ဖီဂျီနိုင်ငံ: မီလန်နီးရှားဒေသရှိနိုင်ငံ

179°E / 18°S 179°E / -18; 179

ဖီဂျီနိုင်ငံ (တရားဝင်အခေါ်အားဖြင့် ဖီဂျီသမ္မတနိုင်ငံ) သည် တောင်ပစိဖိတ်သမုဒ္ဒရာအတွင်း မီလန်နီးရှား ဒေသတွင် ရှိသော ကျွန်းနိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ နယူးဇီလန်နိုင်ငံ၏ မြောက်ကျွန်းမှ ရေမိုင် ၁,၁၀၀ မိုင် (၂၀၀၀ ကီလိုမီတာ၊ ၁၃၀၀ မိုင်) ခန့် အကွာအဝေးတွင် တည်ရှိသည်။ အနီးဆုံး အိမ်နီးချင်းနိုင်ငံများမှာ အနောက်ဘက်တွင် ဗနွားတူနိုင်ငံ၊ အနောက်တောင်ဘက်တွင် ပြင်သစ် နယူးကယ်လီဒိုးနီးယား၊ အရှေ့တောင်ဘက်တွင် နယူးဇီလန်၏ ကာမာဒက်ကျွန်းများ၊ အရှေ့ဘက်တွင် တုံဂါနိုင်ငံ၊ အရှေ့မြောက်ဘက်တွင် ဆမိုးအားနိုင်ငံ၊ ပြင်သစ်၏ ဝေါလစ်နှင့်ဖူကျူးနား နှင့် မြောက်ဘက်တွင် တူဗားလူနိုင်ငံတို့ ဖြစ်ကြသည်။

ဖီဂျီသမ္မတနိုင်ငံ
  • Matanitu Tugalala o Viti  (ဖီဂျီ)
  • फ़िजी गणराज्य Fijī Gaṇarājya  (Fiji Hindi)
ဖီဂျီနိုင်ငံ၏ အလံတော်
အလံတော်
ဖီဂျီနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အမှတ်တံဆိပ်
ဆောင်ပုဒ်: "Rerevaka na Kalou ka Doka na Tui" (ဖီဂျီ)
"Fear God and honour the Queen "
နိုင်ငံတော် သီချင်း: "ဖီဂျီ၌ ရှိသော ကောင်းချီးကို"
ဖီဂျီနိုင်ငံ၏ တည်နေရာ
မြို့တော်
နှင့် အကြီးဆုံးမြို့
ဆူးဗားမြို့
18°10′S 178°27′E / 18.167°S 178.450°E / -18.167; 178.450
ရုံးသုံး ဘာသာစကားများ
အသိအမှတ်ပြု ဒေသန္တရ ဘာသာစကားများRotuman
လူမျိုးစု (၂၀၁၆)
ကိုးကွယ်မှု
DemonymFijian
အစိုးရပြည်ထောင်စု ပါလီမန် ကိုယ်စားပြု ဒီမိုကရေစီ သမ္မတနိုင်ငံစနစ်
• သမ္မတ
Wiliame Katonivere
• ဝန်ကြီးချုပ်
Sitiveni Rabuka
• ပါလီမန်ဥက္ကဋ္ဌ
Naiqama Lalabalavu
ဥပဒေပြုလွှတ်တော်ပါလီမန်
လွတ်လပ်ရေးရ
၁၉၇၀ ခုနှစ် အောက်တိုဘာလ ၁၀ ရက်
• သမ္မတနိုင်ငံ
၁၉၈၇ ခုနှစ် အောက်တိုဘာလ ၇ ရက်
ဧရိယာ
• စုစုပေါင်း
၁၈,၂၇၄ km2 (၇,၀၅၆ sq mi) (အဆင့်: ၁၅၁)
• ရေထု (%)
မပြောပလောက်
လူဦးရေ
• ၂၀၁၈ ခန့်မှန်း
၉၂၆,၂၇၆ (အဆင့် - ၁၆၁)
• ၂၀၁၇ သန်းခေါင်စာရင်း
၈၈၄,၈၈၇
• သိပ်သည်းမှု
၄၆.၄/km2 (၁၂၀.၂/sq mi) (အဆင့် - ၁၄၈)
GDP (PPP)၂၀၁၈ ခန့်မှန်း
• စုစုပေါင်း
$၉.၁၁၂ ဘီလီယံ
• Per capita
$၁၀,၂၃၁
GDP (nominal)၂၀၁၈ ခန့်မှန်း
• စုစုပေါင်း
$၅.၂၂၃ billion
• Per capita
$၅,၈၇၆
Gini (၂၀၁၃)၃၆.၄
အလယ်
HDI (၂၀၁၉)Increase ၀.၇၄၃
မြင့် · ၉၃
ငွေကြေးဖီဂျီ ဒေါ်လာ (FJD)
အချိန်ဇုန်FJT (UTC+12)
• နွေရာသီ (DST)
FJST (UTC+13)
ရက်စွဲပုံစံdd/mm/yyyy
ယာဉ်ကြောစနစ်ဘယ်
တယ်လီဖုန်းကုဒ်+၆၇၉
Internet TLD.fj
ဝက်ဘ်ဆိုဒ်
fiji.gov.fj

ဖီဂျီနိုင်ငံသည် ကျွန်းပေါင်း ၃၃၀ ကျော်ရှိသော ကျွန်းစု ဖြစ်ပြီး ကျွန်းပေါင်း ၁၁၀ တွင် အမြဲတမ်း လူနေထိုင်ကြသည်။ ကျွန်းငယ်ကလေးပေါင်း ၅၀၀ ကျော် ရှိပြီး စုစုပေါင်း ကုန်းမြေဧရိယာမှာ ၇,၁၀၀ စတုရန်းမိုင် (၁၈,၃၀၀ စတုရန်း ကီလိုမီတာ) ရှိသည်။ အဝေးဆုံး ကျွန်းမှာ အိုနို-အိုင်-လော ကျွန်းဖြစ်သည်။ အဓိက ကျွန်းနှစ်ခု ဖြစ်သော ဗီတီလီဗူး နှင့် ဗနွားလီဗူးတွင် လူဦးရေ စုစုပေါင်း၏ ၈၇% နေထိုင်ကြသည်။ မြို့တော် ဖြစ်သော ဆူးဗားမြို့သည် ဗီတီလီဗူးကျွန်းပေါ်တွင် တည်ရှိပြီး ဖီဂျီနိုင်ငံ၏ အဓိက အပျော်စီးသင်္ဘောဆိပ်မြို့ အဖြစ်တည်ရှိသည်။ ဖီဂျီနိုင်ငံသားများ၏ ၄ပုံ ၃ပုံခန့်မှာ ဗီတီလီဗူးကျွန်း၏ ကမ်းရိုးတန်းများတွင် နေထိုင်ကြပြီး ဆူဗား သို့မဟုတ် ပိုမိုသေးငယ်သော မြို့ပြဒေသများ ဖြစ်သည့် နာဒီ (ကမ္ဘာလှည့်ခရီးသွားဒေသ) နှင့် လော်တိုကာ (ကြံထုတ်လုပ်ငန်းဒေသ) တို့တွင် နေထိုင်ကြသည်။ ဗီတီလီဗူးကျွန်း၏ အတွင်းပိုင်းဒေသများမှာ ၎င်း၏ မြေမျက်နှာသွင်ပြင်ကြမ်းတမ်းမှုကြောင့် လူဦးရေ ကျဲပါးသည်။

ဖီဂျီနိုင်ငံသည် ပစိဖိတ်နိုင်ငံများတွင် စီးပွားရေး အဖွံ့ဖြိုးဆုံးနိုင်ငံများထဲတွင် တစ်နိုင်ငံ အဖြစ်ပါဝင်ပြီး သစ်တောများ၊ သတ္တုများ နှင့် ငါးများ ပေါများသောကြောင့် ဖြစ်သည်။ ယနေ့တွင် နိုင်ငံခြားငွေကြေး ရရှိသော အဓိက စီးပွားရေး လုပ်ငန်းများမှာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနှင့် သကြားတင်ပို့ရောင်းချခြင်းတို့ ဖြစ်သည်။ အသုံးပြုသော ငွေကြေးမှာ ဖီဂျီဒေါ်လာ ဖြစ်သည်။ ဖီဂျီ ဒေသ အစိုးရများမှာ မြို့တော်နှင့် မြို့ ကောင်စီများ အဖြစ်ရှိကြပြီး ဒေသအစိုးရနှင့် မြို့ပြဖွံ့ဖြိုးရေး ဝန်ကြီး ဌာန၏ လက်အောက်တွင် ရှိသည်။

ဖီဂျီကျွန်း အများစုမှ လွန်ခဲ့သော နှစ်သန်းပေါင်း ၁၅၀မှ မီးတောင်ပေါက်ကွဲမှုများကြောင့် ပေါ်ထွန်းလာခဲ့ခြင်း ဖြစ်သည်။ ယနေ့တွင် ဗနွားလီဗူးကျွန်းနှင့် တာဗျူနီကျွန်းတို့တွင် ဘူမိအပူပိုင်း ဆိုင်ရာ ဖြစ်ရပ်များ ဆက်လက်ဖြစ်ပျက်လျက် ရှိသည်။ ဖီဂျီနိုင်ငံတွင် လူသားတို့ ဘီစီ ၂ ထောင်စုနှစ်များကပင် စတင်နေထိုင်ခဲ့ကြပြီး အစောပိုင်းတွင် အော်စထရိုနီးရှန်း လူမျိုးများ နေထိုင်ကြကာ နောက်ပိုင်းတွင် မီလန်နီးရှန်းလူမျိုးများ ဆက်လက်နေထိုင်ကြပြီး ပိုလီနီးရှန်းတို့၏ လွှမ်းမိုးမှု ရှိသည်။ ဥရောပသားတို့မှ ဖီဂျီအား ၁၇ ရာစုတွင် စတင်ရောက်ရှိခဲ့ပြီး လွတ်လပ်သော ဘုရင်နိုင်ငံအဖြစ် ခဏတာမျှ တည်ရှိပြီးနောက် ၁၈၇၄ ခုနှစ်တွင် ဗြိတိသျှတို့မှ ကိုလိုနီနယ်မြေ အဖြစ် ထူထောင်ခဲ့သည်။ ဖီဂျီသည် ၁၉၇၀ အထိ ကရောင်းကိုလိုနီ အဖြစ် တည်ရှိခဲ့ပြီးနောက် ဓနသဟာယနိုင်ငံ အနေနှင့် လွတ်လပ်ရေး ရရှိခဲ့သည်။ ၁၉၈၇ အာဏာသိမ်းမှုများ ဆက်တိုက် ဖြစ်ပွားပြီးနောက် သမ္မတနိုင်ငံ အဖြစ်ကြေညာခဲ့သည်။

၂၀၀၆ ခုနှစ်တွင် ရေတပ်ဗိုလ်မှူး ဖရန့်ခ် ဘိုင်နီမာရာမာ မှ အာဏာသိမ်းခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် ဗဟိုတရားရုံးမှ စစ်တပ်ဦးဆောင်သည့် အစိုးရသည် ဥပဒေနှင့်မညီကြောင်း ဆုံးဖြတ်သည့် အခါတွင် စစ်တပ်မှ ရုပ်ပြ အဖြစ်ထားရှိသော သမ္မတ ရာတူ ဂျိုဆီဖာ အီလိုအီလို မှ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပြီး ဘိုင်နီမာရာမာကို ပြန်လည် အာဏာအပ်နှင်းခဲ့သည်။ ၂၀၀၉ ခုနှစ် နှောင်းပိုင်းတွင် အီလိုအီလို နေရာတွင် သမ္မတ ရာတူ အက်ပဲလီ နိုင်လာတီကော ဖြင့် အစားထိုးခဲ့သည်။. နှစ်များစွာ ရွှေ့ဆိုင်းပြီးနောက် ဒီမိုကရေစီ ရွေးကောက်ပွဲကို ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၇ ရက်တွင် ကျင်းပခဲ့ပြီး ဘိုင်နီမာရာမာ၏ ဖီဂျီဖတ်စ် ပါတီမှ မဲ ၅၉.၂% ဖြင့် အနိုင်ရခဲ့ကာ နိုင်ငံတကာ လေ့လာသူများမှလည်း ရွေးကောက်ပွဲသည် တရားမျှတသည်ဟု ထင်မြင်ချက်ပေးခဲ့ကြသည်။

အမည်မှည့်ခေါ်ပုံ

ဖီဂျီနိုင်ငံ၏ အဓိကကျွန်းမကြီး၏ အမည်မှာ ဗီတီလီဗူး ဖြစ်ပြီး ဖီဂျီဆိုသော အမည်မှာ ထိုအမည်မှ ဆင်းသက်လာခြင်းဖြစ်သည်။ အင်္ဂလိပ် အသံထွက်မှာ ၎င်းတို့၏ ကျွန်းနီးနားချင်းဖြစ်သော တုံဂါနိုင်ငံ မှ အသံထွက် ကို ယူထားခြင်း ဖြစ်သည်။ ထိုသို့အမည်ဖြစ်ပေါ်လာခြင်းကို အောက်ပါအတိုင်း ဖော်ပြထားသည်။

ဖီဂျီနိုင်ငံသားတို့နှင့် ဥရောပသားတို့ ပထမဆုံး တွေ့ဆုံခြင်းကို သူတို့နှင့် တုံဂါနိုင်ငံတွင် တွေ့ဆုံခဲ့သော ဂျိမ်းစ်ကွတ်၏ လေ့လာစူစမ်းရေး အဖွဲ့ဝင်တို့၏ စာများမှ တဆင့် သိရသည်။ သူတို့အား ကြောက်မက်ဖွယ် ကောင်းသော စစ်သူရဲများ နှင့် ကြမ်းတမ်းသော လူသားစားသူများ၊ ပစိဖိတ်အတွင်း အကောင်းဆုံးသော သင်္ဘောများ ဆောက်လုပ်နိုင်သော်လည်း အလွန်တော်သော သင်္ဘောသားများ မဟုတ်ကြောင်း ဖော်ပြထားသည်။ သူတို့အား တုံဂါသားများမှ ရွံ့ကြောက်ကြပြီး သူတို့ထံမှ ထုတ်လုပ်သော သစ်ခေါက်အဝတ်များ နှင့် တုတ်များကို တန်ဖိုးထားကြပြီး လိုချင်သူများပြားကြသည်။ သူတို့မှ သူတို့နေထိုင်သည့် နေရာကို ဗီတီဟု ခေါ်ကြပြီး တုန်ဂါသားများက ဖီဆီ ဟု ခေါ်ကြသည်။ ထိုမှတဆင့် အင်္ဂလိပ် အသံထွက် ဖီဂျီ ဖြစ်ပေါ်လာပြီး ကပ္ပတိန် ဂျိမ်းစ်ကွတ်ထံမှ တဆင့် လူအများသို့ သတင်းစကား ပျံ့နှံ့သွားပြီး ထိုကျွန်းများကို လူအများ သိရှိခဲ့ခြင်း ဖြစ်သည်။

ဖီးဂျီး (Feejee) ဆိုသည်မှာ တုံဂါအသံထွက်ကို အင်္ဂလိပ်စာလုံးဖြင့် ပေါင်းထားခြင်း ဖြစ်ပြီး ၁၉ ရာစု နှောင်းပိုင်းထိ ဖီဂျီသို့ သွားရောက်ခဲ့ကြသော သာသနာပြုများ နှင့် ခရီးသွားများ၏ မှတ်တမ်းများ နှင့် အခြားသော စာရေးအသားများတွင် အသုံးပြုကြသည်။

သမိုင်း

အစောပိုင်းသမိုင်း

ဖီဂျီရှိ မြို့များတွင် တွေ့ရသော အိုး အနုပညာလက်ရာများ အရ ဖီဂျီနိုင်ငံတွင် လူတို့ အခြေချ နေထိုင်သည်မှာ ဘီစီ ၃၅၀၀ မှ ၁၀၀၀ ခန့် သို့မဟုတ် ထိုအချိန်မတိုင်မီက ဖြစ်သည်ဟု ပြသနေသော်လည်း ပစိဖိတ်ဒေသသို့ လူတို့ရွှေ့ပြောင်းနေထိုင်ခြင်းနှင့် ပတ်သက်သည့် မေးခွန်းများမှာ အငြင်းပွားဆဲပင် ဖြစ်သည်။ ထိုကျွန်းများတွင် ပထမဆုံး နေထိုင်သူများမှာ လာပီတာလူမျိုးများ သို့မဟုတ် ပိုလီနီးရှန်းများ၏ ဘိုးဘေးများဟု ယုံကြည်ကြသော်လည်း မီလာနီးရှန်းများ ရောက်လာသည့် အခါတွင် ထိုသူတို့ ဘယ်ရောက်သွားသည်ဆိုသည့် အချက်နှင့် ပတ်သက်၍ သိရှိရသည်မှာ များများစားစား မရှိပေ။ ယဉ်ကျေးမှု အသစ်တွင် ထိုသူတို့၏ လွှမ်းမိုးမှုများ ရှိနိုင်ပြီး ရှေးဟောင်းသုတေသန တွေ့ရှိချက်များ အရမူ သူတို့သည် ဆမိုးအားနိုင်ငံတုံဂါနိုင်ငံ နှင့် ဟာဝိုင်အီ အထိပင် ပြောင်းရွှေ့သွားကြသည်ဟု ပြသနေသည်။

ဖီဂျီနိုင်ငံ: အမည်မှည့်ခေါ်ပုံ, သမိုင်း, ပထဝီဝင် 
ဖီဂျီသားတို့ကြားတွင် ပထမဆုံး ရောက်ရှိနေထိုင်ခဲ့သော ဥရောပသားများမှာ သင်္ဘောပျက်၍ ရောက်ရှိခဲ့သော ချားဆဲဗေ့ချ် တို့ကဲ့သို့သော သင်္ဘောသားများ ဖြစ်ကြသည်။

