အင်းကျား

အင်းကျားသည် ကြောင်မျိုးရင်းဝင် တိရစ္ဆာန်များအနက် အလယ်အလတ် အရွယ်အစားရှိသော တောရိုင်းတိရစ္ဆာန်ဖြစ်ပြီး ဟိမဝန္တာတောင်ခြေဒေသများမှနေ၍ ဗဟိုအရှေ့တောင်အာရှဒေသများအပြင် တရုတ်ပြည်တောင်ပိုင်းအထိပါ ဖြန့်ကျက်တွေ့ရှိရသည်။ ၂၀၀၈ ခုနှစ်မှစ၍ IUCN အနီရောင်စာရင်းတွင် ၎င်းတို့အား မျိုးသုဉ်းရန်အန္တရာယ်ကျရောက်နိုင်သော မျိုးစိတ်အဖြစ် သတ်မှတ်ခဲ့သည်။ အင်းကျား အကောင်ရေစုစုပေါင်းအနေဖြင့် အရွယ်ရောက်ပြီးအကောင်ရေ ၁၀၀၀၀ အောက်သာရှိပြီး ဒေသတစ်ခုစီ၌ အရွယ်ရောက်စအကောင်ရေ ၁၀၀၀ ကျော်ရှိသော ဒေသဟူ၍မရှိဟုခန့်မှန်းထားသည်။

အင်းကျား (Clouded Leopard)
Closeup of clouded leopard
နတ်ချ်ဗီလီ တိရစ္ဆာန်ဥယျာဉ်၌ရှိသော အင်းကျားတစ်ကောင်၏ ပုံ
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
မျိုးစဉ်: Carnivora
Suborder: Feliformia
မျိုးရင်း: Felidae
မျိုးရင်းသေး: Pantherinae
မျိုးစု: Neofelis
မျိုးစိတ်:
N. nebulosa
ဒွိနာမ
Neofelis nebulosa
(Griffith, 1821)
အင်းကျား
၂၀၁၆ ခုနှစ်က အင်းကျားများ နေထိုင်ကျက်စားခဲ့ရာ ဒေသများ

အင်းကျား၏ ပါဏဗေဒအမည်မှာ ‘နီရိုဖဲလစ် နီဘူလိုစာ (Neofelis nebulosa)’ ဖြစ်သည်။ အင်္ဂလိပ်ဘာသာဖြင့် အင်းကျားကို Mainland Clouded Leopard ဟုခေါ်ဆိုပြီး တရားဝင်သတ်မှတ်မထားသည့် ၎င်း၏မျိုးစိတ်ကွဲ "စူမတြားအင်းကျား (N. diardi)" ၏ အမည် (Sunda Clouded Leopard) နှင့် ကွဲပြားစေရန်လည်းဖြစ်သည်။ ၎င်းသည် အိန္ဒိယနိုင်ငံ၊ Meghalaya ပြည်နယ်၏ အထိမ်းအမှတ်တိရစ္ဆာန်လည်း ဖြစ်သည်။

ဇီဝမျိုးရိုးခွဲခြားခြင်း

၁၈၂၁ ခုနှစ်တွင် Edward Griffith ဆိုသူမှ တရုတ်နိုင်ငံမှရရှိသည့် အင်းကျား သားရေဖြင့် ဖော်ထုတ်ပြသ၍ Felis nebulosa ဟူသော အမည်ကို အဆိုပြုခဲ့သည်။ ၁၈၄၁ ခုနှစ်တွင် Brian Houghton Hodgson ဆိုသူမှလည်း နီပေါနိုင်ငံမှရရှိသည့် အင်းကျားနမူနာဖြင့် Felis macrosceloides ဟူသော အမည်အား အဆိုပြုခဲ့ဖြစ်သည်။ ၁၈၆၂ ခုနှစ်တွင် Robert Swinhoe ဆိုသူကလည်း ထိုင်ဝမ်မှရရှိသော အင်းကျား သားရေဖြင့် Felis brachyura ဟူသော အမည်အား အဆိုပြုခဲ့သည်။ ၁၈၆၇ ခုနှစ် တွင် John Edward Greyဆိုသူမှ Neofelis ဟူသော မျိုးစုအမည်အား အဆိုပြုတင်သွင်းခဲ့ပြီး မျိုးစိတ် သုံးမျိုးစလုံးအား ထိုမျိုးစု၏အောက်သို့ ထည့်သွင်းခဲ့သည်။ လက်ရှိတွင် မျိုးစိတ်ကွဲအဖြစ် သတ်မှတ်ရန် လုံလောက်သည့် သက်သေအထောက်အထားမရှိခြင်းကြောင့် တစ်ခုတည်းသော မျိုးစိတ် (Neofelis nebulosa) အဖြစ် သတ်မှတ်ထားသည်။

