၁၉၆၂ အာရှ အားကစားပြိုင်ပွဲ

၁၉၆၂ အာရှအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 1962 Asian Games) သည် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့ ၌ ၁၉၆၂ခုနှစ် ဩဂုတ်လ ၂၄ရက်နေ့မှ စက်တင်ဘာလ ၄ရက်နေ့အထိ ကျင်းပခဲ့သော စတုတ္ထအကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံသည် အာရှအားကစားပြိုင်ပွဲကို ပထမဆုံးအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံ၏ သမ္မတ ဆူကာနို မှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။

၁၉၆၂ အာရှ အားကစားပြိုင်ပွဲ
IV Asian Games
ကျင်းပရာမြို့အင်ဒိုနီးရှားနိုင်ငံဂျာကာတာမြို့
ဆောင်ပုဒ်Ever Onward
ပါဝင်သော နိုင်ငံများ၁၇
ပါဝင်ဆင်နွဲသော အားကစားသမားများ၁,၄၆၀
ကစားပွဲအမျိုးအစား၁၂၀ (၁၃နည်း)
ဖွင့်ပွဲအခမ်းအနား၂၄ ဩဂုတ်
ပိတ်ပွဲအခမ်းအနား၄ စက်တင်ဘာ
တရားဝင်ဖွင့်လှစ်ပေးခဲ့သူဆူကာနို
(သမ္မတ)
တရားဝင်ပိတ်သိမ်းပေးခဲ့သူHamengkubuwono IX
အာရှ အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ
အဓိကအားကစားကွင်းဂျီလိုရာ ဘန်ကာနို အားကစားကွင်း
၁၉၅၈ ၁၉၆၆  >

နိုင်ငံ (၁၇)နိုင်ငံမှ အားကစားသမား (၁,၄၆၀)ဦးတို့သည် အားကစားနည်း (၁၃)မျိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို ဂျီလိုရာ ဘန်ကာနို အားကစားကွင်းတွင် ကျင်းပခဲ့သည်။ ဂျပန်နိုင်ငံအင်ဒိုနီးရှားနိုင်ငံအိန္ဒိယနိုင်ငံ တို့က နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့် တတိယ ရရှိခဲ့သည်။

လက်ခံကျင်းပခြင်း

အိမ်ရှင်ရွေးချယ်ခြင်း

၁၉၅၈ခုနှစ် မေလ ၂၃ရက်နေ့တွင် ဂျပန်နိုင်ငံ၌ ကျင်းပသော အစည်းအဝေး၌ ၁၉၆၂ခုနှစ်ပွဲတော်ကို ကျင်းပမည့်နိုင်ငံအား မဲပေးရွေးချယ်ခဲ့ကြသည်။ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့နှင့် ပါကစ္စတန်နိုင်ငံ ကရာချိမြို့တို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲအရေအတွက် မတိမ်းမယိမ်းဖြင့် ဂျာကာတာက အနိုင်ရခဲ့သည်။

၁၉၆၂ အာရှအားကစားပြိုင်ပွဲ အိမ်ရှင်ရွေးချယ်ခြင်းရလဒ်
မြို့ အမျိုးသားအိုလံပစ်ကော်မတီ မဲရလဒ်
ဂျာကာတာမြို့ ၁၉၆၂ အာရှ အားကစားပြိုင်ပွဲ  အင်ဒိုနီးရှား ၂၂
ကရာချိမြို့ ၁၉၆၂ အာရှ အားကစားပြိုင်ပွဲ  ပါကစ္စတန် ၂၀

