ငှက်ပစ်တောင်ဘုရား

ငှက်ပစ်တောင်ဘုရား သည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၏ အရှေ့တောင်ဘက်ရှိ ငှက်ပစ်တောင်တွင် တည်ရှိသည်။ ငှက်ပစ်တောင်သို့ ဆပဒစေတီအလွန် အရှေ့ဘက်သို့ ချိုးဝင်သော လမ်းအတိုင်း သွားရသည်။ ပုဂံခေတ်ဦး စေတီတော်တစ်ဆူ၏ ပုံဖြစ်၍ ထူးခြားသည်။ ငှက်ပစ်တောင်စေတီအနီးတွင် နာရပတိစည်သူမင်းကြီး တည်ထားလှူဒါန်းခဲ့သော ဥမင်ပေါင်း တစ်ထောင်ကျော်သည်ဟု ဆို၏။

မဟာငှက်ပစ်တောင်ရှင်ဂေါတမမြတ်စွာဘုရား
ငှက်ပစ်တောင်ဘုရား
အချက်အလက်များ
တည်နေရာပုဂံမန္တလေးတိုင်းဒေသကြီး
ဘာသာရေး နှီးနွယ်မှုဗုဒ္ဓဘာသာ
ဗိသုကာ
တည်ထောင်သူပျူစောထီး
ပြီးစီးမြန်မာသက္ကရာဇ် ၉၂
ငှက်ပစ်တောင်ဘုရား
ပျူစောထီးက ငှက်ကို နှိမ်နင်းနေဟန်

ငှက်ပစ်တောင်စေတီကို ပျူစောထီးမင်းသည် မြန်မာသက္ကရာဇ် ၉၂-ခုနှစ်တွင် တည်သည်။ ငှက်ကြီးကို ပျူစောထီး လေးနှင့် ပစ်နိုင်ခဲ့ရာ ထိုတောင်ပေါ်တွင် စေတီတည်ထားခြင်း ဖြစ်သည်။ ငှက်ပစ်တောင်သည် အမြင့်ပေ ၂၅-ပေမျှသာ ရှိသော တောင်ပူစာလေး ဖြစ်သည်။ ဘုရားစေတီအတွင်း၌ ပျူစောထီးမင်း အတ္ထုပ္ပတ္တိ ပန်းချီလက်ရာများကို တွေ့နိုင်သည်။

ငှက်ပစ်တောင်ဘုရားအနီးတွင် မြားသဥမင်၊ သမီးဝှက်ဥမင်တို့ ရှိသည်။ ငလျင်လှုပ်စဉ်က စေတီထိပ်ပိုင်း ပြတ်ကျသွားခဲ့ရသည်။

သမိုင်းနောက်ခံ

ငှက်ပစ်တောင်ဟုဆိုသော်လည်း တောင်ကုန်းတောင်တန်းကြီးမဟုတ်ပဲ အမြင့် ၂၅ပေခန့်ရှိသည့် တောင်ပူစာကလေးဖြစ်သည်။ ယခင်ငှက်ပစ်တောင်မှာ ပုဂံခေတ်ဦးကာလ ပျူစောထီး ရာဇဝင်နှင့်လည်း ဆက်စပ်လျက်ရှိ၏။ မြန်မာသက္ကရာဇ် ၉၂ခုနှစ်တွင် ပျူစောထီးမင်းက ငှက်ပစ်တောင်အရပ်၌ ငှက်ကြီးအား လေးဖြင့်ပစ်ခွင်းအောင်နိုင်မှု အထိမ်းအမှတ်အဖြစ် စေတီတည်ထားခဲ့သည် ဆိုသည်။

