စိန်အုပ်၊ ဦး

ဦးစိန်အုပ်သည် မြန်မာသဘင်ပညာရှင်တစ်ဦးဖြစ်သည်။ ငယ်မည်မှာ မောင်အိုဖြစ်၏။ ၁၂၃၂ ခုနှစ်တွင် ဟံသာဝတီ ခရိုင်၌၊ အဖ ရုပ်သေးမင်းသား ဦးထွေးနှင့် အမိ ဒေါ်မှတ်တို့မှ မွေးဖွားခဲ့၏။ ငယ်ရွယ်စဉ်ကပင် ဖခင်ဖြစ်သူ၏ ရုပ်စုံစင်တွင် ပါဝင်ကပြခဲ့သည်။ သီပေါဘုရင်လက်ထက် မန္တလေးရွှေ မြို့ တော်တွင် ထီတော်များဖွင့်လှစ်ကာ၊ ပွဲတခြိမ့်ခြိမ့် ခံနေသံကို ကြားနေရသဖြင့်၊ ဖခင်ဖြစ်သူ၏ ရုပ်စုံစင် မန္တလေးသို့ တက် ရောက်ကပြခဲ့ရာ၊ အောက်အရပ်စင်ဟု နာမည်ရခဲ့လေသည်။ တစ်ခါသော် ဘုရင်မင်းမြတ်၏ အမိန့်တော်ဖြင့် ရှေ့တော်တွင် ဝေဿန္တရာဇာတ်ကို ကပြရာ၊ မောင်အိုသည် ဇာလီလုပ်၍ ကပြ သည်ကို ဘုရင်နှင့် မိဘုရားနှစ်ပါးတို့ နှစ်ခြိုက်သဘောကျ သည်ဟု ဆိုလေသည်။

စိန်အုပ်၊ ဦး

မောင်အိုသည် ဖခင်နှင့်အတူ သုံးနှစ်မျှ အထက်မြန်မာ ပြည်တွင် ရုပ်စုံမင်းသားလုပ်၍ ကပြခဲ့ပြီးနောက်၊ ရန်ကုန်သို့ စုံဆင်းလာသည်။ ထို့နောက် မော်လမြိုင်မြို့ မရမ်းကုန်းရပ်၊ ဇာတ်ဆရာဦးရွှေလုံးက ဇာတ်ထောင်ခဲ့ရာတွင်၊ ရန်ကုန်မှ ကိုဘကျော်ခေါ် ကိုကျော်ဇံကို ပတ်တီးဘဝမှ ဇာတ်မင်းသား အလုပ်ခိုင်း၍ မင်းသမီး မစိန်ဖော့နှင့် တွဲဖက်စေသည်။ မောင်အိုကိုလည်း ရုပ်စုံစင်မှဆင်းစေ၍၊ ဇာတ်မင်းသား မောင်စိန်အုပ်ဟု နာမည်ပေးပြီးလျှင်၊ မင်းသားအလုပ်ခိုင်း လေသည်။ နောက်တစ်နှစ်တွင် ဇာတ်ဆရာ ဦးရွှေလုံးကပင် မောင်စိန်အုပ်ကို မစိန်အုပ်အမည်တပ်ကာ၊ ယောက်ျားမင်းသမီး အလုပ်ခိုင်း၍ ဇာတ်ထောင်ခဲ့ပြန်သဖြင့် ယောက်ျားမင်းသမီး အဖြစ် ကပြခဲ့ဘူးလေသည်။ သို့သော် နောက်တစ်နှစ်မှာ ပုသိမ် မြို့မှ နိုင်ငံချဲ့ခေါ် ဇာတ် မင်းသမီးနှင့်တွဲဖက်၍ ဇာတ်မင်းသား အဖြစ် ပြန်လည်ကပြခဲ့ရပြန်လေရာ၊ နာမည်ကျော်ကြားလူကြိုက် များခဲ့လေသည်။ ထို့နောက်တွင်ကား ဇာတ်မင်းသားအဖြစ်ဖြင့် သာ ကပြခဲ့ရသော်လည်း သဘင်ပညာမပြည့်ဝသေးဟုထင်သဖြင့် ဦးဖိုးကွန်း၊ ဒေါ်ထွေးလေးတို့၏ ဇာတ်အဖွဲ့တွင် ပညာသင်ယင်း၊ တစ်နှစ်မျှ ပါဝင်ကပြခဲ့သေး ၏။


ထို့နောက် မန္တလေးသို့တက်၍ အီနောင် ဦးစံတုတ်၊ လူ ကြမ်း ဦးကြွင်း၊ ဆိုင်းဆရာ စိန်ဗေဒါစသော ပညာသည်ကြီများ နှင့် ဇာတ်ကြီးတည်ထောင်ခဲ့သည်။


