အရှေ့သရ: သရတစ်မျိုး

အမည်းစက်၏ဘေးမှ သရများသည်: နှုတ်ခမ်း ဖြန့်ခြင်း • ဝိုင်းခြင်း ဖြစ်သည်။

အရှေ့သရ (အင်္ဂလိပ်: front vowel) ဆိုသည်မှာ အပြောဘာသာစကားများစွာတွင် အသုံးပြုသော သရသံ အမျိုးအစားများထဲက ပုံစံတစ်ခုဖြစ်သည်။ ဤသရ၏ အရည်အသွေးကို အောက်ပါအတိုင်းဖွင့်ဆို၏ ။ "လျှာ၏အမြင့်ဆုံးအမှတ်သည် ပါးစပ် (သို့) ခံတွင်း၏ အရှေ့၌တည်ရှိ၍ ဗျည်းသံဖြစ်ပေါ်စေလောက်မည့် လေထွက်ရှိမှုကို ဖြစ်ပေါ်စေခြင်းမရှိစေရဟုဖြစ်သည်။" နောက်တစ်နည်းဖွင့်ဆိုချက်မှာ "လျှာ၏ထိပ်ဖျားသည် အပေါ်ရှေ့သွားမှ အောက်ရှေ့သွားအထိ (ထိကပ်ခြင်းမဟုတ်စေဘဲ) နေရာအမျိုးမျိုးတွင် တည်ရှိ၍ အသံထုတ်လုပ်သော သရမျိုးဖြစ်သည်။" အရှေ့သရများကို "ကြည်လင်သောသရများ" (bright vowels) အဖြစ်လည်း ရံခါ၌ခေါ်ဆိုကြကာ ၎င်းတို့၏ အသံသည် အနောက်သရများထက် ပို၍ ကြည်လင်သည်ဟု ယူဆသိမြင်သောကြောင့်ဖြစ်သည်။

အရှေ့နီးပါး (အင်္ဂလိပ်: Near-front) များသည်လည်း အရှေ့သရများ၏ ပုံစံပင်ဖြစ်၍ အရှေ့သရနှင့် အရှေ့နီးပါးသရများကို လျှာ၏အရှေ့ အနောက် (မဆိုစလောက်သော) ပြောင်းရွှေ့မှုတစ်ခုတည်းဖြင့် သိသိသာသာခွဲ၍ ကွဲအောင်ပြုနိုင်သော မည်သည့်ဘာသာစကားမျှမရှိဟု သိရှိရသည်။

အရှေ့အဝိုင်းသရများသည် စံအနေဖြင့် အလယ်ပိုင်းသရများဖြစ်ကြသည်။ ဆိုလိုသည်မှာ အသံထုတ်မှုအရ အရှေ့နီးပါးသရများဖြစ်၏ ။ ထို့ကြောင့်ပင် အိုင်ပီအေဇယား၌ အရှေ့အဝိုင်းသရများကို အရှေ့အပြန့်သရများ၏ ညာဘက်၌ (အမည်းစက်တစ်ခုခြား၍) ရေးကြသည်။

ပါဝင်မှု

နိုင်ငံတကာသဒ္ဒဗေဒအက္ခရာများတွင် အရှေ့သရများအဖြစ် အောက်ပါသရများ ပါဝင်သည်။

အိုင်ပီအေစနစ်၌ တရားဝင်သတ်မှတ်ခြင်းမရှိသော အရှေ့သရများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • close front protruded vowel [yʷ]
  • near-close front protruded vowel [ʏʷ]
  • close-mid front protruded vowel [øʷ]
  • mid front unrounded vowel [e̞] or [ɛ̝]
  • mid front compressed vowel [ø̞] or [œ̝]
  • mid front protruded vowel [ø̞ʷ] or [œ̝ʷ]
  • open-mid front protruded vowel [œʷ]

အသံထုတ်လုပ်မှုဆိုင်ရာ အရှေ့သရများ

အရှေ့သရ: ပါဝင်မှု, အသံထုတ်လုပ်မှုဆိုင်ရာ အရှေ့သရများ, အခြားကြည့်ရန် 
Fronted vowels are one of three articulatory dimensions of vowel space. The prototypical fronted vowel is [i]. Below it in the chart are fronted vowels with jaw opening.