အနော်ရထာမင်းလက်ထက်တွင် သထုံဒေသမှ ရှင်အရဟံ ပုဂံသို့ကြွရောက်လာကာ ထေရဝါဒဗုဒ္ဓသာသနာ စည်ပင်ပြန့်ပွားစေရန် သာသနာပြုလုပ်ငန်းများလုပ်ဆောင်ခဲ့သည်။ ပုဂံပြည်သူ ပြည်သားများသည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကြပြီး စေတီပုထိုးအများအပြားကိုလည်း တည်ထားကိုးကွယ်ခဲ့ကြသည်။ အနော်ရထာမင်းသည် ခရစ်နှစ် ၁၀၅၈ခုနှစ်တွင် ညောင်ဦးဒေသ ငှက်ပစ်တောင်ထက်၌ ဉာဏ်တော် (၁၈)ပေရှိ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို တည်ထားကိုးကွယ်ခဲ့သည်။ ထို့နောက် သထုံဒေသမှ သံဃာတော်အများအပြားအား ပင့်ဆောင်လျက် ညောင်ဦးဒေသ ငှက်ပစ်တောင်တွင် သီတင်းသုံးနိုင်ရန် ဥမင်နှင့်ကျောင်းများ ဆောက်လုပ်လှူဒါန်းခဲ့သည်။

ငှက်ပစ်တောင်တွင် ပုဂံခေတ်၊အင်းဝခေတ်၊ကုန်းဘောင်ခေတ်စသည့် ခေတ်အဆက်ဆက်၌ ရဟန်းသံဃာများ သီတင်းသုံးနေထိုင်ခဲ့ကြရာ ငှက်ပစ်တောင်ဂိုဏ်းဟူ၍ ပေါ်ပေါက်လာခဲ့သည်။

လေ့လာကြည်ညိုဖွယ်ရာများ

ငှက်ပစ်တောင် ဂေါတမရုပ်ပွားတော်ကြီးတိုက်အတွင်း၌ ယင်းဒေသတစ်ဝိုက်တွင် အဘယဒါနဘေးမဲ့ပေးကြောင်း ကျောက်စာကို ထိန်းသိမ်းစိုက်ထူထားသည်။ အလောင်းမင်းတရားကြီးလက်ထက်တွင် ပဲခူး၊ဟံသာဝတီကို တိုက်ခိုက်အောင်မြင်ပြီးနောက် ယခင် အနော်ရထာမင်းလက်ထက်က အဘယဒါနအဖြစ်လှူဒါန်းခဲ့သည့် မြေနေရာအား ထပ်ဆံဆက်ကပ်လှူဒါန်းပါသည်။ အလောင်းမင်းတရား၏ အလှူတော်ကို ၂၇ ဇန်နဝါရီ ၁၇၅၈ ခုနှစ်တွင် ငှက်ပစ်တောင်ဂိုဏ်းဆရာတော် ရှင်ဓမ္မသာသနကတ္တိအား ဆက်ကပ်ခဲ့ခြင်းဖြစ်ပြီး ကျောက်စာရေးထိုးမှတ်တမ်းတင်ခဲ့၏။ ဂေါတမရုပ်ပွားတော်ကြီး ကိန်းဝပ်စံပါယ်တော်မူရာ တိုက်နံဘေးမှ အပေါ်သို့တက်ရောက်ရသည့် ကုန်းမြင့်ထက်တွင် ဂူဘုရားငယ်တစ်ဆူရှိပြီး ယင်းဂူဘုရားအတွင်း၌ ရှေးဟောင်းကမ္ပည်းစာများနှင့် ပန်းချီများရှိသည်။ ငှက်ပစ်တောင်စေတီဟူ၍ နှစ်ဆူတည်ရှိရာ တောင်ဘက်စေတီတော်၏ နံရံရှိ ဗုဒ္ဓဆင်းတုတော်မှာ ခရစ်နှစ် ၁၃၆၄ခုနှစ်က သိုက်တူးသမားများလက်ချက်ဖြင့် ပျက်စီးယိုယွင်းခဲ့သဖြင့် ငှက်ပစ်တောင်ဆရာတော်က ပြန်လည်ပြုပြင်ခဲ့ရကြောင်း ကမ္ပည်းမှင်စာလည်း ရေးထိုးထားရှိသည်။ ငှက်ပစ်တောင်၏ အနောက်ဘက်တွင် ရှင်အရဟံအုတ်ကျောင်းကိုလည်း လေ့လာနိုင်ကြ၏။ အရှေ့ဘက်ဥပစာတွင် ဓမ္မသာလာခေါ် တရားဟောဆောင်ရှိပြီး ယခင်ကသစ်သားဆောင်အုပ်ကြွပ်မိုးဖြစ်ဟန်ရှိသည်။ နောက်ဘက်၌မူ အုတ်ကျောင်းနှင့်တစ်ဆက်တည်း အုတ်တံတိုင်းကိုပါ တည်ဆောက်ထား၏။

