စတင်ခြင်း

ပံ့ပိုးဆောင်ရွက်သူအသစ်တစ်ယောက်အနေနဲ့ ဝီကီပီးဒီးယား အမည်ရှိတဲ့ ဒီပရောဂျက်ရဲ့ ကျယ်ပြန့်မှုကို သင့်အနေနဲ့ အနည်းငယ် ရှိန်ကောင်းရှိန်နေနိုင်ပါတယ်။ ယေဘုယျ အမြင်နဲ့ သင်တည်းဖြတ်သွားတာတွေကို လက်ခံလို့ရတဲ့အတွက် အစောပိုင်းအချိန်တွေမှာ အရာအားလုံးကို သင့်အနေနဲ့ နားမလည်နိုင်သေးတာကို မစိုးရိမ်ပါနဲ့။ ရဲရဲဝံ့ဝံ့ရှိဖို့၊ မျှမျှတတရှိဖို့၊ တိကျသေချာဖို့နဲ့ ရှေ့ဆက်သွားဖို့ ကျွန်ုပ်တို့ တိုက်တွန်းလိုပါတယ်။

ဝီကီပီးဒီးယားတွင် ပါဝင်ပံ့ပိုးခြင်း စာမျက်နှာမှာ ဝီကီပီးဒီးယားကို တည်းဖြတ်ရာမှာ လိုအပ်တဲ့ အချက်အလက်တွေ၊ လင့်ခ်တွေ၊ ဗီဒီယိုတွေနဲ့ အခြား လိုအပ်တဲ့ အခြေခံအချက်အလက်တွေကို ဖော်ပြထားတဲ့ စာမျက်နှာ ဖြစ်ပါတယ်။ မဏ္ဍိုင်ငါးရပ်ကတော့ အများဆုံး ပတ်သက်ဆက်နွယ်နေတဲ့ ဝီကီပီးဒီးယား နိယာမတွေရဲ့ အနှစ်ချုပ်ပဲ ဖြစ်ပါတယ်။ community portal က ပေါင်းစည်းဆောင်ရွက်နိုင်ဖို့အတွက် ဗဟိုချက်တစ်ခု ဖြစ်ပါတယ်။ တကယ်လို့ တစ်နေနေရာမှာ သင်အခက်အခဲဖြစ်နေခဲ့ရင် သင့်မေးခွန်းတွေကို ကူညီဖြေရှင်းပေးမယ့် စေတနာ့ဝန်ထမ်းတွေ ရှိနေပါတယ်။ နောက်ထပ်အချက်အလက်တွေအတွက် အကူအညီ ရယူခြင်း မှာ ကြည့်ပါ။

ကျူတိုရီရယ်များ

  • မိတ်ဆက်: တည်းဖြတ်ပုံတွေကို ရှင်းလင်ပြသထားတဲ့ ကျွန်ုပ်တို့ရဲ့ အဓိကလမ်းညွှန်မိတ်ဆက် စာမျက်နှာ ဖြစ်ပါတယ်။
  • သင်၏ ပထမဆုံး ဆောင်းပါး: ဆောင်ရန်၊ ရှောင်ရန် အချက်အချို့တွေကို ရှင်းပြထားပြီး ဆောင်းပါးသစ်တစ်ခု ဘယ်လိုဖန်တီးမလဲဆိုတာ ဖော်ပြထားတဲ့ စာမျက်နှာ ဖြစ်ပါတယ်။

သီးခြား ခေါင်းစဉ် မိတ်ဆက်များ

  • ဝီကီပီးဒီးယား လမ်းညွှန် မိတ်ဆက်: အပိုင်း ငါးပိုင်း ပါဝင်တဲ့ ဝီကီပီးဒီးယား လမ်းညွှန် ဖြစ်ပါတယ်။ (မိတ်ဆက်၊ အမည်ညွှန်းများ၊ စာမျက်နှာများ ရှာဖွေခြင်းနှင့် ပြန်ညွှန်းများ၊ အသုံးဝင်မယ့် စာမျက်နှာများ၊ အနှစ်ချုပ်)

