အောင်ပြည့်စုံ

အောင်ပြည့်စုံ (၁၉၈၄ မွေးဖွား) သည် မြန်မာနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်ဖြစ်ပြီး လုပ်ငန်းကြီးများဖြစ်သော စကိုင်းဝမ်းဆောက်လုပ်ရေးနှင့် အောင်မြင့်မိုရ်မင်းအာမခံလုပ်ငန်းတို့ကို ပိုင်ဆိုင်သည်။ တယ်လီကွန်းဝန်ဆာင်မှုလုပ်ငန်း မိုင်တဲတွင်လည်း တစ်ဦးချင်းအနေဖြင့် အများဆုံးရှယ်ယာရှင်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ အာဏာသိမ်းစစ်ခေါင်းဆောင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏သား ဖြစ်သောကြောင့် လူမုန်းများသည်။

အောင်ပြည့်စုံ
မွေးဖွား၁၉၈၄ (အသက် ၃၉–၄၀)
မြန်မာနိုင်ငံ၊ ရန်ကုန်မြို့
နိုင်ငံလူမျိုးမြန်မာ
အခြား အမည်များဖိုးသား
မိခင်ကျောင်းရန်ကုန်ကွန်ပျူတာတက္ကသိုလ်
အလုပ်အကိုင်စီးပွားရေးလုပ်ငန်းရှင်
အိမ်ထောင်ဖက်(များ)မျိုးရတနာထိုက် (m. ၂၀၁၂)
သားသမီးခင်ငြိမ်းချမ်းပြည့်စုံလှိုင်
ခင်ဘုန်းမြတ်ပြည့်စုံလှိုင်
မိဘ(များ)မင်းအောင်လှိုင်
ကြူကြူလှ
ဆွေမျိုးသားချင်းခင်သီရိသက်မွန်

၎င်း၏ဖခင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာသည့်ကာလ သမ္မတ ဦးသိန်းစိန်လက်ထက်၌ ဈေးကွက်အောက် အလွန်နည်းသော ပမာဏဖြင့် ရန်ကုန်ပြည်သူ့ဥယျာဉ်အတွင်းရှိ တန်ကြေးမြင့်စားသောက်ဆိုင်နှင့် ပန်းချီပြခန်းကို နှစ် ၃၀ ငှားခွင့် ရသည်။ ပို့ခွန်သွင်းခွန်ကင်းလွတ်ခွင့်နှင့် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ရေး၌ အလိုအလျောက်ခွင့်ပြုမိန့်ရသော အေအန္နံမဟာ (A&M Mahar) ပို့ကုန်သွင်းကုန်လုပ်ငန်းကိုလည်း လုပ်ကိုင်နေသည်။ မြန်မာနိုင်ငံ၏ အခွန်ဦးစီးဌာနကို ခေါင်းဆောင်သူမှာ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၏ ဒါရိုက်တာဟောင်း ကျော်ထင်ဖြစ်သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှလည်း ထင်မထားနိုင်လောက်အောင်နည်းသော ငွေပမာဏဖြင့် အရက်ရောင်းချခွင့် ရခဲ့သည်။ ကန်သာယာဆေးရုံ၏ ရှယ်ယာရှင်ဖြစ်ပြီး ချောင်းသာ၊ ပုဂံ၊ မန္တလေး၊ အင်းလေး စသော ပြည်ပခရီးသွားများကျက်စားရာတို့၌ ဖွင့်ထားသော အဇူရဟိုတယ်တွဲကြီးကိုလည်း အခြားစီးပွားရေးလုပ်ငန်းရှင်တဦးနှင့်အတူ ပူးတွဲပိုင်ဆိုင်သည်။ ချောင်းသာ၌ အဇူရကမ်းခြေအပန်းဖြေစခန်းသည် အကြီးဆုံးဖြစ်သည်။