ရန်ကုန်မြို့ လျှော်တန်းဇာတ်ရုံကြီးတွင် အီနောင် ဇာတ်တော်ကြီးကို ၄၅ ရက်တိတိ ခင်းကျင်းကပြခဲ့လေသည်။ ဤသို့သဘင် ပညာတွင် စံတင်ရသူများနှင့် တွဲဖက်ကပြခဲ့ ယင်း၊ ဦးစိန်အုပ်သည် သဘင်ပညာပြည့်ဝခဲ့ရ၏။ ဦးစိန်အုပ် သည် ဦးစံတုတ်၏ ယိုးဒယားဇာတ်ကြီး၊ အတီးအက အဆို တို့ကို အတော်ရမိလိုက်သည်ဟုဆိုသည်။ အထူးသဖြင့် အီနောင် ဦးစံတုတ် ကပြပုံမျိုးကို၊ ဦးစံတုတ်နောက်၌ ဦးစိန်အုပ်တစ်ဦး သာ ကပြနိုင်ကြောင်း ပြောကြလေသည်။

သို့သော် ဦးစိန်အုပ်မှာ မင်းသားသန့်သန့်ဖြစ်၍၊ အလွန် ကောင်းကြီးမဟုတ်ပေ။ နောင်သောအခါ ဦးစိန်ကတုံး၊ အောင် ဘညိုစသူတို့၏ ဇာတ်အဖွဲ့များတွင် မင်းသားကြီးဖြစ် ပါဝင်ခဲ့ လေသည်။ ဦးစိန်အုပ်သည် ယင်းသို့ ရုပ်စုံစင်မင်းသား၊ ယောက်ျားဇာတ်မင်းသမီး၊ ဇာတ်မင်းသား၊ မင်းသားကြီးစသည် ဖြင့် သဘင်ပညာကို မြှင့်တင်ပေးခဲ့ပြီးနောက်၊ အသက် ၆၃ နှစ် အရွယ်တွင် ရဟန်းပြုလေသည်။ ရဟန်းဘဝနှင့်ပင် မင်းသား ဦးစိန်အုပ်ခေါ် ဦးအာသဘသည် ရန်ကုန်မြို့၊ ဂွတ်တစ်လစ်လမ်း ရှိ လွတ်လပ်ရေးကျောင်း၌ သက်တော် ၈ဝ၊ ဝါတော် ၁၇ ဝါ အရ၊ ၁၃၁၁ ခုနှစ် နှောင်းတန်ခူးလဆုတ် ၁ဝ ရက်နေ့ ည ၆ နာရီ အချိန်တွင် ပျံလွန်လေသည်။

ကိုးကား

Tags:

🔥 Trending searches on Wiki မြန်မာဘာသာ:

ဝိဘတ်ဘိုက်ဒန်းစ်အလောင်းမင်းတရားရှားစောင်းလက်ပတ်ပင်ဂုဏ်တော်ကွန်ချာတပ်မတော် (လေ)ကျုံပျော်မြို့ပြည်ထောင်စုနေ့တားရော့ပညာကိုရီးယားနိုင်ငံနက္ခတ် ၂၇ လုံးစကော့တလန်နိုင်ငံလင်ခန်းမယားခန်း ပြတ်စဲခြင်းဗမာနိုင်ငံတော်လိမ်လည်မှုကလောမြို့ပြည်သူ့ကာကွယ်ရေးတပ်မတော်ရွှေတိဂုံ၏ အံ့ဖွယ် (၉)ပါးရုရှားသဒ္ဒါဇီဝဇိုးငှက်ပုဗ္ဗဏှသုတ်အာဋာနာဋိယသုတ်အင်းဝမြို့ဒုတိယ ကမ္ဘာစစ်မြန်မာနိုင်ငံရှိ ပွဲတော်များလေဒီဂါဂါဗိဿနိုးမြို့ဟောင်းပါရာဇိကတာဂျစ်ကစ္စတန်နိုင်ငံ၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းလင်းနပ်စ်ကျင့်ဝတ်မော်လမြိုင်မြို့နယ်အစ္စလာမ်ဘာသာတင်အောင်စန်းဧရိယာသဇင်ပန်းရွှေစာရံ စေတီတော် (သထုံ)နှင်းဆီစကားနတ်ပင့်ဂါထာထန်းလျက်မြန်မာ့ရိုးရာ ကစားနည်းအင်္ဂလန်နိုင်ငံဆင်ဖြူကျွန်းမြို့၂၄ ပစ္စည်းလိပ်ပြာ (ရုပ်သံဇာတ်လမ်းတွဲ)ကင်ဆာရောဂါကြိတ်မှန်ပင်တောင်ငူမြို့ကိုကိုဦး (ဗိုလ်ချုပ်)အက်တမ်လား (တိရစ္ဆာန်)မုံရွာမြို့အဋ္ဌာရသ ၁၈ ရပ်သမ္ဗုဒ္ဓေကျိုက်ထိုမြို့ကွာလာလမ်ပူမြို့မြန်မာ့အလင်း သတင်းစာနိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီVivendiအမှတ်(၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မွန်ပြည်နယ်ပဋိစ္စသမုပ္ပါဒ်မာရဝိဇယဗုဒ္ဓရုပ်ပွားတော်နေပြည်တော်တိုင်းစစ်ဌာနချုပ်မဟာမုနိ (ရခိုင်ပြည်)နေအဖွဲ့အစည်းမိုးဟေကိုမြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ဟာဝိုင်ယီပြည်နယ်စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့မြန်မာ သက္ကရာဇ်ခင်ညွန့် (ဗိုလ်ချုပ်ကြီး)နိဗ္ဗာန်🡆 More