အစဉ်အလာများနှင့် လုပ်ထုံးများ

  • မူဝါဒများနှင့် လမ်းညွှန်ချက်များ မိတ်ဆက်: အပိုင်းလေးပိုင်း ပါဝင်သော စည်းမျဉ်းစည်းကမ်းများ လမ်းညွှန်။ မူဝါဒများနှင့် လမ်းညွှန်ချက်များ၊ အကြောင်းအရာ၊ အပြုအမူနှင့် အနှစ်ချုပ်။
  • စတိုင်လက်စွဲ မိတ်ဆက်: စတိုင်လက်စွဲ မိတ်ဆက် အပိုင်း ခြောက်ပိုင်း: စတိုင်လက်စွဲ၊ ဆောင်းပါး အပိုင်းများ၊ ပုံများနှင့် ကိုးကား၊ ချိတ်ဆက်ခြင်း၊ တပြေးညီဖြစ်ခြင်းနှင့် အနှစ်ချုပ်။
  • ဖျက်ပစ်ခြင်း လုပ်ငန်းစဉ် မိတ်ဆက်: ဖျက်ပစ်ခြင်းနှင့် သက်ဆိုင်သော မူဝါဒများနှင့် လမ်းညွှန်ချက်များ အကြောင်းအပါအဝင် လုပ်ငန်းစဉ် အကြောင်းများ။

ရင်းမြစ်တည်းဖြတ်ခြင်းဖြင့် တည်းဖြတ်ခြင်း

  • တည်းဖြတ်ခြင်း မိတ်ဆက်: အပိုင်းခြောက်ခု ပါဝင်သော တည်းဖြတ်ခြင်းလမ်းညွှန်: စာမျက်နှာများ တည်းဖြတ်ခြင်း၊ ပုံစံချခြင်း၊ ချိတ်ဆက်ခြင်းနှင့် ဝီကီလင့်ခ်များ၊ ပြောင်းလဲမှုများ သိမ်းဆည်းခြင်း၊ ဆောင်းပါးသစ်များ ဖန်တီးခြင်းနှင့် အနှစ်ချုပ်။
  • ကိုးကားထည့်ခြင်း မိတ်ဆက်: အပိုင်းငါးခု ပါဝင်သော ကိုးကားထည့်ခြင်း မိတ်ဆက်: စိစစ်အတည်ပြုခံနိုင်မှု၊ စာကြောင်း ကိုးကားများ၊ RefToolbar; ယုံကြည်စိတ်ချရသော ရင်းမြစ်များနှင့် အနှစ်ချုပ်။
  • ပုံတင်ခြင်း မိတ်ဆက်: အပိုင်းလေးခု ပါဝင်သော ပုံတင်ခြင်း လမ်းညွှန်: မိတ်ဆက်၊ ပုံတင်ခြင်း၊ ပုံအသုံးပြုခြင်းနှင့် အနှစ်ချုပ်။
  • ဇယားများ မိတ်ဆက်: အပိုင်းလေးခု ပါဝင်သော ဇယားထည့်ခြင်း လမ်းညွှန်: ဇယားများ မိတ်ဆက်၊ ဇယားများ တည်းဖြတ်ခြင်း၊ ဇယားများ ချဲ့ကားခြင်းနှင့် အနှစ်ချုပ်။
  • ဆွေးနွေးချက် စာမျက်နှာများ မိတ်ဆက်: အပိုင်း ခြောက်ခုပါဝင်သော ဆွေးနွေးချက် စာမျက်နှာများ အသုံးပြုခြင်း လမ်းညွှန်: ဆွေးနွေးချက် စာမျက်နှာများ၊ အသုံးပြုသူ ဆွေးနွေးချက် စာမျက်နှာများ၊ ပုံစံ၊ နမူနာများ၊ အာရုံစိုက်စေရန် ဆွဲဆောင်ခြင်းနှင့် အနှစ်ချုပ်။