ဖီဂျီတွင် ပထမဆုံး အခြေချ နေထိုင်ကြသူများမှာ လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀ ခန့်က ဥရောပမှ ရွက်လွှင့်သွားလာကြသော ကုန်သည်များနှင့် လာရောက်အခြေချသူများ ဖြစ်သည်။ လာပီတာတို့၏ အိုးကွဲများကို နိုင်ငံအနှံ့အပြား မြေကြီးတူးဖော်ရာတွင် တွေ့ရှိရသည်။ ဖီဂျီတို့၏ ယဉ်ကျေးမှုမှာ အနောက်ပစိဖိတ်မှ မီလာနီးရှန်းတို့၏ ယဉ်ကျေးမှုနှင့် ဆင်သော်လည်း ရှေးကျသော ပိုလီနီးရှန်း ယဉ်ကျေးမှုနှင့် ခိုင်မာသော ဆက်နွယ်မှုများ ရှိသည်။ ဥရောပသားတို့နှင့် မထိတွေ့မီ အချိန်ကပင် ဖီဂျီသားတို့နှင့် အနီးအနားရှိ ကျွန်းစုများတွင် ကုန်သွယ်မှု ရှိခဲ့ကြောင်းကို ပြသနေသည်မှာ တုံဂါတွင် ဖီဂျီရှိ သစ်ပင်များနှင့် ဆောက်လုပ်ထားသော ကနူးလှေများကို တွေ့ရှိရခြင်းနှင့် လော် ကျွန်းစုများတွင် အသုံးပြုသော ဘာသာစကားများတွင် တုံဂါတွင် သုံးသော စကားများ ပါဝင်နေခြင်း တို့ ဖြစ်ကြသည်။ ဖီဂျီတွင် ထုတ်လုပ်သော အိုးများကို ဆမိုးအားနိုင်ငံ နှင့် မာကွီဆာကျွန်းများ အထိပင် တွေ့ရသည်။

ဖီဂျီနိုင်ငံ: အမည်မှည့်ခေါ်ပုံ, သမိုင်း, ပထဝီဝင် 
ရာတူး တာနိုအာ ဗီဆာဝါကာ

အရှေ့မှ အနောက်သို့ မိုင် ၆၂၀ (ကီလိုမီတာ ၁,၀၀၀) ခန့်ရှိသော ဖီဂျီနိုင်ငံသည် ဘာသာစကား မြောက်မြားစွာကို အသုံးပြုကြသည်။ ဖီဂျီနိုင်ငံ၏ သမိုင်းကြောင်းမှာ အခြေချ နေထိုင်မှုသာ မကဘဲ ရွှေ့လျားပြောင်းလဲမှုကိုလည်း ဖော်ပြလျက် ရှိသည်။ ရာစုနှစ်ပေါင်းများစွာအတွင်း တသီးတခြားဖြစ်သော ဖီဂျီယဉ်ကျေးမှု ပေါ်ထွန်းလာခဲ့သည်။ စစ်မက်ဖြစ်ပွားနေသာ လူမျိုးစုများ အကြား အစဉ်သဖြင့် တိုက်ခိုက်နေခြင်းနှင့် လူသားစားခြင်းတို့မှာ နေရာအနှံအပြား ဖြစ်ပွားနေပြီး နေ့စဉ် နေထိုင်မှု ဘဝ၏ အစိတ်အပိုင်း အတော်များများလည်း ဖြစ်သည်။ ၁၉ ရာစု အတွင်း ရာတူး အူဒရေ အူဒရေသည် လူ ၈၇၂ ဦးကို စားခဲ့ပြီး သူ၏ အောင်မြင်မှုအတွက် ကျောက်တုံးများကို စာရင်းမှတ် သည့် အနေဖြင့် ပုံထားခဲ့သည်။ ဒဲရစ်စကား၏ စာအုပ် အရ "ပွဲတော်များ ကျင်းပသည့် အခါတွင် လတ်လတ်ဆတ်ဆတ် သတ်ဖြတ်ထားသော အလောင်းများကို စားသုံးရန် အတွက် စုပုံထားကြသည်။ "ကျုပ်ကိုစားပါ။" ဟူသော နှုတ်ဆက်ခြင်းသည် သာမန် အရပ်သားတစ်ဦးမှ ခေါင်းဆောင်ကို ထုံးတမ်းစဉ်လာ နှုတ်ဆက်သည့် စကား ဖြစ်သည်။ စကား၏ ရေးသားချက်အရ ခေါင်းဆောင်၏ အိမ်တိုင် နှင့် ဘုန်းကြီး၏ ကျောင်းတော်၏ တိုင်တို့တွင်လည်း စတေးထားသော လူ၏ အလောင်းများကို မြှုပ်နှံထားသည်။ ထိုသို့ ပြုရခြင်း၏ အကြောင်းမှာ စတေးထားသော လူ၏ ဝိဉာဉ်သည် ထိုအဆောက်အဦးကို ထောက်ပံ့ရန်အတွက် နတ်ဘုရားများကို တိုက်တွန်းနှိုးဆော်ပေးလိမ့်မည် ဟု ယူဆသောကြောင့် ဖြစ်သည်။ အကယ်၍ တိုင်အသစ် လဲရမည် ဆိုပါကလည်း လူများအား ထပ်မံ စတေးလေ့ ရှိသည်။ အကယ်၍ ဒရူရာ ဟု ခေါ်သော လှေအသစ်ကို ရေချသည့် အခါတွင်လည်း လူများအား ဒလိမ့်တုံး အဖြစ်သုံး၍ သေဆုံးစေခြင်း မပြုပါက ထိုလှေသည် ရေပေါ်တွင် ကြာရှည် ပေါ်လိမ့်မည် မဟုတ်ဟု ယူဆကြသည်။ ယနေ့ခေတ် ဖီဂျီသားများက ထို အချိန်များကို မိစ္ဆာခေတ်ဟု ယူဆကြသည်။ လူသားစားသော ဖီဂျီသားများ၏ နေထိုင်မှု ပုံစံကြောင့် ဥရောပ သင်္ဘောသားများ အနေနှင့် ဖီဂျီရေပိုင်နက် အတွင်းသို့ သွားရာက်ရန် အတားအဆီးဖြစ်ခဲ့ပြီး ဖီဂျီကျွန်းအား လူသားစားကျွန်းများ ဟု အမည်ပေးခဲ့ကြသဖြင့် ဖီဂျီဆိုသော အမည်ကို ကမ္ဘာမှ မသိရှိခဲ့ကြပေ။

ဖီဂျီနိုင်ငံ: အမည်မှည့်ခေါ်ပုံ, သမိုင်း, ပထဝီဝင် 
ဖီဂျီ တောင်ကုန်းနေ စစ်သူရဲ ။ ဖရန်စစ် ဟားဘတ် ဒပ်ဖ်တီမှ ၁၈၇၀ ခုနှစ်များတွင် ရိုက်ကူးခဲ့သော ဓာတ်ပုံ

ဒတ်ချ်လူမျိုး စူးစမ်းရှာဖွေသူ အေဘယ်လ် တက်စ်မန်း သည် ၁၆၄၃ ခုနှစ်တွင် မဟာဒက္ခိဏတိုက်ကြီးကို ရှာဖွေရင်း ဖီဂျီနိုင်ငံသို့ ရောက်ရှိ လည်ပတ်ခဲ့သည်။ ဥရောပသားများ ကျွန်းများပေါ်တွင် အခြေချနေထိုင်ခြင်းမှဦ ၁၉ ရာစု အတွင်း စတင်ခဲ့သည်။ ဖီဂျီတွင် ပထမဆုံး အခြေချ နေထိုင်ကြသော ဥရောပသားများမှာ ကမ်းစမ်ကို မွှေနှောက်ရှာဖွေကြသူများ၊ သာသနာပြုများ၊ ဝေလငါးဖမ်းသမားများ နှင့် ထိုအချိန်က အရောင်းအဝယ် စတင်ထွန်းကားလာသည်။ သစ်မွှေးနှင့် ပင်လယ်မျှော့ကုန်သွယ်ရေးတွင် ပါဝင်ပတ်သက်နေသူများ ဖြစ်ကြသည်။

ရာတူး ဆီရူး အီပန်နီးဆား ခါကိုဘော သည် ဗီတီလီဗူးကျွန်း၏ အရှေ့ဘက် ကမ်းရိုးတန်း အလွန်ရှိ ဘော ကျွန်းမှ အကြီးအကဲနှင့် စစ်ခေါင်းဆောင်တစ်ဦး ဖြစ်ပြီး ဖီဂျီရှိ စစ်မက်ဖြစ်ပွားနေသော လူမျိုးစု အချို့အား ၎င်း၏ ခေါင်းဆောင်မှုအောက်တွင် တစ်စုတစည်းတည်း ဖြစ်အောင် စည်းရုံးသိမ်းသွင်းနိုင်ခဲ့သည်။ ထို့နောက်တွင် သူသည် တွီးဗီတီ သို့မဟုတ် ဖီဂျီ၏ ဘုရင် အဖြစ် ခံယူခဲ့ပြီး ဖီဂျီနိုင်ငံအား ယူနိုက်တက်ကင်းဒမ်းအောက်သို့ တရားဝင် ဝင်ရောက်ပြီးနောက်တွင် ကာကွယ်စောင့်ရှောက်သူ အဖြစ် ခံယူခဲ့သည်။ ဗြိတိသျှတို့မှ ဖီဂျီကျွန်းအား ကိုလိုနီ နယ်မြေ အဖြစ် ၁၈၇၄ တွင် သတ်မှတ်ခဲ့သည်။ ဖီဂျီ၏ ပထမဘုရင်ခံ အာသာ ချားလ် ဟမ်မေလ်တန်-ဂေါ်ဒွန်မှ ဒေသခံ အလုပ်သမားများ အသုံးပြုမှု သို့မဟုတ် ၎င်းတို့၏ ယဉ်ကျေးမှုနှင့် နေထိုင်ပုံတို့ကို နှောင့်ယှက်ခြင်းအား ခွင့်မပြု သဖြင့် ဗြိတိသျှတို့သည် သကြားခင်းများတွင် လုပ်ကိုင်ရန် အိန္ဒိယမှ ကန်ထရိုက် အလုပ်သမားများ ခေါ်သွင်းလာခဲ့သည်။ ၁၈၇၅-၇၆တွင် ဝက်သက်ရောဂါ ပြန့်ပွားမှုကြောင့် ဖီဂျီနိုင်ငံသား ၄၀,၀၀၀ ကျော် သေဆုံးခဲ့ပြီး ဖီဂျီ လူဦးရေ၏ ၃ ပုံ ၁ပုံမျှ ဖြစ်သည်။ ၁၉၄၂ ခုနှစ် လူဦးရေမှာ ၂၁၀,၀၀၀ ခန့် ဖြစ်ပြီး ၉၄,၀၀၀ မှာ အိန္ဒိယ လူမျိုးများ ဖြစ်ကာ ၊ ဖီဂျီဒေသခံ ၁၀၂,၀၀၀ ဦး ၊ တရုတ် ၂,၀၀၀ ဦး နှင့် ဥရောပသား ၅,၀၀၀ ဦး တို့ ဖြစ်ကြသည်။

လွတ်လပ်ရေး ရပြီးခေတ် (၁၉၇၀)

ဗြိတိသျှတို့က ဖီဂျီနိုင်ငံအား ၁၉၇၀ ခုနှစ်တွင် လွတ်လပ်ရေး ပေးခဲ့သည်။ ဒီမိုကရက်တစ် အုပ်ချုပ်ရေးအား ၁၉၈၇ ခုနှစ်တွင် စစ်တပ်အာဏာသိမ်းမှု ၂ ခုမှ ဝင်ရောက်နှောက်ယှက်ခဲ့ပြီး အကြောင်းမှာ ဖီဂျီအစိုးရတွင် အိန္ဒိယ-ဖီဂျီလူမျိုးတို့ လွှမ်းမိုးနေသည်ဟု အမြင်ရှိသောသူများ များပြားလာသောကြောင့် ဖြစ်သည်။ ၁၉၈၇ ခုနှစ် ဒုတိယ အာဏာသိမ်းမှုမှ ဖီဂျီ ဘုရင် နှင့် ဘုရင်ခံချုပ်တို့အား အုပ်ချုပ်ရေး အာဏာမရှိသော သမ္မတဖြင့် အစားထိုးခဲ့ပြီး နိုင်ငံ၏ အမည်အား ဖီဂျီ ဒိုမီနီယံ နိုင်ငံမှ ဖီဂျီ သမ္မတနိုင်ငံဟု ပြောင်းလဲခဲ့ပြီဂ ၁၉၉၇ ခုနှစ်တွင် ဖီဂျီကျွန်းများ သမ္မတနိုင်ငံဟု အမည် ပြောင်းလဲခဲ့သည်။ အာဏာသိမ်းမှု ၂ ခုနှင့် အတူ ဖြစ်ပွားသော လူထု အုံကြွမှုများကြောင့် အိန္ဒိယ-ဖီဂျီ လူမျိုး အများအပြား ပြောင်းရွှေ့သွားခဲ့ပြီး ထို့အတွက်ကြောင့် လူဦးရေ လျော့နည်းသွားကာ စီးပွားရေး အကြပ်အတည်းများ ဖြစ်လာခဲ့ပြီး မီလန်နီးရှန်းတို့မှာ လူများစု ဖြစ်လာခဲ့သည်။

၁၉၉၀ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်မှ နိုင်ငံရေးစနစ်တွင် ဒေသရင်း ဖီဂျီလူမျိုးတို့ လွှမ်းမိုးမှုကို ပြဋ္ဌာန်းခဲ့သည်။ လူမျိုးရေး ခွဲခြားမှုကို ဆန့်ကျင်သော အဖွဲ့ (Group Against Racial Discrimination (GARD)) ကို ဖွဲ့စည်းပြီး တစ်ဖက်သတ် ရေးဆွဲထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့်ကျင်ကာ ၁၉၇၀ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည် အစားထိုးရန် ကြိုးပမ်းခဲ့ကြသည်။ ၁၉၉၂ ခုနှစ်တွင် ၁၉၈၇ ခုနှစ် အာဏာသိမ်းမှုကို ဦးဆောင်သော ဒုတိယ ဗိုလ်မှူးကြီး ဆီတီဗန်နီ ရာဗူကာသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်ဖြင့် ကျင်းပသော ရွေးကောက်ပွဲ အပြီးတွင် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ ၃ နှစ်အကြာတွင် ရာဗူကာသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည် လေ့လာသုံးသပ်ရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် ဖီဂျီ နေရင်း လူမျိုးစု ခေါင်းဆောင်အများစု နှင့် အိန္ဒိယ-ဖီဂျီ လူမျိုးစု ခေါင်းဆောင် အများစုမှ ထောက်ခံသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသစ်ကို ရေးဆွဲခဲ့သည်။ ဖီဂျီသည် ဓနသဟာယ နိုင်ငံများ အဖွဲ့သို့ ပြန်လည် ဝင်ရောက်နိုင်ခဲ့သည်။

ဖီဂျီနိုင်ငံ: အမည်မှည့်ခေါ်ပုံ, သမိုင်း, ပထဝီဝင် 
လီဗူကာ၊ ၁၈၄၂

၂၀၀၀ ခုနှစ်တွင် ဂျော့ရှ်စပိတ်မှ အစပြုသော နောက်ထပ် အာဏာသိမ်းမှု တစ်ခု ထပ်မံ ဖြစ်ပွားခဲ့ပြီး ၁၉၉၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသစ် ပြဋ္ဌာန်းအပြီးတွင် ပထမဆုံး အိန္ဒိယ-ဖီဂျီလူမျိုး သမ္မတ ဖြစ်လာခဲ့သော မဟန္ဒရာ ချောင်ဒရီ ၏ အစိုးရအား ဖြုတ်ချခဲ့သည်။ ဖိအားပေး ဖြုတ်ချခြင်း ဖြစ်ဟန်တူသော သမ္မတ ရာတူး ဆာ ကာမီဆေးဆေး မာရာ ၏ နုတ်ထွက်မှု အပြီးတွင် ကွန်မိုဒိုး ဖရန့်ခ် ဘိန်နီမရမာ မှ အုပ်ချုပ်ရေး အာဏာကို လွှဲပြောင်းရယူခဲ့သည်။ ၂၀၀၀ ခုနှစ် နောက်ပိုင်းတွင် ပုန်ကန်မှု ၂ ခု ဖြစ်ပွားခဲ့ပြီး သူပုန်တပ်သားများက ဆူဗာ၏ အဲလိဇဘက်ဘုရင်မ စစ်တန်းလျားအား မွှေနှောက်ခဲ့သည်။ ဗဟိုတရားရုံးချုပ်မှ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြန်လည် ပြဋ္ဌာန်းရန် အမိန့်ချခဲ့ပြီး ၂၀၀၁ စက်တင်ဘာတွင် ဒီမိုကရေစီ စနစ်ကို ပြန်လည် ထူထောင်ခဲ့ကာ အထွေထွေ ရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး ယာယီ ဝန်ကြီးချုပ် လိုင်ဆနီးယား ကာရေ့စ် ၏ ဆိုကော့စကို ဒူအဗာတာ နီ လီဝီနီဗနဝါ ပါတီ မှ အနိုင်ရရှိခဲ့သည်။

၂၀၀၅ ခုနှစ်တွင် ကာရေ့စ်၏ အစိုးရမှ အငြင်းပွားမှုများ အကြားတွင် ရင်ကြားစေ့ရေးနှင့် ညီညွတ်ရေး ကော်မရှင်ကို အဆိုပြုခဲ့ပြီး ထိုကော်မရှင်အား ၂၀၀၀ ခုနှစ် အာဏာသိမ်းမှုတွင် ခံခဲ့ရသူများအား လျော်ကြေးပေးရန် နှင့် ထိုအာဏာသိမ်းမှုကို စီစဉ်သူများအား လွတ်ငြိမ်းခွင့်ပေးရန် အတွက် အကြံပြုနိုင်သော အာဏာ ပေးအပ်ခဲ့သည်။ သို့သော်လည်း စစ်တပ်နှင့် အထူးသဖြင့် နိုင်ငံ၏ ထိပ်ဆုံး စစ်ဦးစီးချုပ် ဖြစ်သော ဖရန့်ခ် ဘိန်နီမရမာမှ ထိုဥပဒေအား အပြင်းအထန် ကန့်ကွက်ခဲ့သည်။ ဘိန်နီမရမာသည် ကြမ်းတမ်းသော အာဏာသိမ်းမှုတွင် ပါဝင်သော လက်ရှိ အစိုးရကို ထောက်ခံသူများအား လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းသည် မဖြစ်သင့်ကြောင်း ယူဆသူများနှင့် အမြင်တူသည်။ မေလမှ စခဲ့သော ထိုဥပဒေအား သူ၏ တိုက်ခိုက်မှုများသည် ဇွန် ဇူလိုင် လ အထိ ရောက်ခဲ့ပြီး သူနှင့် အစိုးရ အကြားရှိ တင်းမာသော ဆက်ဆံရေးအား ပိုမို တင်းမာစေခဲ့သည်။