မျိုးရိုးဆင်းသက်ပုံ ဇယားကားချပ်
 ကြောင်မျိုးရင်း 
 ကြောင်မျိုးရင်းခွဲ 

 (အခြားမျိုးရင်းဝင် မျိုးစုများ)

 (Felinae) 
 ကြောင်ကြီးမျိုးရင်းခွဲ 
 အင်းကျားမျိုးစု 

 "အင်းကျား" (N. nebulosa)

 စူမတြားအင်းကျား (N. diardi)

 (Neofelis) 
 ကြောင်ကြီးမျိုးစု 

 (မျိုးစိတ် ၅ ခု)

 (Panthera) 
 (Pantherinae) 
 (Felidae) 

ကိုးကား




Tags:

IUCN အနီရောင်စာရင်းကြောင်မျိုးရင်းတရုတ်ပြည်သူ့သမ္မတနိုင်ငံမျိုးသုဉ်းရန်အန္တရာယ်ကျရောက်နိုင်သော မျိုးစိတ်ဟိမဝန္တာ တောင်တန်းအရှေ့တောင်အာရှ

🔥 Trending searches on Wiki မြန်မာဘာသာ:

မြန်မာနိုင်ငံ၏ ပညာရေးမှော်ပညာအလောင်းတော် ကဿပပြည်ထောင်စုနေ့ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်ဝါရမိတ္တုရက်ကြီးမက်အာသာ၊ ဒေါက်ဂလပ်လေးဖြူမြန်မာပြည်သိန်းတန်ဂုဏ်တော်ကွန်ချာမြန်မာစာရေးဆရာများ စာရင်းမြန်မာနိုင်ငံ၏ စီးပွားရေးကချင်ပြည်နယ်Minecraftကုန်းဘောင်ခေတ် ကာမစပ်ယှက်နည်းများပုဗ္ဗဏှသုတ်လာအိုနိုင်ငံဝိပဿနာရန်ကုန်တိုင်းဒေသကြီးဦးပိန်တံတားမြန်မာကျပ်ငွေချင်းပြည်နယ်လတ္တီကျူဘရူနိုင်းနိုင်ငံမြန်မာသရုပ်ဆောင်များစာရင်းဓမ္မစေတီခေါင်းလောင်းကြီးရှမ်းဘာသာစကားရှင်ပြုခြင်းပိဋကတ် သုံးပုံမကွေးမြို့အသည်းရောင် အသားဝါ ရောဂါ ဘီပိုးကွန်ဒုံးရွှေတိဂုံစေတီတော်ကျုံးဆူးလေစေတီတော်မဟာဗန္ဓုလကာလာမသုတ်ရှင်သီဝလိဂါထာမင်းအောင်လှိုင်ခန္ဓာငါးပါးနယ်ခြားစောင့်တပ်ဖွဲ့မေတ္တသုတ်လမ်းမတော်ဖိုးတုတ်ဆွီဒင်နိုင်ငံတအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်ပေပင်ရဲဘော်သုံးကျိပ်တပ်မတော်၏ လက်မောင်းတံဆိပ်အဆောင်အယောင်များမဟာသမယသုတ်ကော့ဘိန်းရွာ၊ ကော့ကရိတ်မြို့နယ်အရှေ့တောင်တိုင်းစစ်ဌာနချုပ်မင်္ဂလသုတ်အာဇာနည်နေ့ဘူတန်နိုင်ငံကြေးမုံ သတင်းစာမြန်မာနိုင်ငံ၏ ပြည်သူ့စစ်မှုထမ်းဥပဒေလိင်ဖြင့်မျိုးပွားခြင်းလွှမ်းမိုးမြန်မာ့သမိုင်းဆင်ဘားအံမြို့ပုညခင်တောင်ကြီးမြို့ရဲယိုပင်ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်ကြောင် (တိရစ္ဆာန်)ဂျူးဘာသာပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနလေဖြတ်ခြင်းကြို့ပင်ကောက်မြို့ဖားကန့်မြို့ယာဘပရိတ်ကြီး ၁၁ သုတ်ငါးပါးသီလရန်ကုန်-မန္တလေး အမြန်လမ်းယွန်းယွန်းမြန်မာနိုင်ငံရှိ တံတားများအနတ္တလက္ခဏသုတ်🡆 More