မျက်မြင်တည်းဖြတ်ဖြင့် တည်းဖြတ်ခြင်း

  • မျက်မြင်တည်းဖြတ်ဖြင့် တည်းဖြတ်ခြင်း မိတ်ဆက်: အပိုင်းခြောက်ခု ပါဝင်သော မျက်မြင်တည်းဖြတ်ဖြင့် တည်းဖြတ်ခြင်း မိတ်ဆက်: တည်းဖြတ်မြင်ကွင်း ဖွင့်ခြင်း၊ ကိရိယာဘား အခြေခံများ၊ အချိတ်အဆက်များနှင့် ဝီကီလင့်ခ်များ၊ ပြောင်းလဲမှုများ လွှင့်တင်ခြင်း၊ ဆောင်းပါးသစ်များ ဖန်တီးခြင်းနှင့် အနှစ်ချုပ်။
  • မျက်မြင်တည်းဖြတ်ဖြင့် ကိုးကားခြင်း မိတ်ဆက်: အပိုင်းခြောက်ခု ပါဝင်သော ကိုးကားထည့်ခြင်း မိတ်ဆက်: စိစစ်အတည်ပြုခံနိုင်မှု၊ ကိုးကားများ ထည့်ခြင်း၊ ရှိနှင့်ပြီး ကိုးကားများ တည်းဖြတ်ခြင်း၊ ကိုးကားများ ပြန်လည်အသုံးပြုခြင်း၊ ယုံကြည်စိတ်ချရသော ရင်းမြစ်များနှင့် အနှစ်ချုပ်။
  • မျက်မြင်တည်းဖြတ်ဖြင့် ပုံတင်ခြင်း မိတ်ဆက်:အပိုင်းခြောက်ခု ပါဝင်သော ပုံတင်ခြင်း လမ်းညွှန်: မိတ်ဆက်၊ ပုံတင်ခြင်း၊ ပုံအသုံးပြုခြင်း၊ အသေးစိတ် တည်းဖြတ်ခြင်း၊ ပုံပြခန်းများနှင့် အနှစ်ချုပ်။
  • မျက်မြင်တည်းဖြတ်ဖြင့် ဇယားများထည့်ခြင်း မိတ်ဆက်: အပိုင်းငါးခု ပါဝင်သော စာမျက်နှာများတွင် ဇယားများထည့်ခြင်း လမ်းညွှန်: ဇယားများ မိတ်ဆက်၊ ဇယားများ တည်းဖြတ်ခြင်း၊ ဇယားအသစ်များ ထည့်ခြင်း၊ ဇယားများ ချဲ့ကားခြင်းနှင့် အနှစ်ချုပ်

လမ်းညွှန်များ

  • မျက်မြင်တည်းဖြတ် (VisualEditor) အသုံးပြုခြင်း လမ်းညွှန်: Wiki: VisualEditor အတွက် လမ်းညွှန်လက်စွဲ အပြည့်အစုံ
  • ရိုးရိုးရှင်းရှင်း: ဝီကီပီးဒီးယား၏ အခြေခံ မက္ကနစ်များ။ ယင်းတို့မှာ အောက်ပါ လမ်းညွှန်များ ပါဝင်သည်။
    • ကိုယ်ကျိုးစီးပွားဝိရောဓိအတွက် ရှင်းလင်းသော လမ်းညွှန်: ကိုယ်ကျိုးစီးပွား ဝိရောဓိရှိသော တည်းဖြတ်သူများအတွက်။
    • ဆေးပညာကျွမ်းကျင်သော တည်းဖြတ်သူများအတွက် ရှင်းလင်းသော လမ်းညွှန်: ဆေးပညာရပ်ဆိုင်ရာဆောင်းပါးများ တည်းဖြတ်ခြင်းအတွက်။
    • အခမဲ့မဟုတ်သော အကြောင်းအရာများအတွက် ရှင်းလင်းသော လမ်းညွှန်: ဝီကီပီးဒီးယား၏ မူဝါဒ လမ်းညွှန်ချက်များသည် အရှုပ်ထွေးဆုံး အစိတ်အပိုင်းဖြစ်ပြီး မည်သည့်စည်းမျဉ်းများက မည်သို့ဆိုလိုသည်ကို ရှင်းလင်းပြသထားသည်။

လမ်းညွှန်ချက်အတိုများ

  • Edit toolbar: တည်းဖြတ်နေစဉ် ကိရိယာဘားအား အသုံးပြုနည်း။
  • မီဒီယာ အကူအညီ: သင့်ကွန်ပျူတာတွင် မီဒီယာများ လုပ်ဆောင်နိုင်ရန် လမ်းညွှန်။
  • ကိုးကားခြင်းများ လမ်းညွှန်အတို: ကိုးကားများ အသုံးပြုခြင်းအတွက် လမ်းညွှန်အတို။
  • ဝီကီစာသား cheatsheet: ဝီကီစာသား (wikitext) များအတွက် လမ်းညွှန်အတို။

အထူးပြု ကျူတိုရီရယ်များ

  • ပုံလမ်းညွှန်: စာမျက်နှာများအတွင်း ပုံထည့်သွင်းနည်း။ ရှည်လျားသော်လည်း ရှင်းလင်းလွယ်ကူပါသည်။
  • en:Wikipedia:Graphics tutorials: ဂရပ်ဖစ်ဆော့ဖ်ဝဲ ကျူတိုရီရယ်များသို့ လင့်ခ်များ