အသံထုတ်လုပ်ရာ၌ လျှာသည် ပုံမှန် (သို့) အနားယူသော အနေအထားမှ အရှေ့သို့တိုး၍ထွက်ရှိသည့် အရှေ့သရများသည် ဆုတ်တက်သောသရများ (raised vowel) နှင့် ဆုတ်ဆင်းသောသရများ (retracted vowel) နှင့်မတူကွာခြားသည်။ ဤသဘောတရားအယူအဆအရ အိုင်ပီအေဇယား၌ ပြုစုထားသေယ အရှေ့သရများထက် ပိုမိုကျယ်ပြန့်၍ [ɪ ʏ], [ɨ ʉ] အက္ခရာများနှင့် နီးနီးကပ်ကပ်အားဖြင့် အလယ်တစ်ဝက်သရများလည်း ပါဝင်သည်။ အရေ့သရများအတွင်း သရ၏အနိမ့်အမြင့် (vowel height) ; တစ်နည်း အဖွင့်၊ အပိတ်သရများကို လျှာက တိုက်ရိုက်ဆုံးဖြတ်ခြင်းမဟုတ်ဘဲ မေးရိုး၏အနေအထားကသာဆုံးဖြတ်ပေးခြင်းဖြစ်သည်။ သံရင်းပိုင်းအရ ဆုတ်တက်၊ ဆုတ်ဆင်းသရများကို ဥပမာ အာခေါင် (palatal) ၌ဖြစ်သော ဗျည်းများက အသံထွက်အရ ရှေ့ပိုင်းသရများဖြစ်စေသည်။ အချို့သောဘာသာစကားများတွင် လည်ချောင်းဝ၌ဖြစ်သော ဗျည်းများက အထက်ပါ ဆုတ်တက်၊ ဆုတ်ဆင်းသရများကို အရှေ့သရများအဖြစ် အသံထွက်အရ ဖန်တီးယူကြသည်။ ဥပမာအားဖြင့် (အာရေးဗစ်ဒေသစကားအချို့တွင်) /j/ သို့ /ħ/ တို့ နောက်၌ဖြစ်သော /a/ အသံသည် [æ] ထက်အရှေ့ပိုကျနိုင်သည်။

အခြားကြည့်ရန်

မှတ်စု

ကိုးကား

Tags:

အရှေ့သရ ပါဝင်မှုအရှေ့သရ အသံထုတ်လုပ်မှုဆိုင်ရာ များအရှေ့သရ အခြားကြည့်ရန်အရှေ့သရ မှတ်စုအရှေ့သရ ကိုးကားအရှေ့သရသရဝိုင်းခြင်း

🔥 Trending searches on Wiki မြန်မာဘာသာ:

ဦးပုညမြန်မာသဒ္ဒါအာရှပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများမြန်မာနိုင်ငံ၏ ရပ်ကွက်များဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းမြန်မာနိုင်ငံနှင့် ဒုတိယကမ္ဘာစစ်ယူကျု(ဘ်)ကန့်နော်ဝေနိုင်ငံနေမျိုးဇင်မေတ္တသုတ်ငရဲ (၃၁-ဘုံ)ပါကစ္စတန်နိုင်ငံရေနံချောင်းမြို့ကွန်ပျူတာကံအောင်ပြည့်စုံကြယ်မိတ္ထီလာမြို့မြင်းခြံမြို့အသင်္ခယာ စောယွန်းဝမ်းလျှောခြင်းစောမွန်လှမန္တလေး ဘိုးတော်နာမဝိသေသနပါရမီထန်းလျက်သိဒ္ဓတ္ထမင်းသားမြန်မာစာရေးဆရာများ စာရင်းမြန်မာနိုင်ငံ၏ သမ္မတများ စာရင်းကျော်စွာနတ်ဖက်ဒရယ်ပြည်ထောင်စုစနစ်လယ်တွင်းသား စောချစ်ရန်ကုန်မြို့ရှိ ခရိုင်နှင့် မြို့နယ်များစာရင်းမင်္ဂလာပါမယ်နုအုတ်ကျောင်းကမ္ဘာ့ကြက်ခြေနီနေ့မန္တလေးတိုင်းဒေသကြီးဇွဲကပင်တောင်ဂျပန်နိုင်ငံ၏ ဒေသများပြစ်မှုဆိုင်ရာဥပဒေမြေပုံကချင်လွတ်မြောက်ရေးတပ်မတော်ရာသီဥတုဟိုက်ပါရေတံခွန်ယူနိုက်တက်ကင်းဒမ်းနိုင်ငံပြေတီဦးမိုဘိုင်းလ်ဖုန်း.mmမူဆယ်မြို့ကက်သလစ် အသင်းတော်အင်းလေးကန်တရုတ်ပြည်သူ့သမ္မတနိုင်ငံမြင်းမြန်မာတိုင်းရင်းသားမျိုးနွယ်များဂုဏ်ဆယ်ပါးMinecraftနှစ်ကျိပ်ရှစ်ဆူဝါရမိတ္တုရက်ငယ်အာနန္ဒာဘုရားဂျက်ကီချန်းရန်ကုန်တိုင်းဒေသကြီးတစ်ကိုယ်ရည်အာသာဖြေခြင်းပီလောပီနံနယ်သာလန်နိုင်ငံသတိပဋ္ဌာန်သွေးလွန်တုပ်ကွေးဘတ်စကက်ဘောမြန်မာ့စွယ်စုံကျမ်းတောင်ဥက္ကလာပမြို့နယ်ပြည်မြို့ဘွဲ့ဝတ်စုံနဂါးငပလီကမ်းခြေမြန်မာမိဖုရားများ စာရင်း🡆 More