အဲယားဘတ်စ် A380

အဲယားဘတ်စ် A380 သည် EADS ၏ လက်အောက်ခံဖြစ်သော ဥရောပ ကော်ပိုရေးရှင်း အဲယားဘတ်စ်မှ ထုတ်လုပ်သော ၂ ထပ်၊ ကျယ်ပြန့်သော ကိုယ်ထည်နှင့် အင်ဂျင် ၄ လုံးပါသော လေယာဉ်ဖြစ်သည်။ ကမ္ဘာပေါ်တွင် အကြီးဆုံးသော ခရီးသည်တင်လေယာဉ်ဖြစ်ပြီး ပထမဆုံး ပျံသန်းမှု ကို ၂၀၀၅ ခုနှစ် ဧပြီလတွင် ပြင်သစ်နိုင်ငံ တော်လို့စ်မြို့မှ စတင်ပျံသန်းခဲ့ပြီး ပထမဆုံး ခရီးသည်တင် ပျံသန်းမှုကို စင်ကာပူ လေကြောင်းလိုင်းမှ ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့တွင် စင်ကာပူမှ ဆစ်ဒနီ ခရီးစဉ်ဖြင့် စတင်ခဲ့သည်။ လေယာဉ်ပျံကို တည်ဆောက်စဉ် အချိန်အတွင်းက ထိုလေယာဉ်ကို အဲယားဘတ်စ် A3XX ဟုသာ အများကသိခဲ့ကြပြီး ထိုအချိန်မှစ၍ စူပါဂျမ်ဘိုဆိုသည့် အခြားအမည်သည် စတင်တွင်ကျယ်ခဲ့သည်။

အဲယားဘတ်စ် A380

A300 · A310 · A320 · A330 · A340 · A350 · A380

အဲယားဘတ်စ် A380
စင်ကာပူ လေကြောင်းလိုင်း မှ 9V-SKA ပထမဦးဆုံး A380 ခရီးသည်တင်လေယာဉ်
အမျိုးအစား ခရီးသည်တင်လေယာဉ်
ထုတ်လုပ်သူ အဲယားဘတ်စ်
ပထမဦးဆုံးခရီးစဉ် ဧပြီလ ၂၇ရက် ၂၀၀၅ ခုနှစ်
စတင်ပျံသန်းခြင်း စင်ကာပူ လေကြောင်းလိုင်း တွင် အောက်တိုဘာ ၂၅၊ ၂၀၀၇ ခုနှစ်တွင် စတင်ပြေးဆွဲခဲ့သည်။
အဓိကအသုံးပြုသူများ စင်ကာပူ လေကြောင်းလိုင်း
အဲမရိတ် လေကြောင်းလိုင်း
ထုတ်လုပ်သည့်အချိန် ၂၀၀၄ ခုနှစ် မှ ယခုထိ
တည်ဆောက်ပြီးခဲ့သည့် အရေအတွက် ဇွန်လ ၂၀၀၈ ခုနှစ်အထိ ၁၆ စင်း
တစ်စီးချင်း၏တန်ဖိုး အမေရိကန်ဒေါ်လာ ၃၁၇.၂ မီလီယံမှ ၃၃၇.၅ မီလီယံ ခန့်

A380 ၏ အပေါ်ထပ်သည် လေယာဉ်ပျံ၏ ကိုယ်ထည်တစ်ခုလုံးနီးပါးကို ဖြန့်ကျက်ထားပြီး ၎င်း၏ အကျယ်အဝန်းမှာ ကိုယ်ထည်ကျယ်ပြန့်သော လေယာဉ်များ၏ အကျယ်နှင့် ညီမျှသည်။ ထို့ကြောင့် ဒုတိယအကြီးဆုံး လေယာဉ်ပျံ အမျိုးအစား ဖြစ်သည့် ဘိုးအင်း 747-400 နှင့် နှိုင်းယှဉ်ပါက ခရီးသည်တင်ခန်းသည် ၅၀% မျှပို၍ ကျယ်ပြန့်ပြီး ပုံမှန် ကလပ်စ် ၃ခု ဖြင့် ဖွဲ့စည်းထားသော ဖွဲ့စည်းပုံတွင် ခရီးသည် ၅၂၅ ဦးမျှတင်ဆောင်နိုင်ပြီး အားလုံးကို ရိုးရိုးတန်းဖြင့်သာ ဖွဲ့စည်းထားပါက ခရီးသည် ၈၅၃ ဦးအထိ တင်ဆောင်နိုင်သည်။ A380 သည် ခရီးသည်တင်လေယာဉ်နှင့် ကုန်တင်လေယာဉ်ဟူ၍ အမျိုးအစား ၂ မျိုး ထုတ်လုပ်သည်။