ရုပ်ပုံများ

ကိုးကား

Tags:

ငှက်ပစ်တောင်ဘုရား သမိုင်းနောက်ခံငှက်ပစ်တောင်ဘုရား လေ့လာကြည်ညိုဖွယ်ရာများငှက်ပစ်တောင်ဘုရား ရုပ်ပုံများငှက်ပစ်တောင်ဘုရား ကိုးကားငှက်ပစ်တောင်ဘုရားငှက်ပစ်တောင်ဆပဒစေတီ(ပုဂံ)ညောင်ဦးမြို့မန္တလေးတိုင်းဒေသကြီးမြန်မာနိုင်ငံ

🔥 Trending searches on Wiki မြန်မာဘာသာ:

နန်းဆုရတီစိုးပီမိုးနင်းညောင်ရမ်းခေတ်ကာတွန်း ရုပ်ပြောင်ဥသျှစ်ပင်အရိုးတွံတေးသိန်းတန်ဗလာဒီမီယာ ပူတင်မိုင်းခရပ်ဖ်မိုးဟေကိုပြစ်မှုဆိုင်ရာဥပဒေအိုမန်နိုင်ငံအမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့မှူးလူ့အခွင့်အရေးဆားမယ်နုအုတ်ကျောင်းမိမိကိုယ်ကို သတ်သေခြင်းမအင်္ဂါ အစေ့မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုကူဗလိုင်ခန်စင်ကာပူနိုင်ငံမျိုးကြီးဝီကီပီးဒီးယားကရှမ်းဘာသာစကားတောင်ပိုင်းတိုင်းစစ်ဌာနချုပ်တယ်လီနော မြန်မာချိုခါးဆိမ့်သက် အချစ်တစ်ခွက်နေပြည်တော်မြို့နန္ဒမာလာဘိဝံသသဘာဝပတ်ဝန်းကျင်အာဇာနည်နေ့ကြောင် (တိရစ္ဆာန်)ထိုင်းလူမျိုးပအိုဝ်းလူမျိုးဘရူနိုင်းနိုင်ငံကိုရီးယားစစ်ပွဲကြိတ်မှန်ပင်မလေးရှားနိုင်ငံတိရစ္ဆာန်ခင်ညွန့် (ဗိုလ်ချုပ်ကြီး)ရာဟုဟက်စတင်းစ်တိုက်ပွဲငပလီကမ်းခြေရာသီဥတုမြန်မာတို့၏ကျင့်ဝတ်များတောင်တရုတ်ပင်လယ်မြန်မာအက္ခရာသမိုင်းလ (ကမ္ဘာရံဂြိုဟ်)တပ်မတော်နေ့ကျောက်ချဉ်စစ်မှုထမ်းခြင်းဆွစ်ဇာလန်နိုင်ငံကျိုက်ထိုမြို့မြန်မာလများလိမ်လည်မှုတောင်ငူခေတ်မီရှဲလ် အိုဘားမားမြန်မာပိတောက်ရန်ကုန်မြို့ရှိ ခရိုင်နှင့် မြို့နယ်များစာရင်းကျန်စစ်သားအောင်လံမြို့မေတ္တသုတ်မြန်မာဘာသာစကားမြန်မာချောင်းခွရွာ၊ နတ်တလင်းမြို့နယ်ခြင်းလုံးဝေလမင်းသမီး ဒိုင်ယာနာအရှေ့တောင်အာရှနိုင်ငံများအသင်းငါးပါးသီလစစ်ကိုင်းတိုင်းဒေသကြီးကားလိုး ကော်လိုဒီထူးအိမ်သင်လိင်တူစုံမက်ခြင်းစိုင်းထီးဆိုင်တက်စမေးနီးယားကျွန်းကွာလာလမ်ပူမြို့🡆 More