နိုဝင်ဘာလ နှောင်းပိုင်းမှ ဒီဇင်ဘာလ အစောပိုင်းတွင် ဘိန်နီမရမာသည် ၂၀၀၆ ခုနှစ် ဖီဂျီ အာဏာသိမ်းမှုတွင် အဓိက နေရာမှ ပါဝင်ခဲ့သည်။ ဘိန်နီမရမာသည် ဥပဒေကြမ်း ပါလီမန်တွင် တင်သွင်းပြီးနောက် ကာရေ့စ်အား တောင်းဆိုမှု စာရင်းကို ပေးပို့ခဲ့ကာ ထိုစာရင်းတွင် ၂၀၀၀ ခုနှစ် အာဏာသိမ်းရန် ကြိုးပမ်းမှုတွင် ပါဝင်သူများအား လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် ကိစ္စလည်း ပါဝင်ခဲ့သည်။ သူသည် ကာရေ့စ်အား ထိုတောင်းဆိုမှုများကို လိုက်လျောရန် သို့မဟုတ် နုတ်ထွက်ရန် နောက်ဆုံးနေ့ အဖြစ် ဒီဇင်ဘာ ၄ ရက်ကို သတ်မှတ် ရာဇသံ ပေးခဲ့သည်။ ကာရေ့စ်ဘက်မှလည်း မတုန်မလှုပ်စွာပင် တောင်းဆိုမှုများကို မလိုက်လျောခဲ့သလို နုတ်ထွက်ခြင်းလည်း မပြုခဲ့ပေ။ ဒီဇင်ဘာ ၅ ရက်တွင် သမ္မတ ရာတူး ဂျိုဆီဖာ အီလိုအီလိုမှ ပါလီမန်ကို ဖျက်သိမ်းရန် အမိန့်အာဏာကို ဘိန်နီမရမာနှင့် တွေ့ဆုံအပြီးတွင် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။

၂၀၀၉ ခုနှစ် ဧပြီလတွင် ဖီဂျီ အယူခံတရားရုံးမှ ၂၀၀၆ ခုနှစ် အာဏာသိမ်းမှုသည် တရားမဝင်ကြောင်း ဆုံးဖြတ်ခဲ့သည်။ ထို့အတွက်ကြောင့် ၂၀၀၉ ခုနှစ် ဖီဂျီ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရှုပ်အထွေး ဖြစ်ပေါ်ခဲ့သည်။ သမ္မတ အီလိုအီလို မှ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရုပ်သိမ်းခဲ့ပြီး တရားသူကြီးများနှင့် ဗဟိုဘဏ် ဥက္ကဋ္ဌ အပါအဝင် ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်မှ ခန့်အပ်ထားသူများအားလုံးကို ထုတ်ပယ်ခဲ့သည်။ ထို့နောက်သူသည် ဘိန်နီမရမာအား အမိန့်ကြော်ငြာစာ အသစ်ဖြင့် ယာယီ ဝန်ကြီးချုပ် အဖြစ် ခန့်အပ်ခဲ့ကာ "အများပြည်သူ ဆိုင်ရာ အရေးပေါ် ဥပဒေ" ကို ထုတ်ပြန်ခဲ့ပြီး ပြည်တွင်း ခရီးသွားခြင်းကို ကန့်သတ်ခဲ့ကာ သတင်းစာ ဆင်ဆာဖြတ်ခြင်းကို ခွင့်ပြုခဲ့သည်။

ဖီဂျီနိုင်ငံသည် နိုင်ငံ အရွယ်အစားနှင့် နှိုင်းယှဉ်ပါက အတော်ကြီးမားသော စစ်တပ် ရှိပြီး ကမ္ဘာတဝှမ်းရှိ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းခြင်း မစ်ရှင် များ အတွက် အဓိက ပံ့ပိုးသူ ဖြစ်သည်။ ထို့အပြင် စစ်မှုထမ်းဟောင်း အများအပြားသည် ၂၀၀၃ ခုနှစ် အမေရိကန် ဦးဆောင်သော အီရတ်နိုင်ငံ ကျူးကျော် သိမ်းပိုက်မှု အပြီးတွင် အီရတ်ရှိ ဝင်ငွေကောင်းသော လုံခြုံရေး ကဏ္ဍတွင် ဝင်ရောက်လုပ်ကိုင်လျက် ရှိကြသည်။

ပထဝီဝင်

ဖီဂျီနိုင်ငံ: အမည်မှည့်ခေါ်ပုံ, သမိုင်း, ပထဝီဝင် 
အိုရှန်းနီးယား အတွင် ဖီဂျီ၏ တည်နေရာ
ဖီဂျီနိုင်ငံ: အမည်မှည့်ခေါ်ပုံ, သမိုင်း, ပထဝီဝင် 
ဖီဂျီနိုင်ငံ မြေပုံ
ဖီဂျီနိုင်ငံ: အမည်မှည့်ခေါ်ပုံ, သမိုင်း, ပထဝီဝင် 
ဖီဂျီနိုင်ငံ၏ မြေမျက်နှာသွင်ပြင်
ဖီဂျီနိုင်ငံ: အမည်မှည့်ခေါ်ပုံ, သမိုင်း, ပထဝီဝင် 
ဖီဂျီကမ်းရိုးတန်းမှ အုန်းပင်တန်းများ

ဖီဂျီနိုင်ငံ၏ စုစုပေါင်း ဧရိယာ အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၇၅,၀၀၀ ( စတုရန်းကီလိုမီတာ ၁၉၄,၀၀၀) မျှရှိပြီး ထိုဧရိယာ၏ ၁၀ ရာခိုင်နှုန်းမှာ ကုန်းမြေဖြစ်သည်။

ဖီဂျီနိုင်ငံသည် ‌အနောက်တောင် ပစိဖိတ်ဒေသ၏ အချက်အချာနေရာဖြစ်ပြီး ဗနွားတူနိုင်ငံနှင့် တုံဂါနိုင်ငံတို့၏ အလယ်ခေါင်တွင် တည်ရှိသည်။ ဖီဂျီကျွန်းစုများသည် အရှေ့လောင်ဂျီကျု ၁၇၆° ၅၃' နှင့် အနောက် လောင်ဂျီကျု ၁၇၈° ၁၂' ကြားတွင်တည်ရှိသည်။ ၁၈၀ ဒီဂရီ မီရီဒီယန် မျဉ်းသည် တာဗူနီကျွန်းကို ဖြတ်သွားသော်လည်း နိုင်ငံတကာ အချိန်သတ်မှတ်မျဉ်းအား အနည်းငယ် ကွေး၍ ဖီဂျီကျွန်းအားလုံးကို UTC+၁၂ အချိန် သတ်မှတ်ထားသည်။ ရိုတူမာကျွန်းမှ လွဲ၍ ဖီဂျီကျွန်းစု အားလုံးသည် ၁၅° ၄၂' နှင့် ၂၀° ၀၂' တောင်လတ္တီကျု အတွင်းတွင် တည်ရှိပြီး ရိုတူမာကျွန်းသည် ထိုကျွန်းစုများ၏ မြောက်ဘက် ရေမိုင် ၂၂၀ အကွာတွင် တည်ရှိကာ ဆူဗားမြို့၏ မြောက်ဘက် ရေမိုင် ၃၆၀ အကွာ အီကွေတာ၏ တောင်ဘက် ၁၂° ၃၀' တွင် တည်ရှိသည်။

ဖီဂျီနိုင်ငံတွင် ကျွန်းပေါင်း ၃၃၂ ကျွန်း (လူမနေသော ကျွန်း ၁၀၆ ကျွန်း) ရှိပြီး သေးငယ်သော ကျွန်းငယ်လေးပေါင်း ၅၂၂ ကျွန်း ရှိသည်။ အရေးအပါဆုံး ကျွန်း ၂ ခုမှာ ဗီတီလီဗူးကျွန်း နှင့် ဗနွား လီဗူး ကျွန်း တို့ ဖြစ်ကြကာ ထိုကျွန်း ၂ကျွန်း မှ နိုင်ငံ မြေဧရိယာ၏ ၄ပုံ ၃ပုံ ခန့် ရှိသည်။ ဖီဂျီရှိကျွန်းများမှာ တောင်ထူထပ်ပြီး အမြင့်ဆုံးမှာ ၄,၃၄၁ပေ (၁,၃၂၄ မီတာ) ရှိပြီး ထူထပ်သော အပူပိုင်း သစ်တောများဖြင့် ဖုံးလွှမ်းထားသည်။

အမြင့်ဆုံးနေရာမှာ ဗီတီလီဗူးကျွန်းပေါ်ရှိ တိုမာနီဗီ တောင်ဖြစ်ပြီး မြို့တော် ဆူဗားမြို့သည် ဗီတီလီဗူးကျွန်း ပေါ်တွင် တည်ရှိကာ လူဦးရေ၏ ၄ ပုံ ၃ ပုံခန့်မျှ ရှိသည်။ အခြား အရေးပါသော မြို့များတွင် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိသော နာဒီမြို့ နှင့် ဖီဂျီ၏ ဒုတိယမြို့တော် ဖြစ်ပြီး အကြီးဆုံး သကြားစက်ရုံ နှင့် ပင်လယ်ဆိပ်ကမ်းရှိသော လော်တိုကာမြို့တို့ ဖြစ်ကြသည်။

ဗနွားလီဗူးကျွန်းပေါ်ရှိ အဓိကမြို့များမှာ လာဘာဆာမြို့ နှင့် ဆာဗူးဆာဗူးမြို့တို့ ဖြစ်သည်။ အခြားကျွန်းများတွင် တတိမြောက်အကြီးဆုံး ကျွန်းဖြစ်သော တာဗူနီကျွန်း၊ စတုတ္ထမြောက် အကြီးဆုံး ကျွန်းဖြစ်သော ကာဒါဗူးကျွန်း နှင့် ရေပန်းစားသော ကမ္ဘာလှည့်ခရီးသွားများအကြား ရေပန်းစားသော ကျွန်းများ ဖြစ်သည့် မာမာနူကာကျွန်းစု (နဒီကျွန်း အနီး) နှင့် ရာဆာဝါ ကျွန်းစု ၊ ဆူဗားကျွန်း အနီးရှိ လိုမိုင်ဗီတီ ကျွန်းစု ၊ အလွန်ဝေးလံသော နေရာတွင် တည်ရှိသော လော ကျွန်းတို့ ပါဝင်သည်။ ဖီဂျီကျွန်းစု၏ မြောက်ဘက် ရေမိုင် ၂၇၀ အကွာတွင် တည်ရှိသော ရိုတူမာကျွန်းသည် ဖီဂျီတွင် အထူးအုပ်ချုပ်ရေး နယ်မြေ အဆင့် ရရှိထားသည်။ လူမနေသော သန္တာကျောက်တန်း ဖြစ်သည့် ဆီဗာ-အိုင်-ရာ သည် အဓိက ကျွန်းစု၏ အနောက်တောင်ဘက် ၂၅၀ ရေမိုင် အကွာတွင် တည်ရှိသည်။

ရာသီဥတု

ဖီဂျီနိုင်ငံ၏ ရာသီဥတုမှာ အပူပိုင်း ပင်လယ်ရာသီဥတုဖြစ်ပြီး တစ်နှစ်ပတ်လုံး ပူနွေးကာ ရာသီဥတုပြင်းထန်မှု နည်းပါးသည်။ ပူနွေးသော ရာသီဥတုမှာ နိုဝင်ဘာလမှ ဧပြီလအထိ ဖြစ်ပြီး အေးမြသော ရာသီဥတုမှာ မေလမှ အောက်တိုဘာလ အထိ ဖြစ်သည်။ အေးမြသော ရာသီဥတုတွင် အပူချိန်သည် ပျမ်းမျှ ၂၂ ဒီဂရီ ဆဲလ်စီးယပ်စ် ( ၇၂ ဒီဂရီ ဖာရင်ဟိုက်) ရှိသည်။ မိုးရွာသွန်းမှုမှာ အမျိုးမျိုး ကွဲပြားပြီး အထူးသဖြင့် ကုန်းတွင်းပိုင်း ဒေသတွင် ပူနွေးသော ရာသီဥတု၌ မိုးအကြီးအကျယ် ရွာသွန်းသည်။ ကြီးမားသော ကျွန်းများတွင်မူ ကျွန်း၏ အရှေ့တောင်ပိုင်းသည် အနောက်မြောက်ပိုင်းထက် ပို၍ မိုးများပြီး ထို့အတွက်ကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အရှေ့တောင်ပိုင်းတွင် လုပ်ကိုင်ကြသည်။ လေတိုက်ခတ်မှု အသင့်အတင့် ရှိပြီး တစ်နှစ်လျှင် တစ်ကြိမ်ခန့် ( ဆယ်စုနှစ် တစ်ခုလျှင် ၁၀ ကြိမ်မှ ၁၂ကြိမ်) ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်လေ့ ရှိသည်။

၂၀၁၆ ဖေဖော်ဝါရီ ၂၀ တွင် ဖီဂျီသည် ပြင်းထန်သော ဝင်စတန် ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်ခြင်း ခံရပြီး နိုင်ငံအတွင်း ကုန်းတွင်းပိုင်း အထိ ဝင်ရောက်တိုက်ခတ်သော တစ်ခုတည်းသော အဆင့် ၅ ဆိုင်ကလုန်း မုန်တိုင်း ဖြစ်သည်။ ဝင်စတန်မုန်တိုင်းသည် ကျွန်းအတွင်း အိမ်ခြေ သောင်းကျော်မျှကို ပျက်စီးစေခဲ့ပြီး လူ ၄၄ ဦး သေဆုံးခဲ့ကာ ခန့်မှန်းခြေအားဖြင့် ဖီဂျီဒေါ်လာ ၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁ဘီလီယံ) မျှ ဆုံးရှုံးခဲ့သည်။

နိုင်ငံရေး

ဖီဂျီနိုင်ငံ၏ နိုင်ငံရေးမှာ ပါလီမန် ကိုယ်စားပြု ဒီမိုကရေစီ စနစ်ပေါ်တွင် အခြေခံသော သမ္မတနိုင်ငံ စနစ် ဖြစ်ပြီး ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့၏ ခေါင်းဆောင်ဖြစ်ပြီး သမ္မတမှာ နိုင်ငံ၏ ခေါင်းဆောင် ဖြစ်သည်။ အုပ်ချုပ်ရေး အာဏာကို အစိုးရက ကျင့်သုံးပြီး ဥပဒေပြုအာဏာကို အစိုးရနှင့် ဖီဂျီပါလီမန် နှစ်ခုစလုံးက ကျင့်သုံးကာ တရားစီရင်ရေးအာဏာမှာ အုပ်ချုပ်ရေး နှင့် ဥပဒေပြုရေးမှ သီးခြားတည်ရှိသည်။

စစ်တပ်နှင့် တရားဥပဒေ စိုးမိုးရေး

စစ်တပ်တွင် ဖီဂျီသမ္မတနိုင်ငံ တပ်မတော်ပါဝင်ပြီး အမြဲတမ်း စစ်သည်အင်အား ၃,၅၀၀ နှင့် အရန်အင်အား ၆,၀၀၀ ရှိကာ ရေတပ်တွင် အင်အား ၃၀၀ ရှိသည်။

ကုန်းတပ်တွင် ဖီဂျီခြေလျင်တယ်၊ ဖီဂျီ အင်ဂျင်နီယာတပ်၊ ထောက်ပံ့ပို့ဆောင်ရေးတပ် နှင့် လေ့ကျင့်ရေးတပ်တို့ ပါဝင်သည်။ ပုံမှန် တပ်မ ၂ ခုမှာ ပုံမှန်အားဖြင့် နိုင်ငံခြားတွင် ငြိမ်းချမ်းရေး ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရန် အခြေချ နေထိုင်လေ့ ရှိသည်။

တရားဥပဒေစိုးမိုးရေး ဌာန အောက်တွင်

  • ဖီဂျီ ရဲတပ်ဖွဲ့ နှင့်
  • ဖီဂျီ အကျဉ်းဦးစီးဌာန တို့ ပါဝင်သည်။

အုပ်ချုပ်ရေးဒေသများ

ဖီဂျီနိုင်ငံ: အမည်မှည့်ခေါ်ပုံ, သမိုင်း, ပထဝီဝင် 
ဖီဂျီနိုင်ငံ၏ အုပ်ချုပ်ရေး ဒေသများပြ မြေပုံ

ဖီဂျီနိုင်ငံအား တိုင်းဒေသကြီး ၄ ခု အဖြစ်ပိုင်းခြားထားပြီး ၎င်းတို့ကို ခရိုင် ၁၄ ခု အဖြစ် ထပ်မံ ပိုင်းခြားထားသည်။ ၎င်းတို့မှာ အောက်ပါအတိုင်းဖြစ်သည်။

  • အလယ်ပိုင်းတိုင်း တွင် ခရိုင် ၅ ခု ပါဝင်သည်။ ၎င်းတို့မှာ နိုင်တာစီရီ၊ နာမိုဆီ၊ ရီဝါ၊ ဆီရူဝါ နှင့် တိုင်လီဗူး တို့ဖြစ်သည်။
  • အရှေ့ပိုင်းတိုင်းတွင် ခရိုင် ၃ ခု ပါဝင်သည်။ ၎င်းတို့မှာ ကာဒါဗူး၊ လော နှင့် လိုမိုင်းဗီတီ တို့ ဖြစ်သည်။
  • မြောက်ပိုင်းတိုင်းတွင် ခရိုင် ၃ ခုပါဝင်သည်။ ၎င်းတို့မှာ ဘွာ၊ ကာကောဒရို့ဗ် နှင့် မာကွာတာ တို့ဖြစ်သည်။
  • အနောက်ပိုင်းတိုင်းတွင် ခရိုင် ၃ ခုပါဝင်သည်။ ၎င်းတို့မှာ ဘာ၊ နာဒရိုဂါ-နာဗိုဆာ နှင့် ရာ တို့ ဖြစ်သည်။

