အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်

အမေရိကန်ပြည်ထောင်စု ကိုယ်စားလှယ်များလွှတ်တော် (အင်္ဂလိပ်: The United States House of Representatives) သည် ယူအက်စ်ကွန်ဂရက်ခေါ် အမေရိကန်ပြည်ထောင်စု ဥပဒေပြုလွှတ်တော် (ကွန်ဂရက်) မှ အောက်လွှတ်တော်ဖြစ်၍ အထက်လွှတ်တော်မှာ ဆီးနိတ် (/ဆဲနစ်တ်, ဆဲနာ့တ်/) ဖြစ်သည်။ တိုက်ရိုက်အနက်မှာ ရွေးကောက်ခံကိုယ်စားလှယ်များ၏ လွှတ်တော် ဖြစ်လေသည်။ လွှတ်တော်နှစ်ရပ်ဖြင့် ဥပဒေပြုသောစနစ်ကို ကျင့်သုံးသည်။

အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်
United States House of Representatives
၁၁၇ ကြမ်မြောက် အမေရိကန် ကွန်ဂရက်
Seal of the U.S. House of Representatives
Seal of the House
Flag of the United States House of Representatives
Flag of the U.S. House of Representatives
အမျိုးအစား
အမျိုးအစားအမေရိကန်ပြည်ထောင်စု ကွန်ဂရက်
သက်တမ်း ကန့်သတ်ချက်
မရှိပါ။
သမိုင်းကြောင်း
အစည်းအဝေးသစ် စတင်
ဇန်နဝါရီ ၃၊ ၂၀၂၁ (၂၀၂၁-၀၁-၀၃)
ခေါင်းဆောင်များ
အောက်လွှတ်တော် ဥက္ကဋ္ဌ
Patrick McHenry (ယာယီဥက္ကဋ္ဌ) (ဒီမိုကရက်တစ်ပါတီ (D))
၂၀၁၉ ဇန်နဝါရီ ၃ ကတည်းက
လူများစုပါတီ ခေါင်းဆောင်
Steny Hoyer (ဒီမိုကရက်တစ်ပါတီ (D))
၂၀၁၉ ဇန်နဝါရီ ၃ ကတည်းက
လူနည်းစုပါတီ ခေါင်းဆောင်
Kevin McCarthy (ရစ်ပါဘလစ်ကန်ပါတီ (R))
၂၀၁၉ ဇန်နဝါရီ ၃ ကတည်းက
လူများစုပါတီ စောင့်ကြည့်ဆော်ဩသူ
Jim Clyburn (ဒီမိုကရက်တစ်ပါတီ (D))
၂၀၁၉ ဇန်နဝါရီ ၃ ကတည်းက
လူနည်းစုပါတီ စောင့်ကြည့်ဆော်ဩသူ
Steve Scalise (ရစ်ပါဘလစ်ကန်ပါတီ (R))
၂၀၁၉ ဇန်နဝါရီ ၃ ကတည်းက
အောက်လွှတ်တော် ဝါအရင့်ဆုံးပုဂ္ဂိုလ်
Don Young (ရစ်ပါဘလစ်ကန်ပါတီ (R))
၂၀၁၇ ဒီဇင်ဘာ ၅ ကတည်းက
ဖွဲ့စည်းပုံ
အမတ်ဦးရေမဲပေးခွင့်ရှိသူ အမတ် ၄၃၅ ဦး
မဲပေးခွင့်မရှိသူ အမတ် ၆ ဦး
လူများစုပါတီအတွင် ၂၁၈ ဦး
အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်
နိုင်ငံရေး အုပ်စုများ
လူများစုပါတီ (၂၂၀)
  •   Democratic (220)

လူနည်းစုပါတီ (၂၁၂)

  •   Republican (212)

လစ်လပ် (၃)

  •   Vacant (3)
သက်တမ်း
၂ နှစ်
ရွေးကောက်ပွဲများ
မဲပေး စနစ်
Plurality voting၊ ပြည်နယ် (၄၆) ခု၊
နောက်ဆုံး ရွေးကောက်ပွဲ
၂၀၂၀ နိုဝင်ဘာ ၃
လာမည့် ရွေးကောက်ပွဲ
၂၀၂၂ နိုဝင်ဘာ ၈
Redistrictingပြည်နယ်ဥပဒေပြုလွှတ်တော်များ (သို့) မဲဆန္ဒနယ်ပြန်လည်ပြင်ဆင်သည့် ကော်မရှင် (သို့) ပြည်နယ်အလိုက် ကွဲပြားမှုများ
ဆွေးနွေးရာနေရာ
အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်
အောက်လွှတ်တော် ခန်းမဆောင်
အမေရိကန်ပြည်ထောင်စု ကာပီတယ်လ်
ဝါရှင်တန်ဒီစီ
အမေရိကန်ပြည်ထောင်စု
ဝက်ဘ်ဆိုဒ်
house.gov

