ဂင်ဖို အပြည်ပြည်ဆိုင်ရာလေဆိပ် ဗုံးပေါက်ကွဲမှု

ကိုရီးယားသမ္မတနိုင်ငံ ဂင်ဖို အပြည်ပြည်ဆိုင်ရာလေဆိပ် တွင် ၁၉၈၆ခုနှစ် စက်တင်ဘာ ၁၄ရက်နေ့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ ထိုနေ့သည် ၁၉၈၆ အာရှ အားကစားပြိုင်ပွဲ စတင်ဖွင့်လှစ်ရန် ၆ရက်အလို ဖြစ်သည်။ ထိုစဉ်က ဂင်ဖိုလေဆိပ်မှာ ဆိုးလ်မြို့၏ နိုင်ငံတကာ ဝင်ထွက်ပေါက်ဖြစ်ကာ အဓိကလေဆိပ်ဖြစ်သည်။ ထိုဖြစ်စဉ်တွင် (၅)ဦး သေဆုံးပြီး လူ(၃၀)​ကျော် ဒဏ်ရာရခဲ့သည်။

ဂင်ဖို အပြည်ပြည်ဆိုင်ရာလေဆိပ် ဗုံးပေါက်ကွဲမှု
ရက်စွဲ၁၄ စက်တင်ဘာ ၁၉၈၆
၁၅:၁၂ (UTC+9)
သေဆုံးသူဦးရေ
ဒဏ်ရာရဦးရေ
၃၀ - ၃၆
ပြစ်မှုကျူးလွန်သူကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ

ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ (မြောက်ကိုရီးယား) မှ လုပ်ဆောင်ခြင်းဖြစ်ကာ ထိုလုပ်ရပ်အတွက် ကိုရီးယားသမ္မတနိုင်ငံ (တောင်ကိုရီးယား) ဘက်မှ အပြစ်တင်ခဲ့သည်။ မြောက်ကိုရီးယားသည် အာရှအားကစားပြိုင်ပွဲ ကျင်းပခြင်းကို နှောင့်ယှက်ရန် ကြိုးပမ်းခြင်း ဟု တောင်ကိုရီးယားဘက်မှ ပြောဆိုခဲ့သည်။ ဆိုးလ်မြို့သည် ၁၉၇၀ပြည့်နှစ်တွင် အာရှအားကစားပြိုင်ပွဲကို လက်ခံကျင်းပရန် ရှိခဲ့သော်လည်း မြောက်ကိုရီးယားဘက်မှ ခြိမ်းခြောက်ခဲ့သဖြင့် လက်လွှတ်ခဲ့ရပြီး ၁၉၈၆ခုနှစ်တွင်မှ ပြန်လည်လက်ခံကျင်းပခဲ့သည်။ ထိုအားကစားပြိုင်ပွဲကို တရုတ်နိုင်ငံမှလွဲ၍ မြန်မာနိုင်ငံအပါအဝင် ကျန် ကွန်မြူနစ်နှင့် ဆိုရှယ်လစ် တိုင်းပြည်များမှ သပိတ်မှောက်ပြီး ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိပေ။

ဤပေါက်ကွဲမှုသည် ၁၉၈၃ခုနှစ်တွင် မြောက်ကိုရီးယားဘက်မှ တောင်ကိုရီးယားသမ္မတ ချန်ဒူးဝမ် အား လုပ်ကြံရန် ကြိုးပမ်းခဲ့သည့် ရန်ကုန်မြို့ အာဇာနည်ကုန်း ဗုံးပေါက်ကွဲမှု နှင့် ဆင်တူကြောင်း တောင်ကိုရီးယား အမျိုးသားရဲတပ်ဖွဲ့မှ ပြောကြားခဲ့သည်။ ၁၉၈၇ခုနှစ်တွင် ကိုရီးယားလေကြောင်းလိုင်းမှ လေယာဉ်ကိစ္စအပါအဝင် မြောက်ကိုရီးယားဘက်မှ လုပ်ဆောင်ခဲ့သော ဖောက်ခွဲမှုများကြောင့် တောင်ကိုရီးယားအနေဖြင့် ၁၉၈၈ခုနှစ်တွင် လက်ခံကျင်းပသည့် ၁၉၈၈ နွေရာသီ အိုလံပစ်ပြိုင်ပွဲ အတွက် လုံခြုံရေးကို အထူးအလေးထား ဆောင်ရွက်ခဲ့ကြရသည်။

