ဘောဂဗေဒ ခင်မောင်ညို: စာအုပ်

ခင်မောင်ညို (ဘောဂဗေဒ) သည် မြန်မာနိုင်ငံသား စီးပွားရေးပညာရှင်၊ စာရေးဆရာ တစ်ဦး ဖြစ်သည်။

ခင်မောင်ညို (ဘောဂဗေဒ)
ဘောဂဗေဒ ခင်မောင်ညို: ကိုယ်ရေးအချက်အလက်များ, စာပေရေးသားခြင်း, အခြားလုပ်ဆောင်မှုများ
မွေးဖွား (၁၉၅၆-0၄-၁၁) ဧပြီ ၁၁၊ ၁၉၅၆ (အသက် ၆၈)
နိုင်ငံလူမျိုးမြန်မာ
လူမျိုးဗမာ
ပညာရေးB.Econ. (P.D.) ရန်ကုန် စီးပွားရေး တက္ကသိုလ်၊ M.Phil. (Eco)
အလုပ်အကိုင်ဂျာနယ် အယ်ဒီတာ၊ E-Trade eTrade Myanmar Co., Ltd တည်ထောင်သူ
ကျော်ကြားမှုအရင်းခံစာရေးဆရာ၊ စီးပွားရေးပညာရှင်
အိမ်ထောင်ဖက်(များ)ဒေါ်မိုးမိုးခိုင်
သားသမီးမစုနွယ်
မိဘ(များ)ဦးချစ်ဦး+ဒေါ်မြရင်

ကိုယ်ရေးအချက်အလက်များ

၁၉၅၆ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့တွင် အဖ ဦးချစ်ဦး၊ အမိ ဒေါ်မြရင်တို့က မွေးဖွားသည်။ အထက ငါန်းဇွန်၊ အထက မြင်းမူ၊ အထက (၁) စစ်ကိုင်းတို့တွင် ပညာသင်ယူခဲ့သည်။ ၁၉၇၁ မှ ၁၉၇၅ ခုနှစ်အထိ ရန်ကုန် စီးပွားရေး တက္ကသိုလ်တွင် တက်ရောက်သင်ကြားခဲ့ပြီး၊ စီးပွားရေးပညာ B.Econ. (P.D.) ဘွဲ့ ရရှိခဲ့သည်။

၁၉၇၈ ခုနှစ်တွင် ရန်ကုန်တိုင်း အမှတ်(၂)ဒေသကောလိပ်တွင် နည်းပြဆရာ အဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့သည်။ စီးပွားရေးတက္ကသိုလ်၊ ဒဂုံတက္ကသိုလ် တို့တွင် သင်ကြားပို့ချခဲ့ပြီး၊ စီးပွားရေး တက္ကသိုလ် ဘောဂဗေဒဌာနတွင် ၂၀၀၁ ခုနှစ်အထိ ကထိကအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။

၁၉၉၁ ခုနှစ်တွင် ရန်ကုန် စီးပွားရေး တက္ကသိုလ်မှ မဟာဒဿန (ဘောဂဗေဒ) M.Phil. (Eco) ဘွဲ့ ရရှိခဲ့သည်။

စာပေရေးသားခြင်း

၁၉၇၁ တွင် ဗုဒ္ဓ ဓမ္မ လောက စာစောင်မှ တဆင့် စာပေနယ်သို့ ဝင်ရောက်ခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် စင်ကာပူ ဖွံ့ဖြိုးမှု အတွေ့အကြုံ (နေမျိုးထွန်းနှင့် တွဲဖက်၍)၊ ဗုဒ္ဓအလိုကျ လုပ်ငန်းခါင်စီးပွားရေးမျက်စိ စာအုပ်များ ထုတ်ဝေခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် လူမှု ဆက်ဆံရေး နည်းဗျူဟာ စာအုပ်၊ ၁၉၉၇ ခုနှစ်တွင် အောင်မြင်သော လုပ်ငန်းရှင်နှင့် အိမ်တော်၌ကွန်ဖြူးရှပ်၏ စီးပွားရေး ပြဿနာ ၁၀ဝ အဖြေရှာသင့်ကိုယ်ထဲက ခေါင်းဆောင်လူတိုင်းတွက်တာ ခေါင်းဆောင်မှု ပညာ စာအုပ်များ၊ ၁၉၉၉ ခုနှစ်တွင် သင့်ဖောက်သည်ကို ဘယ်လို ဆက်ဆံမလဲဖြေရဲရင် မေးကြည့်ဂျာနယ်ကြိုက် စီးပွားရေးကမ္ဘာ့စီးပွား၊ မြန်မာ့စီးပွား စာအုပ်တို့ကို ထုတ်ဝေခဲ့သည်။

ခင်မောင်ညို (ဘောဂဗေဒ) ကလောင်အမည်ဖြင့် စီးပွားရေးပညာ၊ စီမံခန့်ခွဲမှုပညာနှင့် ပတ်သက်သော စာအုပ်ပေါင်း ၃ဝ ကျော် ထုတ်ဝေခဲ့ပြီး၊ ဂျာနယ်၊ မဂ္ဂဇင်းနှင့် စာစောင်များတွင် ရေးသားလျက် ရှိသည်။

