရက်သည်။ နောင်တော်၏ သားတော် ပြည်ဘုရင် သတိုးဓမ္မရာဇာ ပုန်ကန်သည်ကို အဆိုးမဆိုသာပြီဟု မှတ်ယူကာ တောင်းသည်ကို မပေးဘဲ ပုန်ကန်ကြလေသည်။

တောင်ငူမင်းသည် ယင်းသို့ပုန်ကန်ရာ၌ ဟံသာဝတီကို တိုက်ရန် ရခိုင်မင်းထံ စစ်အကူအညီ တောင်း၏။ ဟံသာဝတီအောင်လျှင် ဆင်ကြီးမြင်းကြီးနှင့် သမီးကညာပေးပါမည်ဟူသော စာသဝဏ်ကို ကြည်းတောင်စားနှင့် ကင်းသားစားတို့အား ဆောင်ယူစေ၍၊ ရခိုင်မင်းအား လျှောက်တင်စေ၏။ ရခိုင်မင်း မင်းရာဇာကြီးလည်း သဘောတူတော်မူ၍ စစ်အကူအညီပေး၏။ဤအရေးတွင် အမတ်ကြီးမဟာပညာကျော်လည်း ပါဝင်သည်။ အမတ်ကြီးမဟာပညာကျော်သည် တောင်ငူမင်း၏ စစ်ကူအဖြစ် ဟံသာဝတီကို လုပ်ကြံအောင်မြင်ပြီး၍ လက်ဆောင် ပဏ္ဏာများဖြင့် ရခိုင်သို့အပြန်လမ်းခရီးတွင် ကွယ်လွန်လေသည်။ အမတ်ကြီးက ရုပ်ကလာပ်ကို မော်တင်စွန်း စေတီအနီးတွင် သင်္ဂြိုဟ်လေသည်။"မဟာပညာကျော်လျှောက်ထုံး" ဟူသည့် ရခိုင့်တရားစီရင်လျှောက်ထုံးကျမ်းမှာလည်း ထင်ရှားလေသည်။

ကိုးကား

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

မြန်မာနိုင်ငံ၏ ဘာသာစကားများမြန်မာဝီကီပီးဒီးယားဘာသာစကားသောမတ် အက်ဒီဆင်လိင်တူစုံမက်ခြင်းကျောက်ချဉ်မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေများအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအကြည်တော်ကာလီမယ်တော်မဏိစန္ဒာရန်ကုန်ပြည်သူ့ဆေးရုံကြီးကျိုက်ထီးရိုးဘုရားအမှတ်(၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လ (ကမ္ဘာရံဂြိုဟ်)ရွှေစည်းခုံ စေတီတော် (ပုဂံ)အင်ဒိုနီးရှားနိုင်ငံဝိညာဉ်ဩကာသ ဘုရားရှိခိုးပုပ္ပါးတောင်ကလပ်နေအဖွဲ့အစည်းခန္ဓသုတ်ထားပေပင်မြန်မာတိုင်းရင်းသားမျိုးနွယ်များမြန်မာနိုင်ငံ၏ အလံတော်ကုန်းဘောင်ခေတ် ကာမစပ်ယှက်နည်းများစင်ကာပူနိုင်ငံလက္ခဏာဗေဒဂဠုန်ဗမာနိုင်ငံတော်သမုဒယသစ္စာမြန်မာနိုင်ငံ၏ အစိုးရဌာနဆိုင်ရာ ရာထူး အဆင့်များစိုင်းထီးဆိုင်အပြင် ၃၇ မင်းဝမ်းပိစ်မိန်းမ မျိုးပွားအင်္ဂါပြင်သစ်နိုင်ငံသိန်းစိန် (နိုင်ငံတော်သမ္မတ)လူ့အခွင့်အရေးအရှေ့တောင်အာရှနိုင်ငံများအသင်းကာကွယ်ရေးဦးစီးချုပ်(လေ)အိန္ဒြာကျော်ဇင်မြစေတီကျောက်စာဓဇဂ္ဂသုတ်ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများမြန်မာနိုင်ငံ၏ ပညာရေးကိုယ်ကျင့်တရားနယ်ခြားစောင့်တပ်ဖွဲ့စီးပွားရေးပဋ္ဌာန်းကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းကြီးများမလက္ကာရေလက်ကြားမြန်မာနိုင်ငံ၏ ရွာများမြန်မာပိတောက်အနတ္တလက္ခဏသုတ်ကော့ဘိန်းရွာ၊ ကော့ကရိတ်မြို့နယ်ကမ္ဘာ့အလုပ်သမားနေ့ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူခြင်းမြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်ဥဩအမျိုးသမီးပန်းချီတက္ကသိုလ်ဘုန်းနိုင်မြန်မာနိုင်ငံရှိ လက်ထပ်ထိမ်းမြားခြင်းကျောက်ခေတ်ပဒိုင်းလူသားကျိုက်ထိုမြို့လောကနီတိနီပေါနိုင်ငံမြန်မာအက္ခရာသမိုင်းချင်းတွင်းမြစ်လင်းပိုင်ဟစ်တလာသုတ္တန်ပိဋကတ်မြန်မာနိုင်ငံရှိ ခရိုင်များအာဇာနည်ခြောက်မျိုးငွေဆောင်ကမ်းခြေ🡆 More