ထျန်းအန်းမင် အရေးအခင်း (၁၉၈၉)ကို အနောက်တိုင်းနိုင်ငံများတွင် ထျန်းအန်းမင် သတ်ဖြတ်မှု (Tiananmen Square massacre)ဟု လူသိများပြီး တရုတ်အသိုင်းအဝိုင်းတွင် ဇွန် ၄ အရေးအခင်း (六四事件) သို့မဟုတ် ၈၉ အရေးအခင်းဟု ခေါ်ဝေါ်ကြသည်။ မြန်မာနိုင်ငံတွင် ရှစ်လေးလုံး အရေးအခင်း ဖြစ်ပွားပြီးသည့် နောက်တစ်နှစ် ၁၉၈၉ ခုနှစ်တွင် တရုတ်ပြည် မြို့တော်ပေကျင်းမြို့မှ တက္ကသိုလ် ကျောင်းသားများ၊ ပညာတတ်များနှင့် မြို့ခံများ ထျန်းအန်းမင်ရင်ပြင်၌ စုဝေးဆန္ဒပြခဲ့သည့် အရေးအခင်း တရပ်ဖြစ်သည်။ ဆန္ဒပြလှုပ်ရှားမှုသည် ပေကျင်းမှ တရုတ်ပြည် တစ်နိုင်ငံလုံးသို့ ကူးစက်ပျံ့နှံ့သွားပြီး နောက်ဆုံးတွင် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ပေကျင်းမြို့သို့ ရောက်ရှိလာကာ လူစုလူဝေးအား အုပ်စုခွဲကာ ဆန္ဒပြမှုကို ခြေမှုန်းခဲ့သည်။
ထျန်းအန်းမင် အရေးအခင်း | |||
---|---|---|---|
ထျန်းအန်းမင် ရင်ပြင် | |||
နေ့ရက် | ဧပြီ ၁၅၊ ၁၉၈၉ | ||
နေရာ | ပေကျင်းမြို့ အပါအဝင် တရုတ်နိုင်ငံတစ်ဝန်း ထျန်းအန်းမင် ရင်ပြင် 39°54′12″N 116°23′30″E / 39.90333°N 116.39167°E 116°23′30″E / 39.90333°N 116.39167°E | ||
အကြောင်းရင်းခံ |
| ||
ရည်မှန်းချက်များ |
| ||
နည်းလမ်းများ |
| ||
အခြေအနေ | အကြမ်းဖက်ဖြိုခွဲခံခဲ့ရ | ||
Parties to the civil conflict | |||
ဦးဆောင်သူများ | |||
| |||
ထိခိုက်သူများ | |||
သေဆုံးသူ(များ) | ၂၀၀ - ၃,၀၀၀+ |
ထျန်းအန်းမင် အရေးတော်ပုံကြီးသည် ၁၉၈၇ ဒီဇင်ဘာလမှာ တရုတ်ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး ဟူယောက်ပန်း (Hu Yaobang) ကို ပါတီမှ အတင်းအကျပ် အနားယူခဲ့စေခြင်းမှ စတင်ခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး ဟူယောက်ပန်း (Hu Yaobang) သည် လွတ်လပ်စွာ ဟောပြောမှု၊ လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့်များကို နိုင်ငံအတွင်း အတိုင်းအတာတခု အားပေးခွင့်ပြုခဲ့ခြင်းမှ တရုတ်ကျောင်းသားလူငယ်များ၊ ပညာတတ် လူလတ်တန်းစားများနှင့် ပါတီအတွင်း ပြုပြင်ပြောင်းလဲမှု လိုလားသူများ၏ ထောက်ခံမှုများကို ရရှိခဲ့သည်။ ဤသို့ ပြုပြင်ပြောင်းလဲမှုကို လိုလားသူတယောက် ဖြစ်ခြင်းကြောင့် ပါတီအတွင်း သဘောထားတင်းမာသော ရှေးရိုးစွဲ အစွန်းရောက် ပါတီခေါင်းဆောင်းများအကြား သဘောထားတင်းမာမှုများ၊ ပဋိပက္ခများ ကြီးထွားလာခဲ့ကြသည်။ ဤကဲ့သို့ သဘောထား တင်းမာမှုများ၊ ပဋိပက္ခများ ကြီးထွားလာမှုကြောင့် ၁၉၈၇ ခုနှစ်မှာ ပါတီမှ အတင်းအကျပ် အနားယူမှု ပြုလုပ်ခြင်းခံခဲ့ရသည်။