A380-800 ခရီးသည်တင် မော်ဒယ်လ်သည် ကမ္ဘာပေါ်တွင် အကြီးဆုံးသော ခရီးသည်တင်လေယာဉ် ဖြစ်သော်လည်း လေယာဉ်ကိုယ်ထည်မှာ အဲယားဘတ်စ်၏ ဒုတိယအကြီးဆုံး ခရီးသည်တင်လေယာဉ် အမျိုးအစားဖြစ်သော A340-600 နှင့် နှိုင်းယှဉ်ပါက အနည်းငယ်မျှ တိုတောင်းသည်။ A380-800F ကုန်တင်လေယာဉ် မော်ဒယ်လ်သည် ကမ္ဘာပေါ်တွင် အကြီးဆုံး ကုန်တင်လေယာဉ် အမျိုးအစားများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ၎င်းထက်ပို၍ ကုန်တင်ဝန်ကို သယ်ဆောင်နိုင်သော လေယာဉ်ဟူ၍ အန်တိုနော့ဗ် An-225 တစ်မျိုးသာရှိသည်။

A380-800 သည် ၈၂၀၀ လေကြောင်းမိုင် (၁၅၂၀၀ ကီလိုမီတာ) အထိ ပျံသန်းနိုင်ရန် ဒီဇိုင်းပြုလုပ်ထားပြီး ဥပမာအားဖြင့် ဆိုရလျှင် ထိုအကွာအဝေးမှာ မက်ဆာချူးဆက်ပြည်နယ်ရှိ ဘော့စတွန်မှ ဟောင်ကောင်အထိ မရပ်မနား ပျံသန်းနိုင်သော အကွာအဝေးဖြစ်သည်။ တသမတ်တည်းရှိသော အမြင့်တွင် ပျံသန်းနိုင်သောနှုန်း (cruising speed) မှာ Mach 0.85 (အမြင့်တသမတ်တည်း ရှိနေချိန်တွင် တစ်နာရီ ၉၀၀ ကီလိုမီတာ သို့ တစ်နာရီလျှင် ၅၆၀မိုင်) ဖြစ်သည်။ အဲယားဘတ်စ် A380 သည် စီးပွားဖြစ်ပျံသန်းသော လေယာဉ်များတွင် ပထမဆုံး GTL အခြေခံ ဆီကို အသုံးပြု၍ မောင်းနှင်နိုင်သော လေယာဉ်ဖြစ်သည်။

လေယာဉ်ပုံစံ

အဲယားဘတ်စ် A380
အကြီးဆုံးသော လေယာဉ်ပျံ ၄ စင်းကို နှိုင်းယှဉ်ပြထားပုံ
  Hughes H-4 Hercules
  Antonov An-225
  Airbus A380-800
  Boeing 747-8
အဲယားဘတ်စ် A380
အေ ၃၈၀-၈၀၀ ၏ ၅၁၉ ခုံ ဖွဲ့စည်းပုံ