ဤအောက်လွှတ်တော်ကို ဖွဲ့စည်းခြင်းကို အမေရိကန်ပြည်ထောင်စု၏ အခြေခံဥပဒေ အပိုဒ်ခွဲ (၁)က ပြဋ္ဌာန်းပေးထားသည်။ အောက်လွှတ်တော်ကို နိုင်ငံ၏ ပြည်နယ်တစ်ခုခြင်းအလိုက် ခွဲဝေသတ်မှတ်ထားသော ကွန်ဂရက်မဲဆန္ဒနယ်များမှ ရွေးကောက်ခံကိုယ်စားလှယ်များ (representatives) တို့ဖြင့် ဖွဲ့စည်းထား၍ လူဦးရေပေါ်တွင် မဲဆန္ဒနယ်ကို အခြေခံသတ်မှတ်ကြသည်။ မဲဆန္ဒနယ်တစ်ခုတွင် ကိုယ်စားလှယ်တစ်ဦးရှိပြီး ပြည်နယ်တစ်ခုတွင် ကိုယ်စားလှယ်တစ်ဦး အနည်းဆုံးရှိနေရမည်။ ၁၇၈၉ လွှတ်တော်စတင်ကျင့်သုံးချိန်ကတည်းက ကိုယ်စားလှယ်အားလုံးကို တိုက်ရိုက်ရွေးကောက်တင်မြှောက်ကြသည်။ လွှတ်တော်တွင် မဲပေးပိုင်ခွင့်ရှိသော ကိုယ်စားလှယ်ကို ဥပဒေအရ ၄၃၅ ဦးဖြင့် ကန့်သတ်ထားသည်။ DC Admission Act (ထပ်မံဝင်ခွင်ပြု အက်ဥပဒေ) ကိုသာ ထုတ်ပြန်မည်ဆိုလျှင် အရေအတွက်မှာ ၄၃၆ ဦး ဖြစ်လာမည်။ ထို့အပြင် လက်ရှိ၌ မဲပေးပိုင်ခွင့်မရှိသော ကိုယ်စားလှယ်အမတ် ခြောက်ဦးရှိ၍ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်မှာ ၄၄၁ ရှိသည်။ (သို့) လစ်လပ်နေရာရှိပါက ပို၍ နည်းနိုင်သည်။ ၂၀၁၀ သန်းခေါင်စာရင်းအချက်အလက်အရ ကိုယ်စားလှယ်အများဆုံးရှိသည့် ပြည်နယ်မှာ ကယ်လီဖိုးနီးယားပြည်နယ်ဖြစ်၍ ၅၃ ဦး ရှိလေသည်။ ပြည်နယ်ခုနစ်ခုတွင် ကိုယ်စားလှယ်တစ်ဦးစီသာရှိ၍ ၎င်းတို့မှာ အလက်စကာပြည်နယ်ဒယ်လာဝဲပြည်နယ်မွန်တားနားပြည်နယ်မြောက်ဒါကိုတာပြည်နယ်တောင်ဒါကိုတာပြည်နယ်ဗားမောင့်ပြည်နယ်ဝိုင်းယိုမင်ပြည်နယ်တို့ဖြစ်ကြသည်။

အောက်လွှတ်တော်သည် ဖယ်ဒရယ်ဥပဒေပြုခြင်းများကို ကိုင်တွယ်လုပ်ဆောင်ရာ ဥပဒေကြမ်း (bill) များကို ထုတ်ပြန်ပေး၍ ထို့နောက် အထက်လွှတ်တော် ဆီးနိတ်၏ သဘောတူညီမှုဖြင့် သမ္မတဆီသို့ တင်ပြကြသည်။ အောက်လွှတ်တော်တွင် သီးသန့်အခွင့်အာဏာများရှိကြသည်။ ၎င်းတို့မှာ အခွန်ဘဏ္ဍာဥပဒေကြမ်းများကိုညစတင်ခြင်း၊ ပြည်ထောင်စု အရာရှိများကို တာဝန်မှဖယ်ရှားခြင်း၊ ပြည်ထောင်စုကိုယ်စားလှယ်များအဖွဲ့ (Electoral College) တွင် အများစုမဲကို သမ္မတလောင်းနှစ်ဦး၌ မည်သူမျှ မရရှိပါက သမ္မတကို ရွေးကောက်နိုင်သည်။ အမေရိကန်ပြည်ထောင်စု ကာပီတယ်လ် အဆောက်အအုံ၏ တောင်ဘက်ဆောင်သည် အောက်လွှတ်တော်၏ တည်နေရာဖြစ်သည်။