စီရူး အဲပီနီဆာ ကာကိုဗော အုပ်ချုပ်စဉ်က ဖက်ဒရယ်တိုင်း ၃ခု အဖြစ် ပိုင်းခြားခဲ့သော်လည်း ၎င်းတို့အား နိုင်ငံရေး ဒေသများ အဖြစ် မသတ်မှတ်ပေ။ သို့သော်လည်း ဖီဂျီ ကျွန်း နေရင်း နေထိုင်သူများအတွက်မူ အရေးပါသော လူမှုရေး အပိုင်းအခြားအဖြစ် သတ်မှတ်ကြသည်။


ဖက်ဒရယ်တိုင်းဒေသ ခေါင်းဆောင်
ဘူရီဘာဆာဂါ ရို တေမူမူး ဗွီကာဘာ ကီပါ
ကူဘူနာ လစ်လပ်
တိုဗာတာ ရာတူး နိုင်ကာမာ တာဝါကေး လာလာဘလာဗူး

စီးပွားရေး

ဖီဂျီနိုင်ငံ: အမည်မှည့်ခေါ်ပုံ, သမိုင်း, ပထဝီဝင် 
ဖီဂျီ၏ ပြည်ပပို့ကုန်များ
ဖီဂျီနိုင်ငံ: အမည်မှည့်ခေါ်ပုံ, သမိုင်း, ပထဝီဝင် 
ဖီဂျီ၏ မြို့တော်နှင့် ကူးသန်းရောင်းဝယ်ရေး ဗဟိုဌာနဖြစ်သော ဆူဗားမြို့

သစ်တောများ၊ သတ္တုတွင်းထွက်များ နှင့် ငါး နှင့် ရေထွက်သတ္တဝါ အရင်းအမြစ်များ ရှိသဖြင့် ဖီဂျီနိုင်ငံသည် ပစိဖိတ် ကျွန်းစုများထဲတွင် အတိုးတက်ဆုံးသော စီးပွားရေး ရှိသည့် နိုင်ငံ ဖြစ်သည်။ သို့သော် တဝမ်းတခါး ဖူလုံရုံမျှ ရပ်တည်နေရသော သူများလည်း ရှိသည်။ ၁၉၅၀ ခုနှစ် မာရီယွန် အမ် ဂါနေးမှ အကြွေးဝယ်စနစ်ကို မိတ်ဆက်ပေးသည့် အခါတွင် ထိုကဏ္ဍ၌ တိုးတက်မှု အချို့ ဖြစ်ပေါ်ခဲ့သည်။ သဘာဝအရင်းအမြစ်များတွင် သစ်၊ ငါး၊ ရွှေ၊ ကြေးနီ၊ ကမ်းလွန် ရေနံ နှင့် ရေအားလျှပ်စစ်တို့ ပါဝင်သည်။ ဖီဂျီသည် ၁၉၆၀ ခုနှစ်များ နှင့် ၁၉၇၀ ခုနှစ်များတွင် အလျှင်အမြန် တိုးတက်ခဲ့သော်လည်း ၁၉၈၀ ခုနှစ်များတွင် တိုးတက်မှု ရပ်တန့်နေခဲ့သည်။ ၁၉၈၇ ခုနှစ် အာဏာသိမ်းမှုကြောင့် စီးပွားရေး ထပ်မံကျဆင်းခဲ့သည်။

အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေး တံခါးဖွင့်မှုများ ပြုလုပ်ခဲ့သဖြင့် အထည်ချုပ်လုပ်ငန်း တဟုန်ထိုး တိုးတက်ခဲ့ပြီး ပုံမှန် တိုးတက်မှုနှုန်း ရှိခဲ့သော်လည်း သကြားလုပ်ငန်းတွင်မှု မြေယာငှားရမ်းမှု အချိန်ကာလနှင့် ပတ်သက်၍ မသေချာ မရေရာမှုများ ဖြစ်ပေါ်ခဲ့သည်။ ကြံစိုက်ပျိုးသူ တောင်သူများအတွက် မြေငှားရမ်းမှု သက်တမ်း ပြည့် သွားသည့် အပြင် စက်ရုံများနှင့် လယ်ယာများ၏ ထုတ်လုပ်နိုင်စွမ်း ကျဆင်းခဲ့သဖြင့် ဥရောပသမဂ္ဂမှ ထောက်ပံ့မှုများ ပေးသည့်တိုင်အောင် သကြားထုတ်လုပ်မှု ကျဆင်းခဲ့သည်။ ဖီဂျီသည် မောရစ်ရှနိုင်ငံ ပြီးလျှင် ဥရောပသမဂ္ဂ၏ အထောက်အပံ့ကို ဒုတိယမြောက် အများဆုံး ရရှိသော နိုင်ငံ ဖြစ်သည်။ ဖီဂျီ၏ အသက်သွေးကြော ဖြစ်သော ရွှေတွင်းများသည် ဗာတူကိုလာ တွင် ရှိပြီး ၂၀၀၆ ခုနှစ်တွင် ပိတ်သိမ်းခဲ့သော်လည်း ၂၀၀၈ တွင် ပြန်လည် ဖွင့်လှစ်ခဲ့သည်။

မြို့ပြဖွံ့ဖြိုးခြင်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများ တိုးပွားလာခြင်းတို့က လတ်တလော ဂျီဒီပီ တိုးတက်မှုကို အထောက်အပံ့ ပေးခဲ့သည်။ သကြားတင်ပို့ရောင်းချခြင်း နှင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာခြင်း (၂၀၀၃ ခုနှစ်တွင် ကမ္ဘာလှည့် ခရီးသွား ၄၃၀,၈၀၀ ဦး ရှိပြီး နောက်ပိုင်းနှစ်များတွင် ပို၍ များပြားလာသည်။) တို့က နိုင်ငံခြား ဝင်ငွေ အဓိက ရရှိစေခဲ့သည်။ ဖီဂျီသည် ဝင်ငွေအတွက် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း အပေါ်တွင် များစွာ မှီခိုနေရသည်။ သကြား ထုတ်လုပ်ခြင်းသည် ကုန်ထုတ်လုပ်ငန်း၏ သုံးပုံ တစ်ပုံမျှ ရှိသည်။ ရေရှည် ပြဿနာများ အနေနှင့် ရင်းနှီးမြှုပ်နှံမှု နည်းပါးခြင်း နှင့် မြေယာပိုင်ဆိုင်မှု အခွင့်အရေး ဆိုင်ရာ ပြဿနာများ ရှိသည်။ ၁၉၈၀ ခုနှစ်များ၊ ၁၉၉၀ ခုနှစ်များ နှင့် ၂၀၀၀ ခုနှစ်များ အတွင်း နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် စီးပွားရေး လုပ်ငန်းတွင် အကြီးအကျယ် သက်ရောက် ရိုက်ခတ်မှုများ ရှိခဲ့သည်။ ၂၀၀၀ ခုနှစ်တွင် ၂.၈% မျှ စီးပွားရေး ကျဆင်းခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် ၁% သာ တိုးတက်ခဲ့သည်။

ခရီးသွားလုပ်ငန်း ကဏ္ဍသည် အလျှင်အမြန် ပြန်လည်တိုးတက်လာခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် အာဏာမသိမ်းမီ အချိန်က ခရီးသွား ဧည့်သည် ဦးရေ သို့ ပြန်လည် ရောက်ရှိခဲ့သဖြင့် စီးပွားရေး ပြန်လည်တိုးတက်လာမှု အသင့်အတင့်မျှ ရှိခြင်းသည် ၂၀၀၃ ခုနှစ် နှင့် ၂၀၀၄ ခုနှစ် အထိ ဆက်လက်ဖြစ်ပေါ်ခဲ့သော်လည်း ၂၀၀၅ ခုနှစ်တွင် ၁.၇% နှင့် ၂၀၀၆ ခုနှစ်တွင် ၂.၀% မျှသာ ရှိခဲ့သည်။ ငွေကြေးဖောင်းပွမှုနှုန်း နိမ့်သော်လည်း ကြွေးငွေဖြင့် အဆမတန် သုံးစွဲမှုများကြောင့် ဖီဂျီ အရန်ရန်ပုံငွေ ဘဏ်၏ ပေါ်လစီဆိုင်ရာ အညွှန်းနှုန်းကို ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလတွင် ၁% မှ ၃.၂၅% သို့ တိုးမြှင့်ခဲ့သည်။ အတိုးနှုန်း နိမ့်ခြင်းသည် ပို့ကုန်အတွက် ရင်းနှီးမြှုပ်နှံမှု အများအပြားကို မဖော်ဆောင်နိုင်ခဲ့သေးပေ။

သို့သော်လည်း ကျဆင်းလာသော အိမ်ခြံမြေ အတိုးနှုန်းများကြောင့် အိမ်ရာကဏ္ဍတွင် ဖွံ့ဖြိုးလာခဲ့သည်။ ဖီဂျီနိုင်ငံတွင် အမြင့်ဆုံး အဆောက်အဦးမှာ ဆူးဗားရှိ ၁၄ ထပ်မြင့်သော ဖီဂျီ အရန်ရန်ပုံငွေဘဏ် အဆောက်အဦး ဖြစ်ပြီး ၁၉၈၄ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ ၂၀၀၅ နိုဝင်ဘာတွင် ဖွင့်လှစ်ခဲ့သော ဆူးဗား ကူးသန်းရောင်းဝယ်ရေး ဗဟိုဌာန အဆောက်အဦးသည် အရန်ရန်ပုံငွေဘဏ် အဆောက်အဦးထက် ပိုမြင့်ရန် စီစဉ်ထားသော်လည်း နောက်ဆုံး အချိန်တွင် ဒီဇိုင်းပြောင်းလဲခဲ့ပြီး အရန်ရန်ပုံငွေဘဏ် အဆောက်အဦးကသာ အမြင့်ဆုံး အဆောက်အဦး အဖြစ် ဆက်လက်ရှိနေခဲ့သည်။

ဖီဂျီနိုင်ငံတွင် ကုန်သွယ်ခြင်းနှင့် ရင်းနှီးမြှုပ်နှံခြင်းတို့သည် စစ်အာဏာရှင် စနစ်ကြောင့် ဝေဖန်မှုများ ရှိခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် ဖီဂျီနိုင်ငံ၏ ယာယီဝန်ကြီးချုပ်နှင့် အာဏာသိမ်းခေါင်းဆောင် ဖြစ်သော ဖရန့်ခ် ဘိန်နီမရမာမှ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းခဲ့ပြီး ဘိန်နီမရမာ အနေနှင့် ဩစတြေးလျ ဝန်ကြီးချုပ် ကီဗင်ရတ်ဒ် နှင့် နယူးဇီလန် ဝန်ကြီးချုပ် ဟယ်လင် ကလက်တို့နှင့် တွေ့ဆုံရမည် ဖြစ်သော နျူးအေးနိုင်ငံတွင် ကျင်းပမည့် ပစိဖိတ်ကျွန်းများ ဖိုရမ်မှ နုတ်ထွက်မည်ဟု ကြေညာခဲ့သည်။

တောင်ပစိတ်ဖိတ် စတော့ခ်အိတ်ချိန်း (SPSE) သည် ဆူးဗားတွင် အခြေစိုက်သော ဖီဂျီနိုင်ငံ၏ တစ်ခုတည်းသော လိုင်စင်ရ ငွေးကြေးသက်သေခံလက်မှတ် အရောင်းအဝယ်ဌာန ဖြစ်သည်။ ၎င်းအနေနှင့် ဒေသတွင်း အရေးပါသော အိတ်ချိန်းတစ်ခု ဖြစ်ရန် ရည်ရွယ်ထားသည်။


ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း

ဖီဂျီနိုင်ငံ: အမည်မှည့်ခေါ်ပုံ, သမိုင်း, ပထဝီဝင် 
ရှန်ဂရီလာ ဖီဂျီ အပန်းဖြေဟိုတယ်
ဖီဂျီနိုင်ငံ: အမည်မှည့်ခေါ်ပုံ, သမိုင်း, ပထဝီဝင် 
မာမာနူကာ ကျွန်းစုရှိ ကျွန်းတစ်ကျွန်း

ဖီဂျီတွင် သိသာထင်ရှားသော ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းရှိပြီး ထင်ရှားသော ဒေသများမှာ နာဒီ၊ ကိုရယ်ကို့စ်၊ ဒီနာရောကျွန်း နှင့် မာမာနူကာ ကျွန်းများတို့ ဖြစ်ကြသည်။ နိုင်ငံတကာ ခရီးသွားဧည့်သည်များတွင် ဩစတြေးလျ၊ နယူးဇီလန် နှင့် အမေရိကန် ပြည်ထောင်စုတို့မှ အများဆုံး လာရောက်လည်ပတ်ကြသည်။ ဖီဂျီတွင် များပြားသော သန္တာကျောက်တန်းများ ရှိပြီး ရေငုပ်ခြင်းသည် ကမ္ဘာလှည့်ခရီးသွားများစိတ်ဝင်စားသော အလုပ် ဖြစ်သည်။

ဖီဂျီတွင် ကမ္ဘာလှည့် ခရီးသွားများကို အဓိက ဆွဲဆောင်နိုင်သော အရာများမှာ ဖြူဖွေးသည့် သဲသောင်ခုံများရှိသော ပင်လယ်ကမ်းခြေများ၊ မျက်စိပသာဒ ဖြစ်စရာ ကျွန်းများ နှင့် တစ်နှစ်ပတ်လုံး ပူနွေးသော ရာသီဥတုတို့ ဖြစ်ကြသည်။ ဖီဂျီသည် အလယ်အလတ်တန်းစား အားလပ်ရက် အပန်းဖြေစရာ နေရာဖြစ်ပြီး နေထိုင်စရာ အများစုမှာ အလယ်အလတ်ဈေးနှုန်းမျှ ကျသင့်သည်။ ပိုမို၍ ဈေးသက်သာသော အပန်းဖြေ ဟိုတယ်များကို ဝေးလံသော နေရာများတွင် ဖွင့်လှစ်နေကြပြီး ထို့အတွက် ကမ္ဘာလှည့်ခရီးသွားများ လာရောက်နိုင်သည့် အခွင့်အလမ်း ပို၍ များလာသည်။ စီအင်န်အင်န် သတင်းဌာနမှာ ဖီဂျီနိုင်ငံ၏ လောကာလာ ကျွန်း အပန်းဖြေ ဟိုတယ်အား ကမ္ဘာပေါ်ရှိ အလှပဆုံး ကျွန်းဟိုတယ် ၁၅ ခုတွင် ထည့်သွင်းဖော်ပြထားခဲ့သည်။

၂၀၁၂ ခုနှစ် တရားဝင် စာရင်းဇယားများ အရ ၇၅% မျှသော ခရီးသွားတို့သည် အပန်းဖြေရန် နှင့် အားလပ်ရက် အနားယူရန် ဖီဂျီသို့ လာရောက်ကြသည်ဟု ဆိုသည်။ ချစ်ကြည်နူးဖွယ်ရာ နေရာများ ရှိသောကြောင့် ဟန်းနီးမွန်း ထွက်ရာတွင် အလွန်ရေပန်းစားသော နေရာဖြစ်သည်။ ထို့ပြင် မိသားစု များအတွက် ကလေးငယ်များ တွက်နေရာများ ဖြစ်သည့် ကလေးငယ် ကလပ် နှင့် ကလေးထိန်းပါရှိသည့် မိသားစုများနှင့် သင့်လျော်သော အပန်းဖြေစခန်းများလည်း ရှိသည်။

ဖီဂျီတွင် ရေပန်းစားသော ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်ရာ နေရာအချို့ ရှိသည်။ ဆူးဗားကျွန်းရှိ သပ်စတန်း ရုက္ခဗေဒ ဥယျာဉ်၊ ဆီဂါတိုကာ သဲသောင်ခုံ နှင့် ကိုလို-အိုင်-ဆူဗား သစ်တောဥယျာဉ်တို့သည် ဗီတီ လီဗူး ကျွန်းမကြီးပေါ်ရှိ လည်ပတ်စရာ နေရာ ၃ ခု ဖြစ်သည်။ ပြင်ပကျွန်းများတွင် အဓိက ဆွဲဆောင်နိုင်သည်မှာ ရေငုပ်အပန်းဖြေခြင်း ဖြစ်သည်။

ဖီဂျီ စာရင်းအင်းဗျူရို၏ စာရင်းဇယားများ အရ ဖီဂျီနိုင်ငံသို့ ခဏာတာမျှ လာရောက်လည်ပတ်ကြသော ခရီးသည်များသည် အောက်ပါ နိုင်ငံသို့မဟုတ် ဒေသများတွင် နေထိုင်သူများ ဖြစ်ကြသည်။

နိုင်ငံ ၂၀၁၇ ၂၀၁၆ ၂၀၁၅
ဖီဂျီနိုင်ငံ: အမည်မှည့်ခေါ်ပုံ, သမိုင်း, ပထဝီဝင်  ဩစတြေးလျ ၃၆၅,၆၈၉ ၃၆၀,၃၇၀ ၃၆၇,၂၇၃
ဖီဂျီနိုင်ငံ: အမည်မှည့်ခေါ်ပုံ, သမိုင်း, ပထဝီဝင်  နယူးဇီလန် ၁၈၄,၅၉၅ ၁၆၃,၈၃၆ ၁၃၈,၅၃၇
ဖီဂျီနိုင်ငံ: အမည်မှည့်ခေါ်ပုံ, သမိုင်း, ပထဝီဝင်  အမေရိကန် ၈၁,၁၉၈ ၆၉,၆၂၈ ၆၇,၈၃၁
ဖီဂျီနိုင်ငံ: အမည်မှည့်ခေါ်ပုံ, သမိုင်း, ပထဝီဝင်  တရုတ် ၄၈,၇၉၆ ၄၉,၀၈၃ ၄၀,၁၇၄
ဖီဂျီနိုင်ငံ: အမည်မှည့်ခေါ်ပုံ, သမိုင်း, ပထဝီဝင်  ယူနိုက်တက်ကင်းဒမ်း ၁၆,၉၂၅ ၁၆,၇၁၂ ၁၆,၇၁၆
ဖီဂျီနိုင်ငံ: အမည်မှည့်ခေါ်ပုံ, သမိုင်း, ပထဝီဝင်  ကနေဒါ ၁၂,၄၂၁ ၁၁,၇၈၀ ၁၁,၇၀၉
ဖီဂျီနိုင်ငံ: အမည်မှည့်ခေါ်ပုံ, သမိုင်း, ပထဝီဝင်  တောင်ကိုရီးယား ၈,၈၇၁ ၈,၀၇၁ ၆,၇၀၀
ဖီဂျီနိုင်ငံ: အမည်မှည့်ခေါ်ပုံ, သမိုင်း, ပထဝီဝင်  ဂျပန် ၆,၃၅၀ ၆,၂၇၄ ၆,၀၉၂
စုစုပေါင်း ၈၄၂,၈၈၄ ၇၉၂,၃၂၀ ၇၅၄,၈၃၅

