ဤစာမျက်နှာကို တိုတိုပြောရလျှင်: အခမဲ့မဟုတ်သော အကြောင်းအရာ စည်းကမ်းများကို လေးစားလိုက်နာပြီး အခမဲ့မဟုတ်သော အကြောင်းအရာများကို မတတ်နိုင်သည့် အဆုံးမှသာ အသုံးပြုပါ။
အကြောင်းရင်း
အခမဲ့ အကြောင်းအရာများကို အသုံးပြုသူများမှ မီဒီယာများ အားလုံးတွင် အကန့်အသတ်မရှိ ဖြန့်ဖြူးခြင်း၊ ပြင်ဆင်ခြင်းနှင့် အသုံးချခြင်းများတို့အတွက် ဝီကီပီးဒီးယား၏ တာဝန်ဖြစ်သော အခမဲ့ အကြောင်းအရာများကို စဉ်ဆက်မပြတ် ထုတ်လုပ်ရာတွင် အထောက်အကူ ဖြစ်စေရန်။ အမေရိကန်ပြည်ထောင်စု မူပိုင်ခွင့် ဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းထားသော တရားမျှတစွာ အသုံးပြုခြင်း သတ်မှတ်ချက်များထက် ပိုမိုစေ့စပ်သော သတ်မှတ်ချက်များကို ပြဋ္ဌာန်း အသုံးပြုခြင်းဖြင့် အခမဲ့မဟုတ်သော အကြောင်းအရာ ပမာဏကို ကန့်သတ်ကာ ဥပဒေရေးရာ ထိတွေ့ခြင်းများကို အနည်းဆုံး ဖြစ်စေရန်။ အခမဲ့မဟုတ်သော အကြောင်းအရာကို နှိုင်းနှိုင်းချိန်ချိန် အသုံးပြုရာတွင် ပံ့ပိုးဆောင်ရွက်ပေးခြင်းဖြင့် အရည်အသွေး မြင့်မားသော စွယ်စုံကျမ်းတစ်ခုအား တည်ဆောက်ရာတွင် အထောက်အကူ ဖြစ်စေရန်။
မူဝါဒ
ဆောင်းပါးတစ်ပုဒ် သို့မဟုတ် ဝီကီပီးဒီးယားပေါ်ရှိ မည်သည့်နေရာတွင်မဆို အခမဲ့မဟုတ်သော အကြောင်းအရာကို အသုံးပြုရန် အလိုအလျောက် ခွင့်ပြုထားခြင်း မရှိပေ။ ဆောင်းပါး သို့မဟုတ် အခြား ဝီကီပီးဒီးယား စာမျက်နှာများသည် လမ်းညွှန်ချက် နှင့် အညီ မူပိုင်ခွင့်ရှိ မီဒီယာမှ ထုတ်နှုတ်ထားသော စာသားအကျဉ်းချုပ်ကို ကျိုးကြောင်းညီညွတ်စွာဖြင့် မူလရင်းမြစ် သို့မဟုတ် မူရင်းဖန်တီးရှင်ကို ရည်ညွှန်းကာ (ကိုးကားခြင်း လမ်းညွှန် တွင် ဖော်ပြထားသည့်အတိုင်း) အသုံးပြုရမည်။ အထူးသဖြင့် တိုက်ရိုက် အဆိုအမိန့်များကို မျက်တောင်ဖွင့်ပိတ် သင်္ကေတ၊
, {{Quote }}
, သို့မဟုတ် အခြားဆင်တူ နည်းလမ်းများဖြင့် ညွှန်ပြရမည်။ အခမဲ့အကြောင်းအရာ လိုင်စင်မရှိထားသည့် မူပိုင်ခွင့်ရှိသော ပုံများ၊ အသံများနှင့် ဗီဒီယိုကလစ်များနှင့် အခြားသော မီဒီယာဖိုင်များအပါအဝင် အခြားအခမဲ့မဟုတ်သော အကြောင်းအရာများကို အောက်ပါ အချက် ၁၀ ချက်အားလုံးနှင့် ကိုက်ညီမှသာလျှင် မြန်မာဝီကီပီးဒီးယားတွင် အသုံးပြုသင့်သည်။
အခမဲ့ မီဒီယာ မရှိနိုင်ခြင်း။ အခမဲ့ မီဒီယာ မရရှိနိုင်သည့် အခြေအနေ၊ သို့မဟုတ် တူညီသော စွယ်စုံကျမ်းဆိုင်ရာ ရည်ရွယ်ချက်ဖြင့် ဖန်တီးလာနိုင်မည့် အခြေအနေတို့တွင်သာ အခမဲ့ မဟုတ်သော အကြောင်းအရာကို အသုံးပြုသည်။ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများကို လေးစားခြင်း။ မူရင်း မူပိုင်ခွင့်ရှိသော ပစ္စည်း၏ မူလဈေးကွက် အခန်းကဏ္ဍကို