ကိုးကား

Tags:

ဂင်ဖို အပြည်ပြည်ဆိုင်ရာလေဆိပ်ဆိုးလ်မြို့၁၉၈၆ အာရှ အားကစားပြိုင်ပွဲ

🔥 Trending searches on Wiki မြန်မာဘာသာ:

ဖားကန့်မြို့ဆင်အင်္ဂုလိမာလသုတ်တိုင်းစစ်ဌာနချုပ်စတုမဟာရာဇ်နတ်မင်းကြီးလေးပါးကင်ဆာရောဂါပင်းတယဂူအရက်ရန်ကုန်မြို့ရှိ ခရိုင်နှင့် မြို့နယ်များစာရင်းအောင်ခြင်း ၈ ပါးဇီဝဇိုးငှက်မကွေးတိုင်းဒေသကြီးမင်းတုန်းမင်း၏ မိဖုရားများနှင့် သားတော်၊ သမီးတော်များ စာရင်းဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ကပ်လှူခြင်းဟိုချီမင်းသမ္မာကျမ်းစာရှရွတ်ခန်းဝက်ဝံဗီယက်နမ်စစ်ပွဲကရင်ပြည်နယ်မြဝတီမြို့မြေဆီလွှာမြန်မာ့ မီးရထားအစ္စလာမ် သမိုင်းဖိုးကျား၊ ဦးသက္ကာယဒိဋ္ဌိစိန်ချင်းလူမျိုးလေးစီးရှင် ကျော်စွာမိတ္ထီလာမြို့နှလုံးသွေးကြောကျဉ်းရောဂါအောင်လအန်ဆန်းအင်္ဂလန်နိုင်ငံမွန်ဘာသာစကားကာတာနိုင်ငံဗုဒ္ဓဘာသာအကြောင်းအကျဉ်းချုပ်စကားထာကရင်လူမျိုးမကာရ (ဗေဒင်)မြန်မာနိုင်ငံ၏ ပထဝီဝင်ကြာသပတေးဂြိုဟ်သဿမေဓခွန်မြန်မာနိုင်ငံရှိ ခရိုင်များဓူဝံကြယ်လာအိုနိုင်ငံသက္ကရာဇ်ဘဝ (ဗုဒ္ဓဘာသာ)နေပြည်တော် ပြည်ထောင်စုနယ်မြေရေသည်ပြဇာတ်Rဇာနည်နွားတွင်းနက်အီဂျစ်နိုင်ငံဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်မြဗုဒ္ဓဘာသာဒိဋ္ဌိကျောက်မဲမြို့ရွှေမော်ဓောဘုရား(ပဲခူး)ကျိုင်းတုံမြို့ဉာဏ်စဉ်နှလုံးအီမီ ဖူကာဒါတပ်မတော်နေ့ပြည်မြို့သာလွန်မင်းပိဋကတ် သုံးပုံထိုင်းဘတ်ငွေဆော်ဒီအာရေဗျနိုင်ငံခွေးရူးပြန်ရောဂါအင်္ဂလိပ်-မြန်မာ စစ်ပွဲများရာသီအလိုက်ပွင့်သောပန်းများမိုးကုတ်တရားဆဒ္ဒန်ဆင်မင်းဝန်ဘူရိဒတ်လင်္ကာကြီးမြန်မာစာစတင်ဖြစ်ပေါ်လာပုံကျောက်ကပ်🡆 More