သယ်ယူပို့ဆောင်ရေး

ဖီဂျီနိုင်ငံ: အမည်မှည့်ခေါ်ပုံ, သမိုင်း, ပထဝီဝင် 
နာဒီလေဆိပ်- ဆိုက်ရောက်ခန်းမ
ဖီဂျီနိုင်ငံ: အမည်မှည့်ခေါ်ပုံ, သမိုင်း, ပထဝီဝင် 
ယာဆာဝါ ကုန်းကျော်တံတားသည် နာဒီမြို့ အနီးရှိ ဒီနာရော ဆိပ်ကမ်းကို ရာဆာဝါကျွန်းများဖြင့် ဆက်သွယ်ထားသည်။

နာဒီအပြည်ပြည်ဆိုင်ရာ လေဆိပ်သည် နာဒီမြို့လယ်ခေါင်မှ မြောက်ဘက် ၅.၆မိုင် (၉ ကီလိုမီတာ) အကွာတွင် တည်ရှိပြီး ဖီဂျီရှိ အကြီးဆုံး လေဆိပ်ဖြစ်သည်။ နော်ဆိုရီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် ဆူးဗားမြို့လယ်ခေါင်မှ အရှေ့မြောက်ဘက် ၁၄မိုင် (၂၃ ကီလိုမီတာ) ခန့်အကွာတွင် တည်ရှိပြီး ပြည်တွင်းခရီးစဉ်များနှင့် ဩစတြေးလျနိုင်ငံ နှင့် နယူးဇီလန်နိုင်ငံတို့မှ လာသော ခရီးစဉ်များသာ လက်ခံ သည်။ ဒုတိယအကြီးဆုံး ကျွန်း ဖြစ်သော ဗနွားလီဗူကျွန်း၏ အဓိက လေဆိပ်မှာ လာဘာဆာ လေဆိပ်ဖြစ်ပြီးလာဘာဆာမြို့၏ အနောက်တောင်ဘက် ဝေကီလီတွင် တည်ရှိသည်။ လာဘာဆာလေဆိပ်တွင် အကြီးဆုံး ဆင်းသက်နိုင်သော လေယာဉ်မှာ အေတီအာရ်-၄၂ အမျိုးအစား လေယာဉ်ဖြစ်သည်။

အဲယားပို့ ဖီဂျီ လိမိတက် သည် ဖီဂျီကျွန်းများပေါ်ရှိ အများပြည်သူသုံး လေဆိပ် ၁၅ ခု၏ လုပ်ငန်းလည်ပတ်ရေး အတွက် တာဝန်ယူထားသည်။ ထိုလေဆိပ်များတွင် အပြည်ပြည်ဆိုင်ရာ လေဆိပ် နှစ်ခု ဖြစ်သော ဖီဂျီနိုင်ငံ၏ အဓိက အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ပေါက် ဖြစ်သည့် နာဒီအပြည်ပြည်ဆိုင်ရာလေဆိပ် နှင့် ဖီဂျီ၏ ပြည်တွင်းဆက်သွယ်ရေး ဗဟိုဖြစ်သော နောဆိုရီ လေဆိပ်တို့ အပါအဝင် ပြင်ပ ကျွန်းများပေါ်ရှိ လေဆိပ် ၁၃ ခု ပါဝင်သည်။ ဖီဂျီ၏ အဓိက လေကြောင်းလိုင်းအား ယခင်က အဲယားပစိဖိတ်ဟု ခေါ်ဆိုခဲ့သော်လည်း ယခုအခါ ဖီဂျီအဲယားဝေးဟု ခေါ်ကြသည်။

ဖီဂျီနိုင်ငံ: အမည်မှည့်ခေါ်ပုံ, သမိုင်း, ပထဝီဝင် 
ဖီဂျီအရှေ့ပိုင်းတွင် ကျွန်းအချင်းချင်း သွားလာသော သင်္ဘောတစ်စင်း ဖြတ်သန်းသွားလာနေပုံ

ဖီဂျီရှိ ကျွန်းကြီးများပေါ်တွင် ဘတ်စ်ကားလမ်းကြောင်းများရှိပြီး အမြဲမပြတ် ဝန်ဆောင်မှု ပေးလျက် ရှိသည်။ ဘတ်စ်ကားမှတ်တိုင်များရှိသော်လည်း ကျေးလက်ဒေသများတွင် ဘတ်စ်ကားများကို နီးလာသော အခါတွင်မှ အော်ဟစ်ရပ်တန့်ခိုင်းကြလေ့ ရှိသည်။ ဘတ်စ်ကားများသည် အများပြည်သူ သွားလာရေးအတွက် အဓိက အသုံးပြုကြပြီး အဓိကကျွန်းများပေါ်တွင် တစ်မြို့မှ တစ်မြို့သို့ သွားလာရာတွင် အသုံးပြုကြသည်။ ဘတ်စ်ကားများသည် ကျွန်းအချင်းချင်း ဆက်သွယ်သော လွန်းပျံသင်္ဘောများပေါ်တွင် အတက်အဆင်းပြု သွားလာလေ့ ရှိကြသည်။ ဘတ်စ်ကားခအား ကုန်းလမ်းပို့ဆောင်ရေး အာဏာပိုင်အဖွဲ့မှ အသေအချာ ကြီးကြပ်ထားသည်။ ဘတ်စ်ကားနှင့် တက္ကစီ ယာဉ်မောင်းသမားများအား ကုန်းလမ်းအာဏာပိုင် အဖွဲ့မှ အများပြည်သူ ဝန်ဆောင်မှု လိုင်စင်များ ထုတ်ပေးထားသည်။

တက္ကစီများကို ကုန်းလမ်းပို့ဆောင်ရေး အာဏာပိုင် အဖွဲ့မှ လိုင်စင်ထုတ်ပေးထားပြီး တစ်နိုင်ငံလုံးတွင် လုပ်ငန်းလုပ်ကိုင်နေကြသည်။ မြို့ပြ နှင့်မြို့ပေါ်တွင် ပြေးဆွဲသော အငှားယာဉ်များသာလျှင် မကဘဲ ကျေးလက်နှင့် ကျေးလက်တစ်ပိုင်း ဧရိယာများကို ပြေးဆွဲသော တက္ကစီများလည်း ရှိသည်။ တက္ကစီပေါ်သို့ စစတက်ချင်း ဖီဂျီဒေါ်လာ ၁.၅ ဒေါ်လာ ပေးရပြီး နောက်ထပ် မီတာ ၂၀၀ လျှင် ၁၀ပြားစီမျှ ထပ်မံကုန်ကျသည်။ အခွန်အခ ကောက်ခံခွင့်ရှိသော တက္ကစီများတွင် စတက်တက်ချင်း ဖီဂျီ ၁.၅ ဒေါ်လာ နှင့် ပထမ မီတာ ၂၀၀ အတွက် ၀.၃ ဒေါ်လာမျှပေးရပြီး နောက်ထပ် မီတာ ၂၀၀ လျှင် ၀.၁၁ ဒေါ်လာမျှ ထပ်မံပေးရသည်။ ဖီဂျီ အပြည်ပြည်ဆိုင်ရာ လေဆိပ်ဖြစ်သော နာဒီလေဆိပ်၏ အပြင်သို့ ထွက်ခွာသော တက္ကစီများမှာ စတက်တက်ချင်း ၅ ဒေါ်လာမျှ ပေးရသည်။ အသက်ကြီးသူများနှင့် အစိုးရမှ အထောက်အပံ့ပေးထားသူများ တက္ကစီစီးပါက တက္ကစီဖိုး၏ ၂၀ရာခိုင်နှုန်းမျှ ဈေးလျှော့ပေးတတ်သည်။

ကျွန်းအချင်းချင်းဆက်သွယ်သော လွန်းပျံယာဉ်များမှာ ဖီဂျီရှိ အဓိကကျွန်းများအတွင်း ကူးသန်းသွားလာနိုင်ရန် ဝန်ဆောင်မှု ပေးကြသည်။ ကြီးမားသော သင်္ဘောကြီးများဖြင့် ကျွန်းအချင်းချင်းကြား သွားလာသော ကားများကို အတင်အချ ပြုလုပ်ခြင်း အပါအဝင် များပြားလှစွာသော ကုန်ပစ္စည်းများကို အဓိကကျွန်းများဖြစ်သော ဗီတီလီဗူးကျွန်း နှင့် ဗနွားလီဗူးကျွန်း အပါအဝင် အခြားသေးငယ်သော ကျွန်းများ သို့လည်း သယ်ယူပို့ဆောင်ပေးလျက် ရှိသည်။

သိပ္ပံနှင့်နည်းပညာ

ဖီဂျီသည် ပစိဖိတ်ကျွန်းနိုင်ငံများတွင် လတ်တလော အချက်အလက်များအရ စုစုပေါင်းပြည်တွင်း သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် သုံးစွဲငွေ (GERD) ရှိသော တစ်ခုတည်းသော ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည်။ နိုင်ငံတော် စာရင်းအင်းဗျူရို၏ အဆိုအရ ၂၀၁၂ ခုနှစ်တွင် GERD/GDP အချိုးသည် ၀.၁၅ % ရှိသည်။ ပုဂ္ဂလိက ကဏ္ဍ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းမှ မပြောပလောက်ပေ။

အစိုးရ၏ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုမှာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းအား အားပေးသည်။ ၂၀၀၇ ခုနှစ်တွင် ဖီဂျီ နိုင်ငံတော် စာရင်းဇယား ဗျူရို၏ ထုတ်ပြန်ချက်အရ စိုက်ပျိုးမွေးမြူရေးနှင့် အဓိက ကုန်ထုတ်လုပ်ငန်းများအတွက် အစိုးရ၏ သုတေသနနှင့် ဖွံ့ဖြိုးရေး သုံးစွဲငွေမှ တဝက်အောက်သာ ရှိသည်။ ၂၀၁၂ ခုနှစ်တွင် ၆၀% အထိ တိုးတက်လာခဲ့သည်။ သို့သော်လည်း သိပ္ပံပညာရှင်များသည် ဘူမိသိပ္ပံနှင့် ကျန်းမာရေးတို့နှင့် ပတ်သက်သော သုတေသနများကို စိုက်ပျိုးမွေးမြူရေးထက် ပို၍ ထုတ်ပြန်ကြသည်။

အစိုးရ၏ စိုက်ပျိုးမွေးမြူရေး သုတေသနလုပ်ငန်း အတွက် ငွေပိုမိုသုံးစွဲလာခြင်းကြောင့် ပညာရေးနှင့် ပတ်သက်သော သုတေသနကို ထိခိုက်ကျဆင်းစေပြီး ၂၀၀၇ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း စုစုပေါင်း သုတေသနသုံးငွေ၏ ၃၅% အထိ ကျဆင်းသွားခဲ့သည်။ အစိုးရ၏ ကျန်းမာရေး သုတေသနလုပ်ငန်း အတွက် သုံးစွဲငွေမှာ ပုံမှန် အတိုင်းသာလျှင်ရှိပြီး စုစုပေါင်း အစိုးရ သုတေသန သုံးစွဲငွေ၏ ၅% ခန့်သာ ရှိသည်။

ဖီဂျီကျန်းမာရေး ဝန်ကြီးဌာနမှ ၂၀၁၂ ခုနှစ်တွင် စတင်ထုတ်ဝေသော ဖီဂျီအများပြည်သူဆိုင်ရာ ကျန်းမာရေး ဂျာနယ်မှတဆင့် အန်ဒိုဂျီးနီးယပ်စ် သုတေသန စွမ်းရည်ကို ဖော်ထုတ်ရန် ကြိုးစားလျက် ရှိသည်။ ယခုအခါ ကျန်းမာရေး သုတေသနတွင် အန်ဒိုဂျီးနီးယပ်စ် စွမ်းရည်ကို တည်ဆောက်ရန် အတွက် လေ့ကျင့်ရေးနှင့် နည်းပညာအသစ်များကို အသုံးချနိုင်စွမ်းရှိနိုင်ရေးတို့အတွက် လိုက်နာရန် စည်းကမ်းအသစ်များကို ချမှတ်ဆောင်ရွက်လျက် ရှိသည်။

ဖီဂျီသည် သိပ္ပံနှင့် နည်းပညာကို အသုံးပြု၍ စွမ်းအင်ကဏ္ဍကို တိုးချဲ့ရန် စီစဉ်လျက် ရှိသည်။ ၂၀၁၅ ခုနှစ်တွင် ပစိဖိတ် လူမှုအဖွဲ့အစည်း၏ အထွေထွေ အတွင်းရေးမှူးမှ "ဖီဂျီ၊ ပါပူအာ နယူးဂီနီ နှင့် ဆမိုအာ နိုင်ငံတို့မှ ရေအားလျှပ်စစ် ပရော့ဂျက် အကြီးစားများဖြင့် ဦးဆောင်ဦးရွက် ပြုနေကြသော်လည်း အခြားသောပြည့်ဖြိုးမြဲစွမ်းအင် လုပ်ငန်းများဖြစ်သော နေရောင်ခြည်စွမ်းအင်သုံး၊ ဘူမိအပူဓာတ်သုံး နှင့် သမုဒ္ဒရာတွင် အခြေစိုက်သော စွမ်းအင်ရင်းမြစ်များကို အသုံးချခြင်းဖြင့် တိုးချဲ့ရန် ဖြစ်နိုင်ခြေ အများအပြားရှိသည်။" ဟု ဆိုခဲ့သည်။

၂၀၁၄ ခုနှစ်တွင် ဖီဂျီတက္ကသိုလ်၌ ပြည့်ဖြိုးမြဲစွမ်းအင် ဌာနသည် စတင် အသက်ဝင် လည်ပတ်ခဲ့ပြီး ဥရောပသမဂ္ဂမှ ငွေကြေးပံ့ပိုးပေးထားသည့် ပစိဖိတ်ကျွန်းများရှိ ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ လုပ်ရည်ကိုင်ရည်နှင့် လုပ်ဆောင်နိုင်စွမ်းကို ဖွံ့ဖြိုးစေခြင်း အစီအစဉ်မှ အထောက်အပံ့ပေးခဲ့သည်။ ၂၀၁၃ ခုနှစ် ထိုအစီအစဉ် စတင်သည့် အချိန်မှစ၍ ဖီဂျီတက္ကသိုလ်တွင် ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ စီမံခန့်ခွဲခြင်းအတွက် မဟာဘွဲ့သင်တန်းကို စတင်ဖွင့်လှစ်ခဲ့သည်။

လူ့အဖွဲ့အစည်း

လူဦးရေ ပျံ့နှံ့နေထိုင်မှု

၂၀၀၇ ခုနှစ် လူဦးရေ စာရင်း အရ ဖီဂျီနိုင်ငံတွင် အမြဲတမ်းနေထိုင်သူ ဦးရေမှာ ၈၃၇,၀၀၀ ဖြစ်သည်။ လူဦးရေသိပ်သည်းမှုမှာ ၁ စတုရန်းကီလိုမီတာလျှင် ၄၅.၈ ဦး ဖြစ်သည်။ လူတစ်ဦးချင်း ပျမ်းမျှသက်တမ်းမှာ ၇၂.၁ နှစ် ဖြစ်သည်။ ၁၉၃၀မှစ၍ ဖီဂျီနိုင်ငံ၏ လူဦးရေသည် တစ်နှစ်လျှင် ၁.၁% မျှ တိုးတက်ခဲ့သည်။ လူဦးရေတွင် ၁၅နှစ်မှ ၆၄ နှစ်ကြား အပိုင်းအခြားမှာ အများဆုံး ဖြစ်သည်။ လူဦးရေ၏ မီဒီယမ် အသက်မှာ ၂၇.၉ နှစ်ဖြစ်ပြီး ကျား/မ အချိုးမှာ အမျိုးသား ၁.၀၃ ဦးလျှင် အမျိုးသမီး တစ်ဦးမျှ ဖြစ်သည်။

လူမျိုးစုများ

ဖီဂျီနိုင်ငံ: အမည်မှည့်ခေါ်ပုံ, သမိုင်း, ပထဝီဝင် 
ဖီဂျီ ဒေသရင်း အမျိုးသမီးများ၊ ၁၉၃၅

ဖီဂျီနိုင်ငံ၏ လူဦးရေတွင် ဖီဂျီဒေသရင်း လူမျိုးများ အဓိကပါဝင်ပြီး ၎င်းတို့မှာ မီလာနီးရှန်းလူမျိုးများ (၅၄.၃%) ဖြစ်သော်လည်း ပိုလီနီးရှန်းမှ ဆင်းသက်လာသူ အများအပြား ရှိသည့်အပြင် ၁၉ ရာစု ဗြိတိသျှ ကိုလိုနီ အုပ်ချုပ်သူတို့မှ ကျွန်းများပေါ်သို့ ခေါ်ဆောင်လာသည့် အိန္ဒိယမှ လာသည့် ကန်ထရိုက် အလုပ်သမားများမှ ဆင်းသက်လာသည့် အင်ဒို-ဖီဂျီယန်များ (၃၈.၁%) လည်း ရှိသည်။ သို့သော်လည်း လွန်ခဲ့သော ၁၀ စုနှစ် ၂ ခု အတွင်း အကြောင်းပြချက် အမျိုးမျိုးဖြင့် ရွှေ့ပြောင်းကြမှုတို့ကြောင့် အင်ဒို-ဖီဂျီယန် လူမျိုးတို့၏ ရာခိုင်နှုန်းမှာ သိသိသာသာ ကျဆင်းသွားခဲ့သည်။ အင်ဒို-ဖီဂျီယန်များသည် ၂၀၀၀ ခုနှစ် ဖီဂျီ အာဏဦသိမ်းမှု အပြီးတွင် လက်တုံ့ပြန်မှုများ ခံစားခဲ့ရသည်။ လူဦးရေ သိပ်မများသော်လည်း သိသာ ထင်ရှားသော အခြားလူမျိုးစုတစ်ခုမှာ ဆော်လမွန်ကျွန်းများရှိ ကန်ထရိုက်အလုပ်သမားများမှ ဆင်းသက်လာသူများ ဖြစ်သည်။