အစားထိုးနိုင်သည့် ပုံစံဖြင့် အခမဲ့မဟုတ်သော အကြောင်းအရာကို အသုံးမပြုရပါ။ အနည်းဆုံး အသုံးပြုမှု: အနည်းဆုံး အရေအတွက်။ အခမဲ့မဟုတ်သော အကြောင်းအရာတစ်ခုသည် လုံလောက်သော အချက်အလက်ကို ပေးနိုင်ပြီးဖြစ်ပါက အခမဲ့မဟုတ်သော အကြောင်းအရာများစွာကို ထပ်မံအသုံးမပြုရပါ။အနည်းဆုံး အတိုင်းအတာကိုသာ အသုံးပြုခြင်း ။ အစိတ်အပိုင်းတစ်ခုသည် လုံလောက်ပြီး ဖြစ်ပါက ဖန်တီးမှုတစ်ခုလုံးအား အသုံးမပြုရပါ။ (မူရင်းအား အသုံးပြုခြင်းသည် မူပိုင်ခွင့် ချိုးဖောက်ခြင်းကို ရည်ရွယ်သည့် အခြေအနေများတွင်) အရည်အသွေးမြင့်/bit rate အမြင့်များအစား အရည်အသွေးနိမ့်၊ bit rate နိမ့်သည်များကိုသာ အသုံးပြုပါ။ ဤစည်းမျဉ်းသည် File: အမည်ညွှန်းတွင်လည်း အကျုံးဝင်ပါသည်။ ယခင်က ဖြန့်ချိထားပြီး ဖြစ်ခြင်း။ အခမဲ့မဟုတ်သော အကြောင်းအရာသည် ဖန်တီးမှုတစ်ခု ဖြစ်ရမည်ဖြစ်ပြီး ယခင်က ဖြန့်ချိထားပြီး ဖြစ်ခြင်း သို့မဟုတ် ဝီကီပီးဒီးယား ပြင်ပတွင် မူပိုင်ခွင့် ရှိသူက (သို့မဟုတ် မူပိုင်ခွင့်ရှိသူ၏ ခွင့်ပြုချက်ဖြင့်) အများသူငှာအား ပြသထားပြီး ဖြစ်ခြင်း၊ သို့မဟုတ် ယင်းဖန်တီးမှုအား ဝီကီပီးဒီးယား တည်းဖြတ်သူတစ်ဦးမှ ဆင့်ပွားထားသော ဖန်တီးမှုဖြစ်ခြင်း။ အကြောင်းအရာ။ အခမဲ့မဟုတ်သော အကြောင်းအရာသည် ဝီကီပီးဒီးယား အကြောင်းအရာ စံနှုန်းနှင့် ကိုက်ညီပြီး စွယ်စုံကျမ်းဆန်ခြင်း။ မီဒီယာ သီးသန့် မူဝါဒ။ အခမဲ့မဟုတ်သော အကြောင်းအရာသည် ဝီကီပီးဒီးယား၏ မီဒီယာအတွက် သတ်မှတ်ထားသော မူဝါဒနှင့် ကိုက်ညီရမည်။ ဥပမာ ပုံများသည် Wiki: ပုံအသုံးပြုခြင်း မူဝါဒ နှင့် ကိုက်ညီရမည်။ အနည်းဆုံး ဆောင်းပါးတစ်ပုဒ်။ အခမဲ့မဟုတ်သော အကြောင်းအရာကို အနည်းဆုံး ဆောင်းပါးတစ်ပုဒ်တွင် အသုံးပြုထားရမည်။ Contextual significance. ဆောင်းပါးအကြောင်းအရာအား ဖတ်ရှုသူမှ နားလည်နိုင်စေခြင်းကို သိသိသာသာ အထောက်အကူဖြစ်နိုင်ပြီး၊ မပါရှိပါက ထိုသို့နားလည်ခြင်းကို ထိခိုက်သွားစေနိုင်လောက်သော အခြေအနေတွင်သာ အခမဲ့မဟုတ်သော အကြောင်းအရာကို အသုံးပြုသည်။ တည်နေရာဖြင့် ကန့်သတ်ထားခြင်းများ။ အခမဲ့မဟုတ်သော အကြောင်းအရာကို (သံတူကြောင်းကွဲ စာမျက်နှာများမဟုတ်သော) ဆောင်းပါးများတွင်သာ အသုံးပြုရမည် ဖြစ်ပြီး ဆောင်းပါးအမည်ညွှန်း တွင်သာ ဖြစ်ရမည်။ (ပုံကဏ္ဍများတွင် နမူနာပုံသေးများ ဖော်ပြခြင်းကို တားဆီးရန် ယင်းကဏ္ဍတွင် __NOGALLERY__