ပြဿနာများ

အင်ဒိုနီးရှားနိုင်ငံသည် ထိုစဉ်က လွတ်လပ်ရေးရသည်မှာ (၁၇)နှစ်သာ ရှိသေးပြီး နိုင်ငံတကာအားကစားပြိုင်ပွဲတစ်ခုကို ပထမဆုံးအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ (ပီအာစီ) နှင့် အရှေ့အလယ်ပိုင်းရှိ မွတ်စလင်နိုင်ငံများ၏ တင်ပြချက်အရ အစ္စရေးနိုင်ငံနှင့် တရုတ်သမ္မတနိုင်ငံ (အာအိုစီ - ထိုင်ဝမ်) တို့ကို ပြိုင်ပွဲမှ ဖယ်ထုတ်ခဲ့သည်။ အိမ်ရှင် အင်ဒိုနီးရှားနိုင်ငံမှ လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များသည် အစ္စရေးနှင့် အာအိုစီတို့မှ အဖွဲ့ဝင်များကို ပြည်ဝင်ခွင့်ဗီဇာ ထုတ်မပေးခဲ့ပေ။ ထိုအချက်များသည် အာရှအားကစားအဖွဲ့ချုပ်၏ စည်းမျဉ်းများကို ချိုးဖောက်ခြင်းဖြစ်ကာ အင်ဒိုနီးရှားနိုင်ငံမှ မူလက ကတိပေးထားသည့် အဖွဲ့ဝင်နိုင်ငံအားလုံး (အင်ဒိုနီးရှားနှင့် သံတမန်ဆက်ဆံရေးမရှိသည့် အစ္စရေး၊ အာအိုစီ၊ ကိုရီးယားသမ္မတနိုင်ငံ တို့အပါအဝင်) ကိုဖိတ်ကြားရန် အချက်အားလည်း ချိုးဖောက်ခြင်းဖြစ်သည်။ ထို့ကြောင့် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီမှ အင်ဒိုနီးရှားနိုင်ငံအား အပြစ်ပေးသည့်အနေဖြင့် ၁၉၆၄ နွေရာသီ အိုလံပစ်ပြိုင်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ခဲ့သည်။ ထိုဒဏ်ပေးမှုကို တုံ့ပြန်မှုအနေဖြင့် အင်ဒိုနီးရှားနိုင်ငံက ဦးစီးကာ GANEFO အားကစားပြိုင်ပွဲကို ၁၉၆၃ခုနှစ်တွင် ကျင်းပခဲ့သည်။

အားကစားကွင်းများ

အားကစားနည်းအားလုံးနီးပါးကို အသစ်တည်ဆောက်ထားသော ဂျီလိုရာ ဘန်ကာနို အားကစားကွင်း အပါအဝင် ဂျီလိုရာ ဘန်ကာနို အားကစားပြိုင်ဝင်းရှိ အားကစားကွင်း/ရုံများတွင် ကျင်းပခဲ့သည်။ ထိုအားကစားပြိုင်ဝင်းကို ၁၉၅၉ခုနှစ် မေလ ၁၁ ရက်နေ့မှစ၍ စီစဉ်ခဲ့ကြပြီး ပြိုင်ပွဲကျင်းပရန် တစ်လအလိုတွင် ပင်မအားကစားကွင်းကို တည်ဆောက်ပြီးစီးခဲ့သည်။

ပွဲများနှင့်အားကစား

ပါဝင်​သော အားကစားနည်းများ

အလေးမအားကစားနည်းကို ထည့်သွင်းကျင်းပရန် စီစဉ်ခဲ့သော်လည်း အစ္စရေးနှင့် တရုတ်သမ္မတနိုင်ငံတို့အား ယှဉ်ပြိုင်ခွင့် ပိတ်ခဲ့သောကြောင့် ကမ္ဘာ့အလေးမအဖွဲ့ချုပ်မှ ပြိုင်ပွဲကို အသိအမှတ်မပြုခဲ့ပေ။ ထို့ကြောင့် ထည့်သွင်းမကျင်းပခဲ့တော့ပေ။ ကြက်​တောင်အားကစားနည်းကို ပထမဆုံးအကြိမ် ထည့်သွင်းကျင်းပခဲ့သည်။