တရုတ်ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး ဟူယောက်ပန်းကို ၁၉၈၇ ခုနှစ်မှာ ပါတီမှ အတင်းအကျပ် အနားပေးစဉ်က တရုတ် ကျောင်းသားကျောင်းသူများ၊ တက္ကသိုလ် ကျောင်းဆရာ၊ ဆရာမများက ထျန်းအန်းမင် စကွဲယားမှာ ဆန္ဒပြမှု အနည်းအကျဉ်း ပြုလုပ်ခဲ့ကြသည်။ ၁၉၈၇ ခုနှစ် ထျန်းအန်းမင် စကွဲယား ဆန္ဒပြပွဲမှာ ပီကင်းတက္ကသိုလ် ကျောင်းဆရာမ တယောက်က အခုလို ဟောပြောခဲ့သည်။ “ငါတို့ ကမ္ဘာကြီးကို သိစေချင်တယ်။ ငါတို့သည် ငါတို့ တိုင်းပြည်မှာ အကျဉ်းသားများ ဖြစ်နေကြပြီ” – “ We want the world to know that we are prisoners in our own country.” သူမ၏ ဟောပြောလှုံ့ဆော်မှုသည် တရုတ်လူငယ်များ၊ ဒီမိုကရေစီလိုလားသူများ၊ ပြုပြင်ပြောင်းလဲမှု လိုလားသူများ အနေနှင့် တရုတ် ကွန်မြူနစ်ပါတီအတွင်း သဘောထားတင်းမာသူများကို ဆန့်ကျင်ကြဖို့ တပ်လှန့်နှိုးဆော်ခဲ့သည်။
၁၉၈၉ ခုနှစ်မှာ အထွေထွေ အတွင်းရေးမှူး ဟူသည် နှလုံးရောဂါနှင့် ကွယ်လွန်ခဲ့သည်။ ထျန်းအန်းမင် စကွဲယားမှာ ပြုလုပ်ခဲ့သော သူ့၏ ဈာပနအခမ်းအနားကို တရုတ်လူငယ်များ၊ ကျောင်းသူကျောင်းသားများ၊ ပညာတတ် လူလတ်တန်းစားများ၊ ပြုပြင်ပြောင်းလဲမှု လိုလားသူများက မကျေမနပ်ဖြစ်ကာ စတင်ဆန္ဒပြမှုများကို ပြုလုပ်လာခဲ့ကြသည်။ ဤဆန္ဒပြပွဲကို ဟူယောက်ပန်း (Hu Yaobang) ရာထူးကို ဆက်ခံခဲ့သူ ကျောက်ကျိယန် (Zho Ziyang) လာရောက်တွေ့ဆုံခဲ့သည်။ ဆန္ဒပြသူများ၏ ခံစားချက်များကို နားလည်ပါကြောင်းနှင့် ဆန္ဒပြပွဲများကို ရပ်ပေးဖို့ မေတ္တာရပ်ခံခဲ့သည်။ ဆန္ဒပြသူများကို စာနာစိတ်ပြသခဲ့မှုကြောင့် တရုတ် ကွန်မြူနစ်ပါတီက အထွေထွေ အတွင်းရေးမှူး ကျောက်ကျိယန် (Zho Ziyang) ကို ကွယ်လွန်ချိန်ထိ နေအိမ်၌ အကျယ်ချုပ် ဖမ်းဆီးထိန်းသိမ်းခဲ့သကဲ့သို့၊ ဆန္ဒပြပွဲများသည်လည်း တနေ့ထက်တနေ့ ကြီးထွားလာခဲ့သည်။ နောက်ဆုံးမှာတော့ ဆန္ဒပြမှုများသည် တရုတ် ကွန်မြူနစ်ပါတီ အမိန့်အာဏာအရ စစ်တပ်က ဖြိုခွဲခြင်းကို ခံခဲ့ရသည်။