ကုဒ်ကို ထည့်သွင်းပါ။) ပုံအကြောင်း ဖော်ပြချက် စာမျက်နှာ။ ပုံ သို့မဟုတ် မီဒီယာ ဖော်ပြချက် စာမျက်နှာတွင် အောက်ပါတို့ ပါဝင်သည်။မူလ မူပိုင်ခွင့်ရှိ ပစ္စည်း၏ ရင်းမြစ်ကို ခွဲခြားဖော်ပြထားပြီး ဖြစ်နိုင်ပါက ဖန်တီးသူ၊ ဖြန့်ချိသူနှင့် မူပိုင်ခွင့် ပိုင်ဆိုင်သူ၊ မူပိုင်ခွင့် ခုနှစ် စသည်တို့ကို ဖော်ပြထားခြင်းဖြင့် ယင်းပစ္စည်း၏ ဈေးကွက်တန်ဖိုးအလားအလာကို ဆုံးဖြတ်ရာတွင် အထောက်အကူ ဖြစ်စေမည်။ အသုံးပြုခွင့်ပေးထားသော ဝီကီပီးဒီးယား သတ်မှတ်ပြဋ္ဌာန်းချက်ကို ဖော်ပြထားသည့် မူပိုင်ခွင့် စာတွဲတစ်ခု ပါဝင်ရမည်။ ပုံ မူပိုင်ခွင့် စာတွဲများစာရင်းအတွက် Wikipedia:ဖိုင်မူပိုင်ခွင့် စာတွဲများ/အခမဲ့ မဟုတ်သောကို ကြည့်ပါ ။ ယင်းပစ္စည်းကို တရားမျှတစွာ အသုံးပြုထားသည့် ဆောင်းပါးတစ်ခုခြင်းစီ၏ အမည် (ဆောင်းပါးအမည်တစ်ခုခြင်းစီအား လင့်ခ်ချိတ်ဆက်ပေးရန် အကြံပြုထား) ကို အခမဲ့မဟုတ်သော အကြောင်းအရာ အသုံးပြုရခြင်း အကြောင်းရင်း လမ်းညွှန်တွင် ဖော်ပြထားသည့်အတိုင်း ထည့်သွင်းဖော်ပြရမည်။ အကြောင်းပြချက်သည် ရှင်းလင်းရိုးရှင်းစွာ ဖော်ပြရမည်ဖြစ်ပြီး အသုံးပြုထားမှုတစ်ခုခြင်းစီနှင့် ဆီလျော်ရမည်။
Enforcement
ဖိုင်အသုံးပြုထားသည့် ဆောင်းပါးအချို့ (အားလုံးမဟုတ်) အတွက် အခမဲ့မဟုတ်သော အကြောင်းအရာ အသုံးပြုခြင်း အကြောင်းရင်းများ ထည့်သွင်းထားသော ဖိုင်တစ်ခုသည် ဖျက်ပစ်ခြင်း ခံရမည် မဟုတ်ပေ။ ယင်းအစား အခမဲ့မဟုတ်သော အကြောင်းအရာ အသုံးပြုခြင်း အကြောင်းရင်းကို မဖော်ပြထားဘဲ ဖိုင်ကို အသုံးပြုထားသည့် ဆောင်းပါးများမှ ဖိုင်ကို ဖယ်ရှားခြင်း သို့မဟုတ် သင့်လျော်သော အကြောင်းပြချက်ကို ထည့်သွင်းပေးခြင်း ပြုလုပ်သည်။ အခမဲ့မဟုတ်သော အကြောင်းအရာ အသုံးပြုခြင်းကို ဖော်ပြထားပြီး မည်သည့် ဆောင်းပါးတွင်မှ အသုံးမပြုထားသော (သတ်မှတ်ချက် ၇) ဖိုင်သည် အသိပေးချက်ပြုလုပ်ပြီး ခုနစ်ရက်အကြာတွင် ဖျက်ပစ်ခြင်း ခံရနိုင်သည်။ အခမဲ့မဟုတ်သော အကြောင်းအရာများကို ဖျက်ပစ်နိုင်သည့် သတ်မှတ်ချက်များကို Wiki: မဆိုင်းမတွ ဖျက်ပစ်ရန်အတွက် သတ်မှတ်ချက်များ § ဖိုင်များ တွင် ဖော်ပြထားသည်။
မှတ်စုများ
This article uses material from the Wikipedia မြန်မာဘာသာ article ဝီကီပီးဒီးယား:အခမဲ့မဟုတ်သော အကြောင်းအရာ သတ်မှတ်ချက် , which is released under the Creative Commons Attribution-ShareAlike 3.0 license ("CC BY-SA 3.0") ; additional terms may apply (view authors ). အကြောင်းအရာများကို အခြားမှတ်ချက်မရှိပါက CC BY-SA 4.0 အောက်တွင် ရရှိနိုင်ပါသည်။ Images, videos and audio are available under their respective licenses. ®Wikipedia is a registered trademark of the Wiki Foundation, Inc. Wiki မြန်မာဘာသာ (DUHOCTRUNGQUOC.VN) is an independent company and has no affiliation with Wiki Foundation.