၁.၂% မှာ ရိုတူမန်လူမျိုးများ ဖြစ်ကြပြီး ရိုတူမာကျွန်းများမှ ဒေသရင်းလူမျိုးများ ဖြစ်ပြီး ၎င်းတို့၏ ယဉ်ကျေးမှုမှာ အခြားသော ဖီဂျီနိုင်ငံရှိ ယဉ်ကျေးမှုများထက် တုံဂါနိုင်ငံ သို့ ဆမိုးအားနိုင်ငံ တို့မှ ယဉ်ကျေးမှုများ နှင့် ပို၍ ဆင်တူသည်။ လူဦးရေ နည်းပါးသော်လည်း စီးပွားရေး အရ အရေးပါသော ဥရောပသားများ၊ တရုတ်လူမျိုးများ နှင့် အခြားသော ပစိဖိတ်ကျွန်းများမှ လူမျိုးများလည်း ရှိသည်။ အခြားသော ပစိဖိတ် ကျွန်းသားဦးရေ စုစုပေါင်းမှာ ၇,၃၀၀ ခန့် ရှိသည်။

ဖီဂျီဒေသရင်းလူမျိုးများ နှင့် အင်ဒို-ဖီဂျီယန် လူမျိုးတို့၏ ဆက်ဆံရေးသည် နိုင်ငံရေး ရပ်ဝန်းတွင် တင်းမာမှုများရှိပြီး ယခင်မျိုးဆက်အတွင်း ထိုအသိုင်းအဝိုင်း နှစ်ခုကြား တင်းမာမှုများသည် ကျွန်းများ၏ နိုင်ငံရေးတွင် အရေးပါသော နေရာမှ ပါဝင်ခဲ့သည်။ နိုင်ငံရေးအရ တင်းမာမှုများသည် နိုင်ငံအတွင်း ဒေသအလိုက် အလျှော့အတင်းရှိသည်။

မိသားစုများ

မိသားစု နှင့် အသိုင်းအဝိုင်း နှင့် ပတ်သက်သော အယူအဆသည် ဖီဂျီယဉ်ကျေးမှုတွင် အထူးအရေးပါသည်။ မူလနေထိုင်သူ အသိုင်းအဝိုင်းများတွင် ဆွေမျိုးသားချင်းတွင် ပါဝင်သော သူများသည် တိုက်ရိုက် အုပ်ထိန်းသူ အနေနှင့် ရာထူး နှင့် နေရာများကို ယူကြသည်။ ဆွေမျိုးတော်စပ်မှုသည် ကလေးငယ်နှင့် ဘာသာရေးခေါင်းဆောင် တစ်ဦး တို့အကြား ဆက်စပ်မှုပေါ်တွင် မူတည်နေသဖြင့် အသိုင်းအဝိုင်းတစ်ခုသည် ဇီဝဗေဒသဘော အရ ဆက်စပ်မှုထက် ထုံးတမ်းစဉ်လာ ဆက်စပ်မှု ပေါ်တွင် ပို၍ မူတည်နေသည်။ ထိုသို့ ဘာသာရေး ခေါင်းဆောင်ပေါ်တွင် မူတည်နေသော အသိုင်းအဝိုင်းကို မာတန်ဂါလီ ဟု ခေါ်ကြသည်။ မာတန်ဂါလီ အတွင်းတွင် ပို၍ သေးငယ်သော အသိုင်းအဝိုင်းများ ရှိပြီး ၎င်းတို့ကို အမ်ဘီတို ဟု ခေါ်သည်။ ဆင်းသက်မှုသည် အဖေအပေါ်တွင် မူတည်နေပြီး အဆင့်အတန်းအား ဖခင်ဘက်အခြမ်းမှ လွှဲပြောင်းရယူလေ့ ရှိကြသည်။

အခေါ်အဝေါ်

ဖီဂျီနိုင်ငံအတွင်း၌ ဖီဂျီယန် ဆိုသော အသုံးအနှုန်းသည် ဒေသရင်း ဖီဂျီလူမျိုးများကိုသာ ညွှန်းဆိုခြင်း ဖြစ်သည်ဟု အများစုက ဆိုကြပြီး ၎င်းမှာ ဘိုးစဉ်ဘောင်ဆက် ဆင်းသက်လာသော လူမျိုးကိုသာ ခေါ်ဆိုခြင်း ဖြစ်ပြီး နိုင်ငံသားကို ဆိုလိုခြင်း မဟုတ်ဟု ဆိုကြသည်။ ဖီဂျီနိင်ငံသားများကို ယခင်က ဖီဂျီကျွန်းသားများ ဟု ခေါ်ဆိုကြပြီး ရုံးသုံးအားဖြင့် ဖီဂျီနိုင်ငံသားများဟု ခေါ်ဆိုကြသည်။ သို့သော်လည်း ယခု ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ဖီဂျီနိုင်ငံသားများကို ဖီဂျီယန် ဟု ရည်ညွှန်းထားသည်။ ၂၀၀၈ ခုနှစ် ဩဂုတ်လ ပြောင်းလဲခြင်း၊ ငြိမ်းချမ်းရေး နှင့် တိုးတက်မှု အတွက် ပြည်သူချာတာ အား အများပြည်သူသို့ မထုတ်ပြန်မီ အချိန်ကပင် ဖီဂျီနိုင်ငံသားများ၏ အမည်ကို ပြောင်းလဲရန် အကြံပြု တင်ပြခဲ့သည်။ အကယ်၍ ထိုအဆိုပြုချက်ကို လက်ခံခဲ့ပါက ဖီဂျီနိုင်ငံအတွင်း မည်သည့်လူမျိုး ဖြစ်စေကာမူ နိုင်ငံသားအားလုံးကို ဖီဂျီယန်ဟု ခေါ်တွင်မည် ဖြစ်သည်။ ထိုအဆိုပြုချက်မှ ဒေသရင်း ဖီဂျီလူမျိုးများကို ဖီဂျီယန် ဆိုသော အမည်မှ ဖီဂျီဘာသာစကား ဖြစ်သည့် အီတောကီအိုင် ဟု ပြောင်းလဲမည် ဖြစ်သည်။

ပြုတ်ကျသွားပြီ ဖြစ်သော ဝန်ကြီးချုပ် လိုင်ဆီးနီးယား ကာရေ့စ် မှ ဖီဂျီယန်ဆိုသော အသုံးအနှုန်းသည် ဒေသရင်း ဖီဂျီလူမျိုးများအတွက်သာ သီးသန့် သုံးနှုန်းခြင်း ဖြစ်ပြီး သူ့အနေနှင့် ဒေသရင်းမဟုတ်သော ဖီဂျီနိုင်ငံသားများ ထိုအမည်ကို အသုံးပြုရန် ဥပဒေအား မည်သို့မဆို ပြောင်းလဲခြင်းကို ကန့်ကွက်မည်ဟု ဆိုခဲ့သည်။ ဖီဂျီဒေသရင်းများ အများစု ပါဝင်သော မက်သဒစ် ဘုရားကျောင်းတော်မှလည်း ထိုအဆိုပြုချက်ကို ပြင်းထန်စွာ ကန့်ကွက်ခဲ့ပြီး ဖီဂျီရှိ မည်သည့်နိုင်ငံသားကို မဆို ဖီဂျီယန် ဟု ခေါ်ဆိုစေခြင်းသည် ဒေသရင်းလူမျိုးများ အပေါ် နေ့ခင်းကြောင်တောင် ဓားပြမှု ကျူးလွန်သည့် ပမာပင် ဖြစ်သည်ဟု ဆိုခဲ့ကြသည်။

၂၀၀၉ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဿနာ အတွင်းတွင် ဖီဂျီယန်ဆိုသည့် အဓိပ္ပာယ်ဖွင့်ဆိုမှုကို ပြောင်းလဲရန် ကြိုးစားမှု၏ ရှေ့ဆောင်ဖြစ်သော စစ်ခေါင်းဆောင်နှင့် ယာယီဝန်ကြီးချုပ် ဖရန့် ဘိန်နီမရမာ မှ နိုင်ငံသို့ ပြောကြားသော မိန့်ခွန်းတွင်

ကျုပ်တို့အားလုံးမှာ လူမျိုးစု အမျိုးမျိုး၊ ယဉ်ကျေးမှု အမျိုးမျိုး ကွဲပြားနေတယ်ဆိုတာ သိတယ်။ ကျုပ်တို့ အနေနဲ့ အဲဒီလို ကွဲပြားခြားနားတာကို ကြွယ်ဝတာကို ဂုဏ်ယူရမည်။ ဒါပေမယ့်လည်း ကျုပ်တို့အားလုံးဟာ ဖီဂျီယန် တွေပဲ ဖြစ်တယ်။ ကျုပ်တို့အားလုံးဟာ ညီတူညီမျှ အခွင့်အရေး ရှိတဲ့ နိုင်ငံသားတွေ ဖြစ်တယ်။ ကျုပ်တို့အားလုံး ဖီဂျီကို သစ္စာ ရှိရမယ်။ ကျုပ်တို့အားလုံး မျိုးချစ်စိတ် ရှိရမယ်။ ကျုပ်တို့အားလုံး ဖီဂျီရဲ့ အရေးကိုသာ ဦးစားပေးရမယ်။

ဟု ပြောကြားခဲ့သည်။

ဖီဂျီနိုင်ငံ: အမည်မှည့်ခေါ်ပုံ, သမိုင်း, ပထဝီဝင် 
ဖီဂျီယန်များ

၂၀၁၀ ခုနှစ် မေလတွင် ရှေ့နေချုပ် အေးရတ် ဆေရစ်-ခိုင်ရမ်း မှ ဖီဂျီယန် ဟူသော အသုံးအနှုန်းသည် ဖီဂျီ နိုင်ငံသားတိုင်းကို ရည်ညွှန်းသင့်ကြောင်း ထပ်မံ ပြောဆိုခဲ့သည်။ သို့သော်လည်း ထိုစကားကို ကန့်ကွက်မှုဖြင့် ထပ်မံ ကြုံတွေ့ ခဲ့ရပြန်သည်။ ဗီတီ မြေပိုင်ရှင်နှင့် အရင်းအမြစ်ပိုင်ရှင်အသင်း၏ ပြောရေးဆိုခွင့် ရှိသူမှ ဖီဂျီသို့ ပြောင်းရွှေ့နေထိုင်လာသူတို့၏ စတုတ္ထမျိုးဆက်များသည်ပင် ဖီဂျီယန် ဖြစ်ရန် မည်သည့်အရာ လိုအပ်သည်ကို အပြည့်အဝ သဘောမပေါက်ကြဟု ဆိုပြီး ဖီဂျီယန် ဆိုသော စကားလုံးသည် ဥပဒေအရ တန်ဖိုးရှိပြီး ဥပဒေတွင် ဖီဂျီယန်များ (အဓိပ္ပာယ်မှာ ဥပဒေတွင် ဒေသရင်း ဖီဂျီလူမျိုးများ) အတွက် သီးသန့် အခွင့်အရေး ကို ပြဋ္ဌာန်းထားသောကြောင့် ဖြစ်သည်ဟု ထပ်မံ ပြောကြားသည်။ ဘိန်နီမရမာ အစိုးရအား ဝေဖန်ရာတွင် ထင်ရှားသော ဖီဂျီပညာရှင် ဘရစ်ဂျ်လဲ ကပင် အစိုးရမှ အသစ်ပြဋ္ဌာန်းမည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသစ်တွင် ဖီဂျီယန် ဆိုသော အဓိပ္ပာယ်ဖွင့်ဆိုချက် အသစ်ကို ထည့်သွင်းမည် ဆိုပါက သူ့အနေနှင့် အံ့ဩမည် မဟုတ်ကြောင်း၊ သူ၏ ကိုယ်ပိုင် အမြင်အားဖြင့် "ဖီဂျီယန် ဆိုသော အသုံးအနှုန်းအား ဖီဂျီရှိ လူတိုင်းကို မရည်ညွှန်းရန် အတွက် အကြောင်းပြချက် မမြင်မိကြောင်း" ပြောကြားသည်။

ဘာသာစကား

ဖီဂျီ၏ ဘာသာစကားမှာ အော်စထရိုနီးရှန်း ဘာသာစကားဖြစ်ပြီး ဖီဂျီတွင် ပြောဆိုသော ဘာသာစကားမှာ မလာယို-ပိုလီနီးရှန်း မိသားစုဝင် ဘာသာစကား ဖြစ်သည်။ ဖီဂျီစကားကို ပထမဘာသာစကား အဖြစ် ပြောဆိုသူ ၃၅၀,၀၀၀ ဦး ရှိပြီး ဖီဂျီလူဦးရေ၏ တစ်ဝက်ထက် နည်းသည်။ သို့သော်လည်း အခြား ၂၀၀,၀၀၀ မှာ ထိုဘာသာစကားကို ဒုတိယ ဘာသာစကား အဖြစ် ပြောဆိုကြသည်။ ၁၉၉၇ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ဖီဂျီဘာသာစကားကို အင်္ဂလိပ်ဘာသာ၊ ဖီဂျီဟင်ဒီ ဘာသာတို့နှင့် အတူ ရုံးသုံး ဘာသာစကား အဖြစ် သတ်မှတ်ခဲ့သည်။ ဖီဂျီဘာသာစကားသည် ကြိယာ-ပြောခံရသူ-ပြောသူ အစီအစဉ်ဖြင့် ပြောကြားသော ဘာသာစကား ဖြစ်သည်။

ဖီဂျီကျွန်းများတွင် ဒေသခံ ဘာသာစကား အမျိုမျိုးရှိပြီး ၎င်းတို့ကို အရှေ့ပိုင်း ဖီဂျီဘာသာစကား နှင့် အနောက်ပိုင်းဖီဂျီဘာသာစကား ဟု အဓိက နှစ်ပိုင်း ကွဲပြားသည်။ ၁၈၄၀ ခုနှစ်များမှ သာသနာပြုများသည် အဓိကကျွန်းမကြီး ဖြစ်သော ဗီတီလီဗူးကျွန်း၏ အရှေ့တောင်ပိုင်း ဘာအူးကျွန်းတွင် ပြောဆိုကြသော အရှေ့ပိုင်း ဘာသာစကားကို ဖီဂျီဘာသာစကား၏ ရေးသားမှု စံနှုန်းအဖြစ် သတ်မှတ်ခဲ့ကြသည်။ ဘာအူးကျွန်းသည် လူမျိုးစုခေါင်းဆောင်ဖြစ်သော ဆယ်ရူး အီပန်နီဆာ ကာကိုဘာအူး၏ အိမ်ရှိရာဖြစ်ပြီး ၎င်းသည် နောင်တွင် မိမိဘာသာ သတ်မှတ်သော ဖီဂျီ၏ ဘုရင် ဖြစ်လာခဲ့သည်။


အင်္ဂလိပ် Hello/hi Good morning Goodbye
ဖီဂျီဘာသာ ဘူလာ ယန်ဒရာ မိုသေး
ဖီဂျီဟင်ဒီ नमस्ते (နာမဆတေး) सुप्रभात (ဆူပရာဘတ်) अलविदा (အလာဗီဒါ)

ကိုးကွယ်ယုံကြည်မှု

ဖီဂျီနိုင်ငံ: အမည်မှည့်ခေါ်ပုံ, သမိုင်း, ပထဝီဝင် 

ဖီဂျီရှိ ကိုးကွယ်ယုံကြည်မှု(၂၀၀၇)

  မက်သဒစ် (34.6%)
  ရိုမန် ကက်သလစ် (9.1%)
  အဆမ်ဘလီအော့ဖ် ဂေါ့ဒ် (5.7%)
  ဆဲဗန့်ဒေး အက်ဗန်းတစ် (3.9%)
  အင်ဂလိကန် (0.8%)
  အခြား ခရစ်ယာန် (10.3%)
  ဟိန္ဒူ (27.9%)
  အခြား သို့ ဘာသာမရှိ (1.1%)

၂၀၀၇ ခုနှစ် လူဦးရေစာရင်းအရ ၆၄.၄% သော လူဦးရေမှာ ခရစ်ယာန်ဘာသာ ကိုးကွယ်ကြသူများ ဖြစ်ပြီး ၂၇.၉% မှာ ဟိန္ဒူ၊ ၆.၃% မှာ မွတ်စလင်၊ ၀.၈%မှာ ဘာသာမဲ့၊ ၀.၃% မှာ ဆစ်ခ်ဘာသာ နှင့် ကျန်ရှိနေသော ၀.၃% မှာ အခြားဘာသာဝင်များ ဖြစ်ကြသည်။ ခရစ်ယာန် ဘာသာဝင်များတွင် ၅၄% မှာ မက်သဒစ်ဂိုဏ်းဝင် များ ဖြစ်ပြီး ၁၄.၂% မှာ ကက်သလစ် ၊ ၈.၉% မှာ အဆမ်ဘလီအော့ဖ်ဂေါ့ဒ် ၊၆.၀% မှာ ဆဲဗန့်ဒေးအက်ဗန်းတစ်၊ ၁.၂% မှာ အင်ဂလိကန် ဂိုဏ်းဝင်များ ဖြစ်ကြပြီး အခြား ၁၆.၁% မှာ အခြားခရစ်ယာန်ဂိုဏ်းဝင်များ ဖြစ်ကြသည်။