အရေးအခင်းမှာ ဒီမိုကရေစီ လိုလားသူ အဂတိတိုက်ဖျက်ရေး သမား တရုတ်အရာရှိ ဟူယောက်ပန်း (胡耀邦) ကွယ်လွန်သည်က စတင်ခဲ့သည်။ ပေကျင်းမြို့ရှိ တက္ကသိုလ် အသီးသီးမှ ကျောင်းသားများသည် ဟူယောက်ပန်းအတွက် ဝမ်းနည်းလွမ်းဆွတ်မှု အထိမ်းအမှတ်ပွဲများ ကျင်းပရာမှ ရက်ပိုင်းအတွင်း အတိုင်းအတာ ကြီးမားသည့် ဆန္ဒပြလှုပ်ရှားမှုကြီးအသွင် ပြောင်းလဲခဲ့သည်။ ဝမ်းနည်းလွမ်းဆွတ်မှု အထိမ်းအမှတ်ပွဲ ကျင်းပသည့်နေ့တွင် ထျန်းအန်းမင် ရင်ပြင်၌ စုဝေးခဲ့သည့် လူဦးရေမှာ သိန်းနှင့်ချီရှိသည်။ ရည်မှန်းချက် တသမတ်တည်း မရှိ၊ ဦးဆောင်သူမဲ့ ဖြစ်နေသော်လည်း ဆန္ဒပြသူ လူထုကြီးက အစိုးရအတွင်း တည်ရှိနေသည့် အာဏာရှင်စနစ်ကို ဆန့်ကျင်ကြကာ စီးပွားရေး ပြုပြင်ပြောင်းလဲရေးနှင့် ဒီမိုကရေစီ ရရှိရေးအတွက် တောင်းဆိုကြသည်။ ပေကျင်း ထျန်းအန်းမင်ရင်ပြင် တွင်သာမက တရုတ်ပြည် အခြားမြို့ကြီးများတွင်လည်း အတိုင်းအတာ ကြီးမားသည့် ဆန္ဒပြ လှုပ်ရှားမှုများ ဆက်လက် ဖြစ်ပွားလာခဲ့သည်။
ရက်သတ္တပတ် ၇ ပတ်ကြာခဲ့သည့် ဆန္ဒပြလှုပ်ရှားမှုသည် ဧပြီလ ၁၅ ရက်နေ့တွင် စတင်ခဲ့ပြီး ဇွန်လ ၄ ရက်နေ့တွင် အဆုံးသတ်ခဲ့သည်။ တရုတ်အစိုးရသည် စစ်တပ်ကို အသုံးပြုကာ ဆန္ဒပြလှုပ်ရှားမှုကို ခြေမှုန်းခဲ့ရာ အသေပျောက်များ ရှိခဲ့သည်။ တရုတ် အာဏာပိုင်များ၏ တရားဝင်ထုတ်ပြန်ချက်အရ စစ်သားများ အပါအဝင် လူပေါင်း ၂၄၁ ဦးသေဆုံး၊ ၇၀၀၀ ကျော် ဒဏ်ရာရသည် ဟုဆိုသည်။ သို့သော် တရုတ်ကြက်ခြေနီအသင်းနှင့် ကျောင်းသား အဖွဲ့အစည်းများက လူပေါင်း ၂၀၀၀ မှ ၃၀၀၀ အထိ သေဆုံးခဲ့သည်ဟု ဆိုသည်။
ထျန်းအန်းမင် ရင်ပြင်မှ လူထုအား အုပ်စုခွဲပြီးနောက်တွင် တရုတ်အစိုးရသည် နှိပ်ကွပ်မှု တသီတတန်းကြီးကို စတင်တော့သည်။ အရေးအခင်းတွင် ပါဝင်ပတ်သက်သူများအား ဖမ်းဆီးခြင်း၊ အခြားဒေသမှ ဆန္ဒပြမှုများကိုလည်း အလားတူ လူစုခွဲခြေမှုန်းခြင်း၊ နိုင်ငံခြားသား သတင်းထောက်များကို ကန့်သတ်ခြင်း၊ ပြည်တွင်းမီဒီယာများ၏ သတင်းဖော်ပြချက်ကို ထိန်းချုပ်ခြင်းများ ရှိလာသည်။ ဆန္ဒပြမှုဖြစ်ပွားစဉ် လူထုအကြားသွားရောက်ကာ လူထု၏ ခံစားချက်ကို စာနာနားလည်နိုင်ကြောင်း၊ ထောက်ခံကြောင်း လူသိရှင်ကြား ဖော်ပြခဲ့သူများအား ဝေဖန်မှုများရှိလာသည်။ ကျောက်ကျိယန် (趙紫陽) အပါအဝင် ထိပ်တန်း အရာရှိများ နေအိမ် အကျယ်ချုပ် ချခံရသည်။ တရုတ်အစိုးရ၏ ဤကဲ့သို့သော အပြုအမူများကို ကမ္ဘာတဝှမ်းမှ ပြစ်တင်ရှုံ့ချခဲ့သည်။
This article uses material from the Wikipedia မြန်မာဘာသာ article ထျန်းအန်းမင် အရေးအခင်း (၁၉၈၉), which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0"); additional terms may apply (view authors). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses.
®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.