ဂုဏ်ထူးဆောင်ပါမောက္ခ

ဂုဏ်ထူးဆောင်ပါမောက္ခ (အင်္ဂလိပ်: Honorary Professor) ဝိသေသဂုဏ်ပုဒ်ကို ယူနိုက်တက်ကင်းဒမ်းနိုင်ငံရှိ တက္ကသိုလ်များက ၎င်းတို့ထံတွင် အလုပ်လုပ်မနေသော သူတစ်ဦးဦးကို ပါမောက္ခအဖြစ် ခန့်အပ်လိုသောအခါ သို့မဟုတ် ဂုဏ်ပြုလိုသောအခါ သို့မဟုတ် အတူတကွအလုပ်လုပ်လိုသောအခါ တက္ကသိုလ်တွင်တာဝန်ထမ်းဆောင်နေသူတစ်ဦးဦး၏ ထောက်ခံချက်၊ တက္ကသိုလ်ကောင်စီ၏ အတည်ပြုချက်ဖြင့် ချီးမြှင့်လေ့ရှိသည်။ ခန့်အပ်ချီးမြှင့်ခြင်းကို ကာလအပိုင်းအခြားတစ်ခု (ဥပမာ ၃ နှစ် စသည်ဖြင့်) သတ်မှတ်လေ့ရှိပြီး ထပ်မံသက်တမ်းတိုး ခန့်အပ်ခြင်းများလည်း ပြုကြသည်။ ဂုဏ်ထူးဆောင်ပါမောက္ခများသည် သက်ဆိုင်ရာတက္ကသိုလ်များတွင် သင်ကြားခြင်း၊ သုတေသနပြုလုပ်ခြင်းများ ပြုကြသည်။ ၎င်းတို့ကို တက္ကသိုလ်များက လစာပေးလေ့မရှိသော်လည်း ခရီးစရိတ်၊ နေထိုင်စရိတ်၊ နေ့တွက်စရိတ်နှင့် စာသင်ကြားသည့်အခါ ချီးမြှင့်ငွေ စသည်များ ပေးလေ့ရှိကြသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဩစတေးလျှနိုင်ငံ၊ နယူးဇီလန်နိုင်ငံနှင့် ဒိန်းမတ်နိုင်ငံ တက္ကသိုလ်များတွင်လည်း ဤဂုဏ်ပုဒ်ကို ချီးမြှင့်ကြသည်။

သို့သော် အချို့သတင်းဆောင်းပါးများတွင် အထူးဂုဏ်ထူးဆောင်ပါမောက္ခ Professor Emeritus ကို ဂုဏ်ထူးဆောင်ပါမောက္ခဟုလည်း ဖော်ပြသည်များရှိရာ Professor Emeritus နှင့် Honorary Professor အကြား မြန်မာဘာသာအသုံးအနှုံးမှာ ရှုပ်ထွေးနေဆဲပင်ဖြစ်သည်။

အထူးဂုဏ်ထူးဆောင်ပါမောက္ခ

အမေရိကန်ပြည်ထောင်စုနှင့် အခြားတိုင်းပြည်များတွင် အထူးဂုဏ်ထူးဆောင်ပါမောက္ခ (Professor Emeritus) ဝိသေသဂုဏ်ပုဒ်ကို တက္ကသိုလ်တစ်ခုခု၌ နာမည်ကောင်းရှိသူ ပါမောက္ခ တစ်ဦး အငြိမ်းစားယူသည့်အခါ ပေးလေ့ရှိသည်။ တက္ကသိုလ်အများစုတွင် ဂုဏ်သတင်းကောင်းရှိသူ ပါမောက္ခတစ်ဦးဦး အငြိမ်းစားယူသည့်အခါ ပေးလေ့ရှိသော်လည်း အချို့တက္ကသိုလ်များတွင်မူ အထူးသတ်မှတ်ချက်တစ်ခုခုဖြင့် ဖြစ်စေ၊ မဲခွဲ၍ဖြစ်စေ ပေးလေ့ရှိသည်။ ရုံးခန်းနေရာပေးခြင်း သို့မဟုတ် အခြားသောခံစားခွင့်များရရှိခြင်း စသည်တို့သည် တက္ကသိုလ်အလိုက် ကွာခြားလေ့ရှိသည်။ ယူနိုက်တက်ကင်းဒမ်းနိုင်ငံနှင့် အခြားတိုင်းပြည်များတွင် ဤဝိသေသဂုဏ်ပုဒ်ကို ထူးချွန်ထက်မြက်သည့် အချိန်ပြည့် ပါမောက္ခတစ်ဦး အငြိမ်းစားယူသည့်အခါ ပေးလေ့ရှိသည်။ အထူးဂုဏ်ထူးဆောင်ပါမောက္ခ ဂုဏ်ပုဒ်ကို ပါရဂူဘွဲ့ သို့မဟုတ် အခြားအဆင့်မြင့်ဘွဲ့တစ်ခုခုရှိရုံမျှဖြင့်သော်လည်းကောင်း၊ ပါမောက္ခရာထူးရရှိထားရုံမျှဖြင့်လည်းကောင်း အသုံးမပြုနိုင်ပါ။

မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ်များတွင် အငြိမ်းစားယူပြီးသော ထူးချွန်သည့် ပါမောက္ခကြီးများအား အထူးဂုဏ်ထူးဆောင်ပါမောက္ခများအဖြစ်ခန့်အပ်ပြီး သင်ကြားသင်ယူမှုလုပ်ငန်းများ၌ ပါဝင်ပံ့ပိုးနိုင်ရန် ဆောင်ရွက်လျက် ရှိသည်။အလားတူပင် တိုင်းရင်းဆေးတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် တိုင်းရင်းဆေးပညာ ပါမောက္ခကြီးများကိုလည်း Professor Emeritus အဖြစ်ခန့်အပ်ခဲ့သည်။

မြန်မာနိုင်ငံ တက္ကသိုလ်များရှိ အထူးဂုဏ်ထူးဆောင်ပါမောက္ခများ

  1. ပါမောက္ခအေးမောင်ဟန် - ဆေးတက္ကသိုလ် (၁) ရန်ကုန်
  2. ပါမောက္ခညွန့်သိန်း - ဆေးတက္ကသိုလ် (၁) ရန်ကုန်
  3. ပါမောက္ခကြည်ကြည်သင်း - ဆေးတက္ကသိုလ် (၁) ရန်ကုန်
  4. ပါမောက္ခရဲတင့်လွင် - ဆေးတက္ကသိုလ် (၁) ရန်ကုန်
  5. ပါမောက္ခသန်းသန်းအေး - ဆေးတက္ကသိုလ် (၂) ရန်ကုန်
  6. ပါမောက္ခကျော်လှ - ဆေးတက္ကသိုလ် (မန္တလေး)
  7. ပါမောက္ခမောင်မောင်သက် - တိုင်းရင်းဆေးတက္ကသိုလ်
  8. ပါမောက္ခသန်းထွန်း - မန္တလေးတက္ကသိုလ်

ကိုးကား

Tags:

တရုတ်ပြည်သူ့သမ္မတနိုင်ငံဒိန်းမတ်နိုင်ငံနယူးဇီလန်နိုင်ငံယူနိုက်တက်ကင်းဒမ်းနိုင်ငံအင်္ဂလိပ်ဘာသာစကားဩစတြေးလျနိုင်ငံ

🔥 Trending searches on Wiki မြန်မာဘာသာ:

ရွှေစည်းခုံ စေတီတော် (ပုဂံ)ရွှေနှင့်ယိုးမှားပန်းစကားနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌမုန့်ဟင်းခါးကဗျာလင်္ကာအမှတ်(၁၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ဆောင်းရာသီကုန်းဘောင်ခေတ် ကာမစပ်ယှက်နည်းများဝါဆိုလပြည့်နေ့ထားဝယ်လူမျိုးဟိန္ဒူဘာသာရခိုင်မုန့်တီမြန်မာနိုင်ငံ၏ လူဦးရေအောက်ချင်းငှက်ပန်ထွာဘုရင်မပဋ္ဌာန်းရှမ်းဘာသာစကားကိုရီးယားနိုင်ငံမိုးပြာဂိုဏ်းတနင်္သာရီတိုင်းဒေသကြီးမြန်မာကျပ်ငွေသစ်တောကွန်မြူနစ်ဝါဒဝီကီပီးဒီးယားငွေတာရီရှစ်ပါးသီလနေလောကသာရ ဆုံးမစာမွန်လူမျိုးလိင်စိတ် နိုးထခြင်းဂျာမန်ဘာသာစကားနေပြည်တော်တိုင်းစစ်ဌာနချုပ်စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)ခင်ညွန့် (ဗိုလ်ချုပ်ကြီး)သန်လျင် မင်းကျောင်းဆရာတော်ဆင်ကျောက်စိမ်းမဟော်သဓာပညတ်တော်ဆယ်ပါးသိဒ္ဓတ္ထမင်းသားရှမ်းပြည်နယ်ဖလော်ရင့်စ် နိုက်တင်ဂေးလ်ဒီမိုကရေစီနှင်းဆီဂျာနယ်ကျော် မမလေးတွင်းနက်ကြယ်သမ္ဗုဒ္ဓေခြင်းလုံး ကစားခြင်းအောင်သင်းစစ်တွေမြို့မြန်မာ့ပြည်တွင်းပဋိပက္ခများစစ်ကိုင်းမြို့အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနရေနဂါးကဘိန်းဒူဘိုင်းမြို့မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဗုဒ္ဓဘာသာအချိန်အင်္ဂလိပ်-မြန်မာ စစ်ပွဲများနတ်မင်းကြီးလေးပါးယွန်းယွန်းလိပ်လူ့အခွင့်အရေးကြေငြာစာတမ်းပါအချက်များဘရူနိုင်းနိုင်ငံဒါနကွန်ဒုံးလားရှိုးမြို့ဗောဇ္ဈင်္ဂသုတ်နာမ် (သဒ္ဒါ)နယ်ခြားစောင့်တပ်ဖွဲ့အောင်ပန်းမြို့အတ္ထုပ္ပတ္တိ🡆 More