အကူအညီ ရင်းမြစ်များ

  • ဤနေရာသည် အကူအညီများနှင့် ပတ်သက်သော စာမျက်နှာများကို စာရင်းပြုစုထားသည့် အကူအညီ မီနူး နှင့် အကူအညီ လမ်းညွှန် ဖြစ်သည်။
  • ဝီကီပီးဒီးယား:လမ်းညွှန်များနှင့် အညွှန်းများ: ဝီကီပီးဒီးယား၏ လမ်းညွှန်စာရင်းနှင့် အညွှန်းများ စာရင်း။
  • Wiki: FAQ: မေးလေ့ရှိသော မေးခွန်းများ စာရင်း။
  • Wiki: Questions: ဝီကီပီးဒီးယားတွင် မေးခွန်းများ မေးမြန်းပုံကို ဆွေးနွေးထားသည်။
  • ဝီကီပီးဒီးယား:ဆောင်ရန် ရှောင်ရန်များ: ဝီကီပီးဒီးယား၏ လုပ်ထုံးလုပ်နည်းများအချို့ကို လိုတိုရှင်း အနှစ်ချုပ်ထားသည်။

Tags:

စတင်ခြင်း ကျူတိုရီရယ်များစတင်ခြင်း သီးခြား ခေါင်းစဉ် မိတ်ဆက်များစတင်ခြင်း လမ်းညွှန်များစတင်ခြင်း အထူးပြု ကျူတိုရီရယ်များစတင်ခြင်း အကူအညီ ရင်းမြစ်များစတင်ခြင်းဝီကီပီးဒီးယား:BOLDဝီကီပီးဒီးယား:V

🔥 Trending searches on Wiki မြန်မာဘာသာ:

နယူတန်အမျိုးသမီးဝိနည်းထိုင်းဘာသာစကားနေအဖွဲ့အစည်းမကွေးတိုင်းဒေသကြီးကလေးမြို့နာဇီဂျာမနီကောလင်း ပေါင်ဝဲလ်စောမောင် (ဗိုလ်ချုပ်မှူးကြီး)အာနာပါနမောရသုတ်နို့ငါးမျိုးစိတ်များ စာရင်းကားမြထွန်းဦးမြန်မာနိုင်ငံတော်ဗဟိုဘဏ်ရန်ကုန်မြို့ရှိ ခရိုင်နှင့် မြို့နယ်များစာရင်းကြည့်မြင်တိုင်မြို့နယ်မြန်မာ့ရိုးရာ ကစားနည်းလောက်ကိုင်မြို့ဘဒ္ဒကမ္ဘာဇီဝဗေဒကလီယို ပတ်ထရာကွန်ပျူတာနှလုံးအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အိမ်စောင့်အစိုးရ (၂၀၂၁)ကုန်းဘောင်ခေတ်ဘုရားပင့်ဝန်ကြီးဌာန နှင့် အကြီးအကဲများ စာရင်းကျောက်စိမ်းအယုဒ္ဓယတာလပေါဟင်းအောင်ဆန်းစုကြည်မဟာဗန္ဓုလရှင်စောပုရာဇာဓိရာဇ်နှစ်ကျိပ်ရှစ်ဆူတနင်္သာရီတိုင်းဒေသကြီးယာဘဖိလစ်ပိုင်နိုင်ငံဦးသန့်မြန်မာနိုင်ငံ ရေနံလုပ်ငန်းမဟာသမယသုတ်လင်ခန်းမယားခန်း ပြတ်စဲခြင်းပါရာဇိကစီးပွားရေးအစိုးရဗျသနတရားငါးပါးမြန်မာမိဖုရားများ စာရင်းရဲယိုပင်ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနဗမာပြည် ကွန်မြူနစ်ပါတီမြို့မငြိမ်းအင်္ဂလန်နိုင်ငံမြေပဲနေဝင်း (ဗိုလ်ချုပ်ကြီး)မြန်မာကိန်းဂဏန်းများဝက်ဝံပြင်ဦးလွင်မြို့နယ်မထိုးသွင်းသော လိင်ဆက်ဆံခြင်းသတိုးမင်းဖျားတားရော့ပညာဘရာဇီးနိုင်ငံပုဂံဝ လူမျိုးမိကျောင်းမြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေဒေသများဓမ္မရံကြီးဘုရားမြစ်ကြီးနားမြို့တပ်မတော် စစ်ဘက်ဆိုင်ရာအကြီးအကဲများရန်ကုန်တိုင်းစစ်ဌာနချုပ်ရွှေစည်းခုံ စေတီတော် (ပုဂံ)🡆 More