  • ​ရေပိုင်းဆိုင်ရာအားကစားနည်းများ
    • ၁၉၆၂ အာရှ အားကစားပြိုင်ပွဲ ဒိုင်ဗင်
    • ၁၉၆၂ အာရှ အားကစားပြိုင်ပွဲ ​ရေကူး
    • ၁၉၆၂ အာရှ အားကစားပြိုင်ပွဲ ဝါတာပိုလို
  • ၁၉၆၂ အာရှ အားကစားပြိုင်ပွဲ ​ပြေးခုန်ပစ်
  • ၁၉၆၂ အာရှ အားကစားပြိုင်ပွဲ ကြက်​တောင်ရိုက်
  • ၁၉၆၂ အာရှ အားကစားပြိုင်ပွဲ ဘတ်စကက်​ဘော
  • ၁၉၆၂ အာရှ အားကစားပြိုင်ပွဲ လက်​ဝှေ့
  • ၁၉၆၂ အာရှ အားကစားပြိုင်ပွဲ  စက်ဘီးစီး
  • ၁၉၆၂ အာရှ အားကစားပြိုင်ပွဲ ​ဟော်ကီ
  • ၁၉၆၂ အာရှ အားကစားပြိုင်ပွဲ ​ဘောလုံး
  • ၁၉၆၂ အာရှ အားကစားပြိုင်ပွဲ ​သေနတ်ပစ်
  • ၁၉၆၂ အာရှ အားကစားပြိုင်ပွဲ စားပွဲတင်တင်းနစ်
  • ၁၉၆၂ အာရှ အားကစားပြိုင်ပွဲ တင်းနစ်
  • ၁၉၆၂ အာရှ အားကစားပြိုင်ပွဲ ဘော်လီ​ဘော
  • ၁၉၆၂ အာရှ အားကစားပြိုင်ပွဲ နပန်း

သရုပ်ပြအားကစားနည်း

  • ၁၉၆၂ အာရှ အားကစားပြိုင်ပွဲ  မြားပစ်

ပါဝင်သည့်နိုင်ငံများ

ဆုတံဆိပ်ဇယား

    Key

  *   အိမ်ရှင်

၁၉၆၂ အာရှ အားကစားပြိုင်ပွဲ ဆုတံဆိပ်ဇယား
 အဆင့်  NOC ရွှေ ငွေ ကြေး စုစုပေါင်း
၁၉၆၂ အာရှ အားကစားပြိုင်ပွဲ  ဂျပန် ၇၃ ၅၆ ၂၃ ၁၅၂
၁၉၆၂ အာရှ အားကစားပြိုင်ပွဲ  အင်ဒိုနီးရှား* ၁၁ ၁၂ ၂၈ ၅၁
၁၉၆၂ အာရှ အားကစားပြိုင်ပွဲ  အိန္ဒိယ ၁၀ ၁၃ ၁၀ ၃၃
၁၉၆၂ အာရှ အားကစားပြိုင်ပွဲ  ပါကစ္စတန် ၁၁ ၂၈
၁၉၆၂ အာရှ အားကစားပြိုင်ပွဲ  ဖိလစ်ပိုင် ၂၄ ၃၇
၁၉၆၂ အာရှ အားကစားပြိုင်ပွဲ  တောင်ကိုရီးယား ၁၀ ၂၃
၁၉၆၂ အာရှ အားကစားပြိုင်ပွဲ  ထိုင်း ၁၂
၁၉၆၂ အာရှ အားကစားပြိုင်ပွဲ  မလာယာ ၁၅
၁၉၆၂ အာရှ အားကစားပြိုင်ပွဲ  မြန်မာ
၁၀ ၁၉၆၂ အာရှ အားကစားပြိုင်ပွဲ  စင်ကာပူ
၁၁ ၁၉၆၂ အာရှ အားကစားပြိုင်ပွဲ ဆီလွန်
၁၂ ၁၉၆၂ အာရှ အားကစားပြိုင်ပွဲ  ဟောင်ကောင်
၁၃ ၁၉၆၂ အာရှ အားကစားပြိုင်ပွဲ  အာဖဂန်နစ္စတန်
၁၉၆၂ အာရှ အားကစားပြိုင်ပွဲ  ကမ္ဘောဒီးယား
၁၉၆၂ အာရှ အားကစားပြိုင်ပွဲ  ​တောင်ဗီယက်နမ်
စုစုပေါင်း (15 NOCs) ၁၂၀ ၁၂၂ ၁၃၀ ၃၇၂