အကြီးမားဆုံးသော ခရစ်ယာန်ဂိုဏ်းမှာ ဖီဂျီနှင့် ရိုတူမာ၏ မက်သဒစ် ဘုရားကျောင်းတော် ဖြစ်သည်။ လူဦးရေ၏ ၃၄.၆% (ဖီဂျီယန် လူမျိုးများ အပါအဝင်) တို့သည် မက်သဒစ်ဂိုဏ်းဝင်များ ဖြစ်ကြသဖြင့် ဖီဂျီ၏ လူဦးရေအချိုးနှင့် မက်သဒစ်ကိုးကွယ်သူမှာ အခြားသောနိုင်ငံများထက် များပြားသည်။ ၂၀၁၂ တွင် အစိုးရမှ မက်သဒစ်ဂိုဏ်းဝင်များအား ၎င်းတို့၏ နှစ်စဉ်ညီလာခံကို လေးနှစ်အတွင်း ပထမဆုံး အကြိမ် ကျင်းပခွင့် ပေးခဲ့သော်လည်း အမျိုးသားခေါင်ရန်းပွဲတော် နှင့် အချိန်ကိုက်မလုပ်ရန်၊ ၃ ရက်သာကျင်းပရန်၊ နိုင်ငံရေးအကြောင်း မဆွေးနွေးရန် နှင့် ဘုရားကျောင်းတော်နှင့်ဆိုင်သော ကိစ္စရပ်များကိုသာ ဆွေးနွေးရန် စသည့် အချက်တို့ကို လိုက်နာရန် ညွှန်ကြားခဲ့သည်။

ရိုမန်ကက်သလစ်များအား မက်ထရိုပိုလစ်တန် ဆူးဗားဂိုဏ်းချုပ် ဘုန်းတော်ကြီးမှ ဦးဆောင်ပြီး ၎င်း၏ နယ်မြေများတွင် ရာရာတုံဂါ စီရင်စု (ကွတ်ခ်ကျွန်း၊ နျူးနိုင်ငံ နှင့် နယူးဇီလန်နှင့် ပူးတွဲအုပ်ချုပ်ရေး ရှိသော နိုင်ငံများ) နှင့် တာရာဝါ နှင့် နရူအူး စီရင်စု (တာရာဝါ၏ ဂိုဏ်းအုပ်မှာ ကီရီဘာတီ၊ နုအူရူး နှင့် တိုကဲလိုမှ မစ်ရှင် ဆွီယူရစ် (နယူးဇီလန်နှင့် ပူးတွဲနိုင်ငံ) တို့ လည်း ပါဝင်သည်။ ထို့အတွက်ကြောင့် ရိုမန်ကက်သလစ်ဂိုဏ်းနှင့် ဆိုင်သော သာသနာပြု လှုပ်ရှားမှုများမှာ ယခင် ပုပ်ရဟန်းမင်းကြီးနှင့်ဆိုင်သော ဒေသများ (၁၈၆၃ တွင် အိုးရှန်းနီးယား အလယ်ပိုင်း ပုပ်ရဟန်းမင်းကြီးနှင့်ဆိုင်သော ဒေသဟု ဖွဲ့စည်းခဲ့သည်) ပေါ်တွင် မူတည်သည်ဟု ဖော်ပြနေသည်။ နောက်တွင် ပုပ်ရဟန်းမင်းကြီး နှင့် ဆိုင်သော ဖီဂျီနယ်မြေ အဖြစ် ပြောင်းလဲခဲ့ပြီး နောက် ဆူးဗားဂိုဏ်းချုပ် (ဖီဂျီတစ်နိုင်ငံလုံးနှင့် သက်ဆိုင်သည်) အဖြင့် ရာထူးတိုးမြှင့်ပေးချင်းခံရသည်။

ထိုမျှသာမက အဆမ်ဘလီအော့ဖ်ဂေါ့ဒ်၊ ဆဲဗန့်ဒေး အက်ဗန်းတစ် နှင့် လက်တာဒေး သူတော်စင် ၏ ယေရှုခရစ် အသင်းတော်တို့မှာလည်း ထင်ရှားသည်။ ဖီဂျီသည် ပိုလီနီးရှား အင်ဂလိကန် ဂိုဏ်းချုပ် (အော်တဲရိုးရား၊ နယူးဇီလန် နှင့် ပိုလီနီးရှားရှိ အင်္ဂလိကန် အသင်းတော် များ) အခြေစိုက်ရာ နေရာလည်း ဖြစ်သည်။ ထိုအသင်းတော်များ နှင့် အခြားသော ခရစ်ယာန် အသင်းတော်များတွင် အင်ဒို-ဖီဂျီယန် များ ပါဝင်မှု နည်းပါးသည်။ အင်ဒို-ဖီဂျီယန်များတွင် ခရစ်ယာန် ဘာသာကိုးကွယ်သူ ၆.၁% မျှသာ ရှိသည်။

ဟိန္ဒူဘာသာ ကိုးကွယ်သူများတွင် ဆနာတန်ဂိုဏ်းဝင် များပြားပြီး (ဟိန္ဒူများ၏ ၇၄.၃%) အခြားသူများမှာ အခြားဂိုဏ်းဝင်များ ဖြစ်ကြသည်။ အရွယ်အစားအားဖြင့် ငယ်သော အာရိယာ ဆမာ့ဂျ်ဂိုဏ်းသည် ဖီဂျီရှိ ဟိန္ဒူများ၏ ၃.၇% မျှ ရှိသည်ဟု ဆိုကြသည်။ မွတ်စလင်များ၏ အများစုမှာ ဆွန်နီ (၉၆.၄%) များ ဖြစ်ကြပြီး ဟာနာဖီကျောင်းတော်၏ အတွေးအခေါ်ကို လိုက်နာကြကာ အမာဒိယ ဂိုဏ်းဝင်များမှာ ၃.၆% မျှ ရှိ၍ အနည်းငယ်သာ ဖြစ်သည်။ အင်ဒို-ဖီဂျီယန်များတွင် ဆစ်ခ်ဘာသာ ကိုးကွယ်သူ ၀.၉% မျှ သို့မဟုတ် တစ်နိုင်ငံလုံး လူဦးရေ၏ ၀.၄% မျှ ရှိသည်။ ၎င်းတို့၏ ဘိုးဘေးများမှာ အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်မှ လာရောက်သော ပန်ချာပီများ ဖြစ်ကြပြီး ယခင်က အလုပ်သမားအနေနှင့် လာရောက်သူများ မဟုတ်ကြဘဲ နောက်ပိုင်း လတ်တလောတွင်မှ ပြောင်းရွှေ့လာကြသူများ ဖြစ်သည်။ ဘာဟိုင်းဘာသာ ကိုးကွယ်သူ အဖွဲ့အစည်းပေါင်း ၂၁ ခု ရှိပြီး ဘာဟိုင်းများမှာ နေရာ ဒေသ ၈၀ ကျော်တွင် ရှိသည်။ ပထမဆုံး ဘာဟိုင်းဘာသာ ကိုးကွယ်သူမှာ ၁၉၂၄ ခုနှစ်တွင် ရောက်ရှိလာသော နယူးဇီလန်နိုင်ငံသား တစ်ဦးဖြစ်သည်။ ဆူးဗားတွင် ရှိသော ဆမိုးအားလူမျိုးများကြားတွင် ကွန်ဂရီဂေးရှင်းနယ် ခရစ်ယာန်များ ရှိသည်။ ဆမိုးအား ကွန်ဂရီဂေးရှင်းနယ် ခရစ်ယာန် အသင်းတော်မှ ဆူးဗားတွင် ဆမိုးအား ဗိသုကာပညာဖြင့် ဘုရားရှိခိုးကျောင်း တစ်ကျောင်းကို တည်ဆောက်ခဲ့သည်။ လန်ဒန်သာသာနာပြု အဖွဲ့၏ လက်ကျန်များလည်း ဖီဂျီတွင် ရှိသေးသည်။ ဂျူးလူမျိုး အယောက် ၆၀ ခန့်မျှလည်း ရှိသည်။ နှစ်စဉ်နှစ်တိုင်းပင် အစ္စရေး သံရုံးမှာ ဂျူးလူမျိုးတို့၏ ပွဲတော်ဖြစ်သော ပတ်စ်အိုဗာကို လူဦးရေ ၅၀-၆၀ ခန့်မျှဖြင့် ကျင်းပလေ့ ရှိသည်။

ပညာရေး

၂၀၁၄ ခုနှစ်တွင် ဖီဂျီရှိ မူလတန်း နှင့် အထက်တန်း ပညာရေးမှာ အခမဲ့ ဖြစ်ပြီး ရှစ်နှစ်တာမျှ မတက်မနေရ ဖြစ်သည်။ ၂၀၀၁ ခုနှစ်မှစ၍ ကျောင်းတက်မှုနှုန်း ကျဆင်းလာပြီး အကြောင်းမှာ လုံခြုံရေးအရ စိုးရိမ်ရမှုနှင့် ကျောင်းလခ အတွက် စရိတ်ထောင်းသောကြောင့် ဖြစ်ပြီး အမြဲလိုလို ပါဝင်သည့် ပြဿနာမှာ သွားလာရေး စရိတ်များကြောင့် ဖြစ်သည်။ ၂၀၀၀ ခုနှစ် အစိုးရ အာဏာ သိမ်းမှု အပြီးတွင် ကျောင်းသား ၅,၀၀၀ ကျော် ကျောင်းထွက်သွားကြသည်ဟု သိရှိရသည်။

ယဉ်ကျေးမှု

ဖီဂျီနိုင်ငံ: အမည်မှည့်ခေါ်ပုံ, သမိုင်း, ပထဝီဝင် 
နော်ဆိုရီကုန်းမြင့်ရှိ နာဗာလာရွာတွင် ရှိသော တစ်ခန်းတည်းပါဝင်သည့် ဘူးရဲခေါ် ဖီဂျီအိမ်များ

ဖီဂျီ၏ ယဉ်ကျေးမှုတွင် ဒေသရင်း ဖီဂျီလူမျိုးများ၊ အင်ဒို-ဖီဂျီယန်များ ၊ အာရှ နှင့် ဥရောပ ထုံးတမ်းစဉ်လာများ များပြားစွာ ဒွေးရောယှက်တင် ပါဝင်နေကြပြီး ၎င်းတို့တွင် လူမှုရေး အရ ယဉ်ကျေးမှု၊ ဘာသာစကား၊ အစားအစာ (ပင်လယ်မှ အဓိကလာပြီး ကာဆာဗာ၊ တာရို နှင့် အခြား အသီးအရွက်များ ပါဝင်သည်။)၊ အဝတ်အစား၊ ယုံကြည်မှု စနစ်၊ ဗိသုကာပညာ၊ အနုပညာ၊ လက်မှုပညာ၊ ဂီတ၊ အက နှင့် အားကစားတို့ ပါဝင်သည်။

ဒေသရင်း ဖီဂျီလူမျိုးတို့၏ ယဉ်ကျေးမှုနှင့် ထုံးတမ်းစဉ်လာများမှာ အလွန်လှုပ်ရှားသက်ဝင်ပြီး ဖီဂျီတွင် နေထိုင်သူအများစု၏ နေ့စဉ်ဘဝ အစိတ်အပိုင်း အဖြစ် တည်ရှိနေသော်လည်း ဖီဂျီ လူ့အဖွဲ့အစည်းသည် ယခင် ရာစုနှစ်အတွင်းက အိန္ဒိယ နှင့် တရုတ်တို့၏ ထုံးတမ်းစဉ်လာများ မိတ်ဆက်ဝင်ရောက်လာမှု နှင့် ဥရော့ နှင့် ဖီဂျီ၏ ပစိဖိတ်ဒေသအတွင်း အိမ်နီးချင်းများ ဖြစ်ကြသော တုံဂါ နှင့် ဆမိုးအားတို့မှ သိသိသာသာ လွှမ်းမိုးမှုများကြောင့် တိုးတက် ပြောင်းလဲလာခဲ့သည်။ ထို့အတွက်ကြောင့် ဖီဂျီရှိ ယဉ်ကျေးမှု အမျိုးမျိုးတို့သည် ပေါင်းစည်းပြီး ယဉ်ကျေးမှုစုံလင်သော သီးသန့် အမျိုးသားရေးလက္ခဏာတစ်ခုအဖြစ် ပေါ်ထွက်လာခဲ့သည်။

ဖီဂျီ၏ ယဉ်ကျေးမှုများကို ၁၉၈၆ခုနှစ် ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့တွင် ကျင်းပသော ကမ္ဘာ့အိတ်စပို နှင့် လတ်တလော ရှန်ဟိုင်းကမ္ဘာ့အိတ်စပို ၂၀၁၀ တို့တွင် အခြားသော ပစိဖိတ်နိုင်ငံများနှင့် အတူ ပစိဖိတ်ပြခန်းတွင် ပြသခဲ့သည်။

ရုံးပိတ်ရက်နှင့် ပွဲတော်များ

အောက်ပါတို့မှ ဖီဂျီတွင်ရှိသော ရုံးပိတ်ရက်များ ဖြစ်ကြသည်။

  • နှစ်သစ်ကူးနေ့
  • ဂွတ်ဖရိုင်းဒေး
  • အီစတာ စနေနေ့
  • အီစတာ တနင်္လာနေ့
  • ဖွဲ့စည်းပုံအခြေခံဥပဒေနေ
  • ဖီဂျီနေ့
  • ဒေပါဝလီနေ့
  • ခရစ္စမတ်နေ့
  • ဘောက်ဆင်နေ့
  • တမန်တော် မိုဟာမက် မွေးနေ့

အများပြည်သူဆိုင်ရာ ရုံးပိတ်ရက်များအတွက်နေ့သည် တစ်နှစ်နှင့် တစ်နှစ် မတူကြပေ။ သို့သော် နောက်နှစ်အတွက် အစိုးရရုံးပိတ်ရက်များကို ဖီဂျီအစိုးရ၏ အင်တာနက်စာမျက်နှာ Archived 26 August 2014 at the Wayback Machine. တွင် ကြည့်ရှုနိုင်သည်။

အောက်ပါရုံးပိတ်ရက်များကို ဖီဂျီတွင် ဆက်လက် ရှိမနေတော့ပေ။

  • ဘုရင်မ၏ တရားဝင်မွေးနေ့
  • နိုင်ငံလုံးဆိုင်ရာ လူငယ်နေ့
  • ရာတူး ဆာ လာလာ ဆူကူနာ နေ့

အားကစား

အာကစားသည် ဖီဂျီတွင် အလွန် လူကြိုက်များပြီး အထူးသဖြင့် ကိုယ်ခန္ဓာအသုံးပြု ကစားရသော အားကစားနည်းများ ဖြစ်သည်။ ဖီဂျီ၏ အမျိုးသား အားကစားနည်းမှာ ရပ်ဘီဆဲဗင်း ဖြစ်သည်။

ရပ်ဘီယူနီယံ

ဖီဂျီနိုင်ငံ: အမည်မှည့်ခေါ်ပုံ, သမိုင်း, ပထဝီဝင် 
ဖီဂျီ အမျိုးသား ရပ်ဘီယူနီယံအသင်း ၂၀၀၇ ခုနှစ် ရပ်ဘီကမ္ဘာ့ဖလားတွင် ကနေဒါ အသင်းနှင့် ယှဉ်ပြိုင်နေစဉ်

ရပ်ဘီယူနီယံသည် ဖီဂျီတွင် ရေပန်းအစားဆုံး အသင်းလိုက်ကစားနည်း ဖြစ်သည်။

ဖီဂျီအမျိုးသား ရပ်ဘီဆဲဗင်းအသင်းသည် နိုင်ငံတကာတွင် အောင်မြင်ကျော်ကြားသော အသင်းတစ်သင်းဖြစ်ပြီး ဟောင်ကောင်ရပ်ဘီဆဲဗင်းပြိုင်ပွဲ စတင်သည့် ၁၉၇၆ခုနှစ် မှစ၍ ၁၅ ကြိမ်တိတိ နိုင်ခဲ့ဖူးသော စံချိန် ရှိသည်။ ဖီဂျီသည် ရပ်ဘီဆဲဗင်း ကမ္ဘာ့ဖလားကို ၁၉၉၇ နှင့် ၂၀၀၅ တို့တွင် ရရှိခဲ့ဖူးသည်။ ဖီဂျီ အမျိုးသား ရပ်ဘီဆဲဗင်း အသင်းသည် ကမ္ဘာ့ရပ်ဘီအားကစားတွင် လက်ရှိ ဆဲဗင်းဝေါလ်စီးရီး ချန်ပီယံ ဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် ၎င်းတို့သည် နွေရာသီအိုလံပစ်အားကစားပွဲ ရပ်ဘီဆဲဗင်းပြိုင်ပွဲတွင် ဂရိတ်ဗြိတိန်အား ၄၃-၇ ဖြင့် အနိုင်ရ၍ ရွှေတံဆိပ် ဆုရရှိခဲ့ပြီး ဖီဂျီအတွက် ပထမဆုံး အိုလံပစ် ဆုတံဆိပ်ကို ရယူပေးနိုင်ခဲ့သည်။

ဖီဂျီအမျိုးသား ရပ်ဘီယူနီယံ အသင်းသည် ဖိုက်ရပ်ဘီကမ္ဘာ့ဖလား ပြိုင်ပွဲတွင်လည်း ၁၉၈၇ ခုနှစ် ရပ်ဘီကမ္ဘာ့ဖလားမှ စတင်ကာ ယှဉ်ပြိုင်ခဲ့ပြီး ထိုပြိုင်ပွဲတွင် ကွာတားဖိုင်နယ် အဆင့်ထိ တက်ရောက်နိုင်သည်။ ဖီဂျီအမျိုးသား အသင်းသည် ထိုသို့သော အောင်မြင်မှုကို နောက်တစ်ကြိမ် ထပ်မံ မရရှိတော့သည်မှာ ၂၀၀၇ ရပ်ဘီကမ္ဘာ့ဖလား၌ ဝေလနိုင်ငံအသင်းအား ၃၈-၃၄ ဖြင့် အနိုင်ယူပြီး ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်သည့် အချိန်အထိ ဖြစ်ကာ ထိုပြိုင်ပွဲတွင် ၎င်းတို့အနေနှင့် ရပ်ဘီကမ္ဘာ့ဖလား နောက်ဆုံးရရှိသွားသော တောင်အာဖရိက အသင်းကို ရှုံးနိမ့်သွားခဲ့သည်။ ဖီဂျီသည် ဗြိတိသျှ အသင်းနှင့် အိုင်းရစ်လိုင်းယွန်း အသင်းတို့အားလည်း ၁၉၇၇ တွင် အနိုင်ယူခဲ့သည်။