လွှတ်တော်နာယကကို လွှတ်တော်ကိုယ်စားလှယ်များက ရွေးကောက်တင်မြှောက်ကြပြီး ပုံမှန်မှာ အများစုအနိုင်ရပါတီ၏ ခေါင်းဆောင်ဖြစ်လေ့ရှိသည်။ ထိုသို့ နာယကနှင့် အခြားဆွေးနွေးပွဲ/အစည်းအဝေး ခေါင်းဆောင်များကို ဒီမိုကရက်တစ်ပါတီ သီးသန့်အဖွဲ့ငယ် (သို့) ရစ်ပါဘလစ်ကန်ပါတီညီလာခံတို့က မည်သည့်ပါတီသည် မဲပေးပိုင်ခွင့်ရှိ ကိုယ်စားလှယ်အရေအတွက် ရရှိမှုအပေါ်မူတည်၍ ရွေးချယ်ကြလေသည်။

ကိုးကား


Tags:

အင်္ဂလိပ်ဘာသာစကားအမေရိကန်ပြည်ထောင်စုအမေရိကန်ပြည်ထောင်စု ကွန်ဂရက်

🔥 Trending searches on Wiki မြန်မာဘာသာ:

မိုးကုတ်တရားဖွေးဖွေးပိုးသတ်ဆေးလင်ခန်းမယားခန်း ပြတ်စဲခြင်းတာမွေမြို့နယ်ဟစ်တလာမြောက်ဥက္ကလာပမြို့နယ်တစ်ကိုယ်ရည်အာသာဖြေခြင်းအမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်အိုမန်နိုင်ငံတပ်မတော်အက်ဥပဒေများကျောက်ကပ်ရောင်ရောဂါကယားလူမျိုးလာအိုနိုင်ငံရှမ်းလူမျိုးအရှေ့တောင်အာရှဘွဲ့ဝတ်စုံနွေရာသီစိုက်ပျိုးရေးရန်ကုန်မြို့ရှိ ဆေးရုံများ စာရင်းသရဏဂုံတည်ခြင်းလိင်စိတ်ဆွခြင်းမိုင်းခရပ်ဖ်နည်းပညာရတုချင်းမိုင်မြို့ရတနသုတ်ကျိုက်ထီးရိုးဘုရားပြည်သူ့ကာကွယ်ရေးတပ်မတော်ဗေဒင်ကွန်ဒုံးပင်းယခေတ်မြန်မာမိဖုရားများ စာရင်းရာပြည့်အမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ်ခန္ဓသုတ်ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေးကောင်စီ)ဝမ်းပိစ်အက်တမ်အသည်းရောင် အသားဝါ ရောဂါ ဘီပိုးမြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေဒေသများအစာအိမ်ဂူဂယ်မြန်မာနိုင်ငံရှိ နိုင်ငံခြား သံရုံးများအောက်ချင်းငှက်ပလေးတိုးဓမ္မစကြာသုတ္တန်ပွေး(ရောဂါ)အင်္ဂလန်နိုင်ငံသိဒ္ဓတ္ထမင်းသားအဘိဓမ္မာပိဋကတ်မဉ္ဇူပန်းပင်နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နိုင်ငံတော် သံဃမဟာနာယကအဖွဲ့နတ် (ဝိညာဉ်)ကွန်ဖြူးရှပ်ဘူတန်နိုင်ငံအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဂျိုးလေးရွာ၊ ဝေါမြို့နယ်ရန်ကုန်မြို့ရှိ ခရိုင်နှင့် မြို့နယ်များစာရင်းရှမ်းပြည်နယ်နရသီဟပတေ့ကျင်ဒွေးမြို့ဟံသာဝတီကုလသမဂ္ဂမင်းအောင်လှိုင်ပရိတ်ကြီး ၁၁ သုတ်သရဏဂုံဗုဒ္ဓပိုးကြာဖြူခင်ဓမ္မရံကြီးဘုရားအောင်သူ (ဘောလုံးသမား)အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်ခရစ်ယာန်ဘာသာပုသိမ်မြို့🡆 More