မကောကြက်တူရွေး

မကောကြက်တူရွေး (Macaw) ကို ကြက်တောကြီးဟုလည်း ခေါ်တွင်သည်။ မကောကြက်တူရွေးသည် ကြက်တူရွေးမျိုးရင်းတွင် ပါဝင်၍ ရိုးရိုးကြက်တူရွေးထက် အကောင်ကြီး ကာ အမြီးရှည်ပြီးလျှက် အရောင်အဆင်းမှာ ပို၍လှပတောက် ပြောင်လေသည်။ အခွံမာသောသစ်သီး ဝလံများကို စားလေ့ ရှိသဖြင့် ကြီးမားချွန်ထက်၍ ကောက်ကွေးသော နှုတ်သီးရှိ၏။ မကောကြက်တူရွေးဟု ခေါ်ခြင်းမှာ တောင်အမေရိကတိုက် ဘရာဇီးနိုင်ငံတွင် ပေါက်ရောက်သော မကော ဟုခေါ် သည့် အုန်းပင် တစ်မျိုးမှ အသီးကို အမြဲစားတတ်သောကြောင့် ဖြစ်သည်။

မကောကြက်တူရွေးကို တောင်အမေရိကတိုက်နှင့် ကျူးဗားကျွန်းတို့၌ တွေ့ရှိနိုင်သည်။ မြန်မာနိုင်ငံတွင် ထိုကြက်တူရွေးမျိုး မရှိပေ။ ယင်း၏ အရောင်အဆင်းမှာ တစ်မျိုးတည်းမဟုတ်၊ ကျက်စားနေထိုင်သည့် ဒေသကို လိုက်၍ ခြားနားမှုရှိသည်။ ပနားမားနိုင်ငံ အရှေ့ပိုင်းမှ ဘရာဇီးနိုင်ငံ အလယ်ပိုင်းစပ်ကြားရှိ ဒေသများတွင် တွေ့နိုင်သော မကော ကြက်တူရွေးများ၏ အရောင်အဆင်းမှာ အပေါ်ပိုင်းတွင် အပြာရောင်ဖြစ်၍ အောက်ပိုင်းတွင် အဝါရောင်ဖြစ်၏။

တောင်အမေရိကတိုက် ပါရာဂွေးနိုင်ငံ မြောက်ပိုင်းရှိ မကော ကြက်တူရွေးမျိုးမှာမူကား အပေါ် ပိုင်း၌ အပြာရောင်ဖြစ်၍ အောက်ပိုင်းတွင် လိမ္မော်ရောင် ဖြစ်သည်။ အလျားမှာ ပျမ်းမျှ လက်မ ၃ဝ ကျော်သည်။

မကောကြက်တူရွေးများသည် ခရီးဝေးကို တစ်ဆက် တည်း ပျံသန်းနိုင်ကြ၏။ အသံမှာ ကျယ်လောင် စူးရှလှ၍ သူတို့ရှိမှန်းကို အသံဖြင့် အဝေးကပင် သိနိုင်သည်။ အစုလိုက် အအုပ်လိုက် နေထိုင်တတ်ကြသော်လည်း၊ မိတ်လိုက်ရာတွင် အဖိုအမ တစ်ကောင်တည်းကိုသာ အာရုံပြုတတ်သော အလေ့ အထရှိသည်။

ကိုးကား

Tags:

ကြက်တူရွေးတောင်အမေရိကတိုက်ဘရာဇီးနိုင်ငံသစ်သီးအုန်းပင်

🔥 Trending searches on Wiki မြန်မာဘာသာ:

အင်းလေးကန်ထန်းပင်မြဟစ်တလာအောင်လအန်ဆန်းအင်္ဂလိပ်ဘာသာစကားမြသန်းတင့်ပျူမြို့ပြနိုင်ငံများဧဝရတ်တောင်ယေရှု ခရစ်တော်မွန်ပြည်နယ်ကြွက်နို့နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးပိုးသတ်ဆေးစစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံးဟိန္ဒူဘာသာကော့ဘိန်းရွာ၊ ကော့ကရိတ်မြို့နယ်ချင်းလူမျိုးမိုးလေဝသဘရူနိုင်းနိုင်ငံလိမ်လည်မှုကြာမုန့်လုံးရေပေါ်ဝဲဆူခွိုင်း ၃၀ကျေးရွာအုပ်စုပရိတ်ကြီး ၁၁ သုတ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနသတိပဋ္ဌာန်မြန်မာ့ လက်ဝှေ့ဘုရင့်နောင်မြန်မာနိုင်ငံရှိ ပွဲတော်များ၃၈ ဖြာ မင်္ဂလာမြန်မာအက္ခရာသမိုင်းဂျာဗား (ပရိုဂရမ်မင်းဘာသာစကား)ဂြိုဟ်ပြစ်မှုဆိုင်ရာဥပဒေဆီးချိုရောဂါအပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မြဝတီမြို့နယ်ပါဠိရေမွန်အောင်သင်းမစ်(ဂ်)-၂၉မိုင်တဲလ် မြန်မာအမှတ်(၂၂)ခြေမြန်တပ်မဌာနချုပ်မိမိကိုယ်ကို သတ်သေခြင်းမိန်းမ မျိုးပွားအင်္ဂါရဲယိုပင်ကုန်းဘောင်ခေတ် နာမည်တွက်နည်းတပ်မတော်ဒုံးတပ်ဖွဲ့နပိုလီယန်ဂုဏ်တော်ကွန်ချာသထုံမြို့လီဆူလူမျိုးကိုကိုကချင်လူမျိုးအာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်ဇော်ဂျီ (စာရေးဆရာ)ရှင်သီဝလိဂါထာမြန်မာနိုင်ငံဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲဝါကျကိုယ်ဝန်ဖျက်ချခြင်းငလျင်လှုပ်ခြင်းတို့ဗမာအစည်းအရုံးဖျားနာခြင်းမြန်မာနိုင်ငံရှိတက္ကသိုလ်ကောလိပ်များပန်ထွာဘုရင်မနို့လိင်စိတ် နိုးထခြင်းမိုးဟေကို🡆 More