ဖီဂျီသည် ပစိဖိတ် ထရိုင်နေးရှင်း ပြိုင်ပွဲတွင် လည်းကောင်း၊ အိုင်အာရ်ဘီပစိဖိတ် နိုင်ငံများ ဖလားတွင် လည်းကောင်း ပါဝင် ယှဉ်ပြိုင်ခဲ့သည်။ ထိုအားကစားအား ဖီဂျီ ရပ်ဘီယူနီယံမှ အုပ်ချုပ်ပြီး ၎င်းသည် ပစိဖိတ်ကျွန်းများ ရပ်ဘီမဟာမိတ်၏ အသင်းဝင်ဖြစ်ကာ ပစိဖိတ်ကျွန်းသားများ ရပ်ဘီယူနီယံ အသင်းသို့လည်း အထောက်အပံ့ ပေးလျက် ရှိသည်။ ကလပ်အသင်းအဆင့်တွင် စကစ်ပါဖလား နှင့် ဖဲယားဘရားသား ဆုတံဆိပ်စိန်ခေါ်ပွဲ တို့ ရှိသည်။

ဖီဂျီ အမျိုးသား ရပ်ဘီယူနီယံ အသင်းသည် ပစိဖိတ်ကျွန်းများရပ်ဘီမဟာမိတ် အဖွဲ့တွင် ဆမိုးအားနိုင်ငံ နှင့် တုံဂါနိုင်ငံတို့နှင့် အတူ ပါဝင်ခဲ့သည်။ ၂၀၀၉ တွင် ဆမိုးအားမှ ပစိဖိတ်ကျွန်းများရပ်ဘီမဟာမိတ်အဖွဲ့မှ နုတ်ထွက်ကြောင်း ကြေညာခဲ့ပြီး ဖီဂျီနှင့် တုံဂါတို့သည် ယူနီယံတွင် ကျန်ရှိခဲ့သည်။ ဖီဂျီသည် ကမ္ဘာ့ရပ်ဘီ အဖွဲ့၏ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၈ စာရင်းအရ တကမ္ဘာလုံးတွင် အဆင့် ၁၁ ရှိသည်။

ဖီဂျီသည် ရပ်ဘီယူနီယံအား အဓိကအားကစား အဖြစ် ကစားသည့်နိုင်ငံထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ လူဦးရေ စုစုပေါင်း ၉၀၀,၀၀၀ တွင် မှတ်ပုံတင်ထားသော ကစားသမား ၈၀,၀၀၀ ခန့်မျှ ရှိသည်။ ဖီဂျီ၏ ပြဿနာတစ်ခုမှာ ၎င်းတို့၏ ကစားသမားများကို မိခင်နိုင်ငံအသင်းတွင် ကစားခိုင်းရန် ခက်ခဲခြင်း ဖြစ်ပြီး အများစုမှာ ဥရောပတွင် ကန်ထရိုက်စာချုပ်များနှင့် ကစားနေကြပြီး ပြင်သစ် တော့ပ်ဖော်တင်း၊ အင်္ဂလိပ် အဗီဗာ ပရီမီယာရှစ် နှင့် စူပါရပ်ဘီ အသင်းများတွင် ဖြစ်သည်။ နိုင်ငံတကာတွင် စတားဖြစ်နေသော ကစားသမားများကို ပြန်လည်ခေါ်ယူရန် အတွက် လစာမှာလည်း နိုင်ငံစီးပွားရေး၏ အရေးပါသော အပိုင်းမှ ပါဝင်နေသည်။ ထို့ပြင် ဖီဂျီတွင် ကစားရန် အကျုံးဝင်သော ကစားသမားများမှာ ဩစတြေးလျနိုင်ငံနှင့် နယူးဇီလန်နိုင်ငံ ကိုယ်စားသာ ကစားလေ့ရှိကြသည်။ ထင်ရှားသော ဥပမာများမှာ ဖီဂျီတွင် မွေးဖွားသည့် ညီအစ်ကိုဝမ်းကွဲများ ဖြစ်ကြပြီး ယခင် နယူးဇီလန် အောဘလက် (အမျိုးသား ရပ်ဘီယူနီယံအသင်း) ကစားသမားများ ဖြစ်ကြသော ဂျိုး ရိုကိုခိုကို နှင့် ဆီတီဗီနီ ဆီဗီဗာတူး၊ လက်ရှိ အောဘလက် အသင်းသားများ ဖြစ်ကြသော ဝိုင်ဆာကေး နာဟိုလို နှင့် ဆီတာ တာမာနီဗာလူး တို့အပြင် ဩစတြေးလျှ ဝါလာဘီ (အမျိုးသား ရပ်ဘီယူနီယံ အသင်း)၏ ယခင် တောင်ပံ ကစားသမား လိုတေး တူရီကွီး နှင့် လက်ရှိ ဝါလာဘီများ ဖြစ်ကြသော တီဗီတာ ကူရီဒရာနီ၊ ဆာမူ ကယ်ရာဗီ နှင့် ဟင်နရီ စပိုက်တို့ ဖြစ်ကြသည်။ ဖီဂျီသည် ပစိဖိတ် သုံးနိုင်ငံ ရပ်ဘီ ပြိုင်ပွဲတွင် ပါဝင်သော ၃ သင်းအနက် ချန်ပီယံဆု အကြိမ်ရေအများဆုံး ရရှိသော အသင်းဖြစ်သည်။

ရပ်ဘီလိဂ်

ဖီဂျီအမျိုးသား ရပ်ဘီလိဂ်အသင်းအား ဘာတီဟုလည်း နာမည်ပေးထားကြပြီး ဖီဂျီနိုင်ငံအား ရပ်ဘီလိဂ် ဘောလုံးကစားနည်းတွင် ကိုယ်စားပြု၍ နိုင်ငံတကာပြိုင်ပွဲများတွင် ၁၉၉၂ မှ စတင်၍ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ၎င်းတို့သည် ရပ်ဘီလိဂ် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် သုံးကြိမ်တိုင်အောင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အကောင်းဆုံး ရလဒ်မှာ ၂၀၀၈ ခုနှစ် ရပ်ဘီလိဂ် ကမ္ဘာ့ဖလားနှင့် ၂၀၁၃ ခုနှစ် ရပ်ဘီလိဂ် ကမ္ဘာ့ဖလားတို့တွင် နှစ်ကြိမ် ဆက်တိုက် ဆီမီးဖိုင်နယ် အထိ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ထိုအသင်းသည် ပစိဖိတ် ဖလားတွင်လည်း ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

ထိုအသင်း၏ လက်ရွေးစင်ကစားသမားများကို နိုင်ငံတွင်းရှိ ဖီဂျီတို့၏ ကစားပွဲများမှ ရွေးချယ်သကဲ့သို့ နယူးဇီလန်နှင့် ဩစတြေးလျတို့ရှိ ပြိုင်ပွဲများမှလည်း ရွေးချယ်ကြသည်။

ရပ်ဘီစစ်ပွဲအက နှင့် ဖီဂျီသံပြိုင်တေး

ဖီဂျီရပ်ဘီအသင်းတို့သည် သင်ဘီ ဟု ခေါ်သော စစ်ပွဲအက ကို ပွဲမတိုင်ခင် ကခုန်လေ့ ရှိကြသည်။ ၂၀၁၂ ခုနှစ်တွင် အမ်ဘိုလေးဟု ခေါ်သော စစ်ပွဲခေါ်သံဖြင့် အစားထိုးခဲ့သည်။

သင်ဘီအား ၁၉၃၉ ခုနှစ် နယူးဇီလန် နယ်လှည့်ကစားပွဲတွင် ပထမဆုံး စတင် ကခုန်ခဲ့သည်ဟု ဆိုကြပြီး ထိုအချိန်က ဖီဂျီအသင်း၏ ကပ္ပတိန် ရာတူးဆာ ဂျော့ရှ် ကာကိုဘော မှ ၎င်း၏ အသင်းအနေနှင့် အောဘလက် အသင်း၏ ဟာကား ခေါ် စစ်ပွဲခေါ်သံနှင့် ညီတူညီမျှ ဖြစ်စေရန် တစ်ခုခု ရှိသင့်သည်ဟု ခံစားမိသောကြောင့်ဖြစ်သည်။ သင်ဘီဆိုသော စကားအသုံးအနှုန်းမှာ မမှန်ကန်ပေ။ ထိုစကား၏ အဓိပ္ပာယ်မှာ "စစ်သူရဲတို့၏ အောင်ပွဲခံခြင်း" ဟု အဓိပ္ပာယ်ရပြီး အမ်ဘိုလေးမှာ စိန်ခေါ်မှုကို လက်ခံခြင်းဖြစ်သည်။

ဖီဂျီ ဘာတီ ရပ်ဘီလိဂ် အသင်းမှာလည်း ပွဲမစခင်တိုင်းတွင် စုရုံး၍ "နိုကူမာဆူ" ဆိုသော သံပြိုင်တေးကို သီဆိုလေ့ ရှိကြသည်။

ဘောလုံး

ဘောလုံးကစာခြင်းသည် ဖီဂျီတွင် ပုံမှန်အားဖြင့် လူနည်းစုသာ ကစားသော ကစားနည်း ဖြစ်ပြီး အင်ဒို-ဖီဂျီယန် အသိုင်းအဝိုင်းတွင် အများအားဖြင့် ရေပန်းစားသည်။ သို့သော်လည်း လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း ဖီဖာမှ ထောက်ပံ့ကြေးငွေ ရရှိမှုနှင့် ဒေသခံတို့၏ စီမံခန့်ခွဲမှု ကောင်းခြင်းတို့ကြောင့် ဖီဂျီအသိုင်းအဝိုင်းကြားတွင် ရေပန်းစားမှု မြင့်တက်လာခဲံသည်။ ယခုအခါတွင် ဖီဂျီ၌ အမျိုးသားများကြားတွင် ရပ်ဘီ(ယူနီယံ ဖစ်ဖတင်း နှင့် ယူနီယံ ဆဲဗင်း) ပြီးလျှင် ဒုတိယမြောက် ရေပန်း အစားဆုံး ဖြစ်ပြီး အမျိုးသမီးများကြားတွင် နက်ဘောပြီးလျှင် ဒုတိယမြောက် ရေပန်းအစားဆုံး အားကစားနည်း ဖြစ်လာခဲ့သည်။

ဖီဂျီဘောလုံးအဖွဲ့ချုပ်သည် အိုးရှန်းနီးယား ဘောလုံးအဖွဲ့ချုပ်၏ အသင်းဝင် ဖြစ်သည်။ ဖီဂျီဘောလုံးအသင်းမှ နယူးဇီလန်ဘောလုံးအသင်းအား ၂၀၀၈ ခုနှစ် အိုးရှန်းနီးယား ဘောလုံးအဖွဲ့ချုပ်ဖလား ပြိုင်ပွဲတွင် ၂-၀ ဖြင့် အနိုင်ယူနိုင်ခဲ့ပြီး တတိယဆုကို ရယူနိုင်ခဲ့သည်။ သို့သော်လည်း ယနေ့ထိ ကမ္ဘာ့ဖလား အဆင့်သို့ မရောက်ခဲ့ဖူးပေ။ ဖီဂျီသည် ၁၉၉၁ နှင့် ၂၀၀၃ ပစိဖိတ် ဘောလုံးပြိုင်ပွဲတွင် အနိုင်ရခဲ့ဖူးသည်။ ဖီဂျီသည် ၂၀၁၆ နွေရာသီ အိုလံပစ် ကစားပွဲတွင် အမျိုးသား အသင်းမှ သမိုင်းတွင် ပထမဆုံး အကြိမ် အဖြစ် ခြေစစ်ပွဲ အောင်မြင်ခဲ့သည်။

ဘတ်စကက်ဘော

ဖီဂျီအမျိုးသား ဘတ်စကက်ဘော အသင်း၏ အောင်မြင်မှုများကြောင့် ဘတ်စကက်ဘော အားကစားနည်း၏ ရေပန်းစားမှုသည် လတ်တလောနှစ်များတွင် လျင်မြန်စွာ တိုးတက်လာခဲ့သည်။ ယခင်က နိုင်ငံအတွင်း ဘတ်စကက်ဘော ကစားကွင်း အနည်းငယ်မျှသာ ရှိခဲ့ပြီး ၎င်းတို့မှာ ထိုအားကစားကို မကြာခဏ လေ့ကျင့်လိုသူ အနည်းငယ်မျှသော ဖီဂျီနိုင်ငံသားများ အတွက်သာ ဖြစ်ခဲ့သည်။ အမျိုးသား အစည်းအရုံးဖြစ်သော ဘတ်စကက်ဘော ဖီဂျီ၏ လတ်တလော ကြိုးပမ်းမှုများကြောင့် ကျောင်းများတွင် ဘတ်စကက်ဘော ကစားကွင်းများ တည်ဆောက်နိုင်ခဲ့ပြီး ကျောင်းသားများကိုလည်း ဘတ်စကက်ဘော ကစားနည်း အတွက် လိုအပ်သော ဖိနပ် စသည်တို့ကို ထောက်ပံ့ပေးနိုင်ခဲ့သည်။

နက်ဘော

နက်ဘောသည် ဖီဂျီရှိ အမျိုးသမီးများ ပါဝင်ကစားရသော ကစားနည်းများတွင် ရေပန်းအစားဆုံး ဖြစ်သည်။ ဖီဂျီနိုင်ငံအသင်းသည် နိုင်ငံတကာတွင် ပြိုင်ဆိုင်လေ့ရှိပြီး ၁၉၉၉ ခုနှစ် နက်ဘောကမ္ဘာ့ဖလားတွင် အဆင့် ၆ ရရှိခဲ့ကာ ယခုအချိန်အထိ အမြင့်ဆုံး ရခဲ့သော အဆင့် ဖြစ်သည်။ နိုင်ငံတော်အသင်းသည် ၂၀၀၇ နှင့် ၂၀၁၅ ပစိဖိတ်ပြိုင်ပွဲများတွင် ရွှေတံဆိပ် ရရှိခဲ့သည်။

ခရစ်ကက်

ခရစ်ကက်သည် ဖီဂျီတွင် လူနည်းစု ကစားသော ကစားနည်း ဖြစ်သည်။ ခရစ်ကက်ဖီဂျီသည် နိုင်ငံတကာ ခရစ်ကက် ကောင်စီ၏ အသင်းဝင် ဖြစ်သည်။ ဖီဂျီ၏ အသက်၁၉နှစ်အောက် အသင်းသည် ၂၀၁၅ ခုနှစ် နိုင်ငံတကာ ခရစ်ကက်ကောင်စီ အာရှ-ပစိဖိတ် ပြိုင်ပွဲတွင် အနိုင်ရခဲ့ပြီး ၂၀၁၆ ခုနှစ် ၁၉နှစ်အောက် ကမ္ဘာ့ဖလား ခြေစစ်ပွဲကိုလည်း အောင်မြင်ခဲ့သည်။ ထိုသို့ အောင်မြင်ခဲ့ခြင်းမှာ ဒေသတွင်းရှိ အသက်၁၉နှစ်အောက် အသင်းများထဲတွင် ပါပူအာနယူးဂီနီ အသင်းပြီးလျှင် ဒုတိယမြောက် ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်း ဖြစ်သည်။

ကိုးကား

Tags:

ဖီဂျီနိုင်ငံ အမည်မှည့်ခေါ်ပုံဖီဂျီနိုင်ငံ သမိုင်းဖီဂျီနိုင်ငံ ပထဝီဝင်ဖီဂျီနိုင်ငံ နိုင်ငံရေးဖီဂျီနိုင်ငံ စီးပွားရေးဖီဂျီနိုင်ငံ သိပ္ပံနှင့်နည်းပညာဖီဂျီနိုင်ငံ လူ့အဖွဲ့အစည်းဖီဂျီနိုင်ငံ ယဉ်ကျေးမှုဖီဂျီနိုင်ငံ ကိုးကားဖီဂျီနိုင်ငံပထဝီဝင် ကိုဩဒိနိတ် စနစ်

🔥 Trending searches on Wiki မြန်မာဘာသာ:

သေနတ်မြန်မာနိုင်ငံမင်္ဂလာတောင်ညွန့်မြို့နယ်မုန့်လုံးရေပေါ်သင်္ကြန်မိုးအစ္စရေးနိုင်ငံမေတ္တသုတ်ဇာတာပြည်ထဲရေး ဝန်ကြီးဌာနစကားပုံသယ်ယူပို့ဆောင်ရေးအမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်ထွေးလေးဆေးခြောက်ဘဏ်စွမ်းအင် ဝန်ကြီးဌာနချောင်းသာကမ်းခြေလွတ်လပ်ပြီးခေတ်မြန်မာနိုင်ငံအဲလ်ဘတ် အိုင်းစတိုင်းအင်္ဂလန်နိုင်ငံအိချောပိုခြင်းလုံးစံကားဝါထိုင်းနိုင်ငံသီရိလင်္ကာနိုင်ငံဆယ်ပါးသီလမွန်ဘာသာစကားတပ်မတော်ဒုံးတပ်ဖွဲ့အာဇာနည်နေ့ပင်လယ်သေဘရူနိုင်းနိုင်ငံကြေးမုံ သတင်းစာမြန်မာမုန့်များဩစတြေးလျတိုက်ဗဟိုစာမျက်နှာသိင်္ဂါလောဝါဒသုတ်တော်ခန္ဓာငါးပါးမြန်မာနိုင်ငံ၏ စီးပွားရေးမြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေများပါဠိသင်္ဂဟ၊ ဘွဲ့၊ တံဆိပ်၊ဓဇဂ္ဂသုတ်ခန္ဓသုတ်ပတ္တပိုဏ်ဓုတင်ကလာပ်စည်းကော့သောင်းမြို့ဆူးပုပ်ကြီးတစ်ကိုယ်ရည်အာသာဖြေခြင်းလက်ဖက်သုပ်ကရမက်အယုဒ္ဓယဧဝရတ်တောင်တပ်မတော်ကျောက်စိမ်းမြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနီယွန်အတွင်း ၃၇ မင်းဓမ္မရံကြီးဘုရားဂျူး (စာရေးဆရာမ)မဟာဘူတမြန်မာနိုင်ငံရှိ ရွာများ စာရင်းဇာတိပ္ဖိုလ်စောဘဦးကြီးမဟာဘုတ်အသည်းရောင် အသားဝါ ရောဂါ ဘီပိုးပရိမိတ္တဇာလသုတ်ကဟင်္သာတမြို့အဆိပ်မိမိကိုယ်ကို သတ်သေခြင်းကာလသားရောဂါဖူးခက်အင်္ဂါဂြိုဟ်အမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ်🡆 More