ကိုးကား

Tags:

၁၉၆၂ အာရှ အားကစားပြိုင်ပွဲ လက်ခံကျင်းပခြင်း၁၉၆၂ အာရှ အားကစားပြိုင်ပွဲ ပွဲများနှင့်အားကစား၁၉၆၂ အာရှ အားကစားပြိုင်ပွဲ ကိုးကား၁၉၆၂ အာရှ အားကစားပြိုင်ပွဲဂျာကာတာမြို့အင်ဒိုနီးရှားနိုင်ငံအင်္ဂလိပ်ဘာသာစကားအာရှ အားကစားပြိုင်ပွဲ

🔥 Trending searches on Wiki မြန်မာဘာသာ:

ကုလသမဂ္ဂ ကြေညာစာတမ်းခရေပင်ကချင်လွတ်မြောက်ရေးတပ်မတော်မိန်းမ မျိုးပွားအင်္ဂါတြိဂံငန်းမြွေသရဲအောင်လအန်ဆန်းအဘိဓမ္မာပါလီမန် ဒီမိုကရေစီ စနစ်စံပယ်ပန်းသဗ္ဗညုဘုရား(ပုဂံ)ဘီတီအက်စ်လူ၏ အရိုးဖွဲ့စည်းပုံသွေးအုပ်စုအနုပညာလားရှိုးမြို့ဓူဝံကြယ်အင်းဝမြို့ကျောက်တန်းရေလယ်ဘုရားဟင်္သာမုန့်လုံးရေပေါ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနာဇီဂျာမနီရုရှားနိုင်ငံကြာကျန်းမာရေး ဝန်ကြီးဌာနစောမွန်လှစိတ်ချရသော လိင်ဆက်ဆံမှုအင်္ဂလိပ်ဘာသာစကားမွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမြန်မာနိုင်ငံ၏ အလံတော်ကြာသပတေးဂြိုဟ်နေပြည်တော်မြို့ဧရာဝတီတံတား (ပခုက္ကူ)ရခိုင်သမက်တက်ဝတ်စားဆင်ယင်မှုထားဝယ်မြို့မင်္ဂလသုတ်တိုက်ကြီးမြို့ပရိမိတ္တဇာလသုတ်ခင်ဝင့်ဝါပျူမြို့ပြနိုင်ငံများနေ့နံအမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်ပတ္တမြားမယ်ခွေသန်းရွှေ (ဗိုလ်ချုပ်မှူးကြီး)ပန်းနက်ပကျွန်းဂြိုဟ်ကားတွင်းနက်ကျောက်စိမ်းညောင်ကုန်း (တောင်)ရွာ၊ ပျော်ဘွယ်မြို့နယ်သံဃာဒိသိသ်အာပတ်ဒန့်သလွန်ယောက်ျား အင်္ဂါတံပြည်ထောင်စုအစိုးရအဖွဲ့တင်မိုးကသင်္ချာဂေါတမမြတ်ဗုဒ္ဓ၏ဗုဒ္ဓဝင်ရွှေဥဒေါင်းမြန်မာနိုင်ငံရေးသမိုင်းဥပဂုတ္တထေရ်တပင်ရွှေထီး (မြန်မာ ၈၉၂-၉၁၂)မြန်မာနိုင်ငံ၏ အမည်များနန်းလုံးကြိုင်သင်္ဂဟ၊ ဘွဲ့၊ တံဆိပ်၊တွံတေးသိန်းတန်တောက်တဲ့ရခိုင်ရိုးရာ ကျင်ကိုင်ပွဲဖောင်တော်ဦးဘုရား (အင်းလေး)အနတ္တလက္ခဏသုတ်သက္ကရာဇ်လိင်စိတ်ဆွခြင်းခန္ဓာဗေဒမြဝတီရုပ်မြင်သံကြား🡆 More