မိသားစုဘဝ

စတယ်လာ(၇) လုပ်ငန်းနှင့်၊ ချမ်းငြိမ်းပြည့်စုံထုတ်လုပ်ရေးလုပ်ငန်း ပိုင်ရှင်ဖြစ်လာမည့် မျိုးရတနာထိုက်နှင့်လက်ထပ်ရာ ခင်ငြိမ်းချမ်းပြည့်စုံလှိုင်၊ ခင်ဘုန်းမြတ်ပြည့်စုံလှိုင်ဟူသော သမီး ၂ ယောက်ရှိသည်။

နိုင်ငံတကာပိတ်ဆို့မှုများ

၂၀၁၉ ခု၌ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့က အောင်ပြည့်စုံပိုင်သောလုပ်ငန်းများကို အရေးယူရန် တောင်းဆိုဖူးသည်။

၂၀၂၁ ခု၊ မတ်လ ၁၀ ရက်နေ့တွင် အမေရိကန်အစိုးရက အောင်ပြည့်စုံနှင့် ညီမ ခင်သီရိသက်မွန်ကို စီးပွားရေးပိတ်ဆို့ရန် သတ်မှတ်ခဲ့သည်။

ကိုးကား

Tags:

မင်းအောင်လှိုင်မိုင်တဲလ် မြန်မာ၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်း

🔥 Trending searches on Wiki မြန်မာဘာသာ:

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီစုဖုရားလတ်သရဲလိင်ဆက်ဆံခြင်းယူကရိန်းနိုင်ငံအော်ကာဆယ်ပါးသီလမြန်မာပြည် စာတိုက် သင်္ကေတများဧရိယာဗင်းဆင့် ဗန်ဂိုးရဟန်းခံခြင်းလက်ပံပင်အန်ကောဝပ်ကူးစက်တတ်သည့် ရောဂါများစိတ်မေတ္တသုတ်အမှတ်(၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ဓနုလူမျိုးဘင်္ဂလားဒေ့ရှ်နိုင်ငံကျိုက်မရောမြို့နို့တိုက်သတ္တဝါရဲဘော်သုံးကျိပ်ဝိဘတ်လွတ်လပ်ရေး ကြိုးပမ်းမှုကာလ (၁၉၄၁–၁၉၄၇)အမ်မီနမ်ပရိက္ခရာ ၈-ပါးခရစ်ယာန်ဘာသာပါရမီဗျည်းကာကွယ်ရေးဝန်ကြီးဌာနဟာဝိုင်ယီပြည်နယ်အီဂျစ်နိုင်ငံမျောက်မြန်မာ့ လက်ဝှေ့မြန်မာ စံတော်ချိန်မင်္ဂလာတရား ၃၈-ပါးတစ်ကိုယ်ရည်အာသာဖြေခြင်းရေးမြို့ဇဏ်ခီဘော်နီယိုကျွန်းအမျိုးသမီးများ၏ အခွင့်အရေးမော်လမြိုင်မြို့နယ်ငွေ (သတ္တု)အရှေ့တောင်တိုင်းစစ်ဌာနချုပ်မြန်မာအက္ခရာသမိုင်းအမှတ်(၂၂)ခြေမြန်တပ်မဌာနချုပ်ပုလွေမှုတ်ခြင်းငပလီကမ်းခြေချဉ်ပေါင်ကြိတ်မှန်ပင်ကိုရီးယားစစ်ပွဲမရမ်းကုန်းမြို့နယ်ဝတ်မှုန်ရွှေရည်ဇီးကွက်လိင်စိတ်ဆွခြင်းတူရကီနိုင်ငံမြန်မာတိုင်းရင်းသားမျိုးနွယ်များခွေးရူးပြန်ရောဂါရှမ်းလူမျိုးသမ္ဗုဒ္ဓေတောင်ငူခေတ်အမှတ်(၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မက္ခရာမင်းသားကြီးမြန်မာစာရေးဆရာများ စာရင်းကုန်းဘောင်ခေတ်အိုမန်နိုင်ငံရာမာယဏမြင်းခြံမြို့ဥသျှစ်ပင်တဏှာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ဆော်ဒီအာရေဗျနိုင်ငံအလက်ဇန္ဒား ဟာမီတန်ဇော်ဂျီ (စာရေးဆရာ)ဆီးချိုရောဂါလက္ခဏာများလမ်းမတော်ဖိုးတုတ်🡆 More