အဲယားဘတ်စ် A380

အဲယားဘတ်စ် A380 သည် EADS ၏ လက်အောက်ခံဖြစ်သော ဥရောပ ကော်ပိုရေးရှင်း အဲယားဘတ်စ်မှ ထုတ်လုပ်သော ၂ ထပ်၊ ကျယ်ပြန့်သော ကိုယ်ထည်နှင့် အင်ဂျင် ၄ လုံးပါသော လေယာဉ်ဖြစ်သည်။ ကမ္ဘာပေါ်တွင် အကြီးဆုံးသော ခရီးသည်တင်လေယာဉ်ဖြစ်ပြီး ပထမဆုံး ပျံသန်းမှု ကို ၂၀၀၅ ခုနှစ် ဧပြီလတွင် ပြင်သစ်နိုင်ငံ တော်လို့စ်မြို့မှ စတင်ပျံသန်းခဲ့ပြီး ပထမဆုံး ခရီးသည်တင် ပျံသန်းမှုကို စင်ကာပူ လေကြောင်းလိုင်းမှ ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့တွင် စင်ကာပူမှ ဆစ်ဒနီ ခရီးစဉ်ဖြင့် စတင်ခဲ့သည်။ လေယာဉ်ပျံကို တည်ဆောက်စဉ် အချိန်အတွင်းက ထိုလေယာဉ်ကို အဲယားဘတ်စ် A3XX ဟုသာ အများကသိခဲ့ကြပြီး ထိုအချိန်မှစ၍ စူပါဂျမ်ဘိုဆိုသည့် အခြားအမည်သည် စတင်တွင်ကျယ်ခဲ့သည်။

Tags:

စင်ကာပူနိုင်ငံဆစ်ဒနီမြို့ပြင်သစ်

🔥 Trending searches on Wiki မြန်မာဘာသာ:

အယုဒ္ဓယသံဃာဒိသိသ်အာပတ်ကျောက်တော်မြို့နယ်ညစ်ညမ်းခြင်းများအင်းတော်ကြီးသမိုင်းရန်ကုန်တက္ကသိုလ်တိုက်ပထမ အင်္ဂလိပ် - မြန်မာစစ်ဟံသာဝတီလိင်ဆက်ဆံခြင်းသက်မွန်မြင့်မြန်မာနိုင်ငံရှိ သန်းခေါင်စာရင်းနတ် (ဝိညာဉ်)ငပလီကမ်းခြေဆခွဲကိန်းနာဇီဂျာမနီတပင်ရွှေထီးယူရိုဦးပိန်တံတားမြန်မာ့ထီးညောင်ရမ်းမင်းဆက်သရေခေတ္တရာဂုဏ်တော်ကွန်ချာကိုးပါးသီလမြစေတီကျောက်စာကံဆီးချိုရောဂါကဒွေးစစ်ကိုင်းတိုင်းဒေသကြီးရွှေဝါရောင် တော်လှန်ရေးဗျည်းမဟော်သဓာဖက်ဒရယ်ပြည်ထောင်စုစနစ်ဥဩကနောင်မင်းသားဟစ်တလာကရင်နွယ်ဘာသာစကားများလူ၏ အရိုးဖွဲ့စည်းပုံကျော်ဟိန်းအခွန်အခနက်ပကျွန်းဂြိုဟ်ဇာတ်ကြီးဆယ်ဘွဲ့ဝက်ဝံအဘိဓမ္မာရှင်သီဝလိဂါထာခန္ဓသုတ်ယဉ်ကျေးမှုစေတီပုထိုးများလောင်းကစားခြင်းလေမုန်တိုင်းထူးအိမ်သင်ဂဠုန်နေပြည်တော်မြို့ကွမ်းယာမြန်မာ ရုပ်ရှင်ဇာတ်ကားများ စာရင်းမြန်မာ့ရိုးရာ ကစားနည်းသိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနမြန်မာစာစတင်ဖြစ်ပေါ်လာပုံမန္တလေးတိုင်းဒေသကြီးလောက်ကိုင်မြို့အဲလက်စ်ဆာ အင်တာနက်ကျောက်စိမ်းအင်္ဂုလိမာလသုတ်ကိုယ်ဝန်ဆောင်ခြင်းအစ္စရေးနိုင်ငံတောင်ငူခေတ်၁၉၆၂ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းဧရာဝတီတံတား (ပခုက္ကူ)ကဗျာလင်္ကာမန်ချက်စတာ ယူနိုက်တက်ကြာနီကန်ဆရာတော်မြေဆီလွှာဆောက်လုပ်ရေး ဝန်ကြီးဌာနမြန်မာနိုင်ငံ၏ လူဦးရေ🡆 More