အခြားလုပ်ဆောင်မှုများ

၁၉၉၈ မှ ၂၀၀၇ ခုနှစ်အထိ နိုင်ငံတကာ စီးပွားရေးဂျာနယ် အယ်ဒီတာချုပ်အဖြစ် တာဝန်ယူခဲ့သည်။ ၂၀၀ဝ မှ ၂၀၀၇ အထိ ခေတ်လူငယ် တွင် အယ်ဒီတာချုပ် အဖြစ် တာဝန်ယူခဲ့သည်။ ၂၀၀၁ မှ ၂၀၀၆ ခုနှစ်ထိ ဝန်ကြီးချုပ်ရုံး၌ ဒုတိယညွှန်ကြားရေးမှူး (Deputy Director) အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။

၂၀၀၃ ခုနှစ်တွင် E-Trade eTrade Myanmar Co., Ltd ကို စတင် တည်ထောင်ခဲ့သည်။ ကမ္ဘာ့စီးပွားရေး ဂျာနယ်တွင် အယ်ဒီတာချုပ် အဖြစ် တာဝန်ယူလျက်ရှိသည်။

မိသားစု

၁၉၈၉ ခုနှစ်တွင် ဒေါ်မိုးမိုးခိုင်နှင့် လက်ထပ်ခဲ့ပြီး၊ ၁၉၉၃ ဒီဇင်ဘာတွင် သမီးငယ် မစုနွယ်ကို မွေးဖွားခဲ့သည်။

ကိုးကား

Tags:

ဘောဂဗေဒ ခင်မောင်ညို ကိုယ်ရေးအချက်အလက်များဘောဂဗေဒ ခင်မောင်ညို စာပေရေးသားခြင်းဘောဂဗေဒ ခင်မောင်ညို အခြားလုပ်ဆောင်မှုများဘောဂဗေဒ ခင်မောင်ညို မိသားစုဘောဂဗေဒ ခင်မောင်ညို ကိုးကားဘောဂဗေဒ ခင်မောင်ညို

🔥 Trending searches on Wiki မြန်မာဘာသာ:

ငါးပါးသီလမိုးလေဝသနန်းမွေစံထန်းပင်ကြွက်တက်ခြင်းမော်လမြိုင်မြို့အဘိညာဉ်ဗမာလူမျိုးလမ်းမတော်ဖိုးတုတ်မြန်မာနိုင်ငံ၏ ပြည်သူ့စစ်မှုထမ်းဥပဒေဗီယက်နမ်နိုင်ငံမြစ်ကြီးနားမြို့နယ်ရခိုင်လူမျိုးစကားပုံနေပြည်တော်တိုင်းစစ်ဌာနချုပ်ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၃၈ ဖြာ မင်္ဂလာဗဒုံမင်းဂျာနယ်ကျော် မမလေးအာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံတပ်မတော် (ကြည်း)ကင်ဂိုအွန်၁ ဧပြီကာဇက်စတန်နိုင်ငံမင်းပြားမြို့ကောသလမင်း အိပ်မက် (၁၆)ချက်အားအဆိပ်ပင်များကျင့်ဝတ်ဂျာဗား (ပရိုဂရမ်မင်းဘာသာစကား)မိုးကုတ်မြို့ဂုဏ်တော်ကွန်ချာယောလူမျိုးတွံတေးမြို့ရေမေကြို့ထိုးခြင်းညစ်ညမ်းခြင်းများတောင်ကိုရီးယားနိုင်ငံအပျိုမြှေးမင်္ဂလသုတ်ဒူဘိုင်းမြို့သာလွန်မင်းထိုင်းနိုင်ငံ၏ ပြည်နယ်များပညာရေးနို့ပိုပေါ့မြစ်ကြီးနားမြို့တောင်ငူမြို့နွားနောက်ခုနစ်နေ့ဘုရားရှိခိုးတက္ကသိုလ်ဘုန်းနိုင်မြန်မာစာစတင်ဖြစ်ပေါ်လာပုံတင်မိုးနှစ်ကျိပ်ရှစ်ဆူဘရူနိုင်းနိုင်ငံမြန်မာနိုင်ငံ၏ အမည်များလျှပ်စစ်စွမ်းအား ဝန်ကြီးဌာနငါးရာ့ငါးဆယ် နိပါတ်တော်အသည်းရောင် အသားဝါ ရောဂါ စီပိုးတစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်ယာဘdj447မြန်မာ့စီးပွားရေးလုပ်ငန်းများကမ္ဘောဇသာဒီရွှေနန်းတော်ဆူခွိုင်း ၃၀အိန္ဒြာကျော်ဇင်ကမ္ဘာ့အထိမ်းအမှတ်နေ့ဂေါတမမြတ်ဗုဒ္ဓ၏ဗုဒ္ဓဝင်ခရစ်ယာန်ဘာသာမူးယစ်ဆေးဝါးသောတာပန်ဟင်္သာတထွန်းရင်ကျောက်စိမ်းသွေးအုပ်စု🡆 More